Category: News

  • ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်

    ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်

    ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Yae Nagar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၇မိနစ်ခန့်တွင် ချောင်းဦးမြို့မှ မိုင်းရှင်းရန် Light truck ကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို ချောင်းဦးနှင့် နတ်ရေကန် အကြား လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    “ချောင်းဦးကနေ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ချောင်းဦးနဲ့ နတ်ရေကန်ကြား လမ်းပိုင်း တစ်နေရာမှာ စစ်ခွေးတွေ Light truck ကား ရပ်ပြီး မိုင်းရှင်းနေတဲ့အချိန် ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ စစ်ခွေး ၁ ကောင်သေပြီး ၁ ကောင် ဒဏ်ရာရတယ်” ဟု Yae Nagar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Yae Nagar အဖွဲနှင့် Seven Defend Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေသည့် မြပုလဲဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း 5/ Commando Force အဖွဲ့ တာဝန်ခံ Zapya က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီ အထိ မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေသော အကြမ်းဖက် စစ်တပ်၏ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ခွေးသေ စာရင်းကတော့ မသိရှိရသေးပါဘူး။ ထိခိုက်မှုတော့ရှိတယ်။ စစ်ခွေးတွေ ဘက်က ပြန်လည် ပစ်ခတ်တာမျိုးတော့ မရှိပါဘူး။ ဒီတိုက်ခိုက်မှုက အဆိုတော် စံလင်းစံ ကျဆုံးခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူနဲ့ ကျန်တော်တို့က သူငယ်ချင်းတွေ ဖြစ်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ အတူတူပူပေါင်း ဦးဆောင်းခဲ့တာတွေ ရှိပါတယ်။ သူက UG ဖွဲ့စည်းတော့လည်း သူရဲ့ ရဲဘော်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ သံယောဇဥ်က ကျွန်တော်တို့ ထောင်ကျတာတောင် ထောင်ထဲမှာ အတူနေရသေးတယ်။ အရမ်းသူ့ကို သတိရတယ်။ သူကျဆုံးသွားတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်။ ပုသိမ်ထောင်ပိုင်ရဲ့ ယုတ်မာမှုတွေကြောင့် သူအခုလို ဖြစ်ရတာ စံလင်းစံ မရှိတော့ပေမယ့် သူတည်ထောင်ထားတဲ့ Black Dragon Force Pyapon BDFP အဖွဲ့ အခုထိ ရှိသေးတယ်တာရယ်။ ရဲဘော်တွေလဲ ပြန်လည် စုစည်းနေပါတယ်လို့ ပြောချင်ပါတယ်”ဟု 5/ Commando Forceအဖွဲ့ တာဝန်ခံ Zapya က ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၂၃ တပ်ခွဲ ၂ ၊ Tiger Brothers people’s Defence Force၊ BLDF အညာမိုင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

  • မန္တလေးမှာ ဖွင့်လှစ်တဲ့ မုဆိုးမတို့ရွာ မုန်းဟင်းခါးဆိုင်ကို စစ်အုပ်စုက စီးနင်းဖျက်ဆီး

    မန္တလေးမှာ ဖွင့်လှစ်တဲ့ မုဆိုးမတို့ရွာ မုန်းဟင်းခါးဆိုင်ကို စစ်အုပ်စုက စီးနင်းဖျက်ဆီး

    မန္တလေးမြို့မှာ ဒီဇင်ဘာလ ၂၉ရက် မနေ့က စတင် ဖွင့်လှစ်တဲ့ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဒီမနက်ပိုင်း စည်ပင် ဝန်ထမ်းတွေ ဦးဆာင်တဲ့ စစ်အုပ်စုက ဆိုင်ကို စီးနင်းဖျက်ဆီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီဇင်ဘာလ ၃၀ရက် ဒီကနေ့ မနက် ၁၁နာရီလောက်မှာ စစ်ကားတစ်စီးနဲ့အတူ စစ်အုပ်စု လက်အောက်ခံ စည်ပင် ဝန်ထမ်းနဲ့ အပေါင်းအပါတွေ ရောက်လာပြီး ဆိုင်ကို စစ်ဆေးကာ ဆိုင်းဘုတ်တွေ ဖြုတ်ချ ဖျက်ဆီးတာလို့ ဆိုပါတယ်။

