Category: News

  • နေပြည်တော် စစ်အုပ်စုရှိုးပွဲအပြန် လူငယ်တွေ ပေါ်တာဆွဲခံရ

    နေပြည်တော် စစ်အုပ်စုရှိုးပွဲအပြန် လူငယ်တွေ ပေါ်တာဆွဲခံရ

    ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ပြည်သူ့ရင်ပြင်မှာ စစ်အုပ်စုက ရှိုးပွဲအကြီးအကျယ်ပြုလုပ်ပြီး ပွဲက ပြန်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲခဲ့တာကြောင့် လူငယ် ၃၀ကျော် တရက်တည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

    Burma Cafeက ဦးဆောင်ပြုလုပ်ခဲ့တဲ့ နေပြည်တော်ပြည်သူ့ရင်ပြင်က နာမည်ကြီး အနုပညာရှင် ၅၀ ကျော်ပါခဲ့တဲ့ ရှိုးပွဲက အပြန်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

    အဲဲ့ဒီရှိုးပွဲကို ဖေဖော်ဝါရီ ၈ ရက် ကနေ ၁၃ ရက်အထိ ပြုလုပ်ခဲ့ပြီး ၁၃ ရက်ညပိုင်းမှာတင် လူငယ် ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

    “လမ်းတွေအကုန် ပိတ်ဖမ်းတာ။ ခဏဖမ်းထားပြီး ကားရောက်လာတော့ ကား ပေါ်တန်းတင်တယ်။ ပထမဆုံး ရေတော်ရွာရောက်တယ်။ လိုက်တော့ ဆေးအောင်လို့ဆိုပြီး ၁၆ ရက်နေ့ကပဲ မိုးဆွေကို ပို့လိုက်တယ်”လို့ ဖမ်းဆီးခံလိုက်ရသူတစ်ဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

    မိုးဆွေမှာ အမှတ်-၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက- ၂ မိုးဆွေ)ရှိပြီး အဲဒီကို ပို့လိုက်ပြီးနောက် အဆက်သွယ်ပြတ်သွားတယ်လို့ ဆိုပါတယ်။

    “ရေတော်မှာ တွေ့ခွင့်ရလိုက်တယ်။ လူတော်တော်များတယ်။ အကုန်နီးပါးက ရှိုးပွဲအပြန် ပေါ်တာဆွဲခံလိုက်ရတာ။ သူတို့(စကစ)ကပြောတော့ မလုပ်ပါဘူးဆိုပြီး ၁၃ရက်တရက်တည်းတင် အများကြီးဆွဲထားတာ။ သွားတွေ့တော့ ဆံပင်တွေပါ ကတုံးတုံးပြီးသွားပြီ”လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။

    စစ်တပ်က စစ်မှုထမ်းအပတ်စဉ်(၂၀) က လူနည်းလို့ဆိုပြီး အဲဒီလူတွေကို ၁၆ ရက်ကပဲ တကက-၂ မိုးဆွေကို ပို့လိုက်တာလို့ သိရပါတယ်။

    စစ်တပ်က အခုနောက်ပိုင်း အပတ်စဉ်တွေမှာ လူမပြည့်လို့ဆိုပြီး မန္တလေးမြို့၊ ကျောက်ဆည်၊ကျောက်မဲ၊ စဉ့်ကိုင်စတဲ့မြို့တွေမှာလည်း ဆက်တိုက် ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • ဗိုလ်နဂါးတပ်ဖွဲ့ကို စီးနင်းတိုက်ခိုက်ရတဲ့အ​ကြောင်းရင်းကို NUG ပြည်ထဲ​ရေးဒုဝန်ကြီး​ပြော

    ဗိုလ်နဂါးတပ်ဖွဲ့ကို စီးနင်းတိုက်ခိုက်ရတဲ့အ​ကြောင်းရင်းကို NUG ပြည်ထဲ​ရေးဒုဝန်ကြီး​ပြော

