Category: News

  • မြင်းခြံ ကျားမဲလေးတွေ ဆွဲပြန်ပြီ

    မြင်းခြံ ကျားမဲလေးတွေ ဆွဲပြန်ပြီ

    မြင်းခြံမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

    မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅ ခန့်တွင် မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    “လက်နက်ခဲယမ်းတွေတော့ ကောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ တိုက်ခိုက်မှုက ၁၅ မိနစ်၊ မိနစ် ၂၀ လောက် တော့ကြာခဲ့တယ်။ စခ ၄ ဦးသေတယ်။ သေတဲ့သူတွေကို အထက ၂ ကျောင်းထဲမှာ အခေါင်းပုံးနဲ့ ပြင် ပြီးတော့ ထားတယ်။ ဒဏ်ရာရတဲ့သူအရေအတွက်တော့ မသိရဘူး။ လူနာတင်ကားနဲ့လာခေါ်သွားတာ မြင်းခြံ Black Tiger တပ်ဖွဲ့အနေနဲ့ ရန်သူနဲ့ ပတ်သက်လို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးကို အကောင်းမွန်ဆုံးနိုင်တဲ့နေရာက ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံခြင်းပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • အောက်ဆွဲတစ်ကောင်ရဲ့ ဇာတ်သိမ်း

    အောက်ဆွဲတစ်ကောင်ရဲ့ ဇာတ်သိမ်း

    မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် နေထိုင်သော ပျူစောထီး ခင်မောင်ဝင်းကို တာကလေးရွာ ရန်ကုန်-ပြည် လမ်းပိင်းရှိ ဇရပ်ထဲ၌ ထိုင်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း ပျူစောထီး ခင်မောင်ဝင်းသည် ဦးခေါင်းကို သေနတ်ကျည် ၁ ချက် ထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ခင်မောင်ဝင်းထံမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဆက်သွယ်​ထားသော ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ပျူစောထီး ခင်မောင်ဝင်းသည် စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ အတင်းအကြပ်ကောက်ခံပြီး ငွေမပေးသူများအား စစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်း၊ စစ်တပ်ထံ မမှန်သတင်း ပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ပျူစောထီး ခင်မောင်ဝင်းက တာကလေးရွာ ရန်ကုန်-ပြည်လမ်းဘေးမှာ ထိုင်နေတဲ့အချိန် ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ထွက်မပြေးနိုင်အောင် ပိတ်ဆို့ပြီးမှ ခေါင်းကို ကျည် ၁ ချက် ပစ်ရှင်းလိုက်တာပါ။ ဒီကောင်က စစ်မှုထမ်းကြေးတွေလည်း အတင်းအကြပ်ကောက်တဲ့အပြင် ငွေမပေးသူတွေကို စစ်တပ်ခေါ်ဖမ်းခိုင်းလို့ လူငယ်တွေဆိုတာ အိမ်မှာ မနေရဲကြဘူး။ လူငယ်တွေပေါ်တာဆွဲရာမှာ သူကိုယ်တိုင် လိုက်ပါဖမ်းဆီးတယ်။ သူ့ကို အရင်ကတည်းက ရှင်းဖို့လုပ်နေတာ ကံကောင်းပြီးလွတ်နေတာ ဒီနေ့မှ ထိပ်တိုက်တွေ့တုန်း ရှင်းနိုင်တာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေး နှိုးဆော်ထားသည်။

  • ​ခွီးတိုးပေါက်ကဝင်လာတဲ့ ဒေါက်ဒေါက်တို့အပေါ် စွပုရဲ့ အငြိုး

    ​ခွီးတိုးပေါက်ကဝင်လာတဲ့ ဒေါက်ဒေါက်တို့အပေါ် စွပုရဲ့ အငြိုး

    စစ်ကောင်စီလက်အောက် အမှုမထမ်းသော ဆေးတက္ကသိုလ်ကျောင်းပြီးစ ဆရာဝန်ငယ်များကို မင်းအောင်လှိုင်က အငြိုးတကြီးဖြင့် ဆေးပညာဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်နှင့် ပညာဆက်လက်သင်ယူခွင့် ပိတ်ပင်

    မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်များမှ ကျောင်းဆင်းပြီး ကျန်းမာရေးဝန်ကြီးဌာနတွင် အမှုမထမ်းသူများကို ဆရာဝန်ဘွဲ့မပေးဘဲ အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်ပိတ်ပင်မှုများ မင်းအောင်လှိုင်အမိန့်ဖြင့် ကျန်းမာ ရေးဝန်ကြီးသက်ခိုင်ဝင်းက လုပ်ဆောင်လိုက်ကြောင်း နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

    စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသော ဆေးတက္ကသိုလ်များတွင် ပညာသင်ယူမှု ပြီးဆုံးသွားပြီးနောက် နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ဆေးပညာဘွဲ့ မပေးတော့ဘဲ အမည်ပျက်စာရင်း သွင်းခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်နေကြောင်း ၊ ယခုမတ်လအတွင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များက ၁၆ ကြိမ်မြောက်၊ ၁၇ ကြိမ်မြောက်၊ ၁၈ ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားများ ပြုလုပ်၍ ဆရာဝန်ဘွဲ့များပေးနိုင်ရန် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခဲ့ကြောင်း၊ အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားများတွင် ဆေးတက္ကသိုလ်တွင် ပညာသင်ယူမှု ပြီးဆုံးပြီးနောက် နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ဆရာဝန် ဘွဲ့ပေးမည်မဟုတ် ကြောင်း၊ ဝန်ထမ်းမလုပ်သူများအားလုံးကို အမည်ပျက်စာရင်းသွင်းပြီး ပြည်ပထွက်ခွင့်ပါ စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

    ထိုသို့ ပိတ်ပင်မှုများကို လုပ်ဆောင်မှုမှာ မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားချက်အရ ကျန်းမာရေးဝန်ကြီး သက် ခိုင်ဝင်းက အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်က စစ်အာဏာသိမ်းချိန် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးက CDM လုပ်သွားခဲ့ခြင်းအပေါ် အငြိုးတကြီးဖြင့် ပြန်လည် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    “ဘွဲ့နှင်းသဘင် ကြေညာချက်အရ ကျနော်တို့လို နောက်ဆုံးနှစ် အပိုင်းခ (၆/၂၀၁၈) အတန်းကို သင်ယူပြီးမြောက် အောင်မြင်ပြီးသူတွေ အကျုံးဝင်တယ်ဆိုလို့ ဆေးတက္ကသိုလ်-မကွေး စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ဌာနစိတ်ကို ဆက်သွယ်ကြည့်တဲ့အခါမှာ အစိုးရဝန်ထမ်းဆောင်ရွက်နေသူတွေသာ ဘွဲ့ပေးမယ်ပြောတယ်။ အဲဒါက ဆေး တက္ကသိုလ် ၁ ရန်ကုန်၊ ဆေးတက္ကသိုလ် ၂ ရန်ကုန်၊ ဆေးတက္ကသိုလ်-မန္တလေးတွေအားလုံးမှာ ဖြစ်နေတာပါ” ဟု ဆေးတက္ကသိုလ်မှ ကျောင်းပြီးခဲ့သူတစ်ဦးက ပြောဆိုသည်။

    ဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း(ခ) ၆/၂၀၁၈ အတန်းကို သင်ယူပြီးမြောက်ထားသူများသည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် အလုပ်သင်ပြီးဆုံးခဲ့သည့်အတန်းဖြစ်ရာ စစ်အာဏာသိမ်းဖြစ်စဉ်မတိုင်မီကပင် ကျောင်းပြီးခဲ့သူများဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ကျန်းမာရေးလောကမှ ဆရာဝန်များကို အငြိုးတကြီး ပိတ်ပင်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆေးတက္ကသိုလ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ၂၀၁၂ ခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့စဉ်က ဘွဲ့ရပြီးသည့်အခါ နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ်တာဝန်ထမ်းဆောင်ရမည် (သို့မဟုတ်) မထမ်းဆောင်နိုင်လျှင် မြန်မာကျပ်ငွေ ၁၀ သိန်း ပေးလျော်ရမည်ဟု ခံဝန် ကတိထိုးခဲ့ရကြောင်း၊ သို့ရာတွင် ယခုအခါ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းမလုပ်သူများကို ငွေကျပ် ၁၀ သိန်း ပေးလျှော်ခြင်း လုံး၀ လက်မခံတော့ဘဲ ဆရာဝန် ဘွဲ့မပေးခြင်း၊ ပြည်ထွက်ခွင့် မပေးခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း၊ မဟာဘွဲ့နှင့် ဘွဲ့လွန်များ ဆက်လက်ဆည်းပူးခွင့်မပြုခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့်အတူ တွေ့မြင်ရသည့် သက်ခိုင်ဝင်း။

  • မျ-က်လုံးးးးကို နဲ့ ဖောက်ထု-တ်ပြီး ပ-စ်သ-တ်

    မျ-က်လုံးးးးကို နဲ့ ဖောက်ထု-တ်ပြီး ပ-စ်သ-တ်

    အုတ်ဖိုတွင် စစ်တပ်က အရပ်သားပြည်သူ ကိုတင်စမ်းကို မျက်လုံးကို ဓားဖြင့် ဖောက်ထုတ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် ဖမ်းဆီးခံရသူများအနက်မှ အရပ်သားပြည်သူ ကိုတင်စမ်းကို သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာတွင် နေထိုင်သော ကိုစောစီဖော၊ မီးချောင်းတင်ရွာတွင် နေထိုင်သော ကိုသန်းဇော်၊ စင်မြင့်ရွာတွင်နေထိုင်သော ကိုအနက် (ခ) ကိုတင်စမ်း နှင့် ၄င်း၏ သားဖြစ်သူ ကိုချစ်တိုး (ခ) ဆောင်းဦးလွင်တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုတ်ဖိုမြို့နယ် စရဖ ရုံးသို့ ပြစ်မှု တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အဆိုပါ ဖမ်းဆီးသွားသူများထဲမှ စင်မြင့်ရွာတွင် နေထိုင်သော ကိုအနက် (ခ) ကိုတင်စမ်းကို အေးမြသာယာမြို့ ပျူစောထီး ခေါင်းဆောင် ဝဏ္ဏ နှင့်စစ်သားများက မျက်လုံးကို ဓားဖြင့် ထိုးဖောက်ပြီး နှိပ်စက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ သတ်ဖြတ်ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ရန်ကုန်-ပြည် လမ်းဘေးရှိ အုတ်ရှစ်ကုန်းရွာထိပ်တွင် ကိုတင်စမ်းကို၏ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။

