Category: News

  • မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    မြန်မာနိုင်ငံရှိ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်းနိုင်ရေး လုပ်ဆောင်ရန် မင်းအောင်လှိုင် ပြောပြန်

    ယခင်က ပြောဆိုခဲ့ဖူးသော လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားများ တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးပင် တစ်နေ့ ၄ နာရီ မှန်မှန် မပေးနိုင်တော့

    ယနေ့ကာလတွင် လျှပ်စစ်ကားများ အသုံးပြုလာနေပြီဖြစ်၍ သင်္ဘောများတွင် ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုခုတ်မောင်း နိုင်ရေး သုတေသနလုပ်ကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်သည်။

    ယမန်နေ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ” ယနေ့ကာလအတွင် ကုန်လမ်းပို့ဆောင်ရေး ယာဉ်များတွင် လျှပ်စစ်၊ ဘက်ထရီစသည်ဖြင့် စွမ်းအားများကို အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း” မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စတင်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကတည်းက ယင်းသို့ လက်တွေ့ ဖြစ်နိုင်ခြင်းမရှိသော၊ အမှန်တကယ်ဖြစ်လာခြင်းမရှိသည့် စီမံကိန်းများ လုပ်ဆောင်မည်ဟု မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ရာမှ ယခုနောက်ဆုံးတွင် ဘက်ထရီစွမ်းအင်စနစ်သုံး သင်္ဘောများကို သုတေသနပြုရန် ပြောဆိုလာခြင်းဖြစ်သည်။

    ၂၀၂၁ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။

    မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    ၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ မင်္ဂလာ တောင် ညွန့် မြို့နယ်၊ မလွှ ကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို သွားရောက် စစ်ဆေးစဉ်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခေတ်မီသည့် ရထား သယ် ယူ ပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံး ပြု သည့် မီးရ ထား စက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ရထား သယ် ယူ ပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲ ပြေးဆွဲနိုင်ရေး ကြိုတင် ပြင် ဆင်မှုများကို ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

    မင်းအောင်လှိုင်၏ လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကား စီမံကိန်းများကို လုပ်ဆောင်မည်ဟု မကြာခဏ ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာဖြစ်လာသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိရာတွင် လက်ရှိ လျှပ်စစ်ဓာတ်အား တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့သဖြင့် ဓာတ်အားမှာ ၃၅ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် လျှပ်စစ်မီးများမှာ တစ်နေ့လျှင် ၄ နာရီပင် ပုံမှန် မရရှိတော့ကြောင်း၊ မီးပျက်ချိန် ပိုမိုများပြားနေကြောင်း၊ စက်မှုဇုန်များတွင် လုံး၀ လျှပ်စစ်မီး မရရှိတော့ကြောင်း သိရှိရသည်။

    “ဒီဟာလေးတွေက ဘာနဲ့မောင်းတာလဲ?”

    “ဒီဇယ်အင်ဂျင်နဲ့ မောင်းတာပါ ခင်ဗျာ”

    “ဘက်ထရီ နဲ့ မောင်းလို့မရဘူးလား?”

    “ဒီဟာလေးတွေက စကေးတူ ပုံစံတူထုတ်လုပ်ထားတာတွေပါ အဘ… တကယ့် သင်္ဘောတွေက အကြီးကြီးတွေလေ”

    “ကြီးလဲ ဘက်ထရီနဲ့ မောင်းပေါ့ကွ”

    “ဟုတ်ကဲ့ပါအဘ”

    “ငါငယ်ငယ်တုန်းကဆို ဖယောင်းတိုင်နဲ့ မောင်းတဲ့ ဟာလေးတွေ ဆော့ခဲ့ရတာ”

    “ဟုတ်ကဲ့ပါအဘ”

    ✍Melvin Moe

  • ၂၀၂၄ ခုနှစ်က တော်လှန်ရေး အင်အားစုများအတွက် စစ်ရေးအရ အောင်မြင်သည့်နှစ်ဖြစ်

    ၂၀၂၄ ခုနှစ်က တော်လှန်ရေး အင်အားစုများအတွက် စစ်ရေးအရ အောင်မြင်သည့်နှစ်ဖြစ်

    မြို့ပေါင်း ၆၀ ကျော်နဲ့ တိုင်းစစ်ဌာနချုပ် ၂ ခု သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအတွက် စစ်ရေးအရ အောင်မြင်တဲ့နှစ် ဖြစ်ခဲ့ပါတယ်။

