ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုဟု အမေရိကန်အစိုးရက ဆက်လက်သုံးစွဲ မြန်မာပြည်သူများနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများအပေါ် ဗုံးကျဲသတ်ဖြတ် တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံအရေးယူမည်ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက် ထောက်နိုင်ငံ ခြားရေးဝန်ကြီး Michael George DeSombre က တရားဝင် ထုတ်ဖော်ပြောဆိုသည်။ အမေရိကန်အခြေစိုက် Burma Research Institute က ဦးဆောင်၍ ခရစ် ယာန်ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများ စုပေါင်းပြီး မြန်မာနိုင်ငံတွင် ပြည်သူများနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုများနှင့် ပတ် သက်၍ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Rubio ထံသို့ စာပေးပို့ခဲ့ကြရာ၊ အမေရိကန်အစိုးရက ထိုသို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။ “ကျနော်တို့ […]