Category: News

  • ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    စစ်ရှိန်မြှင့်ရန်ရှိ၍ ပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် MSRF ပြော

    မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    ခေါဇာမြို့အခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်း(ခလရ – ၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRFက ထုတ်ပြန်သည်။

    “ခလရ(၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းလို့ ခေါ်တယ်။ သူက လမ်းမကြီးပေါ်မှာ ရှိနေတာ။ ဒီစခန်းကို သွားရောက်တိုက်ခိုက်ဖို့ အသွားမှာ သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲက နာရီဝက်ကျော်ကျော် မိနစ် ၄၀လောက်ကြာတယ်။ အပြန်မှာ ခလရ(၃၁) ရှေ့ကင်းစခန်းကိုလည်း သွားရောက်ပစ်ခဲ့ပါတယ်။ ပထမဖြစ်စဉ် မှာ တပ်မှူးတွေရဲ့ ပြောကြားချက်အရ ရန်သူဘက်က နှစ်လောင်း သေတာမြင်ပြီးတော့ တစ်ယောက်ဒဏ်ရာရတယ်ဆိုပြီး ပထမ သတင်းထွက်ပါတယ်။ နောက်ပိုင်းကျတော့ ပြည်သူတွေရဲ့ သတင်းပေးချက်အရ မျက်မြင်သတင်းပေးချက်အရ ၇လောင်း တန်းစီးထားတာတွေ့ရတယ်။ ဒဏ်ရာရ ရဲဘော် ၃ယောက်ကို ကား ၂ စီးနဲ့ ရေးမြို့ ပြည်သူ့ ဆေးရုံကြီးကို သယ်ဆောင်သွားတာတွေ့တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီထံမှ လက်နက် သိမ်းဆည်းရရှိမှုမရှိကြောင်း နိုင်နဂါးက ဆိုသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

    တိုက်ပွဲအပြီးတွင် ခလရ(၃၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သကဲ့သို့ ပင်လယ်ပြင်၌ ရပ်ထားသည့် စစ်ကောင်စီသင်္ဘောမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    အဆိုပါ ခေါဇာစစ်ကောင်စီတပ်ကို လွန်ခဲ့သည့် ၂နှစ်ခန့်က MSRFက သွားရောက်တိုက်ခိုက်ခဲ့ဖူးကြောင်းလည်း နိုင်နဂါးက ပြောပြသည်။ ခေါ်ဇာမြို့အတွင်း၌ပင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး ရန်သူ့ဘက်က တပ်ရေးဗိုလ်ကြီး အပါအဝင် ၇ဦးသေဆုံးခဲ့ပြီး MSRF ဘက်က ရဲဘော် ၂ဦး ကျဆုံးခဲ့ကာ အချို့ ဒဏ်ရာရခဲ့သည်။

    MSRFသည် လွန်ခဲ့သည့် နှစ်များကတည်းက တိုက်ပွဲဝင်နိုင်သကဲ့သို့ လက်ရှိတွင် မွန်တော်လှန်ရေးတပ်များ အားလုံးပူးပေါင်းပြီး ရာမညစစ်ကြောင်း ဖွဲ့စည်းကာ စစ်ဆင်ရေးများ ဆောင်ရွက်မည်ဟု အသိပေးသည်။

    “မွန်ပြည်နယ် မွန်လူမျိုးများရဲ့ အလံတော် တစ်ခုတည်းအောက်ကနေ တသွေးတမိန့် မဟာဗျူဟာမြောက် စစ်ရေးတွေ ဆင်နွှဲလာဖို့ရှိတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာကို တက်နိုင်သမျှ ရှောင်ရှားကြဖို့ အရေးတကြီး ကိစ္စကလွဲလို့ရှိရင် ခရီးမထွက်ကြဖို့ နဲ့ ပြည်သူတွေ ဘေးဆင်းရဲ ဒုက္ခက အမြန်ဆုံးလွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းဟာ ဒီစစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့ပဲရှိတဲ့ အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါ ကူညီပါ ပါဝင်ကြဖို့လို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    MSRF၊ NMSP/MNLA-AD ၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်(MLA) တို့ ပူးပေါင်းပြီး ယခု ဇန်နဝါရီ တတိယပတ်တွင် ရာမည ပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်အနှံ့ စစ်ရေးဖော်ဆောင်သွားမည်ဟု MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ပြောပြထားသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)၊ PDF စသည့် မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

    ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအားတိုက်ခိုက်ခဲ့သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ − MSRF)