    BNRA ဂိတ်စခန်း​တွေကို PDF ​တွေတိုက်ခိုက်​နေချိန်မှာ စစ်​ကောင်စီက ဗုံးကြဲ

    ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဟာ လူထုအပေါ် ဖိနှိပ်တဲ့ကိစ္စနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ထားတယ်လို့ ပြည်သူလူထုကအမှုဖွင့်တိုင်ထားတာ၊NUGလက်​အောက်ခံတပ်ဖွဲ့​တွေအရပ်ဖက်ဝန်ထမ်း​တွေအ​ပေါ် ကျုးလွန်ထားတာတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

    ဒီကနေ့(ဖေဖော်ဝါရီ ၁၇ရက်)မှာNUGရဲ့ PDF တပ်ရင်းတွေက ဗိုလ်နဂါးတပ်ဖွဲ့ရဲ့စခန်းအချို့ကို စီးနင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဒုဝန်ကြီးဦးကျော်နီထံဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်းဖြေကြားတာဖြစ်ပါတယ်။

    “ဗိုလ်နဂါးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ အောက်ခြေက‌နေ ပြီးတော့ တိုင်ထားတွေရှိတယ်။ တိုင်ထားတယ်ဆိုတဲ့အခါမှာ နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ ပြည်သူလူထုဖိနှိပ်ခံရတဲ့ကိစ္စတွေ၊ ရာဇဝတ်မှုတွေ ဒါတွေကို တိုင်တာတွေရှိတယ်။ နောက်တစ်ခုကကျတော့ NUG ယန္တရားထဲက လူတွေကိုယ်တိုင် ကျူးလွန်ခံရတယ်။ ပြည်သူ့ဝန်ထမ်းတွေ ကျူးလွန်ခံရတဲ့ မှုခင်းတွေနဲ့ပတ်သက်ပြီးတိုင်တာတွေလည်းရှိတယ်။ရှေ့ပိုင်းကတော့လည်း ကျွန်တော်တို့ တချို့ကိစ္စတွေ ပြန်တောင်းဆိုပြီးလုပ်ခိုင်းရတာရှိတယ်။ အားလုံးသိမှာပါ။ ကျွန်တော်တို့ရဲ့ တရားရေးဝန်ထမ်းကို ဖမ်းဆီးတာမျိုးတွေရှိတယ်။ နောက် ပအဖ အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီးတော့ သေနတ်နဲ့ချိန် ဒူးထောက်ခိုင်းပြီးတော့ ထိုးကြိတ်ရိုက်နှက် ဒါမျိုးတွေရှိတယ်။ တခြားသော အခွန်ဂိတ်တွေ ဝင်စီးတဲ့ ကိစ္စမျိုးတွေ၊ ဟိုတလောကပဲ ကျွန်တော်တို့ဆီကတော်လှန်ရေးရဲဘော်ကို သေနတ်နဲ့ပစ်သတ်ခံရတာမျိုးတွေပေါ့။ ဒီလိုမျိုးတွေ။ ဒါတွေကတော့ တိုင်ကြားမှုတွေပေါ့။ အများကြီးရှိပါတယ်။ နောက် လူထုအပေါ် ဖိနှိပ်တဲ့ ကိစ္စတွေလည်း ရာဇဝတ်မှုတွေလည်း ပြည်သူလူထုက အမှုဖွင့်တိုင်တန်းတာတွေရှိပါတယ်”လို့ ဦးကျော်နီက ပြောပါတယ်။

    အဆိုပါတိုင်ကြားမှု တွေနဲ့ပတ်သက်ပြီးNUG ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ လက်နက်ကိုင်တွေကို အရေးယူဖို့ မဖြစ်နိုင်​သေး တဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းတာ​ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

    ဗိုလ်နဂါးတပ်ရဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ထံ တိုက်ရိုက်သတင်းပေးပို့ရတာဖြစ်တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဗိုလ်နဂါးတပ်ဖွဲ့က ပြန်လည်ခုခံမှုတွေရှိလို့ပစ်ခတ်မှု​တွေရှိခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။

    စီးနင်းတိုက်ခိုက်မှုအတွင်း ဗိုလ်နဂါးတပ်ရဲ့ ဂိတ်အချို့ကို သိမ်းပိုက်ရထားပြီး ဆုတ်ခွာသွားတယ်လို့ ကြားသိရကြောင်းလည်းဖေ​ဖော်ဝါရီ ၁၇ ရက်မွန်းလွဲပိုင်းမှာပြောပါတယ်။

