Category: News

  • စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်း

    စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်း

    မောက်မယ်မြို့နယ် ပွန်းချောင်းဒေသ တိုက်ပွဲတွင် စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်းခြင်းကြောင့် ထိခိုက်သေဆုံးသူများပြားဟု PNLA ပြောဆို

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းဒေသ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်က ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တိုက်ခိုက်ခိုင်းခြင်းကြောင့် ကလေးစစ်သားများ အပါအဝင် PNO စစ်သား ၂၀၀ ကျော်သေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက ပြောကြားသည်။

    ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ မောက်မယ်မြို့၊ ဗန်းမတ်ဒေသ၊ ပွန်ချောင်းဘက်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်လာသော အကြမ်းဖက် စစ်အုပ်စု လက်အောက်ခံ PNO ပြည်သူ့စစ်များကို PNLA တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း PNO ပြည်သူ့စစ်များက အသက်မပြည့်သေးသည့် ကလေးစစ်သားများကို မူးယစ်ဆေးဝါးကျွေး၍ ရှေ့ဆုံးမှ တက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် မျက်မြင်တွေ့ရှိသည့် PNO စစ်သား ရုပ်အလောင်း ၁၀၀ ကျော်ရှိပြီး ကျန်သေဆုံးရုပ် အလောင်း ၁၀၀ ကျော်နှင့် ဒဏ်ရာရစစ်သားများကို ပြည်သူများ မမြင်စေရန် စစ်တပ်က မှန်လုံကားများဖြင့် သယ်ဆောင်ကာ အောင်ပန်းစစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ထို့ပြင် သယ်ဆောင်နိုင်ခြင်းမရှိသည့် စစ်သား အလောင်းတချို့ကို ပွန်ချောင်းအတွင်း မျောထားခဲ့ကြောင်း သိရှိရသည်။

    “ပွန်ချောင်းတဝိုက်မှာ တိုက်ပွဲဖြစ်နေတာကတော့ လနဲ့ချီပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ ရက်လောက်ကနေစပြီး ဒီနေ့အထိတော့ တော်တော်ကြီးကို တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပေါ့။ ကလေးစစ်သားတွေရော၊ မူးယစ် ဆေးဝါးသုံးစွဲပြီးတော့ တက်လာတဲ့ပုံစံပေါ့။ ဒီအတိုင်းပဲ တက်လာကြတော့ ကျသွားတာ ကျနော်တို့ က ခံစစ်လုပ်ရတဲ့အနေအထားဖြစ်တော့ မှတ်တမ်းတွေယူဖို့တော့ခက်တယ်။ ဒါပေမယ့် မျက်မြင်အရ သေတာက ၁၀၀ ကျော်သေတယ်။ နောက်မှ အတွင်း သတင်းပြန်ရတာက ၂၀၀ လောက်သေတယ်။ ပြီးတော့ အောင်ပန်းစစ်ဆေးရုံမှာလည်း ဒဏ်ရာရတာ ၄၀ ကျော်လောက်တင်ထားရတယ်လို့ သတင်းရတယ်။ ပြန်မသယ်နိုင်တဲ့ ရုပ်အလောင်းတွေကိုတော့ ပွန်ချောင်းထဲမှာ မျောတယ်။ ပွန်ချောင်းဘေးမှာရှိတဲ့ ရွာတွေကတော့ ဆယ်ယူကြည့်တယ်။ ကြည့်တော့ PNO ပြည့်စစ်ဘက်တံဆိပ်လည်းတွေ့တယ်။ အလောင်းတွေ တွေ့ရှိမှုကတော့ ၇ ယောက်၊ ၈ ယောက်လောက်တွေ့တယ်လို့ ပြောတယ်။ အလောင်း ၁၀၀ ကျော်ကတော့ မှန်လုံကားအကြီးတွေနဲ့ သယ်ပြန်သွားတာ အဓိကကတော့ ပြည်သူတွေ မမြင်အောင်ပေါ့။ မှန်လုံကားအကြီးတွေနဲ့ သယ်သွားတယ်လို့တော့ သတင်းရရှိပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက ပြောဆိုသည်။

