Category: News

  • ရေကြည်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီး အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေနစ်သေဆုံး

    ရေကြည်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီး အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေနစ်သေဆုံး

    ပုသိမ်မြို့ နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲတွင် စစ်ကောင်စီက မဖြစ်မနေ အန္တရာယ်ကင်းပဌာန်း ရွတ်ရန် ဖိအားပေး ခိုင်းစေ

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီးတွင် အရက်မူးပြီး ရေးဆင်းကူးသည့် ရဲ ၃ ဦး နေနစ်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ သီတာမောင်တော်နှမတော်နှင့် အမေသီတာ နတ်နန်း အနီးရှိ ချောင်းထဲတွင် အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေတိမ်နစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ရဲများသည် ဟင်္သာတမြို့ မှ အင်အားဖြည့်ရန် ရေကြည်မြို့နယ်ကို ပို့ဆောင် ခံထားရသူများဖြစ်ကြောင်း၊ ၎င်းတို့ ရေနစ်သေဆုံးခဲ့သော နေရာများသည် ရိုးရာ နတ်နန်းများရှိသည့်အတွက် အရက်သေစာ သောက်သုံးကာ မထီမဲ့မြင် ပြုလုပ်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီက မဖြစ်မနေ အန္တရာယ်ကင်းပဌာန်း ရွတ်ရန် ဖိအားပေး ခိုင်းစေမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်တွင် နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲ ကျင်းပနေသော မဏ္ဍပ်များ၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက အန္တရာယ်ကင်းပဌာန်း ရွတ်ဖတ်ရန် မဏ္ဍပ်တိုင်းကို ဖိအားပေးစေခိုင်းနေခြင်းဖြစ်ပြီး ပဌာန်းရွတ်ဖတ် ပူဇော်ရန် စီစဉ်ပြီးသော မဏ္ဍပ်များအနေဖြင့် သတ်မှတ်ရက် အချိန်အတိုင်း ရွတ်ဖတ် ပူဇော်ပြီး ရပ်ကွက်လူကြီးများမှ တဆင့်မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ပေးပို့ပေးကြရန် နှင့် စီစဉ်ထားခြင်းမရှိသော မဏ္ဍပ်များအနေဖြင့်လည်း ရွတ်ဖတ်ပူဇော်နိုင်ရေး လိုက်လံ ဖိအားပေးခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိချိန်တွင် AA ၏ ထိုးစစ်များကြောင့် ချောင်းသာနှင့် ပုသိမ်မြို့ အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ကြောက်လန့်နေခြင်းဖြစ်ပြီး ဘောမိရွာ တိုက်ပွဲတွင် ထိခိုက် ဒဏ်ရာပြင်းထန်ကာ သေဆုံးခဲ့သော စစ်သားမသာအလောင်းများကိုလည်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရွှေမြင်တင် မီးသဂြိုလ်စက်၌ ထပ်မံသဂြိုလ်နေကြောင်း သိရှိရသည်။

  • အောင်မြေသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

    အောင်မြေသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

    မန္တလေးမြို့ပေါ် ဓားပြမှု၊ မုဒိမ်းမှုနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ကျူး လွန်နေသည့် အောင်မြေသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

    မန္တလေးမြို့ပေါ်တွင် ဓားပြမှု၊ မုဒိမ်းမှုနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ကျူးလွန်နေသည့် ချမ်းမြသာစည်မြို့နယ်၊ အောင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၁ နာရီ ၄ မိနစ်က ချမ်းမြသာစည်မြို့နယ်၊ အောင်သာရပ် ကွက်၊ ၄၅ လမ်းနှင့် ၁၀၇ လမ်းအနီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် တပည့်ဖြစ်သူ ပျူစော ထီး သူရှိန်ဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ် ခတ်ရှင်းလင်းခဲ့ရာ အုပ်ချုပ်ရေးမှူး ဝင်းဦး သည် နေရာမှာပင် သေဆုံးသွားပြီး တပည့်ဖြစ်သူ သူရှိန်ဝင်းမှာ အပြင်းအထန် ဒဏ် ရာ (စိုးရိမ်ရ) ဖြင့် ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

