Category: News

  • မိုးကုတ်မြို့အနီး ရှမ်းလမ်းဆုံ၌ စစ်ကောင်စီတပ် ရောက်ရှိ

    မိုးကုတ်မြို့အနီး ရှမ်းလမ်းဆုံ၌ စစ်ကောင်စီတပ် ရောက်ရှိ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ ၁၄ မိုင်ဝန်းကျင်အကွာက ရှမ်းလမ်းဆုံမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီလို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်မယ့်အကြောင်း အောက်တိုဘာ ၂၉ ရက်မှာ ကြေညာထားတာပါ။

    TNLA က စစ်ကောင်စီကို သူတို့ကိုယ်တိုင် မိုးကုတ်မြို့ထဲ ခေါ်သွင်းလာမယ့်အကြောင်း ဒေသတော်လှန်ရေးအင်အားစုတွေကို အတိအလင်း ပြောဆိုပြီးနောက် နိုဝင်ဘာ တတိယအပတ်မှာ စစ်ကောင်စီတပ်တွေဟာ မိုးကုတ်မြို့နဲ့ ၁၄ မိုင်ဝန်းကျင်အကွာက ရှမ်းလမ်းဆုံကို ရောက်ရှိလာတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ် လမ်းကြောတလျှောက်ကို ပြန်စိုးမိုးထားပြီး ဒီလမ်းကြောင်းအတိုင်းပဲ မိုးကုတ်မြို့ထဲကို ဝင်လာဖို့ အခြေအနေ ရှိနေတာပါ။

    မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “၃၀ – ၃၁ ကို ကျောက်မဲဘက်ကနေ သူတို့ ဝင်လာဖို့ များတယ်ပေါ့။ ပြင်ဦးလွင်လမ်းပေါ့ဗျာ၊ အခု ရှမ်းလမ်းဆုံမှာတော့ TNLA နဲ့ စစ်တပ်ကတော့ တခြမ်းစီထိုင်ပြီးတော့ ဂိတ်ချထားပြီပြောတယ်။ အဲဒီဘက်ကနေ ခေါ်သွင်းလာဖို့ များတယ်ပေါ့နော်။ အခု ဒါ နောက်ဆုံးသိရတဲ့ သတင်းပေါ့။ TNLA နဲ့ ပတ်သက်တဲ့ ဟာကျတော့လည်း နည်းနည်း ထိလွယ်ရှလွယ် ဖြစ်တာပေါ့နော်။ ဘာလို့ဆို မဟာမိတ်ပျက်လို့လည်း မဖြစ်ဘူးလေ။ NUG အစိုးရကတော့ ဦးရည်မွန်ကိုယ်တိုင် တချို့ဟာတွေ ညှိနှိုင်းနေတယ်လို့လည်း အကြမ်းဖျင်းသိရတယ်။ ဘာတွေညှိတယ်၊ ဘယ်အချက်တွေ ညှိတယ်ပေါ့နော်၊ ဘယ်လောက်အထိ သွားမယ် ဆိုတာတော့ ထုတ်ပြန်တာမျိုး၊ ကျနော်တို့ကို အကြောင်းကြားတာ၊ အသိပေးတာမျိုးတော့ မရှိသေးဘူး။ ဆိုတော့ တဖက်မှာတော့ ကျနော်တို့က ဒီဘက်မှာ တပ်ပေါင်းစုပုံစံ ပေါ်လာအောင် ဖော်တာ။ အခုက တပ်ပေါင်းစုပုံစံတော့ တော်တော်ပေါ်လာပြီပေါ့။ တခုပဲ ထစ်နေတာက ခုနက TNLA က သူကိုယ်တိုင်ခေါ်သွင်းလာမယ်ဆိုရင် ကျနော်တို့ ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာပေါ့နော်၊ အဲဒါက ကျနော်တို့အတွက် နည်းနည်း စိန်ခေါ်မှုကြီးကြီးမားမားဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

    မဟာမိတ် TNLA ရဲ့ ဆုံးဖြတ်ချက် အပါအဝင် မိုးကုတ်မြို့ စစ်ရေးသတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးဖို့ မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ တာဝန်ရှိသူ ကိုအော်စမွန်က ပြောဆိုထားပါတယ်။