    တိုက်ပွဲ အတွင်းအထိနာသော PNO ပြည်သူ့စစ်များက ပွန်ချောင်းအနီးရှိ ကျေးရွာများကို လက်နက်ကြီးများ၊ အသေခံ ဒရုန်းများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ၎င်းတို့ဝင်ရောက်နိုင်သည့် ကျေးရွာများမှ နေအိမ် ၁၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    “တချို့နေရာတွေမှာ ကျနော်တို့ ပြန်ဆုတ်လိုက်ရတာရှိတော့ တစ်ချို့ရွာတွေထဲကိုရောက်တာရှိတယ်။ ပွန်ချောင်းဘေးမှာရှိတဲ့ စစ်ဘေးရှောင်ရွာပေါ့၊ ရွာသစ်ပေါ့၊ အဲဒီရွာကိုတော့ အိမ်ခြေ ၁၆ အိမ် တော့ အကုန်လုံးမီးရှို့သွားတယ်လို့ သတင်းရတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းရိန်းယံက ဆက်လက်ပြောဆိုသည်။

  • ပန်းတောင်းရှိ ကပစ-၁၆ စက်ရုံ ထုတ်လုပ်မှုရပ်ဆိုင်းပြီး ခံစစ်ပြင်နေ

    ပန်းတောင်းရှိ ကပစ-၁၆ စက်ရုံ ထုတ်လုပ်မှုရပ်ဆိုင်းပြီး ခံစစ်ပြင်နေ

    စက်ရုံအနီး ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်ထား

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီးသို့ အာရက္ခ တပ်တော် (AA) က ထိုးစစ်ဆင်လာသည့်အတွက် စက်ရုံထုတ်လုပ်မှုများ ရပ်ဆိုင်းသွားကာ ခံစစ်စခန်း အနေအထား ပြုလုပ်နေကြောင်း သိရသည်။

    ကပစ-၁၆ ၏ အဓိက ကာကင်းစခန်းဖြစ်သော ပွိုင့် (၆၆၆) စခန်းကုန်းကို AA က ဒုတိယအကြိမ် သိမ်းယူပြီးနောက်၊ စက်ရုံအနီးရှိ စခန်း ခုနစ် ခုအထိ ယခုဖေဖော်ဝါရီလအတွင်း ဆက်တိုက်သိမ်း ယူခဲ့သည့်အတွက် စစ်ကော်မရှင်က စက်ရုံအနီးဝန်းကျင်သို့ စစ်ကူများခေါ်ယူကာ အင်အားတိုးချ ထားကြောင်း သိရသည်။

    “အဓိက ရင်ဆိုင်ရမယ့် စခန်းကြီးတစ်ခုပဲ ရှိမယ်။ ကျန်တာကတော့ ကာကင်းစခန်းတွေပဲ” ဟု ကပစစက်ရုံနှင့် နီးစပ်သည့် တပ်သတင်းရင်းမြစ်က ပြောသည်။

    စက်ရုံအနီးရှိ ကာကင်းစခန်း သုံးခုခန့်သာ ကျန်ရှိတော့ပြီး ကပစ စက်ရုံအခြေစိုက်ရာ မသုန်ကျေးရွာနှင့် AA တပ်ဖွဲ့များအကြား တိုက်ပွဲအခြေအနေမှာ ၅ ကီလိုမီတာအထိ နီးကပ်လာကာ ပွိုင့် (၅၀၆) စခန်းကုန်းအထိ ချဉ်းကပ်လာခြင်းဖြစ်သည်။

    စက်ရုံရှိရာ မသုန်ကျေးရွာနှင့် စခန်းကုန်းများအကြားတွင် ပွိုင့် (၃၅၃) နှင့် ပွိုင့် (၂၈၈) စခန်းနှစ်ခုသာ ကျန်ရှိပြီး စစ်ကော်မရှင်က ဒရုန်းများကို အဓိကထားအသုံးပြုကာ ခံစစ်ဆင်နေရသည့် အနေအထားသို့ ရောက်ရှိလာကာ ပွိုင့် (၅၀၆) စခန်းအထိ တိုက်စစ်ဆင်ခံနေရခြင်းဖြစ်သည်။

  • ဖလမ်းမြို့နယ်ရှိ စစ်ကော်မရှင် စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

    ဖလမ်းမြို့နယ်ရှိ စစ်ကော်မရှင် စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

    ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ ထင်းရှူစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှစ်ဦးနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း ရှေ့တန်းစစ်ရေးသတင်းမြစ်ထံမှ သိရသည်။