    “၁၁ (နာရီ)လောက်က ဝင်စစ်ဆေးနေတာ။ စစ်ကားတစ်စီး ထွေအုပ်၊ စည်ပင် ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာလည်း ဒီကနေ့ မနက်ပိုင်း ဖျက်သိမ်းသွားတာ တွေ့ရပါတယ်။ စစ်အုပ်စုက ဆိုင်ကို စီးနင်း ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၂ ရပ်ကွက်၊ ၆၃လမ်း၊ ၃၈လမ်းနဲ့ ၃၉ လမ်းကြားမှာ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဒီဇင်ဘာလ ၂၉ ရက်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

    အဲ့ဒီ မုန့်ဟင်းခါးဆိုင်မှာ စျေးရောင်းချကြတဲ့ ဝန်ထမ်းတွေဟာ ခင်ပွန်းသည် ဆုံးပါးသွားပြီဖြစ်တဲ့ မုဆိုးမတွေ ဖြစ်တာမို့ ဆိုင်နာမည်ကို မုဆိုးမတို့ရွာလို့ နာမည်ပေးတာ ဖြစ်ကြောင်း မုဆိုးမတို့ရွာ ဖေ့စ်ဘွတ်ခ်ပေ့ချ်က ဖော်ပြခဲ့ပါတယ်။

    အဲ့ဒီဆိုင်ဖွင့်ပွဲ ကြော်ငြာတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် စစ်လော်ဘီတွေနဲ့ ဗေဒင်ဆရာဆိုသူတချို့က မုဆိုးမတို့ရွာ ဆိုတဲ့ ဆိုင်နာမည်ဟာ အတိတ်နမိတ် မကောင်းကြောင်း ဝေဖန်မှုတွေ ရှိလာချိန် စစ်အုပ်စုက အခုလို စီးနင်း ဖျက်ဆီးတာ ဖြစ်ပါတယ်။

    မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင် ဖွင့်လှစ်ဖို့ ပြင်ဆင်ထားသည်ကို တွေ့ရစဉ်/Photo – CJ

    DSA(47) က ဗိုလ်မှူးရဲ့ကတော် ဖွင့်ထားတဲ့ ဆိုင်ပါတဲ့။

    အဲဗိုလ်မှူးကတော့ မရှိတော့ဘူး ၊သေပြီ။

    ၂၀၂၂ ခုနှစ် ၁၂ လပိုင်းက ကရင်နီ တိုက်ပွဲမှာ သေသွားပြီ။

    သူ့ရဲ့ကတော်က မန်းလေးမှာ မုန့်ဟင်းခါးဆိုင်လေးဖွင့်တော့ မုဆိုးမတို့ရွာ နံမည်နဲ့တဲ့။

    သူပေးတဲ့ နံမည်လည်းဟုတ်နေတာပဲလေ

    ဒီနေ့တော့ အဲဆိုင်ကို စကစတပ်ကပဲ စီးနင်းဖျက်ဆီးလိုက်ပါပြီတဲ့

    သူတို့အချင်းချင်း ပြန်ရွဲ့တယ်ဆိုလား

    မုဆိုးမတို့ရွာ ဆိုင်နာမည်နဲ့ မုန့်ဟင်းခါးဆိုင်ဖွင့်တယ်

    ဖြူဖြူထွေးက ဒေါ်စုကို ဒဲ့စော်သလိုပဲ

    ဒီဆိုင်ကလည်း စစ်အုပ်စုကို ဒဲ့စော်လိုက်တယ်ပဲဆိုကြပါစို့

    စည်ပင်ဝန်ထမ်းတွေနဲ့ စစ်ကားတွေရောက်လာပြီး ဆိုင်ကိုဖျက်စီးသွားပြီ

    ကဲ ခင်ဗျားတို့ဘာပြောမလဲ ပြောကြည့်

    ဖြူဖြူထွေးကိုဝိုင်းစော်ကြတော့ ခလေးမလေးကိုအနိုင်ကျင့်နေကြတာ

    သူ့ဟာသူကြော်ငြာရိုက်တာဘာဖြစ်လဲ အနုပညာကိုအနုပညာလိုမကြည့်ကြဘူး ဘာညာ
    ဒီမိုကရေစီဆိုပြီး ဒါလေးတောင်လုပ်ခွင့်မရှိဘူး ဘလာဘလာဘလာ

    ကဲ အခုမြင်လား

    ” မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကို..

