Category: News

  • စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆုံရွာ ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ငါန်းမြာကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မိုးတောင်ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်း အဖွဲ့များက ပြုလုပ်ခဲ့ပြီး စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ကို ဒရုန်းဖြင့် ၃ ကြိမ်လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်။ စ်ခွေးတွေ သေဆုံးမှု အခြေအနေကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို 925ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နှင့် TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

    ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။

    CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။

    ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက ဆိုင်ကယ်ကို ပြန်ရဖို့ ကြိုးပမ်းရာမှာ ရန်ပြုတိုက်ခိုက်တာကို CCTV မှတ်တမ်းမှာတွေ့ရပါသေးတယ်။

    “လွယ်လို့ လစ်လို့ ဆိုင်ကယ်လုတာမဟုတ်တော့ဘဲ ပေါ်တင်အုပ်စုလိုက် ဓားမြတိုက်ယူတာ၊ မပေးရင် အသက်အန္တရာယ်ကိုပါ ရန်ပြုတဲ့အဆင့်ဖြစ်နေပြီ”လို့ မန္တလေးမြို့ခံ ရဲအရာရှိဟောင်းတစ်ဦးက ဖြစ်စဉ်အပေါ် ပြောပါတယ်။

    လုယက်ခံရတဲ့ ဆိုင်ကယ်အမျိုးအစားဟာ Honda Click 150 Model 2020 ဖြစ်ပြီး ကာလပေါက်စျေး ကျပ်သိန်း၉၀အထက် ရှိနေပါတယ်။

    ဆိုင်ကယ်လုယက်သူတွေ တန်ဖိုးကြီး ဆိုင်ကယ်တွေကိုသာ ပစ်မှတ်ထားလုယက်လေ့ရှိတာလို့ မြို့ခံတွေဆီကသိရပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လုယက်မှုတွေကို ဗြောင်ကျကျ ကျူးလွန်လာနေကြတာပါ။

  • ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF များ စောင့်ကြိုတိုက်ခိုက်

    ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF များ စောင့်ကြိုတိုက်ခိုက်

    စစ်တောင်းမြစ်အနောက်ခြမ်း စိုးမိုးနိုင်ရေးဆောင်ရွက်နေဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြော

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိခဲ့သည်ဟု ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းဖြစ်သည့် တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)မှ ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

    ယမန်နေ့(ဒီဇင်ဘာ၂၂ရက်) ည ၉နာရီ ၄၅မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ နှောပင်ကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေကြသော အင်အား ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်သားများကို RTCစစ်ကြောင်းမှ ရဲဘော်များက သွားရောက်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)က သတင်းထုတ်ပြန်သည်။

    ထိုသို့တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် နှောပင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများအား စစ်ကူပေးရန် ကျွန်းတောကုန်းကျေးရွာမှ စစ်ကူထွက်လာသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ကိုလည်း ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

    RTC စစ်ကြောင်း၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲအပြီးတွင် ကတို့ကုန်းကျေးရွာဘက်မှ မန်ကျည်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်လာကြောင်း သိရ၍ ပြည်သူများ အသွားအလာ အနေအထိုင်ဆင်ခြင်ကြရန် သတိပေးထားသည်။

    “လက်ရှိမှာ မနေ့ညက ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ အနေနဲ့ အကြမ်းဖက် စကစဘက်က အင်အားဖြည့်တင်းတာတွေ စစ်ကူပေးတာတွေ ရှိလာတာကြောင့်မို့ စစ်ရေးလှုပ်ရှားမှုတော့ထပ်မံ ဖြစ်ပေါ်လာစရာ ရှိပါတယ်”ဟု RTC စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

    ယမန်နေ့ညက ဖြစ်ခဲ့သည့်တိုက်ပွဲကို ရဲဘော်သမန်းကျား ဦးဆောင်သောအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားရဲဘော်များနှင့်အတူ အမျိုးသမီးရဲဘော် ၆ဦးလည်း စစ်ဆင်ရေးတွင်ပါဝင်တိုက်ခိုက်ခဲ့ဟု RTC စစ်ကြောင်းက ထုတ်ပြန်သည်။

    RTC စစ်ကြောင်း၏ စစ်ဆင်ရေးအတွင်း အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း ကိုအီဗယ်က ပြောသည်။

    RTC စစ်ကြောင်းအပါအဝင် တော်လှန်ရေးတပ်များအနေဖြင့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဖက်ခြမ်းစိုးမိုးနိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်းလည်း အသိပေးသည်။

    “လက်ရှိ အခြေအနေဟာဆိုရင် ကျနော်တို့အနေနဲ့ သွားရောက် စစ်စကားနေရတဲ့အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပြီး စိုးမိုးထားနိုင်ဖို့အတွက် ကြိုးစားနေကြပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