    တီးတိန်မြို့နယ် သိုင်ငင်းဘက်မှ တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖလမ်းမြို့နယ်ရှိ ချင်းပူးပေါင်းတပ်ဖွဲ့များ၏ ထင်းရှုးစခန်း ခံစစ်ကုန်းကို ဦးစွာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ထင်းရှူးစခန်း ခံစစ်ကုန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် တစ် နာရီဝန်းကျင်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် စခန်းကို အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    “မနေ့ည ၁၂ ကျော်လောက်မှာ ဖလမ်းမြို့နဲ့ ဗာလုံကြား Lumbang ရွာမှာ တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့ မနက် တစ်နာရီလောက် တိုက်ပွဲအပြီးမှာ စစ်ကော်မရှင် နေရာယူထားတဲ့ ထင်းရှူးစခန်းခံစစ်ကုန်းကို ကျွန်တော်တို့ ပြန်သိမ်းတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

    အဆိုပါဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်းအဖြစ် စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၁၁ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်တလျှောက် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဝှက်ထားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

    “မဏိပူရ်မြစ်ဘက်မှာ အရင်ရက်တွေက တိုက်ပွဲဖြစ်တယ်။ အဲတိုက်ပွဲတုန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းတွေ မသယ်နိုင်တော့ဘဲ ဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေကို မနေ့က ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

    သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများသည် ၁၂၂ မမ ရှော့တိုက်ဒုံး၊ ၁၂၀ မမ၊ ၈၁ မမ၊ RPG ဗုံးသီးများနှင့် အခြားဆက်စပ်ခဲယမ်းများဖြစ်ကြောင်း သိရသည်။

    ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကော်မရှင်တပ်သည် ကလေးမြို့မှ အင်အားထောင်ချီအသုံးပြုကာ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်နေသည်မှာ လေးလဝန်းကျင် ရှိလာပြီဖြစ်သည်။

    သို့သော်လည်း အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းသည် လမ်းတလျှောက်တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများကာ ဖလမ်းမြို့ကို မရောက်ရှိနိုင်သေးကြောင်း သိရှိရသည်။

    ထိခိုက်သေဆုံးမှုများသည့် စစ်ကော်မရှင်တပ်သည် ကလေးမြို့မှ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေသလို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ကလေးမြို့မှ အင်အား ထပ်မံဖြည့်တင်းပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။

    ချင်းပြည်အစိုးရ၏ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ချက်အရ ဖလမ်းမြို့နယ် လေးလကြာ တိုက်ပွဲတွင် အရာရှိ ၉ ဦးအပါအဝင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် စုစုပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

    ဖလမ်းမြို့နယ်၊ ထင်းရှုးစခန်းတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက် ၁၁ လက်နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထင်းရှုးစခန်းတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက် ၁၁ လက်နှင့် ဒရုန်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဘက်မှ လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က ခံစစ်ပြုလုပ်ထားသော ထင်းရှုးစခန်းကို လာရောက် တိုက်ခိုက်သောကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထင်းရှုးစခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရပြီး ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ရာ စခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ အထိနာကာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက် ၁၁ လက်နှင့် ဒရုန်း ၁ စီးလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

    “အဲတာက ဒီမနက် ဖလမ်းမြို့နယ် ထင်းရှုးစခန်းမှာ တိုက်ပွဲဖြစ်တာ အဲတာ ချင်းတပ်မတော်က လက်နက်ခဲယမ်းတွေ သိမ်းလာခဲ့ပါတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ခုကို CNA အပါအဝင် ချင်းတောလှန်ရေးစုပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ နီးပါးနှင့် ကျည်ဘောက်များ၊ ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    လက်ရှိချိန်ထိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဖလမ်းမြို့ အနီး Khuangli နှင့် Sumhrang ရွာတို့၌ တပ်စွဲထားပြီး ကလေးမြို့မှ စစ်ကူတက်လာသော စစ်ကြောင်းသည်လည်း သိုင်းငင်း-ဖလမ်း အကြားရှိ Tuphei ရွာအနီးတွင် ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရှိရသည်။

  • ရခ တွေရဲ့ မရှိတဲ့ ဂုဏ်သိက္ခာ ကျမှာစိုးလို့ ဆင်ဆာဖြတ်ခံလိုက်ရတဲ့ ပဲ့တင်သံဇာတ်ကားမှ ဇာတ်ဝင်ခန်း

    ရခ တွေရဲ့ မရှိတဲ့ ဂုဏ်သိက္ခာ ကျမှာစိုးလို့ ဆင်ဆာဖြတ်ခံလိုက်ရတဲ့ ပဲ့တင်သံဇာတ်ကားမှ ဇာတ်ဝင်ခန်း