    တကယ်လို့ မိုးကုတ်မြို့ကို တော်လှန်ရေးအင်အားစုတွေက လက်လွှတ်ရမယ်ဆိုရင် မြို့နဲ့အတူ တော်လှန်ရေးအတွက် ဝင်ငွေအထောက်အပံ့ကောင်းဖြစ်စေမယ့် ကျောက်တွင်းလုပ်ငန်းတွေကိုပါ လက်လွှတ်ရမှာ ဖြစ်တဲ့အတွက် ရုပ်ဝတ္ထုတန်ဖိုး ဆုံးရှုံးမှုများတာ၊ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်တွေနဲ့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေရဲ့ မဟာမိတ်ဆက်ဆံရေးနဲ့ ယုံကြည်မှုကို ထိခိုက်နိုင်တာ၊ တမြို့ပြီးတမြို့ ပြန်ပေးနေရတာ ဖြစ်တဲ့အတွက် ရှမ်း-မန်း ဆက်သွယ်ရေးလမ်းတွေ အားလုံး ထိန်းချုပ်ခံရနိုင်ပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုတွေအတွက် လက်နက်၊ ရိက္ခာနဲ့ ဆေးဝါးသယ်ယူပို့ဆောင်ရေး ပိုပြီးခက်ခဲနိုင်တာ၊ ဒေသတွင်း ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်နိုင်ခြေအပေါ် စိတ်ပိုင်းဆိုင်ရာ အမြင်သဘောထား ထိခိုက်နိုင်တာ၊ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်တက်ပြီး စားဝတ်နေရေး ပိုကျပ်တည်းနိုင်တာ စတဲ့အချက်တွေနဲ့ ကနဦး ကြုံတွေ့လာရဖွယ် ရှိတယ်လို့ ဒေသတွင်း နိုင်ငံရေးသမားတွေက မှတ်ချက်ပြုပါတယ်။

    ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “သိမ်းဖို့လွယ်တယ်၊ ထိန်းဖို့ခက်တယ်ဆိုတဲ့ အခြေအနေက စစ်ပွဲတိုင်းမှာ ရှိတာပဲလေ။ စိန်ခေါ်ချက်တွေ အများကြီးရှိတာလေ။ နောက်တခုက တရုတ်ရဲ့ ဘက်လိုက်တဲ့ကိစ္စပေါ့။ အဲဒီဖိအားကလည်း ပြဿနာရှိတယ်လေ။ နိုင်ငံရေးအရ ဖိအားတင် မဟုတ်ဘဲနဲ့ ရုပ်ဝတ္ထုပစ္စည်းအရပါ ဒါမျိုးတွေ ရင်ဆိုင်လာရတဲ့ အခါကျတော့လည်း ရေရှည်ထိန်းထားနိုင်ဖို့ဆိုတာ တော်တော်ခက်ပါတယ်။ မြို့တွေရဖို့အတွက် ပေးခဲ့ရတဲ့ အသက်တွေ၊ သွေးတွေ၊​ ချွေးတွေပေါ့ဗျာ၊ TNLA ဘက်က ရဲဘော်တွေ၊ နောက်တခါ ဒီ မဟာမိတ်ဘက်က ရဲဘော်တွေပေါ့နော်။ အကုန်လုံးရဲ့ ဘဝတွေကတော့ ဝမ်းနည်းဖို့ကောင်းတာပေါ့လေ။ ဒါပေမဲ့ တဖက်မှာလည်း အလဟဿတော့ မဖြစ်ပါဘူး။ စစ်တပ်က ပြန်သိမ်းပြီးရတာမှ မဟုတ်တာဗျာ။ မဟုတ်တဲ့ နည်းမျိုးစုံသုံးပြီးတော့မှပဲ စစ်အနေနဲ့တိုက်ပြီးတော့ ပြန်ယူတာ မဟုတ်ဘူးပေါ့။ လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေလည်း ရှိပါတယ်။ လူထုရဲ့ စိတ်အားတက်ကြွမှုတွေလည်း တစုံတရာ ထိခိုက်နိုင်တာပေါ့။ သက်ရောက်မှုရှိနိုင်တာပေါ့။ လူထုရဲ့ တက်ကြွမှုတွေ အသက် သွေး ချွေး ရင်းနှီးထားရမှုတွေ အပေါ်မှာလည်း ထိခိုက်မှုတွေတော့ ဖြစ်တာပေါ့။ အဓိကကတော့ အစုစည်းမပျက်ဖို့၊ အင်အားမပျက်ဖို့က ပိုအရေးကြီးတာပဲလေ” လို့ ပြောပါတယ်။

    မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် ပြန်လည်လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာခဲ့တာပါ။

    ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

    သုတချမ်းသာ

  • အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်အား မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၆၀ ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သူ ဦးဇော်ခိုင်ကို တောင်ငူခရိုင်တရားရုံးက ပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် အနှစ် ၂၀ ၃ ကြိမ် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၆၀ ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “အရက်မူးပြီး ၁၄ နှစ်အရွယ် သမီးအကြီးကို မုဒိမ်းကျင့်တာမရလို့ အသက် ၁၂ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တာ၊ ကလေးတွေ ကိုယ်တိုင်က ပြောတာတောင် ငြင်းနေလို့ တရားရုံးမှာစစ်တာ ၅ လနီးပါးကြာတယ်၊ မနေ့ကမှ အမိန့်ချလိုက်တာ။ ပုဒ်မက တခုတည်းပဲ ထောင်ဒဏ်အနှစ် ၂၀ သုံးကြိမ်ချလိုက်တာ။”

    အဆိုပါ မုဒိမ်းမှုဟာ တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာမှာ ဇူလိုင် ၆ ရက်က ဖြစ်ပွားခဲ့ပြီး ကလေးမလေး ၂ ယောက်က ဘွားအေဖြစ်သူကို ပြန်လည်ပြောပြရာမှ တောင်ငူမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာ ပြည်ခရိုင်တရားရုံးက ပြည်မြို့ ရွာဘဲရပ်ကွက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အမျိုးသမီးတယောက်ဆီက ဖုန်းနဲ့ငွေလုယက်ခဲ့တဲ့ အမျိုသားကိုလည်း သေဒဏ်ချခဲ့ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးတိုင်းမှာ သက်ငယ်မုဒိမ်းမှု ၃၆ မှုနဲ့ မုဒိမ်းမှု ၄၂ မှုဖြစ်ခဲ့ပြီး အမှုပေါင်း ၇၈ မှုထဲက သေဒဏ် ၅ ယောက်နဲ့ ၇ ယောက်အား ထောင်တသက်တကျွန်းချခဲ့ပြီး ကျန်အမှုတွေကို စစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

  • The Finder

    The Finder

    The Finder (2025)

    The Finder(2025) ဆိုတဲ့ အက်ရှင်မှုခင်းရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့-

    လျိုရှောင်မိန်ဟာ အတိုးမြင့်ချေးငွေချေးပြီး ခြိမ်းခြောက်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။

    ရှောင်မိန်ရဲ့ သူငယ်ချင်းဖြစ်သူ ယန်မင်က ရှောင်မိန်အတွက် ကလဲ့စားချေပေးဖို့ အတိုးမြင့်ချေးငွေအဖွဲ့မန်နေဂျာရဲ့ သမီးချန်ကျင်းနဲ့ ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်ကျိုးဝေချန်ရဲ့သမီး ကျိုးချင်းကို ဖမ်းဆီးပြီး ပြန်ပေးဆွဲခဲ့ပါတယ်။

    ကျိုးဝေချန်ဟာ သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ဒုစရိုက်သမားနဲ့ ရဲရင့်မှုရော ဉာဏ်ပညာရော ယှဉ်ပြိုင်ခဲ့ရပြီး အန္တရာယ်ထဲကို ဝင်ရောက်ကာ ပြန်ပေးဆွဲခံရသူကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ဥပဒေအရ အပြစ်ဒဏ်ပေးနိုင်ခဲ့တဲ့အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။

  • ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်အုပ်စုတပ်နဲ့ပျုစောထီးတွေ အထိချတပ်စွဲနေထိုင်နေတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာတွေကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ မြိုင်-ပကဖ က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    အဲဒီပျုစောထီးအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ပြီး သေဆုံးထိခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

    ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာကို တိုက်ခိုက်ပြီးနောက် ပင်တောင်ပျုစောထီးစခန်းကို ဆက်လက်တိုက်ခိုက်ရာမှာ အင်အားအလုံးအရင်းနဲ့ စစ်အုပ်စုတပ်တွေ စစ်ကူရောက်လာတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီ ပျူစောထီးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၁ ရက်မှာ ဆိပ်ဖြူ ကပစ ၂၂ ကနေ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးထားပြီး စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ပေါက်နဲ့မြိုင်နယ်အတွင်းက စစ်ဆင်ရေးတွေကို ပေါက်-ပကဖ၊ မြိုင်-ပကဖ၊ MGY တပ်စတဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းကာ ထပေါက်ကုန်းရွာ၊ ချိုင်စောက်ရွာ၊ ဖလံကိုင်းရွာနဲ့ ညောင်စင်ရွာတောတိုက်တွေအထိ စစ်အုပ်စုတပ်စစ်ကြောင်းတွေကို အထိနာဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် အထိနာသွားတဲ့ စစ်အုပ်စုတပ်က မြိုင်နယ်ကို ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ နေ့စဉ်ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  • လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တက်သစ်စ မင်းသား ပိုင်အုပ်စိုးအောင်

    တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင် နဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ Waterzonic EDM festival ကြီးမှာ ဝင်ရောက်ဖျော်ဖြေမဲ့ DJ Awra (ခ) ဩရထွန်း တို့အ ပေါင်းအပါများ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ် တစ်ယောက်အား လက်နက်ဖြင့်ပါ ထိုးနှက်ရမ်းကားမှု…

    ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုး တို့ အုပ်စုမှ (မူးယစ်ဆေး ကဲ့သို့အရာများ သုံးစွဲထားသည်ဟု ယူဆရ)အကြောင်းမဲ့ ထိုးနှက်ရမ်းကားပြီး ထိုမျှမကဘဲ အကြောင်းမဲ့ နစ်နာခဲ့ရသူ လူငယ်အား ဖန်ပုလင်းကွဲဖြင့် မျက်နှာကိုပါ ရုပ်ဆိုး အကျည်းတန်အောင် လှီးဖြတ်ခဲ့သည်။ သက်သေ အခိုင်အလုံဖြင့် နစ်နာသူ ဖက်မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ် ဝရမ်းထုတ်ထားသော်လည်း တရားခံများမှာ လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု သတင်းရထားသည်။

    တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင်နဲ့ အပေါင်းအပါများမှ မင်:မဲ့.စ.ရို-က်ဆ.န်.စွာ လူငယ်တစ်ယောက်အား ကို.ယ်ထိလ.က်ရော.က် ဝိုင်:ကျူ:လွ.န်မှု

    ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုးတို့ အုပ်စုဖြစ်တယ်လို့ သိရပါတယ်။

    ထိုမျှမကဘဲ န-စ်နာခဲ့ရသူ လူငယ်အား ဖန်ပု.လင်.:.ကွဲ.ဖြင့် မျ.က်နှာကိုပါ ဆို.:ရွာ:စွာ ထိခို-က်စေခဲ့ပါတယ်။

    သက်သေ အခိုင်အလုံဖြင့် နစ်နာသူ ဖက်မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ် ထားသော်လည်း လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု သတင်းရထားပါတယ်။

    ရန်ကုန်မြို့လယ်ခေါင် က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic bar တခုမှာ သောက်စားပြီး အများနဲ့တယောက် ရန်ဖြစ်ကာ က်ိုယ်ထိလက်ရောက် အနိုင်ကျင့်ခဲ့တဲ့ အပေါ် တာဝန်မယူပဲ သရုပ်ဆောင် ပိုင်အုပ်စိုးအောင် တို့ အုပ်စုဟာ ထွက်ပြေးတိမ်းရှောင် နေတယ် လို့ဆိုပါတယ်။

    သရုပ်ဆောင် ပိုင်အုပ်စိုးအောင် တို့ အုပ်စုဟာ မျက်နှာ ကို ပုလင်းနဲ့ ရိုက်ခဲ့တာကြောင့် ကြီးမားတဲ့ ဒဏ်ရာတခု ရရှိခဲ့တာပါ၊ နစ်နာသူဖက် မှ တရားဥပဒေအရ လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ဝရမ်း ထုတ်ထားသော်လည်း တရားခံများမှာ လာရောက်ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

    Screenshot
    Screenshot
    Screenshot
    Screenshot
    Screenshot

    အများနဲ့ တယောက် ဒီလို မိုက်ရူးရဲဆန်စွာ ပြုလုပ်တာကိုတော့ လက်မခံသင့်ဘူး ဥပဒေအတိုင်း လုပ်ဆောင်သင့်တယ်။

    ယခု လက်ရှိ ဖြစ်ပွားနေသည့် အုပ် စုဖွဲ့ အကြမ်း ဖ-က် ခဲ့သည့် ကိစ္စ မှာ သူမပါခဲ့ ကြောင်း နဲ့ လူကြီး မိဘများ နဲ့ အတူတူ ရှိနေကြောင်း ပြောဆိုလာခဲ့ တဲ့ ဘုန်းမင်း နေ လ

    စိတ်၀င်စားစရာ ကတော့ ဘယ်သူက များ ထိုးကျွေးခံ ဖြစ်လာဦးမလဲ ဆိုတာပါပဲ…