Category: News

  • မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

    မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

    မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အတွင်းသို့ KIA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြော ဆို သည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းအတွင်းသို့ KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးသည် လေတပ်ဝင်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

    “ဟုတ်တယ်။ မြစ်ကြီးနား လေတပ် ကို ငါတို့လက်နက်ကြီးနဲ့ပစ်တာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    မြစ်ကြီးနားလေတပ်မှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မကြာ ခဏဆိုသလို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေသော နေရာတစ်ခုလည်းဖြစ်သည်။

    ထို့ပြင် ယနေ့ နံနက် ၆ နာရီမှစတင်၍ KIA က ဗန်းမော်မြို့တွင် ကျန်ရှိနေသော စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း သိရှိရသည်။

    “ဒီမနက် ဗန်းမော်မှာတိုက်ပွဲ ရက်စက်ပြင်းထန်နေပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

    ဗန်းမော်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကမူ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီး ပစ်ခတ်မှုများကို အကြီး အ ကျယ် လုပ်နေပြီး ဒရုန်းများပါ တိုက်ပွဲအတွင်း အသုံးပြုနေကြောင်း၊ စကခ ၂၁ တွင် တိုက်ပွဲ အပြင်းအထန်ဆုံးဖြစ်ပွားနေကြောင်း ပြောဆိုသည်။

    ဗန်းမော်မြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေရာတွင် အဓိက စခန်းကြီး ၂ ခုဖြစ်သော စကခ ၂၁ နှင့် ဗန်းမော် ခလရ ၄၇ ၊ ၂၃၆၊ ၂၃၇ တပ်နှင့် ၃၆၆-အမတ ကျန်ရှိနေသေးကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ရန် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်တစ်ခုလုံးကို KIA နှင့် တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဗန်းမော်မြို့မှာမူ ယနေ့အချိန်အထိ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

  • Non-CDM ဝန်ထမ်းများစစ်မှုထမ်းရမည်

    Non-CDM ဝန်ထမ်းများစစ်မှုထမ်းရမည်

    ယမန်နေ့က (ဇန်နဝါရီ ၂၃)အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် စစ်မှုထမ်းရမည်ဖြစ်သည်။

    စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် Non-CDM ဝန်ထမ်းများသည် စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးတွင် အမည်စာရင်းပေါက်မည်ဖြစ်သော်လည်း မူလရရှိသည့်ဝန်ထမ်းလစာနှင့် တပ်သားသစ်အဖြစ်ရရှိမည့်လစာနှစ်ခုထဲမှ နှစ်သက်ရာတစ်ခုကိုသာ လက်ခံရရှိမည်ဟု ပြဋ္ဌာန်းထားသည်။

    စစ်ဗိုလ်များသည်အရပ်ဘက်ပြောင်းပါက စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးအတွက် နှစ်သီးစားလစာများ ရသော်လည်း စစ်မှုထမ်း Non-CDM ဝန်ထမ်းများကတော့ ယင်းအခွင့်အရေးရရှိမည်မဟုတ်ပါ။

    ယင်းအစားNon-CDM ဝန်ထမ်းများသည် ရာထူးတိုးစာမေးပွဲဖြေရန်ရှိလာပါက လူတွေ့နှင့် ရေးဖြေ နှစ်ခုစလုံးအတွက် ဖြေဆိုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

    Non-CDM ဝန်ထမ်းများသည် စစ်မှုထမ်းသတ်မှတ်ကာလပြည့်ပါက အရပ်ဘက်သို့မပြန်ဘဲ အမြဲတမ်းစစ်သားအဖြစ် ဆက်လက်လျှောက်ထားနိုင်ကြောင်းလည်း စစ်မှုထမ်းနည်းဥပဒေတွင်ပါဝင်သည်။

    အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

    ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

    အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

  • မြိုင် လင်းကတော ရဲစခန်းနှင့် ငါန်းဇွန် မြို့သာရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

    မြိုင် လင်းကတော ရဲစခန်းနှင့် ငါန်းဇွန် မြို့သာရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

    မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို လာရောက် ပူးပေါင်းသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းများ ဖြင့်ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Eagle Brigade (ANyar Eagles) တပ်မှူး Leo9 က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်ရှိ လင်းကတော ရဲစခန်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် လာရောက် ပူးပေါင်း အကြမ်း ဖက်စစ်ကောင်စီ တပ်သားများကို 4Kg ဗုံးသီး ၁ လုံး ၊ 2Kg ဗုံးသီး ၁ လုံး၊ 1Kg ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၃ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဖြင့် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရှိရသည်။

    “အရင်က ၄၀ လောက်ပဲ ရှိတာကို အင်အား ၁၀၀ ကျော် လာပေါင်းတယ်လို့ သိရတယ်။ စစ်ခွေး သေတာတော့ ၃ ကောင် သေတယ်။ Drone နဲ့ ချတာက ဒဏ်ရာရ စာရင်းတော့ မသိရသေးပါဘူး။ ည ၈ နာရီ ကျွန်တော်တို့ drone ကြောင့် သေတာပါ။ ကျွန်တော်တို့ Page မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ကြည့်ရင် အမျိုးသမီးစစ်သည်တွေ Drone Team မှာ တက်တက်ကြွကြွ ပါဝင် တိုက်ခိုက်နေကြတာတွေ့ပါလိမ့်မယ်။ အားနွဲ့တဲ့ မိန်းမသားတွေ ဖြစ်ပါသော်လည်း စိတ်ဓာတ်ပြင်းထန် ခိုင်မာမှုနဲ့ ANyar Eagles မှာ Drone ပညာ သင်ယူပြီး စစ်အာဏာရှင်ကို တော်လှန်လို့ ရပါတယ် ဆိုတာ ပြောချင်ပါတယ်” ဟု ANyarEagles ရဲ့ တပ်မှုး Leo9 က ပြောဆိုသည်။

    အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြား ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က ရဲစခန်းအနီးရှိ ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး လိုက်ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းအတွင်း အင်အား ဖြည့် ထားသော အကြမ်းဖက် စစ်သား၊ ပျူစောထီး ၄၀၀ ခန့်ကို နေ့စဉ် ရက်ဆက် ဒရုန်းဖြင့် လက်လုပ် 3kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1kg ဒရုန်း ဗုံးသီး ၆ လုံး အသုံးပြု၍ ကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ် နေရာများ ကို တိကျစွာ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီများ ထိခိုက် သေဆုံးမှုရှိ ကြောင်း သိရသည်။

    “ထိခိုက်သေဆုံးမှုက ရှိတယ်။ စုံစမ်းလို့မရတာ အဓိကချတာက မြို့သာရဲစခန်းပေါ့။ ရဲစခန်း ပင်မ ဆောင်ရယ် စစ်ခွေးတွေနေတဲ့ လိုင်းခန်းတွေ အဆောက်အအုံတွေပေါ် ချခဲ့တာ ပစ်မှတ်ကို ထိထိ ရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ ညနေ့ပိုင်း ချုံထဲမှာ ကင်းပုန်းဝပ်တာကိုလည်း ကွက်တိ ချနိုင်ခဲ့တယ်။ ကျရောက်ပေါက်ကွဲတာ အဲဒီကင်းပုန်း စစ်ခွေးတွေလည်း တော်တော်များများ သေ တယ်လို့ သိရတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေး က ပြောကြားသည်။

    အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း ဦးဆောင်၍ မြင်းခြံ ခရိုင် တပ်ရင်း – ၆ ၊ တပ်ခွဲ၂ ၊ တပ်ခွဲ၃ နှင့် ငါန်းဇွန်မြိုနယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

    ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်သားများက မြို့သာရဲစခန်းအနီးပတ်ဝန်းကျင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ဘီယာဆိုင်တစ်ဆိုင်မီးလောင်ပြာကျခဲ့ ကြောင်းသိရှိရသည်။

    “မီးရှို့တာက ရဲစခန်းပတ်ပတ်လည် နေအိမ်တွေကို လိုက်ရှို့တာ ရှေ့လည်း သိပ်မတက်ရဲဘူး။ တက်ရ သလောက်တက်ပြီးရှို့တာ၊ ဘီယာဆိုင်ကတော့ ပြာကျသွားတယ်။ ပြည်သူတွေက ဝိုင်းငြှိမ်းဖို့လုပ်တာ ကို အငြှိမ်းမခံဘူး။ နေအိမ်တွေကတော့ နည်းနည်းပါးပါးလောက်လောင်သွားတာ” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ဆက်လက်ပြောဆိုသည်။

    ယခုအခါအကြမ်းဖက်စစ်ကောင်စီက ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်တို့ အ တွင်းသို့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားများကို အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း၊ စစ်သားများနှင့်အနီးကပ်စွာနေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။

  • ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ

    ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနား ကျင်းပ

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ မှ ရဲဘော်များကို ကျည်ကာအင်္ကျီ၊ ကျည်ကာပြားနှင့် ကျည်ကာဦးထုပ်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။

  • စစ်မှုထမ်းရန်အကျုံးဝင်သည့်လူငယ်အားလုံး နိုင်ငံခြားထွက်ခွင့်ပိတ်ပင်ကြောင်း စစ်ကောင်စီအတည်ပြုပြီ

    စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။

    စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။

    စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလအတွင်းက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကိုဆက်လက်အသက်သွင်းခဲ့ခြင်းဖြစ်သည်။

    လျို့ဝှက်အဆင့်အဖြစ်သတ်မှတ်ထားသည့် ထိုနည်းဥပဒေကို ရရှိထားပြီး ယင်းဥပဒေတွင် စစ်မှုထမ်းရန်အတွက် ပိုမိုပြင်းထန်သည့်ကန့်သတ်ချက်များပါရှိသည်။

    အဆိုပါနည်းဥပဒေ၏အဆိုအရ စစ်ကောင်စီ၏အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှ စစ်မှုထမ်းရန်အသက်ပြည့်သူများကို စာရင်းကောက်မည်ဖြစ်ပြီး ထိုသူတို့ကို မြို့နယ်အဆင့်တွင်စုစည်းပြီး ဆေးစစ်မည်ဟုဖော်ပြထားသည်။

    ကျန်းမာပြီးဆေးအဆင့်မီသူများကို စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်သွင်းမည်ဖြစ်သည်။

    ဆေးအောင်သူများသည် စစ်မှုထမ်းရန်အတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး စစ်သင်တန်းတက်သည်ဖြစ်စေ၊ စစ်သင်တန်းမတက်ရောက်သေးဘဲ အရပ်သားအဖြစ် နေထိုင်သည်ဖြစ်စေ နိုင်ငံရပ်ခြားသို့ သွားလာခွင့်မရှိကြောင်း စစ်ကောင်စီကကန့်သတ်လိုက်သည်။

    စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

    ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

    အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။