    ပဲ့တင်သံ ရုပ်ရှင်ဇာတ်ကားကြီး ကို

    ကြည့်ပြီးတဲ့ပရိသတ်တွေ(လုံးဝ)မကြည့်လိုက်ရတဲ့

    အကြောင်းအမျိုးမျိုးကြောင့်မထည့်ဖြစ်လိုက်ရတဲ့…

    Deleted Scene

    “ဘ၀ဆိုတာ တိုက်ပွဲလို့ပြောကြတယ်၊ အမှန်က တိုက်ပွဲမဟုတ်ပါဘူး၊ ပဲ့တင်သံပါ ”

    Video by ပဲ့တင်သံ ရုပ်ရှင်ဇာတ်ကားကြီး

  • ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ်

    ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ်

    နိုင်ငံတော်၏ မေ့လျှော့ခံခဲ့ရသူ ဓားစန်းရီကွယ်လွန်ပြီ

    ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံ၏ ဖုန်ထူသော လမ်းဘေးတွင် အသက် ၈၇ နှစ်အရွယ် ယောဂီဝတ် အမျိုးသမီးကြီးတစ်ဦးသည် တုန်ယင်နေသော လက်ဖြင့် တောင်ဝှေးကို အားပြုကာ ရပ်နေသည်။

    သူမ၏ မျက်ဝန်းများက မှေးမှိန်နေသော်လည်း စကားပြောလျှင် ခိုင်မာပြတ်သားသည့် အသံက ရှိနေဆဲ။

    သွားလေရာပါသော သူမ၏ အနီရောင် ကချင်လွယ်အိတ်ထဲတွင် အရောင်လွင့်နေပြီဖြစ်သော “ဂုဏ်ပြုမှတ်တမ်းလွှာ” တစ်စောင် ရှိနေသည်။

    ထိုစာရွက်ကလေးသည် သူမအား “ဓားစန်းရီ” ဟု ကမ္ဘာက သိစေခဲ့သည်။ ထို့ပြင် သူမကို နိုင်ငံတော်က ကူညီစောင့်ရှောက်ရန် ပျက်ကွက်ခဲ့ကြောင်း ပြသနိုင်သည့် တစ်ခုတည်းသော သက်သေပင် ဖြစ်သည်။

    ဒေါ်စန်းရီ (ခေါ်) ဓားစန်းရီသည် ၁၉၈၃ ခုနှစ်၊ အာဇာနည်ဗိမာန် ဗုံးခွဲလုပ်ကြံမှု၏ တရားခံ မြောက်ကိုရီးယား အေးဂျင့် ကင်ဂျင်ဆူး (Kim Jin-su) ကို အသက်စွန့်၍ အရှင်ဖမ်းဆီးပေးခဲ့သည့် သမိုင်းဝင် သူရဲကောင်းဖြစ်သည်။

    သူမ၏ သတ္တိကြောင့် မြန်မာနိုင်ငံသည် ပြုံယမ်းနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်သည်အထိ ပြင်းထန်သော သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သော်လည်း လွန်ခဲ့သော ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် သူမ ကွယ်လွန်သွားချိန်၌ သူမသည် ယောဂီဝတ်ဖြင့် လမ်းဘေးတွင် တောင်းရမ်း စားသောက်ရသူ တစ်ဦးအဖြစ်နှင့်သာ ဘဝကို အဆုံးသတ်ခဲ့ရသည်။

    ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး တောင်ကိုရီးယား အရာရှိကြီးများ အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့သည်။

    တရားခံများ ထွက်ပြေးနေစဉ် နောက်တစ်နေ့ည၌ ဒေါ်စန်းရီသည် ပုဇွန်တောင်ချောင်းအတွင်း တရားခံ ကင်ဂျင်ဆူး ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

    တရားခံဟု မသိဘဲ ရေထဲနစ်နေသော နိုင်ငံခြားသားကို ကယ်ဆယ်ရန် ထမီခါးတောင်းကျိုက် ရေထဲ ဆင်းသွားခဲ့သည်။ အခြားယောက်ျားကြီး ၂ ဦး၊ ၃ ဦးလည်း ဆင်းလိုက်လာခဲ့ရာ ကင်သည် လက်ပစ်ဗုံးဖြင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သဖြင့် လက်များပြတ်ထွက်ပြီး ရေထဲသို့ ပြန်ခုန်ဆင်းချိန်တွင် ဒေါ်စန်းရီသည် ကြောက်ရွံ့ခြင်းမရှိဘဲ နောက်မှ ဒိုင်ဗင်ထိုး လိုက်သွားခဲ့ခြင်းဖြစ်သည်။