    လာမယ့် ၂၀၂၅ မှာတော့ စစ်ကောင်စီရဲ့ ခဲယမ်းအိုးလို့ ပြောဆိုကြတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းတို့ အပါအဝင် ကပစ စက်ရုံတွေရှိရာ နေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ ရှိနေပါတယ်။

    အာဏာသိမ်းပြီး ၄ နှစ်နီးပါး ရှိလာချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၉၄ မြို့အထိ သိမ်းယူထားနိုင်ခဲ့ပါပြီ။ အဲဒီမြို့တွေထဲက မြို့ပေါင်း ၆၀ ကျော်ကိုတော့ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်းမှာပဲ သိမ်းထားတာပါ။

    ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အထိ မြို့ပေါင်း ၃၀ ကျော်ပဲ သိမ်းနိုင်ခဲ့တာဖြစ်ပြီး တနှစ်အတွင်း သိမ်းဆည်းနိုင်မှုက နှစ်ဆတက်လာတာပါ။ ဒီအခြေအနေကိုကြည့်ရင် ၂၀၂၄ ဟာ စစ်ရေးအရ အောင်မြင်မှုကြီးမားခဲ့တဲ့နှစ် ဖြစ်ခဲ့တယ်လို့ စစ်ရေးလေ့လာသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုကြပါတယ်။

    ဒါဟာ စံချိန်တင် စစ်အသုံးစရိတ်တွေ သုံးထားတဲ့ စစ်ကောင်စီအတွက် အရှက်ရစရာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်ဟာ စစ်တပ်ကို နိုင်အောင်တိုက်နိုင်ပါ့မလားဆိုတဲ့ အမြင်တွေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့ နှစ်လို့ ဆိုပါတယ်။

    ၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်တိုင်း ၁၄ ခုရှိတဲ့အထဲက စစ်တိုင်းနှစ်ခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းနိုင်ခဲ့သလို စစ်ကောင်စီရဲ့ အဆင့်မြင့်တပ်အရာရှိကြီး တဒါဇင်ကျော်ဟာလည်း အဖမ်းခံရတာ၊ ကျဆုံးတာတွေရှိခဲ့ပါတယ်။

    နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၂၀၀ ကျော်လောက်အထိ ဒီတစ်နှစ်အတွင်း ဖွဲ့စည်းပုံပျက်ခဲ့တယ်လို့ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ပြောပါတယ်။

    ဒါ့ကြောင့် စစ်ကောင်စီဟာ စစ်ရေးတင်မက စိတ်ဓာတ်ရေးအရာအရပါ ကြီးကြီးမားမား အထိနာခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီအနေနဲ့ အခုလိုမျိုး မြို့တွေ၊ တိုင်းစစ်ဌာနချုပ်တွေ၊ တပ်ရင်းဌာနချုပ်တွေ အများအပြားကို စွန့်လွှတ်ထားရပေမဲ့ ပြန်ပြီးထိုးစစ်ဆင်နိုင်မယ့် အခြေအနေ အလားလာ ရှိမနေသလို၊ တော်လှန်ရေးအင်အားစုတွေက သိမ်းပြီးမြို့နယ်တွေကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်တာကလည်း အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဉီးသန်းစိုးနိုင်က ပြောပါတယ်။

    ၂၀၂၄ ရဲ့ အောင်မြင်မှုတွေကို ကြည့်ရင် လာမယ့် ၂၀၂၅ ဟာ အဆုံးအဖြတ်ဖြစ်လာဖို့ မျှော်လင့်လို့ရတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ အထူးသဖြင့် စစ်ကောင်စီတပ်တွေရဲ့ လက်ရှိ အနေအထားဟာ တကယ်တိုက်ရင် တကယ်ကျတဲ့ အခြေအနေ ဖြစ်နေပြီလို့ CDM ဗိုလ်ကြီး ကိုဇင်ယော်ကပြောပါတယ်။

    လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ မြို့နယ်အားလုံးနီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့သလို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ချ

    င်းပြည်နယ်မှာဆိုရင်လည်း မြို့နယ်အများစုကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်သွားနိုင်တဲ့အခြေအနေပါ။ ဒီအခြေအနေတွေကြောင့် တဆက်တည်း ရှိနေတဲ့ မကွေး၊ စစ်ကိုင်းနဲ့ ပဲခူးတို့ကို စစ်လမ်းကြောင်း ပွင့်သွားခဲ့ပါတယ်။

    ဒါကြောင့် ဒီဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်သလို ကပစစက်ရုံတွေ အများအပြားတည်ရှိတဲ့နေရာမို့ လာမယ့် ၂၀၂၅အတွက် အရေးကြီးတယ်လို့ ဆိုကြပါတယ်။ စစ်ကောင်စီတပ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံပေါင်း ၂၅ ခုရှိတာဖြစ်ပြီး အများစုက မကွေးတိုင်းထဲမှာရှိနေတာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီအသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေကို ကြည့်ရင် အသစ်ထုတ်ထားတာတွေ ဖြစ်တာကြောင့် ချက်ချင်းထုတ်ချက်ချင်း သုံးအခြေအနေကို ရောက်နေတာကိုတွေ့ရတယ်လို့ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ဆိုပါတယ်။

    ဒါကြောင့် ကပစစက်ရုံတွေကို ခြိမ်းခြောက်နိုင်ရင်တော့ တော်လှန်ရေးအတွက် အားသာချက်တွေ အများကြီး ရလာလိမ့်မယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် တိုက်ပွဲတွေမရှိသေးတဲ့ ဧရာဝတီတိုင်းအပါအဝင် တခြားဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ ရှိနေတယ်လို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။

    တဖက်မှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာဖို့ ကြိုးစားနေသလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတာတွေလည်း ရှိပါတယ်။

  • ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

    ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF အဖွဲ့ထံက သိရပါတယ်။

    ဒီဇင်ဘာ ၂၉ ရက်က ဥယျာဉ်ကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၄၀ ခန့်ရှိ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ဥယျာဉ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ တပ်ဆုတ် အထိုင်ချခဲ့တယ်လို့ သိရပါတယ်။

    အဲဒီနောက် ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာကို တော်လှန်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၆ ယောက်ထပ်မံသေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ညနေပိုင်းမှာ နာရေးကား ၃ စီးနဲ့ လာရောက်သယ် ဆောင်သွားတယ်လို့ သိရတယ်။

    အဲဒီတိုက်ခိုက်မှုကို သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ -၁ YOMA (GBK) PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ သာယာဝတီ ခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ -၁ Dragon Brothers (GBK) PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ပဲခူးရိုးမ BTZM (GBK) PDF၊ သာယာဝတီခရိုင် ပကဖအဖွဲ့နဲ့ မဟာမိတ် တပ်ပေါင်းစုတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

  • ၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော

    ၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော

    ယခုနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်များ ထားရှိထားပြီး ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF က ယနေ့ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။

    ပြီးခဲ့သည့် ၂ နှစ်ခန့်ကပင် အညာဒေသနှင့် မြေလတ်ဒေသတွင် စစ်ဒေသများထားရှိကာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်များကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောသည်။

    ယခု၂၀၂၅ ခုနှစ် သည် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမည့် နှစ်တစ်နှစ်ဟု SAF က ယုံကြည်ထားကြောင်း ထုတ်ပြန်သည်။

    လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံမှ သင်ယူဆည်ပူးအတွေ့အကြုံယူရရှိခဲ့သည့် လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာအတွေ့အကြုံများကို “မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး” စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် မှသည် စစ်အုပ်စု အာဏာသိမ်းခဲ့သည့် လေးနှစ်တာကာလအတွင်း လူထုသည် စစ် (၃) စစ်၏ ဂုတ်သွေးစုပ်ဖိနှိပ်မှု လှိုင်းတံပိုးအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီး တော်လှန်စစ်သည်လည်း တစ်နှစ်ထက်တစ်နှစ် သိသာစွာပင် ရေစီးသန်အရှိန်ရလာခဲ့ကြောင်း ဆိုသည်။

