Category: News

  • “ဝ” ပြည်မှ ကိုးကန့်ဒေသသို့ လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် တရုတ်ခွင့်ပြု

    “ဝ” ပြည်မှ ကိုးကန့်ဒေသသို့ လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် တရုတ်ခွင့်ပြု

    တရုတ်အစိုးရညွှန်ကြားချက်အရ ကိုးကန့်ဒေသဘက်ကို ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြု လိုက်ကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးမှ ယနေ့ (ဇန်နဝါရီလ ၂၀ ) ရက်စွဲဖြင့် ထုတ်ပြန်သည်။

    မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတို့ တရားဝင် အပစ်ရပ် ပြီဟုသတင်းထွက်လာပြီးနောက် “ဝ”ပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် ကို တရုတ်က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

    အဆိုပါထုတ်ပြန်ချက်တွင် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ဒေသအတွင်း တည်ငြိမ်လာခြင်းကြောင့် လူနှင့်ယာဉ် ဖြတ်သန်းခွင့်အပြင် ဖောင်ဆိပ်တံတားမှ ကုန်စည်ပို့ဆောင်ခွင့်ထိန်းချုပ်ထားခြင်းကို ဖြေလျော့ပေးပြီး ပုံမှန်အတိုင်းခွင့်ပြုလိုက်ကြောင်း ဆိုသည်။

    ငါးလနီးပါးအကြာ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ညွှန်ကြားချက်ကြောင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ် အာဏာပိုင်များက ယမန်နှစ်က ခြိမ်းခြောက်ခဲ့ပြီး၊ ကိုးကန့်တပ် ထိန်းချုပ်ဒေသများအားလည်း လောင်စာ၊ ဆေးဝါးနှင့် အစားအသောက်များ မစီးဆင်းနိုင်ရန် တရုတ်က ထိန်းချုပ်ကန့်သတ်ခဲ့သည်။

    စစ်ကောင်စီနှင့် MNDAA တို့ တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

    ပုံညွှန်း – MNDAA တပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- The Kokang)

  • တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံး

    တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံး

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ် အတွင်းရှိ မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုးကို ၎င်းနေအိမ်အတွင်းရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သိန်းစိုးသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ ကျေးရွာနေ ပြည်သူလူထုအပေါ် စစ်မှုထမ်းကြေးများ အတင်းအဓမ္မ ကောက်ခံခြင်းနှင့် လျှပ်စစ်မီတာခများ အဆမတန် တောင်းခံနေခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ခံ ကံကြီးမောင်က ရှင်းပြသည်။

    “ပြည်သူတွေကို စစ်မှုထမ်းကြေးဆိုပြီး လစဉ် အတင်းအဓမ္မငွေကြေးတောင်းတယ်။ နောက်ပြီး မီတာခတွေလည်း အဆမတန် ခြိမ်းခြောက် တောင်းတာတွေ ပြုလုပ်နေလို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ အလိုကျတာဝန်ထမ်းဆောင်နေတဲ့ စစ်တပ် သတင်းပေးတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ပြည်သူလူထု အပေါ် မတရားမှုများ ဆက်လက် လုပ်ဆောင်နေရင် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်” ဟု Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) နှင့် Taungdwingyi Fighter Force(LPDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သည့် အတွက် ပြည်သူများ အနေဖြင့် ပူးပေါင်း ပါဝင်ပေးကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် အနီးကပ် သွားလာနေထိုင်ခြင်းမပြုလုပ်ရန် မကွေးပြောက်ကျားတပ်က အသိပေး ပြောဆိုထားသည်။

  • တရုတ်၏ဖိအားဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် အပစ်ရပ်သဘောတူညီချက်ရ၊ ကိုးကန့်တပ်များ လားရှိုးက ပြန်ဆုတ်ရမည်

    တရုတ်၏ဖိအားဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် အပစ်ရပ်သဘောတူညီချက်ရ၊ ကိုးကန့်တပ်များ လားရှိုးက ပြန်ဆုတ်ရမည်

    တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် မကြာသေးမီက စစ်ကောင်စီကိုယ်စားလှယ်များနှင့် ကိုးကန့်တပ် (MNDAA) တို့ တွေ့ဆုံရာတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဟုခေါ်ကြသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ခုနှစ်ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၈ တွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။

    တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်များမပါရှိသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ သတင်းရင်းမြစ်များအရ ရှမ်းပြည်မြောက်ပိုင်း စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် အခြေစိုက်ခဲ့သော လားရှိုးမြို့မှ ကိုးကန့်တပ်များ ယခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

    လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ်အာဏာပိုင်််များက ယမန်နှစ်က ခြိမ်းခြောက်ခဲ့ပြီး၊ ကိုးကန့်တပ် ထိန်းချုပ်ဒေသများအားလည်း လောင်စာ၊ ဆေးဝါးနှင့် အစားအသောက်များ မစီးဆင်းနိုင်ရန် တရုတ်က ထိန်းချုပ်ကန့်သတ်ခဲ့သည်။

    ယခုအခါ အပစ်အခတ်ရပ်ရေး သဘောတူညီချက်နောက်ဆက်တွဲအနေဖြင့် သံလွင်မြစ်အရှေ့ဖက် တရုတ်မြန်မာနယ်စပ်အနီးတွင်တည်ရှိသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် နယ်နမိတ်စပ်နေသည့် ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်အား တရုတ်အာဏာပိုင်များက ယမန့်နေ့က ဖွင့်ပေးလိုက်သည်။

    ထို့ပြင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်၏ ထိန်းချုပ်နယ်မြေနှင့် ကိုးကန့်ဒေသတို့အားဆက်သွယ်ထားသည့် နမ့်တစ်မြို့ရှိ နမ့်တစ်တံတားဂိတ်အားလည်း တရုတ်အာဏာပိုင်များခွင့်ပြုချက်ဖြင့် ဖွင့်ပေးလိုက်ကြောင်း “ဝ” အာဏာပိုင်များကတရုတ်ဘာသာစကားဖြင့် ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

    ကိုးကန့်တပ်များဖိအားပေးရန် နည်းလမ်းတစ်ခုအနေဖြင့် တရုတ်အာဏာပိုင်များက ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံတွင် ထိန်းသိမ်းကန့်သတ်ထားခဲ့ပြီး၊ တရုတ်အာဏာပိုင်များက ၎င်းသည် တရုတ်နိုင်ငံတွင် ဆေးကုသနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ၎င်းသည် မြန်မာနိုင်ငံဖက်သို့ ပြန်လာခွင့်ရမရ မသိရှိရပေ။

  • အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ

    အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ

    ကရင်ပြည်နယ်က ကရင်နယ်ခြားစောင့်တပ် (BGF) နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာ တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပမယ့်ပွဲမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း၊ ဟဲလေး၊ သာဒီးလူ၊ Bobby Soxer နဲ့ ယွန်းမြတ်သူ တို့ သွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

    အဆိုပါပွဲဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ကျားဖြန့်တွေ လည်ပတ်နေတယ်လို့ နာမည်ကြီးနေတဲ့ ရွေကုက္ကိုလ်မြို့က ရထိုက်ဟော်တယ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ကျင်းပမှာဖြစ်ပြီး ပွဲအစီအစဉ်ကို တရုတ်လိုပဲ ကြေညာထားတာ တွေ့ရပါတယ်။

  • မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း

    မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း

    မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ထုတ်သော စစ်ဆင်ရေးများ မကြာမီ စတင်မည်

    မွန်ပြည်နယ်တွင် တပ်ဖွဲ့ ၄ ဖွဲ့ စုပေါင်း၍ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးဖြစ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တပ်ဖွဲ့ ၄ ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    ” ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် စစ်ဆင်ရေးတွေ မကြာခင် စနိုင်မှာပါ”ဟု ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။