    “နောက်တစ်ခုကျတော့ သူလည်း(ဗိုလ်နဂါး)တခြားလက်နက်ကိုင်အဖွဲ့တွေကို အကူအညီတောင်းတယ်လို့လည်းသိရတယ်။ဒီလိုမျိုးပဲ သိထားပါတယ်။ လက်နက်ကိုင်ဆိုတာ တော်လှန်ရေးအဖွဲ့အစည်းရယ်လို့‌တော့မဟုတ်ဘူး။ တခြားသော လက်နက်ကိုင်တွေကိုခေါ်နေတယ်လို့လည်း သိရတယ်။ အသေးစိတ်တွေတော့မသိရဘူး”လို့ ဒုဝန်ကြီးဦးကျော်နီက ပြောပါတယ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဗိုလ်နဂါးဦးဆောင်တဲ့ BNRAတပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေကဖေဖော်ဝါရီ ၁၇ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတာ​ကြောင့် ဒေသခံတွေဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

    ဒီ​နေ့ မနက် ၇ နာရီခန့်ကနေ ‌၁၂ နာရီခန့်အထိ ပစ်ခတ်သံတွေကြားရပြီး ၁၁နာရီနောက်ပိုင်းမှာ ငြိမ်သက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပုပ္ပါရွာ နဲ့ ဇီးတောရွာကြားကို မနက် ၁၀ နာရီခန့်မှာ တစ်ကြိမ်၊ နေ့ခင်း ၂နာရီခန့်မှာတစ်ကြိမ် စစ်တပ်က ဂျိင်ရိုကော့ပတာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီဗုံးကြဲမှုကြောင့် ထိခိုက်မှုရှိမရှိကိုမသိရသေးပါဘူး။

    “နဂါးက MOD အောက်လည်း မဝင်ဘူး။ သူ့လက်နက်တွေကို သိမ်းမှာကို စိုးပြီး တော်လှန်ရေးကို ပုံဖျက်နေတာ။ ကျ‌မတို့ ပုလဲမှာ သူ့ကို‌ဆန့်ကျင်သူက များပါတယ်။ သူ့နောက်က တပ်ဖွဲ့ဝင်ကလေးတွေကိုတော့ သနားတယ်”လို့ ပုလဲဒေသခံတဦးကပြောပါတယ်။

    တိုက်ပွဲအတွင်း BNRA တပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးတယ်လို့ ‌ဗိုလ်နဂါးက လူမှုကွန်ရက်မှာ တင်ထားပါတယ်။ ဒါအပြင် ဗိုလ်နဂါး တပ်ဖွဲ့ နဲ့စစ်တပ် ​ပေါင်း​နေတယ်လို့ ဝါဒဖြန့်​နေတာဟာမသင့်​တော်ဘူး လို့လည်း သူက​ရေးထားပါတယ်။

    BNRAက၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပုလဲမြို့နယ်အတွင်းမှာဝင်ဂိတ်တချို့ဖွင့်ပြီး ငွေတောင်းနေတာတွေလည်း ရှိပါတယ်။အဲဒီဂိတ်တွေကိုပိတ်သိမ်းဖို့ ယင်းမာပင်ခရိုင်ထဲက တပ်ရင်းတွေက သတိပေးခဲ့ဖူးပြီး ၂၀၂၆ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာတော့ ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ကျေးရွာက အခွန်​ကောက်တဲ့ BNRA ဂိတ်နှစ်ခုကို PDF ရဲဘော်တွေက ဝင်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။

    ​နောက်ပိုင်းမှာ PDF ​တွေက စီးနင်းထားစဥ်ကဖမ်းဆီးထားတဲ့ရဲ​ဘော်အချို့ကိုပြန်လွှတ်​ပေးပြီး လက်နက်​တွေကိုလည်းပြန်​ပေးခဲ့ပါတယ်။အဲဒီ​နောက် ရက်ပိုင်းအကြာမှာ BNRA က ပကဖ ဂိတ်တစ်ဂိတ်ကို ​သေနတ်နဲ့ ပစ်ခတ်စီးနင်းပြီး ရဲ​ဘော်အချို့ကို ဖမ်းခဲ့ပါတယ် ။

