Category: News

  • ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို ကားနဲ့တိုက်ယူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို ကားနဲ့တိုက်ယူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၈နာရီဝန်းကျင်ခန့်က လင်းတကိုင်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

    “စကစ စစ်ကြောင်းက လင်းတကိုင်းတိုက်နယ်က ကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာတယ်။ အဲ့လို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျနော်တို့ တော်လှန်ရေးတပ်တွေက အရင်ဆုံး ပြည်သူတွေကို ကယ်ထုတ်ခဲ့တယ်” လို့ Chauk Guerrilla Force တာဝန်ခံ ကိုပိုင်က ပြောပါတယ်။

    မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ စစ်ကြောင်းက မနက် ၁၁ နာရီ မိနစ် ၃၀ လောက်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအရ သိရပါတယ်။

    “စကစ တွေက ပထမဆုံး ပြည်သူနေအိမ် ၃လုံးကို မီးရှို့တယ်၊ ပြီးတော့ သူတို့က လင်းတကိုင်းက ထွက်ခွာတယ်၊ ထွက်ခွာပြီးတော့ လင်းတကိုင်းတိုက်နယ်ဆေးရုံက ဆေးဝါးတွေကို စကစ တွေက ကား ၆ စီးလောက်နဲ့ တိုက်သွားတယ်။ ကာလတန်ကြေး သိန်း ၇၀၀ ဖိုးလောက်ရှိတယ် ယူသွားတာ။ အဲ့ဒါနဲ့ပဲ ကျနော်တို့က စကစ တွေ သွားရာလမ်းကြောင်းအတိုင်း စကစ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ” လို့ Chauk Guerrilla Force တာဝန်ခံ ကိုပိုင်က ပြောပါတယ်။

    တိုက်ခိုက်မှုကို Chauk Guerrilla Force(C.G.F)နဲ့ ချောက်မြို့နယ်တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်မူအတွင်း စကစတွေ ထိခိုက်သေဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ချောက်မြို့နယ် ကတောက်ချောင်းကျေးရွာအနီး၊ ကုန်းကြီးပျူစောထီးရွာမှာ စကစ တွေ ရောက်ရှိနေတဲ့သတင်း ကြိုတင်ရရှိတဲ့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစအများအပြား ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

  • တိုက်ပွဲအတွင်း ဖမ်းမိသွားတဲ့ PNLAရဲဘော်တွေကို စစ်သုံ့ပန်းဥပဒေချိုးဖောက်ပြီး PNOပြည်သူ့စစ်က သတ်ဖြတ်

    တိုက်ပွဲအတွင်း ဖမ်းမိသွားတဲ့ PNLAရဲဘော်တွေကို စစ်သုံ့ပန်းဥပဒေချိုးဖောက်ပြီး PNOပြည်သူ့စစ်က သတ်ဖြတ်

    ရှမ်းတောင်၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးကတိုက်ပွဲအတွင်း PNLAရဲဘော် ၅ဦးဟာ စစ်အုပ်စု နောက်လို့ PNO ပြည်သူ့စစ်တွေရဲ့ဖမ်းဆီးခံရပြီးနောက် မတရားသဖြင့်သတ်ဖြတ်ခံလိုက်ရပြီလို့သိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်နေ့ကထိတွေ့တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ PNLAရဲဘော်တွေကို ဒီနေ့မှာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေကို ချိုးဖောက်ပြီး သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

    ထီစုံရွာထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ နောလိုက် PNOပြည်သူ့စစ်ပူးပေါင်းတပ်တွေဘက်က စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရပြီးနောက် လက်ရှိမှာ ဖမ်းဆီးခံရဲဘော်တွေကို PNOပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တာလို့သိရပါတယ်။

    ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်မှာ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ဦး အသက်ရှင်လျက်ရှိနေပြီး ဇန်နဝါရီလ ၁၃ ရက်ညမှာတော့ ဖမ်းဆီးခံရတဲ့ PNLA ရဲဘော် ၅ ဦးကို သတ်ဖြတ်ထားတဲ့ပုံကို PNO ပြည်သူ့စစ်က ထပ်မံထုတ်ပြန်ခဲ့တဲ့အတွက် ဓာတ်ပုံတွင်ပါရှိတဲ့ အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာ နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်တယ်လို့ PNLA ကထုတ်ပြန်ထားပါတယ်။

  • ကြို့ပင်ကောက်တွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်တပ် ဒေါက်တိုင် သန်းဆွေဦး ပစ်ခတ် ခံရပြီး သေဆုံး

    ကြို့ပင်ကောက်တွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်တပ် ဒေါက်တိုင် သန်းဆွေဦး ပစ်ခတ် ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် သန်းဆွေဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် သန်းဆွေဦးကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော သန်းဆွေဦးသည် ပြည်သူများကို PDF ထောက်ပို့များဟု စွပ်စွဲကာ ပြည်သူအချို့၏ နေအိမ်များကို အတင်း အဓမ္မ ဝင်ရောက် ဖမ်းဆီးခိုင်းစေခြင်း၊ အဓမ္မဖမ်းဆီးခြင်း ခံရသောပြည်သူအချို့ကို ၄င်းကိုယ်တိုင် မျက်နှာ ပုဝါစီးပြီး သွေးချင်းချင်း နီအောင် ရိုက်နှက် နှိပ်စက်ခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို ဓာတ်ပုံနှင့် တကွ သတင်းအချက်အလက်များရယူပြီး အကြမ်းဖက် စစ်တပ် သတင်းပေးခြင်း ၊ လူအချင်းချင်း ဗိုလ်ကျအနိုင်ကျင့် စိတ်ထင်သလို မိုက်ရိုင်း စော်ကားနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ပြည်သူတွေအပေါ် အကြိမ်ကြိမ် မိုက်ရိုင်း စော်ကားနေတာတွေ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့် ကျနော်တို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဆက်လက်၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် စစ်တပ် ဒေါက်တိုင် များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အစဉ်အမြဲရှိရန် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) မှ တိုက်တွန်းနှိုးဆော်ထားသည်။

  • PDF တပ်ရင်းများထံ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါးအလင်းဝင်

    PDF တပ်ရင်းများထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါးအလင်းဝင်

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများထံသို့ ယခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း ဆက်သွယ်အလင်းဝင်ရောက်လာသည့် စစ်ကောင်စီ စစ်သားနှင့် ရဲ ၂၉ ဦးရှိကြောင်းသိရသည်။

    NUG အစိုးရကာကွယ်ရေး ဝန်ကြီးဌာနက ယမန်နေ့( ဇန်နဝါရီလ ၁၃ ရက်) တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

    ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား တဦး သည် ဂန့်ဂေါခရိုင် တပ်ရင်း(၂ ) ထံသို့ အလင်းဝင်ရောက်လာသည်။ ဇန်နဝါရီလ ၆ရက်နေ့တွင်
    ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်း၏ စစ်ကောင်စီအဖွဲ့ဝင် ငါးဦး ဂန့်ဂေါခရိုင် PDF တပ်ရင်း (၃)နှင့် တပ်ရင်း (၅ )ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။

    ဇန်နဝါရီလ ၇ ရက်တွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ပြီး ၉ ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား တ ဦးနှင့် ပခုက္ကူမြို့နယ် BPI မွေးမြူရေးစခန်းက စစ်သားနှစ်ဦး အလင်းဝင်ရောက်ခဲ့သည်ဟုဆိုသည်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအ‌ခြေပြုနေသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးသည့် ခမရ-၁၃ မှတပ်သားနှစ်ဦး ဇန်နဝါရီလ ၁၀ရက်နေ့တွင်အလင်းဝင်ရောက်လာခဲ့သည်။

    ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမှတ်(၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၅) သင်တန်းဆင်း ခမရ ၅၅၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားနှစ်ဦး အလင်းဝင်ရောက်ခဲ့ပြီး အဆိုပါ တပ်သားနှစ်ဦးသည် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွင်ပါဝင်ခဲ့ကြရသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း အလင်းဝင်ရောက်လာသူများထံမှ MA–1 ၁၃ လက်၊ MA-2 တလက်၊ MA-3 သုံး လက်၊ MA-4 တလက်၊ G-3 နှစ်လက်၊ MA ကျည်ဘောက် ၂၉ဘောက် ၊ စနိုက်ဘာ တလက်၊ စက်လက် တလက်၊ ၈၀မမ တလက်၊ ၆၀မမ (၁)လက်၊ လက်ပစ်ဗုံး (၁၀) လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊ MA ကျည် ၁၀၅၈ တောင့်၊ ပို့ကျည် ငါးတောင့်၊ အီနာဂါဗုံးသီး တလုံး တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း NUG အစိုးရကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလက နှစ်သစ်ကူး နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် “စစ်ကောင်စီတပ်တွင် ရှိနေသည့် တပ်မတော်ကို ဦးဆောင်ဦးရွက်ပြုနေသည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် မြေပြင်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အသက်ပေးကာကွယ်ပေးနေသော တပ်မတော်သားများအနေဖြင့် တိုင်းပြည် ရှေ့ရေးကို ဦးတည်ပြီး အမြန်ဆုံးပြည်သူလူထုနှင့် ပူးပေါင်းချိန်တန်ပြီ” ဟု ဇန်နဝါရီ ၁ ရက်နေ့ကပြောကြားခဲ့သည်။

    ပုံအညွှန်း- ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း PDF တပ်ဖွဲ့များထံ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့ဝင် စစ်သားနှင့် ရဲများ

  • မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော်အနက် ၁၀၀ ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို

    မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော်အနက် ၁၀၀ ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို

    ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ဇန်နဝါရီ ၈ရက်တွင် စစ်ကောင်စီ၏ မံစီမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂)တို့ကို KIA/KPDFနှင့် ABSDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်မှာ မံစီမှ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

    အဆိုပါ ထွက်ပြေးသည့် စစ်ကောင်စီတပ်များအား KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ ဇန်နဝါရီ ၉ရက်မှ ဇန်နဝါရီ ၁၂ရက်အတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ခန့် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

    “ ၁၀၀ကျော် ဗန်းမော်သို့ ဝင်ရောက်သွားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း မံစီမြို့မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး အထိနာခဲ့သည့် ရုပ်သံမှတ်တမ်းကို ကချင်သတင်းရင်းမြစ်တို့က ဖော်ပြခဲ့ရာ ရုပ်အလောင်းများ၊ စစ်ကောင်စီတပ် ၏ လက်နက်ခဲယမ်းများစွာ သိမ်းရထားသည်ကို တွေ့ရသည်။

    မံစီမြို့သိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ကျောင်းသားတပ် ABSDFကလည်း မံစီမြို့သိမ်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ခဲ့ရာ “ မံစီမြို့သိမ်း တိုက်ပွဲတွင် ထိခိုက်ကျဆုံးသွားသော ရဲဘော်များအား တပ်ဦးနှင့် တပ်မတော်မှ မှတ်တမ်းတင်ဂုဏ်ပြုတပ်ပါသည်” ဟု ရေးသားခဲ့သည်။

    အဆိုပါ ရုပ်သံတွင် ABSDF တပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှု ၊ တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်နေမှုများ၊ မံစီမြို့ရှိ စစ်ကောင်စီတပ်များ သိမ်းပိုက်ပြီးနောက် ရဲဘော်၊ရဲမေများ အောင်ပွဲခံနေမှု မြင်ကွင်းများကို ဖော်ပြထားသည်။

    KIA ပူးပေါင်းတပ်သည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် မံစီနှင့် ဗန်းမော်မြို့ကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင်လည်း ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန် ပင်မတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

    (မံစီမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော ကျောင်းသားတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ABSDF)