    “သူ့ကို အုတ်ဖို စရဖရုံးမှာ ဖမ်းသွားတဲ့နေ့ကစပြီး နှိပ်စက်နေတာ ပြည်သူ ၄ ဦးလုံးကို PDF နဲ့ ပတ်သတ်တယ်ဆိုပြီး အစာမကျွေး ရေမတိုက်ဘူး။ အိပ်လည်းမအိပ်ခိုင်းဘူး။ အိပ်တာနဲ့ ခြေထောက်တွေကိုရိုက်တယ်။ မီးပူနဲ့ ကပ်တယ်။ ကိုအနက်က PDF နဲ့ မပတ်သတ်တဲ့သူဆိုတော့ ဘာမှမေးမရတဲ့အဆုံး သတ်ပစ်လိုက်ပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    အုတ်ဖိုမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ဝဏ္ဏ က လူငယ်များကို ပျူစောထီးအဖွဲ့ထဲသို့ အတင်းကျပ် ဝင်ခိုင်းနေပြီး မူးယစ်ဆေးများ သုံးခိုင်း၍ မသုံးသူများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ပြီး ပျူစောထီး အဖွဲ့ဝင်အင်အားများ တိုးချဲ့နေခြင်းဖြစ် ကြောင်း သိရသည်။

  • မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    ရုရှားခရီးစဉ် မတိုင်မီ မင်းအောင်လှိုင်က “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ စတင်သည့် ရုရှားခရီးစဉ် မတိုင်မီ နေပြည် တော် စစ်ရုံးတွင် ပြုလုပ်သော စစ်ဘက်ဆိုင်ရာ Joint of Command အစည်းအဝေးတွင် “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ လုံး၀ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ” တပ်မတော်ကို သစ္စာရှိဖို့၊ အထက်အရာရှိနဲ့ ခေါင်းဆောင်တွေ အပေါ်မှာ သစ္စာရှိဖို့၊ နိုင်ငံတော်ကို သစ္စာရှိဖို့ အဲဒါက အရေးကြီးဆုံးဖြစ်တယ်။ သစ္စာရှိရင် ဘယ်လိုပြစ်မှုမျိုးပဲဖြစ်ဖြစ် ကိုယ့်ခေါင်းဆောင် အထက်အရာရှိတွေကို နားလည်အောင် ရှင်းပြရင် ခွင့်လွှတ်ကျေအေးပေးလို့ရတယ်။ သစ္စာမဲ့ရင်တော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာမရှိဘူး။ သစ္စာတရားသာ မရှိရင် ဘယ်အဖွဲ့အစည်းမှ ကြာကြာ မတည်မြဲနိုင်ဘူး။ ဒါကြောင့် တပ်မတော်မှာ သစ္စာတရားတွေ ခိုင်မာအောင် လုပ်ရမယ် ဆိုတာကို JOC မီတင်မှာ တပ်ချုပ်က ပြောသွားတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

    နေပြည်တော်စစ်ရုံးတွင် တစ်နိုင်ငံလုံး တော်လှန်ရေးတပ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ဆင် ရေးများ၊ စစ်ရေးအခြေ အနေများကို အစီရင်ခံသော Joint of Command အစည်းအဝေးများကို အမြဲလိုလို ကျင်းပလေ့ရှိပြီး အဆိုပါ အစည်း အဝေးသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ရေချုပ်၊ လေ ချုပ်နှင့် ကစထမှူးများ တက်ရောက်ရလေ့ရှိသည်။

    ရုရှားခရီးစဉ်မတိုင်မီ သစ္စာရှိကြရန် မှာကြားမှုမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ၎င်းကို သစ္စာရှိကြရန် ၊ ပုန်ကန်မလုပ်ရန် သတိပေးသည့်သဘောဟုဆို နိုင်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

    မတ်လ ၃ ရက်နေ့ မှ မတ်လ ၉ ရက်နေ့အထိ ရုရှားနိုင်ငံသို့ သွားရောက်နေသော မင်းအောင်လှိုင်က ၎င်း၏ တာဝန်များကို ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ အတွင်း ရေးမှူး အောင်လင်းဒွေး၊ စစ်ဘက် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ကျော်စွာလင်းတို့ထံသို့ ယာယီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရုရှားရောက် အကြမ်းဖက် မင်းအောင်လှိုင်။