    သေဆုံးသူ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းဦးသည် အကြမ်းဖက်စစ်တပ်အတွက် လူ အင်အား စုဆောင်းပေးနေသူဖြစ်ပြီး တပည့်ဖြစ်သူ သူရှိန်ဝင်းမှာလည်း မုဒိန်းမှုပေါင်းများစွာ ကျူးလွန် ထားသူဖြစ်ကာ အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီး စစ်တပ်ထံမှ လက်နက်ငှားကာ မန္တလေးမြို့ပေါ် ရှိ ရွှေဆိုင်များကို ဓားပြတိုက်နေသူဖြစ်ကြောင်း သိရသည်။

    “အုပ်ကြီးဝင်းဦးကနေရာမှာတင်သေတယ်။ သူ့တပည့် သူရှိန်ဝင်းက ဒဏ်ရာအပြင်းအထန်ရတာ၊ စိုး ရိမ်ရတဲ့ အခြေအနေနဲ့ ညက သေသွားပြီ။ အုပ်ကြီးက စစ်ထမ်းဖို့အတွက် ပြည်သူ့စစ်အင်အား စု ဆောင်းပေးနေတဲ့သူဖြစ်သလို သူ့တပည့် သူရှိန်ဝင်းက မုဒိမ်းမှုပေါင်းများစွာ ကျူးလွန်ထားတဲ့သူ၊ သူက ပျူစောထီးထဲဝင်ပြီး စစ်တပ်နဲ့ပေါင်း၊ စစ်တပ်ဆီကနေ လက်နက်ငှားပြီး မန္တလေးမြို့ပေါ်က ရွှေ ဆိုင်တွေကို ဓားပြတိုက်တယ်၊ စစ်တပ်စစ်ကြောင်းထိုးရာမှာလည်း စစ်တပ်နဲ့လိုက်သွားပြီး ပြည်သူ့ နေ အိမ်တွေထဲက ပစ္စည်းတွေဖောက်ထွင်းခိုးယူနေတဲ့သူတို့ ပစ်ရှင်းလင်းခဲ့တာပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

  • မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူး

    မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူးလို့ NUG ယတိပြတ်ပြော

    မန္တလေးမြို့ကို စစ်ကောင်စီလက်ကနေ သိမ်းပိုက်မယ်လို့ ကြွေးကြော်နေတာ အပြောမဟုတ်ဘဲ တကယ် လုပ်မှာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲမှာ ယတိပြတ်ပြောဆိုသွားတာပါ။

  • ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေ

    ပေါင်းတည်တွင်လည်း ဈေးလာဝယ်သည့် လူငယ် ၁၀ ဦးကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

    ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေပြီး ပေါင်းတည်မြို့ အာရုံဈေးကို စစ်တပ်က လူငယ် ၁၀ ဦးကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ ဧရာ ၂ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုအောင်ကောင်းမြတ်သည် ဇန်နဝါ ရီလ ၁၇ ရက်နေ့တွင် အလုပ်မှ နေအိမ်ကို ည ၇ နာရီခန့်၌ ပြန်လာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များကလည်း အလုပ်တွင် ညအိပ်သည်ဟု ထင်ကာ လိုက်လံရှာဖွေခဲ့ခြင်းမရှိဘဲ အလုပ်မှ အပေါင်းအသင်းများ နေအိမ်ကို လိုက်လာမှ ပျောက်ဆုံးခြင်းဖြစ်ကြောင်း သိရသည်။

    ရန်ကုန်၊ အင်းစိန်မြို့နယ်မှ ကိုစိုးသူကျော် (ခ) ကိုမောင်ချေသည်လည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး မိသား စုဝင်များနှင့် အဆက်အသွယ် ပျောက်ဆုံးသွားကာ ၃ လနီးပါးကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။

    ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုရန်ပိုင်ဦးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြောက်ဒဂုံ မှ တောင်ဥက္ကလာ နေအိမ်ကို ပြန်လာစဉ် ည ၁၂ နာရီထိ အဆက်အသွယ်ရပြီးနောက်ပိုင်း၌ ပျောက်ဆုံးသွား ခြင်းဖြစ်ကာ ၁ လကျော်ကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

    ရန်ကုန်မြို့တွင် နေထိုင်သော ကိုကျောက်ဌေးဦးသည်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘုရင်နောင် ကားဂိတ်မှ မျိုးသိမ်း စျေးပွဲရုံသို့ အသွားတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုမိုးကျော်ကျော်သည်လည်း ဒညင်းကုန်း ဘူတာဈေး နှင့် CNG (gas) ဆိုင်ကြားတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီခန့်၌ လမ်းလျှောက်၍ ကွမ်းယာ ထွက်ဝယ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ် ကြောင်း သိရသည်။

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ နတ်ပန်းချီပန်းခြံတွင် နေထိုင်သော အသက် ၃၁ နှစ် အရွယ်ရှိ ကိုစံမင်းထူး (ခ) စံကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    မန္တလေးတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်အရွယ် ကိုမျိုးချစ်ခင် (ခ) ကိုလေး သည် ဇန်နဝါရီလ အတွင်း မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

    မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်‌ရွာကြီးကျေးရွာအုပ်စု ညောင်ငါးပင်ရပ်တွင်နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုကျော်စိုးမင်းသည် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ပျောက်ဆုံးသွားကြောင်း၊ ကိုကျော်စိုးမင်းသည် တခါတရံ စိတ်မမှန်ဘဲ စကား ပြောချင်ရာ ပြောတတ်သူဖြစ်ပြီး စာပေလည်း မတတ်မြောက်သောကြောင့် ဖုန်းလည်းပေးမကိုင်ထားကြောင်း သိရှိရသည်။

    ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့ အာရုံဈေးတွင်လည်း ဇန်နဝါရီလ ၂၅ ရက်နေ့က ဈေးလာဝယ်သည့် လူငယ် ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

    “ပေါင်းတည်မြို့နယ်မှာ အာရုံဈေးလာတဲ့ ‌လူငယ် ၁၀ ဦးကျော်ကို စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဘယ်ရွာတွေက လူငယ်တွေလည်း ဆိုတာတော့ မသိရသေးပါဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

  • ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော် လေယာဉ်ကွင်း နှင့်လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို KIA ဦး ဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြားရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြော ဆိုသည်။

    ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဗန်းမော်လေယာဉ်ကွင်းနှင့် လေဆိပ်တစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဗန်းမော်လေဆိပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဗန်းမော်လေယာဉ်ကွင်း Sold out သွားပြီ။ လေယာဉ်ကွင်းနှင့်လေဆိပ်အကုန်လုံးရတာပါ။ လက်နက်ခဲယမ်းတွေလည်း အများကြီးရပါတယ်။ စာရင်းအတိအကျတော့ မသိရသေးပါဘူး” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့ ဗန်းမော်မြို့နယ်၊ အမတ ၃၆၆ နှင့် ၇၀၀၆ သံချပ်ကာတပ်ရင်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိထားသည့်အပြင် သံချပ်ကာတင့်ကား ၉ စီးကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။

    “ဗန်းမော်မှာက သတင်းကောင်းတွေချည်းပါပဲ။ အချိန်တန်ရင်တော့ သိရမှာပါ။ တချို့ဟာတွေက လုံခြုံရေးအရ လုပ်ရကိုင်ရတာတွေ ရှိနေပါသေးတယ်” ဟု PDF သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

    ဗန်းမော်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီး ပစ်ခတ်မှုများကို အကြီး အကျယ် လုပ်ခဲ့ပြီး ဒရုန်းများပါ အသုံးပြုခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ဗန်းမော်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ KIA ဦးဆောင်သော တော်လှန် ရေး တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

    ဓာတ်ပုံ- ဗန်းမော်လေဆိပ်ပုံအဟောင်းများဖြစ်ပါသည်။