    ဒါအပြင် ​ဖေ​ဖော်ဝါရီ ၁၂ ရက်မှာ ယင်းမာပင်ခရိုင် PDFတပ်ရင်း (၄)က ရဲ​ဘော်တဦးကို BNRA တပ်ရင်း(၃)က ရဲ​ဘော်နှစ်ဦးကပစ်ခတ်လို့ ​သေဆုံးခဲ့ပါတယ် ။ BNRA က အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ် ။

    နှစ်ဖက်ကြားအဲဒီလိုတင်းမာမှု​တွေဖြစ်ခဲ့ပြီး​နောက် ဒီ​နေ့မနက်မှာ​တော့ PDF တပ်ရင်းအချို့က BNRA စခန်းအချို့ကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

  • စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ

    စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ

    စမူပရာကန်မှာညအိပ်ချိန်မကြာမခဏနှောင့်ယှက်တဲ့အခန်းဖော်ကိုသတ်ဖြတ်မှုနဲ့မြန်မာလုပ်သားတဦးဖမ်းဆီးခံရ

    ယနေ့နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ စမူပရာကန် မြို့နယ်၊ ဖရက်ဆာလမ်းရှိ ဆောက်လုပ်ရေးအလုပ်သမားစခန်းတစ်ခုအတွင်း လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

    ဖြစ်စဉ်မှာ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဖြစ်သည်။

    ကျူးလွန်သူသူမှာ အသက် ၂၅ နှစ်အရွယ် ဝေလင်းစိုးဆိုသူ ဖြစ်ကာ ၎င်းတို့နှစ်ဦးသည် အလုပ်သမား အဆောင်တစ်ခုတည်းတွင် အတူနေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

    သတင်းရင်းမြစ်များအရ သေဆုံးသူသည် မကြာခဏ အရက်မူးပြီး ညအချိန်ပိုင်းတွင် ဆူညံနှောင့်ယှက်လေ့ရှိကြောင်း၊ ဖြစ်ရပ်နေ့ညတွင်လည်း အရက်မူးနေစဉ် ဆူညံသံများကြောင့် အခြားနေထိုင်သူများ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း သိရသည်။

    အဆိုပါအခြေအနေကြောင့် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် တရားခံလူငယ်က ဓာတ်ဆီလောင်းကာ မီးရှို့ပြီး သံတုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဖော်ပြထားသည်။

    ဖြစ်စဉ်ပြီးနောက် အမှုကျူးလွန်သူသည် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်သွားရောက်သတင်းပို့ခဲ့ပြီး လက်ရှိတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကာ လူသတ်မှုဖြင့် တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    Ref: စမွတ်ပရာကန်

  • နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့  နိမိတ်

    နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်

    နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်… မိနစ်ပိုင်းအတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်”

    (၂၆) မိနစ်အတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်ခတ်

    ယနေ့ (၁၇.၂.၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် မိနစ် (၃၀) မပြည့်မီအချိန်အတွင်း၌ အောက်ပါအတိုင်း ငလျင် (၃) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားခဲ့ပါသည်။

    ပထမအကြိမ် – မနက် (၀၅:၂၀) နာရီ

    ကျင်းဒွေးမြို့၏ အရှေ့ဘက် (၁၄) မိုင်အကွာ

    မြေအောက်အနက် (၄၉) မိုင်

    ပမာဏ (၄.၀) အဆင့်

    ဒုတိယအကြိမ် – မနက် (၀၅:၃၉) နာရီ

    မင်းတပ်မြို့၏ အရှေ့ဘက် (၈) မိုင်အကွာ

    မြေအောက်အနက် (၆.၂) မိုင်

    ပမာဏ (၃.၈) အဆင့်

    တတိယအကြိမ် – မနက် (၀၅:၄၆) နာရီ

    စေတုတ္တရာမြို့၏ အနောက်ဘက် (၁၆) မိုင်အကွာ

    မြေအောက်အနက် (၆.၂) မိုင်

    ပမာဏ (၃.၇) အဆင့်

    ⚠️ အထူးသတိပြုရန် (အဟော)

