Category: News

  • တပ်မ ၅၅ က အရာရှိစစ်သည် ၆ ဦး ထွက်ပြေး

    တပ်မ ၅၅ က အရာရှိစစ်သည် ၆ ဦး ထွက်ပြေး

    ရှေ့တန်း မကြာခဏထွက်နေရတာကြောင့် တပ်မ ၅၅ က အရာခံဗိုလ်တယောက် နဲ့ အခြားအဆင့် ၅ ယောက်တို့ ဖေဖော်ဝါရီ ၂၇ ရက်က ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ကလောမြို့အခြေစိုက် တပ်မ ၅၅ မှာ ဖေဖော်ဝါရီ ၂၄ ရက်က ရှေ့တန်းထွက်ဖို့ လက်အောက်ခံတပ်တွေကို စုစည်းထားတဲ့အထဲက အရာရှိ၊ စစ်သည် ၆ ယောက် ထွက်ပြေးသွားတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “တပ်မ ၅၅ က ရှေ့တန်းအတွက် လက်အောက်ခံတပ်တွေကို ၂၄ ရက်ကတည်းက စုထားတာ၊ ၂၇ ရက်မှာ ခလရ ၃၊ ခလရ ၇ နဲ့ ခမရ ၁၁၂ က အရာခံဗိုလ်တယောက် နဲ့ အခြားအဆင့် ၅ ယောက် ထွက်ပြေးတာ။”

    အရာခံဗိုလ် မျိုးမြင့်၊ တပ်ကြပ်ကြီး နိုင်ဝင်း၊ တပ်သား မင်းလွင်၊ ဇော်ဇော်အောင်၊ တင်ထွန်းဦးနဲ့ အေးကျော်တို့ ထွက်ပြေးသွားကြတာဖြစ်ပြီး ကလောမြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေနေတယ်လို့ ရပခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “တပ်မ ၅၅ က အရင်ကတည်းက လက်နက်ချ အဖမ်းခံတဲ့နေရာမှာ နာမည်ကြီး မွန်၊ ကရင်နဲ့ ရှမ်းတောင်က တိုက်ပွဲတွေမှာ တပ်မ ၄၄ နဲ့ တပ်မ ၅၅ ဦးဆောင်တာ မကြာခဏ ရှေ့တန်းထွက်နေရတော့ သူတို့လည်း ထွက်ပြေးမှာပေါ့။ ဒီသတင်းကို တပ်က အပြင်မထုတ်ဘူး၊ လိုက်ရှာနေတယ်။”

    လက်ရှိ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို တပ်မ ၅၅ က သူရဲ့ လက်အောက်ခံတပ်တွေအား ဇန်နဝါရီလကုန်ကစပြီး စစ်ကူတွေ ပို့ပေးနေတာလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး လောက်ကိုင်တိုက်ပွဲမှာ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း ဦးဆောင်ပြီး အရာရှိစစ်သည် ၄၀၀၀ ကျော် ကိုးကန့်တပ် MNDAA ဆီမှာ လက်နက်ချအညံ့ခံခဲ့ပါတယ်။

  • သရက်ချောင်းတွင်  ထိုးစစ်ဆင်လာသော စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက် (ရုပ်/သံ)

    သရက်ချောင်းတွင် ထိုးစစ်ဆင်လာသော စစ်ကြောင်းနှင့် စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက် (ရုပ်/သံ)