    ကျဆုံး တပ်မတော်သားတွေရဲ့ ကျန်ရစ်သူ ဇနီးသည်တွေ၏ ထာ၀ရ မူပိုင်အသုံးနှုန်း

    နာမည်အား ခွင့်မတောင်းဘဲ ယူသုံးမှုဖြင့် စ-စ်သား ရဲနဲ့ စည်ပင်တို့က ဖျက်ဆီး

    မန္တလေးမှာ ပွဲဆူနေတဲ့ မုန့်ဟင်းခါးဆိုင်နာမည်ဂယက်

    လတ်တလော မန္တလေးမှာ ပွဲဆူနေတဲ့ ကိစ္စကတော့ ၂၉-၁၂-၂၀၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ မုန့်ဟင်းခါးဆိုင် နာမည်ကိစ္စပဲ ဖြစ်ပါတယ်။ မန္တလေး မဟာအောင်မြေ မြို့နယ်မှာ ဖွင့်လှစ်ခဲ့တဲ့ မုန့်ဟင်းခါးဆိုင် နာမည်ဟာ “မုဆိုးမတို့ရွာ” ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

    အယူတော်မင်္ဂလာနိမိတ်ကောက် ဆရာတဦးကတော့ “မုဆိုးမ၊ မုန့်ဟင်းခါး၊ မန္တလေး အားလုံးက ကြာသပတေးနံပဲ။ ဒါမျိုးကို ဆိုင်ခန်းနဲ့ ကြီးကြီးကျယ်ကျယ် ဖွင့်တယ်ဆိုတော့ ကြာသပတေးနေ့နံပိုင်ရှင်နဲ့ ပတ်သက်တဲ့သူတွေ မုန့်ဟင်းခါး မကြာခဏချက်ရပြီး မုဆိုးမတွေ ရွာတည်နိုင်မယ့် အခြေအနေပဲ” လို့ ပြောပါတယ်။

    ဆိုင်ရဲ့ တံဆိပ်လိုဂိုမှာလည်း အမျိုးသမီးတယောက်က က‌လးတယောက်ကို လက်ဆွဲပြီး တယောက်ကို ချီထားတာတဲ့ပုံလေးဖြစ်ပါတယ်။ သေချာတာကတော့ ဒီနာမည်ကို ဗေဒင်ယတြာတွေနဲ့ တိုင်ပင်ပြီး ပေးထားတာ ဖြစ်နိုင်ပါတယ်။

  • လေးနှစ်ကျော်ရပ်နားထားတဲ့ လမ်းမတော်ပွဲဈေး ပြန်ကျင်းပ

    လေးနှစ်ကျော်ရပ်နားထားတဲ့ လမ်းမတော်ပွဲဈေး ပြန်ကျင်းပ

    ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ တန်ဆောင်မုန်းလရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လမ်းမတော်ပွဲစျေးကို ရန်ကုန်တိုင်း စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုစျေးရောင်းပွဲတော်အဖြစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေပါတယ်။

    လမ်းမတော်ပွဲစျေးကို လေးနှစ်ကျော်ကြာ ရပ်နားခဲ့ပြီးနောက် အခု တစ်ကျော့ပြန် ကျင်းပတာလည်းဖြစ်ပါတယ်။

    ပုစွန်တောင်မြို့နယ်က ရေကျော်ပွဲစျေးကိုလည်း ရန်ကုန်တိုင်း စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ကျင်းပခဲ့ပါတယ်။

    Photo: ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရှိ လမ်းမတော်ပွဲစျေးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်

  • ပဲခူးတိုင်း၊ ပြည်-ပန်းတောင်း လမ်းပိုင်းတွင် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ချထား