    ယနေ့သည် နေကြတ်မည့်ဖြစ်စဉ် ရှိသော နေ့ရက်ဖြစ်ပါသည်။ ထိုသို့ နေကြတ်သည့်နေ့နှင့် ငလျင်လှုပ်ခတ်မှုများ တိုက်ဆိုင်နေသောကြောင့် မည်သည့်ကိစ္စကိုမဆို ပေါ့ပေါ့ဆဆမပြုလုပ်ဘဲ အရာရာကို အထူးဂရုစိုက် သတိထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

  • အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို

    အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို

    ရုရှားဘလော့ဂါ ယွက်ဇ်ဆီစလပ်ဗ်ထရာဟော့ဗ် ဆိုသူသည် ဂါနာနိုင်ငံအတွင်း ဝင်ရောက်လာပြီး အမျိုးသမီးများစွာနှင့် လိင်မှုကိစ္စများကို မျက်မှန်ရှိ လျှို့ဝှက်ကင်မရာမှ ရိုက်ကူးကာ ဗီဒီယိုများကို တယ်လီဂရမ် အပါအဝင် လူမှုကွန်ရက်များပေါ် ကာယကံရှင်များ မသိဘဲ တင်ရောင်းခဲ့မှုကြောင့် ရုရှားအစိုးရဘက်မှ ဖမ်းဆီးပြီး ပို့ပေးရန် ဂါနာအစိုးရက တောင်းဆိုလိုက်သည်။

    အသက် ၃၀ ဝန်းကျင်ရှိ ထရာဟော့ဗ်အကြောင်း သတင်းများ ဂါနာနှင့် ရုရှားမီဒီယာများတွင်ပါ ပါဝင်လာပြီး ၎င်းသည် လမ်းများပေါ်တွင် အမျိုးသမီးများကို လိုက်လံမိတ်ဆက်ကာ ဟန်ဆောင် အကွက်ဆင်၍ စတင်ချဉ်းကပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

    ထိုသို့ ချဉ်းကပ်ပုံများကို ၎င်းက မျက်မှန်ကင်မရာဖြင့် မှတ်တမ်းတင်ပြီး တချို့ အပိုင်းတိုများအား TikTok တွင်လည်းတင်ကာ တယ်လီဂရမ်အုပ်စုများတွင် အခကြေးငွေယူ၍ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများ ရောင်းစားနေခြင်း ဖြစ်သည်။

    ဂါနာတွင် ၂ ဦးသဘောတူ ဆက်ဆံခဲ့သော်လည်း မသိလိုက်ရဘဲ လူမှုကွန်ရက်များပေါ် ဗီဒီယိုများ တင်ရောင်းခံရမှုအတွက် ဒေါသထွက် ပေါက်ကွဲပြီး တိုင်ကြားသူ အမျိုးသမီး ၄၀ ဦး ဝန်းကျင် ရှိလာရာ ဂါနာနည်းပညာဝန်ကြီး ဆမ်ဂျော့ချ်က အက္ကာမြို့ရှိ ရုရှားသံမှူးအား ဆင့်ခေါပြီး ဂါနာမှ ပြန်ထွက်သွားပြီ ဖြစ်သော ဘလော့ဂါ ထရာဟော့ဗ်ကို ဖမ်းဆီး လွှဲအပ်ပေးရန် တာဝန်ရှိသည်ဟု တိုက်တွန်း ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံသည် တရားခံဖြစ်သည့် မိမိနိုင်ငံသားများအား အခြားနိုင်ငံက တောင်းဆိုတိုင်း ဖမ်းဆီးလွှဲအပ်ခြင်း မရှိသော်လည်း သံတမန်ရေး၊ နိုင်ငံရေးနည်းလမ်း ရှိသမျှအကုန် အသုံးချကာ တရားခံလွှဲအပ်နိုင်ရေး ကြိုးစားသွားမည်ဟု ဆမ်ဂျော့ချ်က ဆိုသည်။

    ဂါနာ ဆိုက်ဘာလုံခြုံရေး ဥပဒေအရ ထရာဟော့ဗ်သည် ထောင်ဒဏ် ၂၅ နှစ် ကျခံရနိုင်ကြောင်း သိရသည်။

    Ref: Thesun