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးအလုံး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း DRAGON SQUAD-TNI မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ သရက်ချောင်းမြို့နယ် အတွင်းရှိ ပန်းပြင်၊ ပိန်းတော၊ မဲနယ်အိုး၊ ရွေဂူ၊ ရန်တောင်၊ ဥတ္တူ၊ သရက်နှစ်ခွ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မဟာမိတ်ပူးပေါင်း ဒရုန်းတပ်ဖွဲ့များနှင့် ထားဝယ်ခရိုင်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပန်းပြင်ကျေးရွာကို ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ပိန်းတောကျေးရွာတွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ အမှတ် ၈ လမ်းမပေါ်ရှိ ဆက်ကြေးကောက်ခံနေသော အကြမ်းဖက် စစ်တပ်၏ သရက်နှစ်ခွဂိတ် နှင့် ရွေဂူဂိတ် အပါအဝင် စစ်တပ် စစ်ကြောင်းတစ်ကြောင်းလုံးကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    ထို တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ဗိုလ်မှူး၊ အရာရှိ အပါအဝင် စစ်ကောင်စီ တပ်သား ၃၀ ကျော် သေ ဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၅၂ ကြိမ် ပြုလုပ်ခဲ့ကာ စုစုပေါင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကျဲချ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို တိုင်းစစ်ဌာန၏ လက်ရုံး ဒရုန်းတပ်ဖွဲ့ဖြစ်သည့် Dragon Squad မှ ဦးဆောင်မှူဖြင့် မဟာမိတ် ပူးပေါင်း ဒရုန်းတပ်ဖွဲ့များဖြစ်သော ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့ ၊ T5 wings ၊ DEF Drone Force ၊ DGRF Drone Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • စလင်းမြို့နယ်တွင် စစ်ဆင်ရေးများ ပူးတွဲလုပ်ဆောင်ရန် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ ၆ ခု ပေါင်းစည်း

    စလင်းမြို့နယ်တွင် စစ်ဆင်ရေးများ ပူးတွဲလုပ်ဆောင်ရန် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ ၆ ခု ပေါင်းစည်းလိုက်ပြီး စစ်တပ်ကို စုပေါင်း ထိုးစစ်ဆင်တိုက်ခိုက်မည်

    မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ဆင်ရေးများ ပိုမို လုပ်ဆောင်နိုင်ရန် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၆ ခုပူးပေါင်းလိုက်ပြီး စစ်တပ်ကို ပူးပေါင်းအားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်ကြောင်း ဒေါင်းစစ်အောင် (LPDF)⁩ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဘုံသဘောတူညီချက် ၁၃ ချက်ကို စလင်းမြို့နယ် အခြေစိုက် ရင်း ၁ ၊ ရင်း ၅ ၊ ဗမာ့တပ်တော်၊ ဒေါင်းစစ်အောင်၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျား နှင့် SALIN LOCAL PDF တို့မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုး၍ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ဘုံသဘောတူညီချက်တွေနဲ့အတူ ပြည်သူကိုရှေးရှုသွားမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်ထိန်းကျောင်းသွားမယ်။ စစ်ဆင်ရေးကို စုပေါင်းအားနဲ့ ပိုပြီးအားကောင်းအောင် ပါ်ပေါင်း လုပ်ဆောင်သွားမယ်” ဟု ဒေါင်းစစ်အောင် (LPDF)⁩ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဘုံသဘောတူညီချက်များတွင် အဖွဲ့ဝင် တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များက ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မောက်မာရိုင်းစိုင်းစွာ ပြောဆိုခြင်းများ လုပ်ဆောင်ခဲ့ပါက ထိရောက်စွာ အရေးယူခြင်းလုပ်ဆောင်မည့်အချက်အပါအဝင် တပ်ရင်းတပ်ဖွဲ့အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ရပ်ရွာထဲ အရက်သောက်၍ သေနတ်ဖောက်ခြင်းကို ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်း၊ မဟာမိတ်အဖွဲ့ဝင်များအချင်းချင်း နားလည်မှု လွဲမှားမှုရှိပါက သေနတ်နှင့် ဖြေရှင်းခြင်း လုံးဝ မပြုလုပ်ရန်လည်း ဘုံသဘောတူညီချက်တွင် ပါဝင်သည်။

    အဆိုပါ အချက်များအပြင် တော်လှန်ရေးအင်အားစုပြိုကွဲစေသော နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆို တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား မပြုလုပ်ရန်၊ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာတွင် တပ်ပေါင်းစုအသွင်ဖြင့် တိုက်ခိုက်ချေမှုန်းရန်၊ တပ်ပေါင်းစုအနေနှင့် ပူးပေါင်းဆေင်ရွက်ရာတွင် အကျိုးအမြတ်အဆုံးအရှုံးများကို လက်ခံ၍ သာတူညီမျှခွဲဝေအသုံးပြုကာ သတင်းထုတ်ပြန်ချိန်တွင် တပ်ပေါင်းစုတွင် ပါဝင်သည့် တပ်ဖွဲ့များနှင့် ညှိနှိုင်း ထုတ်ပြန်ရန်၊ ရဲဘော်အချင်းချင်းရိုသေလေးစာ၍ ပြဿနာ ဖြစ်ပေါ်ပါက ဘက်လိုက်ခြင်းမပြုဘဲ ကော်မတီတစ်ခု ဖွဲ့စည်းရန်စသည်တို့ ဘုံသဘောတူညီချက်တွင် ပါရှိသည်။