    ကုန်ခဲ့သည့် နှစ်များသည် ကျောင်းသားလက်ရုံးတပ်တော် – SAF အတွက် တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်ကာ တိုက်စွမ်းရည်၊ တိုက်စွမ်းအား ဖြည့်တင်းနိုင်ရေးအတွက် အရေးကြီးသော သက္ကရာဇ်များဖြစ်ခဲ့သည်ဟု ပြောသည်။

    တော်လှန်ရေးမဟာမိတ်များ၊ မိတ်ဖက်များနှင့်အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ တော်လှန်ရေးတာဝန်များကို ပူးတွဲဆောင်ရွက်မှုအားဖြင့် ဘုံရန်သူ စစ် (၃) စစ် ဖြိုချရေးရည်မှန်းချက်အတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်ခဲ့ကြကြောင်း SAF က ထုတ်ပြန်ထားသည်။

    ယခု ၂၀၂၅ ခုနှစ်သည် တော်လှန်စစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစု တစ်ရပ်ဖြစ်တည်လာရန် နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲအကောင်အထည်ဖော်ရမည့် အရေးကြီးသည့်နှစ်ဟု ရှုမြင်ကြောင်းလည်း SAF က ဆိုသည်။

    စစ် (၃) စစ်အမြစ်ဖြတ်ဖြိုချရေးသည် တပ်ပေါင်းစု၏လက်သီးဖြင့်သာ အလဲထိုးဖြိုချနိုင်မည်ဟု ယုံကြည်ပြီး “လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့” မျှော်ရည်ကာ တော်လှန်ရေးတပ်ပေါင်းစု တစ်ရပ်ပေါ်ပေါက်လာရေး၊ စစ် (၃) စစ်အမြစ်ဖြတ်ချေမှုန်းရေးနှင့် နိုင်ငံတော်သစ် တစ်ရပ်ထူထောင်နိုင်ရေးတို့အတွက် ဖိနှိပ်ခံလူထုနှင့်အတူ ကျောချင်းကပ် ရင်ချင်းဆက်ကာ တော်လှန်စစ် ဆုံးခန်းတိုင်သည်အထိ လက်နက်စွဲကိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း SAF က ထုတ်ပြန်ထားသည်။

  • မုံရွာ – မန္တလေး လမ်းမှာ စစ်ကားတန်းနဲ့ ခြေလျင် စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    မုံရွာ – မန္တလေး လမ်းမှာ စစ်ကားတန်းနဲ့ ခြေလျင် စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းမှာ ဒီဇင်ဘာလ ၃၁ရက်က စစ်အုပ်စု ကားတန်းနဲ့ အဲ့ဒီ ကားတန်းကို လုံခြုံရေး ယူပေးတဲ့ ခြေလျင်စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေ အပျောက် ရှိတယ်လို့ မုံရွာခရိုင် အမှတ် – ၁၂ တပ်ရင်း၊ တပ်ခွဲ – ၃ – လျှပ်စီးတပ်ခွဲက သတင်း ထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာလ ၃၁ ရက် မနက် ၉ နာရီ အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲကနေ သံပြာကာ ကားခြောက်စီး ထွက်လာကြောင်း သတင်းအရ အသင့်စောင့်ဆိုင်းပြီး မိုင်းဖောက်ခွဲ တိုက်ခိုက်တာလို့ ဆိုပါတယ်။

    စစ်ကားတန်းကို လုံခြုံရေး ယူပေးဖို့ ချောင်းဦးမြို့ထဲက ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်အုပ်စုကို စတင် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သုံးယောက် သေပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနောက် သံပြားကာ ကားခြောက်စီးကို ထပ်မံ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အသေအပျောက် မသိရသေးဘဲ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက ဖော်ပြပါတယ်။

    အဲ့ဒီ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ 11 People Defense Force၊ မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း၊ Nway Oo Brothers Column (နွေဦးညီကိုစစ်ကြောင်း) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။