  • တပ်သားသစ်စုဆောင်းခံရသူများကို ခေါ်ထုတ်စဉ် စစ်ကောင်စီက လိုက်လံတိုက်ခိုက်၍ ပကဖရဲဘော်တစ်ဦးနှင့် တပ်သားသစ် ၃ ဦး ကျဆုံး

    တပ်သားသစ်စုဆောင်းခံရသူများကို ခေါ်ထုတ်စဉ် စစ်ကောင်စီက လိုက်လံတိုက်ခိုက်၍ ပကဖရဲဘော်တစ်ဦးနှင့် တပ်သားသစ် ၃ ဦး ကျဆုံး

    စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းခံခဲ့ရသည့် တပ်သားခုနှစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာစဉ် စစ်ကောင်စီမှ လိုက်လံတိုက်ခိုက်သည့်အတွက် သွားရောက်ခေါ်ယူသည့် ပကဖရဲဘော်တစ်ဦးနှင့် ခိုလှုံလာသူသုံးဦး ကျဆုံးခဲ့ကြောင်း နေပြည်တော်ပကဖက ယနေ့သတင်းထုတ်ပြန်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ဘက်ပြောင်းခိုလှုံလာသည့် တပ်စိပ်မှူးအပါအဝင် တပ်သား ခုနှစ်ဦးကို သွားရောက်ကယ်ထုတ်စဉ် စစ်ကောင်စီမှ ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော်ဆင်ကြီးကျဆုံးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ယက္ခနှင့် လယ်ဝေးမြို့နယ် ပကဖမှ ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

    “ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ကျဆုံးသွားတဲ့ ရဲဘော်အတွက် ကျွန်တော်တို့ ပိုပြီး အလုပ်လုပ်ပါမယ်။ စစ်ကောင်စီ ပြုတ်ကျဖို့အတွက် ကျွန်တော်တို့ ပိုကြိုးစားပါမယ်လို့ ပြောချင်ပါတယ်” ဟု နေပြည်တော်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ကျဆုံးသူများကို ဇန်နဝါရီ ၁၉ ရက်နေ့တွင် အခမ်းအနားဖြင့် သဂြိုဟ်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးအဖွဲ့-နေပြည်တော်က သတင်းထုတ်ပြန်ထားသည်။

  • စစ်ရှောင်များက်ို  ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်ခါးကြားထိုး၍ ခြိမ်းခြောက်ငွေတောင်း

    စစ်ရှောင်များက်ို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်ခါးကြားထိုး၍ ခြိမ်းခြောက်ငွေတောင်း

    ချောင်းသာမှ ပုသိမ်သို့သွားမည့် စစ်ရှောင်များက်ို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်ခါးကြားထိုး၍ ခြိမ်းခြောက်ငွေတောင်း

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာ၊ ရွှေသောင်ယံ၊ ဘောမိ၊မကျည်းဇင် ဘက်မှ ပုသိမ်မြို့သို့ သွားမည့် စစ်ရှောင်များကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ထောက်ခံစာအကြောင်းပြ၍ ခြိမ်းခြောက်ငွေတောင်းနေကြောင်း ဒေသခံများထံကသိရသည်။

    ချောင်းသာမြို့အမှတ်၂ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်၊ အမှတ် ၃ရပ်ကွက် ဦးကိုကိုဦးတို့ထံ စစ်ရှောင်ရန် ထောက်ခံစာပြုလုပ်သည့် ဒေသခံများကို ကျပ်ငွေနှစ်ထောင် တောင်းယူပြီး ဘောမိ၊ မကျည်းဇင် ဒေသခံတစ်ဦးကို ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းထိတောင်းယူကြောင်း ဒေသခံများကပြောသည်။

    “ဘောမိ၊ မကျည်းဇင်ဘက်က လူတွေလာတော့ တစ်ယောက်ကို နှစ်သောင်းပေးရမယ်၊ သုံးသောင်းပေးရမယ်၊ ငါးသောင်းပေးရမယ် အဲလိုခြိမ်းခြောက်တယ်။ ဒေသခံတွေကျတော့ သိပ်မတောင်းဘူး တစ်စောင်ကို နှစ်ထောင်ပဲတောင်းတယ်”ဟု ချောင်းသာမြို့ခံတစ်ဦးက ပြောသည်။