    ထို့ပြင် တိုက်ခိုက်ရေးအဖွဲ့များအနေနှင့် တာဝန်ယူထားသည့် နယ်မြေမှ အပ တခြားအဖွဲ့အစည်း တာဝန်ယူထားသည့် နယ်မြေတွင် စစ်ရေးမစ်ရှင် ဖော်ဆောင်ခြင်း သို့မဟုတ် လုပ်ဆောင်ရန် ကိစ္စများ ရှိပါက လက်ရှိတာဝန်ယူထားသည့် နယ်မြေကို အကြောင်းကြားရန်၊ အဖွဲ့အချင်းချင်း ရဲဘော်များ နားလည်မှုလွဲသည့် ကိစ္စများ ဖြစ်ပေါ်ပါက ခေါက်ရန် မဖြစ်ပွားဘဲ တာဝန်ရှိသူများက အချင်းချင်း မျက်နှာစုံညီဖြေရှင်းပေးရန်၊ မြို့နယ်အခြေစိုက် တိုက်ခိုက်ရေးအဖွဲ့များသည်လည်း နယ်မြေအပိုင်ဟု နယ်မြေစွဲ စိတ်ဓာတ်မရှိဘဲ လက်ရှိ နယ်မြေတာဝန်ယူထားသည့် အဖွဲ့သာ နယ်မြေ တာဝန်ခံဖြစ်ရန် ဆိုသော အချက်များ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

    အလားတူ စလင်းမြို့နယ်အခြေစိုက် လှုပ်ရှားမည့် အဖွဲ့များ ရှိလာပါကလည်း နယ်မြေခံ အဖွဲ့များ ဘုံသဘောတူညီချက်ဖြင့် ညှိနှိုင်းဆွေးနွေးလက်ခံရန်၊ ယာယီတည်းခိုနယ်မြေသစ်သွဦးရန် မဟာမိတ်အဖွဲ့များ လက်ခံထားရှိပါက ဖြစ်လာသမျှ ကိစ္စအဝဝကို လက်ခံထားသည့် အဖွဲ့က တာဝန်ယူဖြေရှင်းရန်၊ စက်ကူခေါ်ခြင်း နီးစပ်ရာ မဟာမိတ်များ ပူးပေါင်း၍ စစ်ရေးမစ်ရှင်ဖော်ဆောင်ခြင်းများ ရှိလာပါက အဖွဲ့တာဝန်ခံကို တိုက်ရိုက် ဆက်သွယ်ပြောကြားရန် စသည့် အချက်များကို ဘုံသဘောတူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး  ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံးကာ စစ်သုံ့ပန်း ၉ ဦး ဖမ်းမိ

    ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံးကာ စစ်သုံ့ပန်း ၉ ဦး ဖမ်းမိ

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက် ခံရပြီး ဗိုလ်ကြီးအဆင့်အပါအဝင် ကိုးဦးသေဆုံးကာ စစ်သုံ့ပန်းကိုးဦးဖမ်းဆီးရမိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရသည်။

    ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၈ နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “စစ်ကြောင်းထိုးလာတာကို ကြားဖြတ်ချေမှုန်းခဲ့တာဖြစ်ပါတယ်။ ကျည်ကွယ်မျက်ကွယ်မရှိတဲ့ ကွင်းပြင် မှာ သတ်ကွင်းကောင်းကောင်း ဖော်နိုင်ခဲ့တယ်။ ရန်သူ့စစ်ကြောင်း ဦးကျိုးပြီးထွက်ပြေးသွားခဲ့တဲ့ အခြေ အနေမျိုးအထိ ဖြစ်ခဲ့တယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ကိုးဦး၏ ရုပ်အလောင်းများရရှိ က စစ်သုံ့ပန်းကိုးဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှု သုံးနာရီကြာဖြစ်ပွားခဲ့ပြီး ၆၀ မမ တလက်၊ RPG-7 တလက်နှင့် စစ်သုံး ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း MBT တပ်ဖွဲ့ထံမှ သိရသည်။

    စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၂၀၀ ခန့်ပါရှိပြီး ရေစကြိုမြို့ပေါ်မှ ခလရ(၂၅၆)၊ ခလရ(၂၅၇)နှင့် ပခုက္ကူမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

    တိုက်ပွဲစပြီး မိနစ် ၄၀ ခန့်အကြာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များအသုံးပြု၍ လေကြောင်းပစ်ကူပေးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်ခုနစ်ဦး ဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါတိုက်ခိုက်မှူကို Myingyan Black Tiger (MBT) ၊ မြောင်တပ်ပေါင်းစု ၊ Royal Brother Defence Force (RBDF) ၊ သွေးသောက်တပ်ဖွဲ့ ၊ ရေစကြိုမြို့နယ်(ပ.လ.ဖ) ၊ MSPDFနှင့်အတူ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ရေလယ်ကျွန်းဒေသသည် ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်အစပ်တွင်တည်ရှိကာ ကာကွယ်ရေးတပ် များနှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေခြင်းကြောင့် ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။

    ပုံအညွှန်း- ဖေဖော်ဝါရီ ၂၆ ရက်နေ့ ရေစကြိုတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် သုံ့ပန်းများနှင့် MBT ရဲဘော်များ

  • မြောင်နယ်မှာ စစ်အုပ်စုတွေ စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်းတိုက်ခိုက်ခံရ

    မြောင်နယ်မှာ စစ်အုပ်စုတွေ စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်းတိုက်ခိုက်ခံရ

    အရာရှိ အပါအဝင် ၁၀ ကျော် သေဆုံးပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိလို့ဆို

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်တဲ့အထိချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ – CDSOM ခေါင်းဆောင်ကိုနွေဦးက ပြောပါတယ်။

    မြောင်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို မကွေးတိုင်း ရေစကြိုမြို့ဘက်ကနေ ချင်းတွင်းမြစ်ဖြတ်ပြီး စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၆ ရက် မနက် ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ကိုနွေဦးက ဆိုပါတယ်။

    “တိုက်ပွဲဖြစ်တာက မနက် ၇ နာရီလောက်မှာ စဖြစ်တာ။ သူတို့(စစ်အုပ်စု)ဘက်က အထိနာတော့ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ Mi-35 နဲ့ ခြောက်ကြိမ် လာပစ်တယ်။ တိုက်ပွဲမှာ သူတို့ဘက်က သုံ့ပန်း ခြောက်ယောက်နဲ့ လက်နက်ခဲ ယမ်းတွေပါ ကျနော်တို့တွေဘက်က သိမ်းဆည်းရရှိထားသလို ဗိုလ်ကြီးတစ်ယောက်နဲ့ အခြား သေဆုံးသူတွေ လည်းရှိတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ သူတို့ဘက်က အရာရှိတွေအပါဝင် ထိခိုက်သေဆုံးသူများတော့ ပြန်ဆုတ်ပြေးသွားကြတာ။ စစ်ကြောင်းက ဖရိုဖရဲဖြစ်ပြီးတော့ ဆုတ်သွားရတာ”လို့ CDSOM ခေါင်းဆောင် ကိုနွေဦး က ပြောပါတယ်။

    ရေစကြိုမြို့ဘက်ကနေ အင်အား ၂၀၀ ကျော်နဲ့ မြောင်နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား မနက်ပိုင်းကနေ ညနေပိုင်းအထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သူကဆိုပါတယ်။

    တိုက်ပွဲအတွင်း စစ်အုပ်စုတွေဆီက လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်ဆည်းရရှိခဲ့ပြီး အ ရေအတွက်ကိုတော့ စစ်ဆေးနေတုန်းပဲလို့ ကိုနွေဦးက ပြောပါတယ်။