    တရားခံကို ဆံပင်မှ ပြန်ဆွဲကာ ခေါ်ယူခဲ့ပြီး ရေပေး အရောက်တွင် လည်ပင်းကို လက်သီးဖြင့်ထိုးကာ အရှင်ဖမ်းဆီးခဲ့သည်။

    ဓါးစန်းရီခေါ် သူမသည် လက်နက်ကိုင် စစ်သည်တစ်ဦး၊ အမျိုးသားတစ်ဦးပင် မဟုတ်ခဲ့သော်လည်း ထိုနေ့က နိုင်ငံ၏ ဂုဏ်သိက္ခာကို လက်ဗလာဖြင့် ကာကွယ်ခဲ့သည်။

    သူမ၏ သတ္တိမှာ ပုဇွန်တောင်တွင် အရက်ရောင်းစဉ်ကပင် အမြစ်တွယ်ခဲ့ခြင်း ဖြစ်သည်။ သမီးဖြစ်သူကို စော်ကားသော လူမိုက်ငါးဦးကို ငှက်ကြီးတောင်ဓားဖြင့် အသေအလဲ လိုက်ခုတ်ခဲ့သည့် ဖြစ်ရပ်ကြောင့် “ဓားစန်းရီ” ဟု အမည်တွင်ခဲ့ပြီး ရဲများပင် လေးစားခန့်ညားခဲ့ရသူ ဖြစ်သည်။

    တစ်ခုလပ်သူမကို မစော်ကားနိုင်ဖို့ ပေါင်မှာ သားရေကြိုးနဲ့ ဓားကို အမြဲချည်ထားသူလည်း ဖြစ်သည်။

    သူ့ရဲ့ သတ္တိအတွက် နိုင်ငံတော်က သူမအား ပေးခဲ့သည့် ဆုမှာ ကက်ဆက်တစ်လုံးနှင့် ကက်ဆက်ခွေ နှစ်ခွေသာ ဖြစ်သည်။

    ဘဝနှောင်းပိုင်းတွင် ဒေါ်စန်းရီသည် ဆင်းရဲပင်ပန်းစွာဖြင့် လှည်းတန်းလမ်းဘေး၌ ယောဂီဝတ်စုံ အလှူခံထွက်ခဲ့ရသည်။

    အဆိုးဆုံးမှာ အလှူခံခွင့် မရှိဟုဆိုကာ ရဲစခန်းတွင် ခဏခဏ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံအတွက် အကြမ်းဖက်သမားကို ဖမ်းပေးခဲ့သူသည် ဘဝနေဝင်ချိန်တွင် “တောင်းရမ်းသူ” အဖြစ် မကြာခဏ အကျဉ်းစံခဲ့ရဖူးသည်။

    အာဏာမသိမ်းခင်က တစ်ခေါက် တွေ့ဆုံစဉ်ကလည်း “ကျမကို ကျေးဇူးတင်ကြဖို့မဟုတ်ဘူး။ ဗုံးခွဲတဲ့ တရားခံဆိုတာ သိတာနဲ့ကို ငါတို့နိုင်ငံကို လာစော်ကားတာဆိုပြီးကို ဖမ်းလိုက်မိတာ” ဟု သူမက ဖြေခဲ့ဖူးသည်။

    ယနေ့တွင် ဓားစန်းရီ မရှိတော့ပါ။ သူမ ကွယ်လွန်သွားသောနေ့သည် “ပြည်ထောင်စုနေ့” ဖြစ်နေခြင်းကပင် သမိုင်း၏ ခါးသီးသော ဟာသတစ်ခုလိုပင်။

    ၁၉၈၃ ခုနှစ်က သူမ ဖမ်းပေးခဲ့သော အေးဂျင့်ကြောင့် မြောက်ကိုရီးယားနှင့် အဆက်အသွယ် ဖြတ်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ စစ်အာဏာရှင် လက်အောက်တွင် မြောက်ကိုရီးယားနှင့် ပြန်လည် ရင်းနှီးကျွမ်းဝင်နိုင်ရန် အသည်းအသန် ကြိုးစားနေပြီ ဖြစ်သည်။