    (တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − RTC)

  • ချောင်းသာကမ်းခြေမှ  ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းမည်

    ချောင်းသာကမ်းခြေမှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းမည်

    တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ချိန် ချောင်းသာကမ်းခြေမှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းမည်ဟု စစ်တပ်က ခြိမ်းခြောက်

    ဧရာဝတီတိုင်း၊ တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ချိန် ချောင်းသာကမ်း ခြေ နှင့်မြို့ပေါ်မှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားပါက နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းဆည်းမည်ဟု အကြမ်းဖက် စစ်တပ်က လိုက်လံ ခြိမ်းခြောက်နေကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး တိုက်ပွဲများ ရောက်ရှိလာသဖြင့် ချောင်းသာကမ်းခြေသို့ လာရောက်သူ နည်းပါးလာကြောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ဟိုတယ်နှင့်တည်းခိုခန်း၊ ဆိုင်ခန်းများ ယာယီပိတ်သိမ်းကြကြောင်း၊ ထို့ကြောင့် ချောင်းသာမြို့ရှိ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ရန် အကြမ်းဖက် စစ်တပ်နှင့် ချောင်းသာမြို့ ရပ်ကွက်အုပ်မှူး တင်ငြိမ်း၊ မြင့်ကြိုင်နှင့် ကိုကိုဦး (ခ) အာနိူး တို့က လိုက်လံ ပြောဆိုကြောင်း၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ မဖွင့်ပါက နိုင်ငံပိုင် သိမ်းဆည်းချိတ်ပိတ်မည်ဟု ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းက ချောင်းသာ မြို့ကို ပုံမှန် ပြန်လည်ပတ်နိုင်ရန် အတင်းအဓမ္မ ဖိအားပေး လုပ်ဆောင်နေသော်လည်း လက်ရှိချိန်တွင် ချောင်းသာမြို့၌ ဒေသပြည်သူ အနည်းစုသာ ကျန်ရှိတော့ကြောင်း၊ ထို့ပြင် ခရီးသွား ဧည့်သည်များလည်း လျော့နည်းသွားပြီး ကမ်းခြေတွင် ဒေသ ဈေးသည်များ ဈေးရောင်းချခြင်းမရှိဘဲ ခြောက်ကပ်နေကြောင်း သိရှိရသည်။

    ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်တပ်က လက် နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင်လည်း ချောင်းသာကမ်းခြေ အနီးအနားရှိ ကျေးရွာများထိ ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရွှေသောင်းယံ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော စစ်သား အများအပြားကို ချောင်းသာကမ်းခြေဘက်မှ သယ်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- လူသူကင်းမဲ့ပြီး ဆိုင်ဖွင့်သူပါ မရှိတော့သည့် ချောင်းသာကမ်းခြေ၏ ယခု ဇန်နဝါရီလ မြင်ကွင်း။

  • ဧရာဝတီတိုင်း မြို့နယ် ၇ မြို့နယ်သို့ ခရီးမသွားသင့်ကြောင်း ဗြိတိန် ထပ်တိုးသတိပေး

    ဧရာဝတီတိုင်း မြို့နယ် ၇ မြို့နယ်သို့ ခရီးမသွားသင့်ကြောင်း ဗြိတိန် ထပ်တိုးသတိပေး

    ဧရာဝတီတိုင်း ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်များသို့ မလိုအပ်ဘဲ ခရီးမသွားကြရန် ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ဇန်နဝါရီ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

    ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း ဒေသအချို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများဖြစ်နေသည်ဟု ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ပြီးနောက် FCDO က သတိပေးလိုက်ခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် ပုသိမ်မြို့နယ်အစပ်ရှိ ဘောမိကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

    ဇန်နဝါရီ ၁၇ ရက်တွင် စစ်တပ်က ဗုံးကြဲ သဖြင့် အိမ်ခြေ ၄၀၀ နီးပါးရှိသော ဘောမိကျေးရွာ ရွာလုံးကျွတ် ပျက်စီးသွားပြီး တိုက်ပွဲဧရိယာ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ ဆိုသည်။

    ဘောမိကျေးရွာသည် ရွှေသောင်ယံကမ်းခြေနှင့် ၁၆ မိုင်ကျော်ခန့်အကွာတွင်ရှိပြီး နာမည်ကျော် ကမ်းခြေများဖြစ်သော ချောင်းသာကမ်းခြေနှင့် ၂၇ မိုင်ကျော်၊ ငွေဆောင်နှင့် ၃၈ မိုင်ကျော် ခန့်သာ ကွာဝေးသည်။

    FCDO ၏ ထုတ်ပြန်ချက်တွင် ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်း၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ရန်ကုန်−မန္တလေး အဝေးပြေးလမ်းတို့ကိုလည်း ခရီးမသွားကြရန် သတိပေးထားသည်။