    တောင်ကုတ်မြို့နှင့် ဆက်စပ်နေသော ပဲခူးတိုင်း၊ ပြည်-ပန်းတောင်း လမ်းပိုင်းတွင် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ချထားပြီး ဖြတ်သန်းခွင့် ကန့်သတ်ထား

    မြို့ပေါ်တွင် ရခိုင်လူမျိုးများ၏ နေအိမ်များကို စစ်တပ်က ပစ်မှတ်ထား စစ်ဆေးနေ

    ပဲခူးတိုင်း၊ ပြည်မြို့သို့ တော်လှန်ရေးတပ်များက တိုက်ခိုက်မည်ကို ကြောက်လန့်၍ အကြမ်းဖက် စစ်တပ်က ပြည်-ပန်းတောင်း လမ်းပိုင်းတွင် ခံစစ် လုံခြုံရေးတိုးမြှင့် ချထားပြီး ဖြတ်သန်းခွင့် ကန့်သတ်ထားကာ မြို့ပေါ်တွင်မူ ရခိုင်လူမျိုးများ၏ နေအိမ်များကို စစ်တပ်က ဧည့်စာရင်း လိုက်လံ စစ်ဆေးနေကြောင်း ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

    ရခိုင်ပြည်နယ်တွင် AA က သိမ်းပိုက်ထားသော တောင်ကုတ်မြို့နယ်နှင့် ထိစပ်နေသော ပြည်-ပန်းတောင်း လမ်းမှတစ်ဆင့် ပြည်မြို့ကို AA နှင့်တော်လှန်ရေးတပ်များ ဝင်ရောက်လာမည်ကို စစ်တပ်က ကြောက်လန့်နေခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် AA ဝင်ရောက်လာနိုင်သည့် ပြည်-ပန်းတောင်း လမ်းပိုင်းတွင် အင်းမမြို့ အခြေစိုက် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်မှ စစ်သားများဖြင့် အင်အား အလုံးအရင်း ခံစစ်ပြင်ဆင်နေကြောင်း၊ ပြည်-ပန်းတောင်း လမ်းပိုင်းကိုလည်း ဖြတ်သန်းခွင့် ကန့်သတ်ထားပြီး လုံခြုံရေး ပိုမိုတင်းကြပ်ခြင်း၊ ကားများကို အကြောင်းမဲ့ ပြန်လှည့်ခိုင်းခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

    ပန်းတောင်းမြို့နယ်သည် ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်၊ မကွေးတိုင်း ကံမမြို့နယ်၊ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်နေခြင်းကြောင့် ပြည်-ပန်းတောင်း လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က နယ်မြေစိုးမိုးနိုင်ရေး အပြင်းအထန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်မြို့ပေါ်ရှိ ရပ်ကွက်များတွင် နေထိုင်သော ရခိုင်လူမျိုးများ၏ နေအိမ်များကိုလည်း ပစ်မှတ်ထား ဝင်ရောက် စစ်ဆေးခြင်းများ လုပ်ဆောင်နေကာ မြို့ပေါ် လုံခြုံရေးကိုလည်း ပိုမိုတင်းကြပ်ထားကြောင်းသိရသည်။

    “ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေကို ချိတ်ဆက်သွားလာနေတဲ့ လမ်းပိုင်းတွေကို စစ်တပ်က သွားလာခွင့်ကန့်သတ်နေပြီ ပြည်-ပန်းတောင်း လမ်းပိုင်းမှာ အကြီးအကျယ်ခံစစ်ပြင်နေတယ်။ တပ်မ ၆၆ ကို အင်အား အလုံးအရင်းနဲ့ သုံးနေတယ်။ ပြည်မြို့ကို AA က တိုက်ခိုက်မှာကို စစ်တပ်က အသေကြောက်လန့်နေတာ ရခိုင်စစ်မီး ကူးလာမယ်လို့ စစ်တပ်က တွက်နေတယ်။ ပဲခူးတိုင်းမှာ PDF က အား အရမ်းကောင်းနေတော့ AA နဲ့ PDF ပေါင်းမိသွားမှာကို စစ်တပ်က အသေကြောက်နေတာ သူတို့ ရှိသမျှ အင်အား အကုန်ထုတ်သုံးမယ့် အခြေအနေရှိတယ်။ လက်နက်ကြီးတွေပါ ထပ်ပြီး အင်အား ဖြည့်တင်းထားတယ်လို့ သိရတယ်။ ဗျူဟာမှူးတွေလည်း ကြို့ပင်ကောက်မြို့နယ်ထဲရောက်နေပြီး အထိုင်ချနေတယ်။ သာယာဝတီထိကို ဆင်းလာပြီး ပြည်ကို လုံခြုံအောင်ကာမယ့် အခြေအနေပဲ” ဟု ဒေသခံသတင်းရင်းမြစ်ကပြောဆိုသည်။

