ဆုကြေးသိန်း ၃၀၀ ထိထုတ်ခံထားရတဲ့ ကျော်စိုးဦးက ဖလမ်း-ဟားခါးလမ်း ပြန်ဖွင့်ဖို့ စစ်ကောင်စီကြိုးစားနေဟုဆို ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လာစေဖို့အတွက် စစ်ကောင်စီက စစ်ကြောင်းထိုး ကြိုးပမ်းနေတယ်လို့ ဖလမ်းမြို့ရောက် စစ်လော်ဘီ ကျော်စိုးဦးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲံ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်အထိ စစ်ကြောင်းတွေ ဆက်လက်တိုးမြှင့်သွားမှာလို့ စစ်လော်ဘီ ကျော်စိုးဦးက ခြိမ်းခြောက်ပြောဆိုထားပါသေးတယ်။ အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအပါအဝင် နယ်စပ်အားလုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်လက် ထိန်းချုပ်ထားပါတယ်။ နိုင်ငံတော် ပိုင်နက်ဟာ ချင်းပြည်နယ် ဖလမ်းမြို့အထိသာ ရှိနေတာမဟုတ်ဘဲ နယ်စပ်မျဉ်းအထိ ရောက်ရှိကြောင်း စစ်လော်ဘီ ကျော်စိုးဦးက ပြောပါတယ်။ လက်ရှိမှာ ဖလမ်းနဲ့ ဟားခါးမြို့ကို ဆက်သွယ်တဲ့ လမ်းပိုင်းတွေ ပြန်လည်ပွင့်လင်းလာစေဖို့ […]