    အဘွား ဓားစန်းရီ ကွယ်လွန်သွားခြင်းသည် လူတစ်ယောက် ဆုံးရှုံးခြင်းထက် ပိုပါသည်။

    နိုင်ငံတစ်နိုင်ငံအတွက် ဂုဏ်သိက္ခာကို အသက်စွန့်ကာကွယ်ခဲ့သော “သူရဲကောင်း” တစ်ဦးကို လမ်းဘေးတွင် တောင်းရမ်းရင်း သေဆုံးစေခဲ့သည့် နိုင်ငံတော်၏ ကျေးဇူးကန်းမှုကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

    အဘွား ဓားစန်းရီ… အေးချမ်းစွာ အနားယူပါတော့။

    ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ရွှေပြည်သာမြို့မှ တစ်ကိုယ်တော် ပရဟိတ ကူညီနေသူ မညွန့်လေးကဆိုသည်။

    အာဇာနည် ဗိမာန် ဖောက်ခွဲမှုတရားခံကို ဖမ်းဆီးပေးခဲ့သည့် နာမည်ကျော် ဒေါ်စန်းရီ (ခ) ပုဇွန်တောင် ဓား စန်းရီသည် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့) ည ၁၀ နာရီ ၁၃ မိနစ်တွင် နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၉၂ နှစ် ရှိပြီဖြစ်ကြောင်းသိရသည်။

    “လူကြီးရောဂါပေါ့။ တရှောင်ရှောင် ထွက်တောင်းမှ စားရတဲ့ဘဝဆိုတော့။ ဟိုလိုရောဂါတစ်မျိုးမျိုးရယ်လို့မရှိဘူး။ လူကြီးနာပေါ့။ ဟိုဟာမစားချင် ဒီဟာမစားချင်။ စားချင်တာကျမစားရတဲ့ဘဝ။ မဆုံးခင် အိုဗာတင်းအရမ်းသောက်ချင်တယ်ဆိုလို့ အမ ဝယ်ပေးတာနှစ်ပုလင်းရှိပြီ။သမိုင်းဝင်သူရဲကောင်းဖြစ်တဲ့ အဖွားရဲ့ နောက်ဆုံးထွက်ခွာချိန်ကိုစိတ်မကောင်းဖြစ်ပေမယ့်သူတောင်းမှစားရတဲ့ဝဋ်ကြွေးကကျွတ်လွတ်သွားလို့ ကျေနပ်ဖြေသိမ့်ရပါတယ်”ဟု တစ်ကိုယ်တော် ပရဟိတ ကူညီနေသူ မညွန့်လေးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့‌ ပြောသည်။

    ၎င်းအား ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) မွန်းလွဲ ၂ နာရီ အချိန်တွင် ကျူချောင်အအေးတိုက် မှ ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်သုဿာန်သို့ ပို့ဆောင် သင်္ဂြိုလ်မည်ဖြစ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ၊ အမှတ်(၈)ရပ်ကွက် ၊ မေယုတိုးချဲ့ ၊အနော်ရထာလမ်း ၊ အိမ်အမှတ် (၈/ဝဝ၇) နေအိမ်၌ ရက်လည်ဆွမ်းသွတ် တရားတော်နာပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    လွန်ခဲ့သည့် (၁၉၈၃) ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် အား လုပ်ကြံသတ်ဖြတ်ရန် မြောက်ကိုရီးယား အေးဂျင့်များက ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ဗုံးထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဖောက်ခွဲမှုကို ကျူးလွန်သူများအနက် တစ်ဦးဖြစ်သည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်မှူးဇင်ဘိုသည် ပုဇွန်တောင်ချောင်းအတွင်း ရေကူးပြီး ရန်ကုန်မြစ်ဝသို့ ထွက်ပြေးစဉ် ညောင်တန်းဆိပ်မှ ဒေါ်စန်းရီက တွေ့ရှိခဲ့ပြီး ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။

    ဖောက်ခွဲသူအား ဖမ်းဆီးပေးခဲ့သည့် ဓား စန်းရီ အပါအဝင် ဦးဘိုကြီး၊ ဦးအုန်းရွှေ နှင့် ဦးမှုံကြီး တို့ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေး နှင့် သာသနာရေး ဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်က ဂုဏ်ပြုမှတ်တမ်းဆုနှင့်အတူ ကက်ဆက်တစ်လုံး၊ ကက်ဆက်ခွေ နှစ်ခွေ ဆုချီးမြှင့်ခဲ့သေးကြောင်းသိရသည်။