    ထို့ပြင် သာယာဝတီခရိုင်အတွင်း သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မိုးညိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့တွင်လည်း အကြမ်းဖက် စစ်တပ် တပ်မ ၇၇ နှင့် တပ်မ ၁၀၁ တို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ဖြန့်ထားကြောင်း သိရသည်။

    ယင်းသို့ တပ်ဖြန့်ထားခြင်းသည် ပြည်-ပန်းတောင်း လမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားလျှင် စစ်ကူပေးနိုင်ရန်နှင့် သာယာဝတီခရိုင် အတွင်းမှ PDF တပ်ဖွဲ့များ ပြည်ခရိုင်အတွင်း သွားရောက် ပေါင်းစည်းခြင်း မပြုလုပ်ရန် အကြမ်းဖက် စစ်တပ်က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ ခံစစ်ပြင်နေတာကတော့ ပြည်ဘက်မှာဆိုပေမယ့် သာယာဝတီခရိုင်ထဲမှာလည်း တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ ကို တပ်ဖြန့်ထားတယ်။ အဓိကကတော့ သာယာဝတီခရိုင်က PDF တွေနဲ့ ပြည်ဘက်က အဖွဲ့တွေ သွားပေါင်းလို့မရအောင် တားဖို့နဲ့ စစ်ကူပေးနိုင်အောင်လို့ ကြိုပြင်ဆင်ထားတဲ့ သ ဘော ပေါ့။ သာယာဝတီက ခလရ ၃၅ တပ်ရင်းနဲ့ ဓမ္မသုခ ကျောင်းတိုက်မှာ စစ်ခွေးတော်တော်များများရှိနေတယ်။ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေလည်း အများအပြား ဖြည့်တင်းနေတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်ရင်းမြစ်က ပြောဆိုသည်။

    ဓာတ်ပုံ- ဧည့်စာရင်းစစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

  • အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး  စစ်သား ၅ ဦး သေဆုံး

    အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး

    ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး

    စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်စခန်းတွင် စစ်သားအချင်း ချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းမှ စစ်ဗိုလ် ၁ ဦးက ပစ်ခတ်သူ စစ်သားနှင့်အတူ လက်နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်စခန်း တွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ပြီး စစ်သားတစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် ပစ်ခတ်ခဲ့သည့် စစ်သားက ယင်းခစန်းမှ စစ်ဗိုလ် ၁ ဦးနှင့်အတူ လက် နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။

    “လက်နက်တွေနဲ့ ထွက်ပြေးတဲ့သူတွေရဲ့ နောက်ဆက်တွဲသတင်းတော့မကြားမိသေးဘူး။ ကျနော်တို့ ဆီလည်း ဆက်သွယ်လာတာမရှိသေးဘူး။ ဒီနေ့မနက်တော့ အဲဒီနေရာတဝိုက်ကို စစ်ကား ၅ စီးနဲ့ ပတ်နေတယ်လို့သတင်းရတယ်။ မနက်ကတည်းက ပတ်နေတာ။ လက်နက်တွေလည်းပါသွားတော့ လိုက် ရှာ နေတာဖြစ်မယ်၊ ကျိုက်ထိုနဲ့ သိမ်ဇရပ်ကနေရောက်လာတာ” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

    အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းမှာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် ထောင်ထားသော ဆက်သွယ်ရေးတာဝါတိုင်စခန်းဖြစ်ပြီး ယင်းတာဝါတိုင် မဖျက်ဆီးခံရစေရန်အတွက် စစ်တပ်က တပ်သားများကို လာရောက်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

    Photo- Agency