    ချောင်းသာမြို့တွင် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းအပါအဝင် ကျောင်းသုံးကျောင်းရှိပြီး အထက်တန်းကျောင်းသားများကို စစ်ကောင်စီက ကျောင်းတက်ရမည်ဟု ပြောဆိုပြီး ကျောင်းမတက်လျှင် ကျောင်းထုတ်ပြစ်မည်ဟု ခြိမ်းခြောက်နေ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စိုးရိမ်စိတ်များနှင့် ကျောင်းတက်နေရကြောင်း ကျောင်းသားမိဘများထံက သိရသည်။

    လက်ရှိ ချောင်းသာမြို့တွင် စာသင်ကျောင်းအချို့နှင့် ဆေးခန်းများ၊ စျေးများပိတ်ထားသည့်အပြင် ဆေးရုံတွင် ဝန်ထမ်းအင်အားနည်းပါးနေပြီး ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်နေကြောင်း ဒေသခံများကပြောသည်။

    “ကျွန်တော်တို့လည်း လောလောဆယ်ပြေးတော့မပြေးသေးဘူး အခြေအနေကြည့်နေရတာပေါ့နှော်။ စျေးတွေလဲပိတ် ဆေးရုံမှာ ဆရာဝန်တွေလည်းမရှိတော့ဘူး၊ သူနာပြုတွေမရှိတော့ဘူး။ ဆေးခန်းတွေကလည်းပိတ် ကျွန်တော်တို့လည်း အခတ်မသင့်ရင် ပုသိမ်ဘက်က်ိုပြောင်းမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

    ထို့အပြင် ချောင်းသာမြို့ အမှတ် ၂ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်
    သည် စစ်ကောင်စီထံက သေနတ် လေးလက်နှင့် ကျည်ဆံ သုံးရာ ထုတ်ထားပြီး ခါကြားတွင် သေနတ်ချိတ်ကာ စစ်ရှောင်မည့် ဒေသခံများကို အဆက်မပြတ်ခြိမ်းခြောက်နေကြောင်း ဒေသခံများကပြောဆိုသည်။

    လက်ရှိ ချောင်းသာမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများတွင် ပုံမှန်အခြေနေဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အင်အား ၆၀ ကျော်အထိ အင်အားဖြည့်တင်းထားမှုကြောင့် မြို့ခံစစ်ရှောင်များလည်း ပို၍များလာကြောင်း ဒေသခံများကပြောသည်။

  • ပကာရီ ရဲစခန်း အနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    ပကာရီ ရဲစခန်း အနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်း အနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံး

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးခဲ့ကြောင်း YePhyu People Defence Force – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းခန့်တွင် ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ဆက်ကြေး ကောက်ခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေး အရှိန်အဟုန်တိုးမြှင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် YePhyu People Defence Force – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထားသည်။

  • ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    စစ်ရှိန်မြှင့်ရန်ရှိ၍ ပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် MSRF ပြော

    မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    ခေါဇာမြို့အခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်း(ခလရ – ၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRF က ထုတ်ပြန်သည်။

    “ခလရ(၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းလို့ ခေါ်တယ်။ သူက လမ်းမကြီးပေါ်မှာ ရှိနေတာ။ ဒီစခန်းကို သွားရောက်တိုက်ခိုက်ဖို့ အသွားမှာ သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲက နာရီဝက်ကျော်ကျော် မိနစ် ၄၀လောက်ကြာတယ်။ အပြန်မှာ ခလရ(၃၁) ရှေ့ကင်းစခန်းကိုလည်း သွားရောက်ပစ်ခဲ့ပါတယ်။ ပထမဖြစ်စဉ် မှာ တပ်မှူးတွေရဲ့ ပြောကြားချက်အရ ရန်သူဘက်က နှစ်လောင်း သေတာမြင်ပြီးတော့ တစ်ယောက်ဒဏ်ရာရတယ်ဆိုပြီး ပထမ သတင်းထွက်ပါတယ်။ နောက်ပိုင်းကျတော့ ပြည်သူတွေရဲ့ သတင်းပေးချက်အရ မျက်မြင်သတင်းပေးချက်အရ ၇လောင်း တန်းစီးထားတာတွေ့ရတယ်။ ဒဏ်ရာရ ရဲဘော် ၃ယောက်ကို ကား ၂စီးနဲ့ ရေးမြို့ ပြည်သူ့ ဆေးရုံကြီးကို သယ်ဆောင်သွားတာတွေ့တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီထံမှ လက်နက် သိမ်းဆည်းရရှိမှုမရှိကြောင်း နိုင်နဂါးက ဆိုသည်။