    “လက်နက်ခဲယမ်းတွေကတော့ အကုန်းလုံးတော့ မစစ်ရသေးဘူး။ အဲဒီထဲမှာ RPG တစ်လက်ပါတယ်။ ၆၀ (မမ) တစ်လက်နဲ့ MA – 3 တွေလည်း ပါတယ်။ အဖွဲ့တွေက စုံတာဆိုတော့ လက်နက်တွေရတာကို စာရင်းအတိအကျ မလုပ်ရသေးဘူး”လို့ သူက ပြောပါတယ်။

    နှစ်ဖက် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အရာရှိအပါဝင် ထိခိုက်သေဆုံးမှုတွေရှိသလို စစ်သုံ့ပန်း ခြောက်ယောက် နဲ့ လက်နက်ခဲယမ်းတွေပါ တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပြီး ရဲဘော်အချို့လည်း မစိုးရိမ်ရ ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ဗိုလ်ကျားသစ်က ပြောပါတယ်။

    “ကျနော်တို့ဘက်ကို သူတို့(စစ်အုပ်စု)တက်လာတဲ့အချိန်မှာ သူတို့ဘက်ကလည်း ပစ်သလို ကျနော်တို့ဘက်က လည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခဲ့ပါတယ်။ အဲဒီလို ကျနော်တို့ဘက်က ပစ်တဲ့အချိန်မှာ သူတို့ဘက်ကို အတော်များများ ကျပါတယ်။ သူတို့ဘက်က လေယာဉ်နဲ့ လာကြဲတဲ့အချိန်မှာ ကျနော်တို့ဘက်က ပြန်ဆုတ်သွား မယ် လို့ ထင်နေတာ။ ကျနော်တို့ဘက်က ပြန်မဆုတ်ဘဲနဲ့ တိုက်ခိုက်ခဲ့တာပါ။ အခု ကျနော်တို့ ပြန်သိရတာက သူ တို့(စစ်အုပ်စု)တပ်ရင်းမှူးက ခြေထောက်နဲ့ ဗိုက်မှာထိပြီး သေသွားတယ်။ ကျနော်တို့ မျက်မြင်မှာ သူတို့ဘက်က ထိ ခိုက်သေဆုံးသွားတာက ၁၀ ယောက်နဲ့အထက် ရှိပါတယ်ဗျ။ ကျနော်တို့ဘက်ကတော့ မစိုးရိမ်ရ ဒဏ်ရာပဲရပါ တယ်။ သုံ့ပန်းတွေလည်း မိခဲ့သလို လက်နက်ခဲယမ်းတွေလည်း အများအပြားရခဲ့ပါတယ်ဗျ”လို့ ဗိုလ်ကျားသစ်က ပြောပါတယ်။

    အဲဒီ တိုက်ပွဲမှာ စစ်အုပ်စုဘက်က ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်ပေးထားတဲ့ သူတွေ ပါဝင်သလို စစ်အုပ် စု အရာရှိတွေပါ သေဆုံးခဲ့တာကြောင့် မြောင်နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်မြင် တဲ့ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

    တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်အုပ်စုက ဖေဖော်ဝါရီလ ၂၇ ရက် မနက်ပိုင်းမှာ ရေစကြိုဘက်ကနေ ထပ်မံစစ်ကြောင်း ထိုး ဝင်ရောက်လာခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့တာကြောင့်လေကြောင်းက ဗုံးကြဲ ပစ်ခတ်မှုပြုလုပ်ပြီး ညနေပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    မြောင်မြို့နယ် တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက ဂျက်ဖိုက်တာ၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ကူပေးခဲ့တဲ့အပြင် ရေစကြိုဘက်ကပါ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး လေကြောင်းက ဒီကနေ့ထိ ဆက် လက် ဗုံးကြဲပစ်ခတ်နေတာကြောင့် မြောင်နယ် အနောက်ခြမ်းရှိ ရွှေတချောင်း၊ သုခဒီပ၊ ဆူးလေကုန်း၊ နနွင်းကိုင်း၊ မြစ်သာ၊ မြစ်ဆုံ၊ ရွှေလှံ စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။