Category: News

  • စင်ကာပူကုမ္ပဏီတခုက စစ်ကောင်စီအတွက် ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ခဲ့

    မြန်မာနိုင်ငံရဲ့ ကုန်းတွင်းရေနံမြေတွေကနေ ရေနံထုတ်ယူနေတဲ့ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Interra Resources ဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော်ကို အာဏာသိမ်း စစ်ကောင်စီအတွက် ထောက်ပံ့ခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

    စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်အတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့တဲ့ Goldpetrol Joint Operating Company Inc. ရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်လို့ ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Justice For Myanmar နဲ့ ယူကေသတင်းထောက်အဖွဲ့အစည်း Finance Uncovered တို့ဟာ လျှို့ဝှက်ပေါက်ကြားခဲ့တဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေကို လေ့လာသုံးသပ်ခဲ့ပြီး ဒီသုံးသပ်ချက်အရ Interra Resources ကုမ္ပဏီဟာ မြန်မာပြည်တွင်းလုပ်ငန်းတွေကနေ ဝင်ငွေ ဒေါ်လာ ၅ သန်းခွဲကျော် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

    ရေနံတွေကို မန်းသံပရာကန် ဓာတုဗေဒစက်ရုံစုမှာ ချက်လုပ်သန့်စင်တာဖြစ်ပြီး ဒီစက်ရုံစုကို စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားတဲ့ စွမ်းအင်ဝန်ကြီးဌာနအောက်က မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း (MPE) က ကြီးကြပ်လုပ်ကိုင်တာဖြစ်သလို အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုတဲ့ လေယာဉ်များ၊ ထရပ်ကားများနဲ့ တင့်ကားများကို မောင်းနှင်ဖို့ လိုအပ်တဲ့ ဒီဇယ်နဲ့ လေယာဉ်ဆီတွေကို ချက်လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

    Justice For Myanmar အနေနဲ့ MOGE နဲ့ Interra Resources တို့ကြားက ငွေပေးချေယူမှုတွေကို ဆောင်ရွက်ပေးနေတဲ့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်တွေအပါအဝင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) တို့အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ စုပေါင်းချမှတ်ဖို့ Justice For Myanmar က ထုတ်ပြန်ချက်မှာ တောင်းဆိုခဲ့ပါသေးတယ်။

    Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ “Interra Resources က အကြမ်းဖက် စစ်အုပ်စုဆီ ရေနံတွေ ဆက်လက်ရောင်းချပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေပါတယ်” လို့ ပြောပါတယ်။

    Interra Resources အနေနဲ့ စစ်အုပ်စုကို ရေနံရောင်းချ ထောက်ပံ့နေတာ ချက်ချင်း ရပ်တန့်ပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

    ဒါ့အပြင် စင်ကာပူစတော့အိတ်ချိန်း အနေနဲ့လည်း Interra Resources ဟာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အဖွဲ့အစည်းတရပ်နဲ့ စီးပွားရေး ဆက်လက်လုပ်ဆောင်နေပြီး စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတာကြောင့် စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူ ဆောင်ရွက်သင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့ပါသေးတယ်။

  • ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

    ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

    ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

    ဟာသသရုပ်ဆောင်မွန်လေးက ၎င်းအားဝေဖန်သူတဦးကို ဒူးထောက်ခိုင်းကာ ပါးရိုက်ပြီးနောက် ခြေဖဝါးထိကန်တော့ခိုင်းသည့် ရုပ်သံဖိုင်လူမှုကွန်ရက်၌တင်ခဲ့မိခြင်းအတွက် တောင်းပန်လိုက်သည်။

    အဆိုပါရုပ်သံဖိုင်တွင် ဒူးထောက်နေသူက “အွန်လိုင်းပေါ်မှာ ကိုမွန်လေးကို မဟုတ်မမှန်လာမန့်ထားတဲ့ မန့်ကို ထောက်ခံပြီးတော့ မန့်မိတဲ့အတွက် ကိုမွန်လေးကို လူသိထင်ရှားတောင်းပန်တာပါ” ဟု ပြောဆို ထားပြီး “မင်းနောက်တခါပြောဦးမလား အာချောင်ဦးမလား၊ အခု မင်းမှားလား ငါမှားလား”ဟု ပြော၍ ပါးရိုက်ခဲ့ပြီး “ငါသဘောအရမ်းကောင်းနေလို့နော် သွားတွေပြုတ်ထွက်ကုန်မယ်၊ ငါ့ကိုကန်တော့ပြီး တောင်းပန်၊ ခြေဖဝါးကိုထိပြီးတောင်းပန်”ဟု ပြောဆိုထားသည်ကို တွေ့ရသည်။

    ယခုကဲ့သို့ ဟာသသရုပ်ဆောင်မွန်လေး၏ လူမိုက်ဆန်ဆန်လုပ်ပြနေသည့်ကိုမြင်တွေ့ရသည်မှာ မြန်မာ ပြည်၏ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းကို အတိအလင်းဖော်ပြနေခြင်းဖြစ်ကြောင်း ကြည့်ရှုသူတစ်ဦး ကပြောသည်။

    “ကြည့်ပြီး တကယ်ရွံလည်းရွံ၊ ကြောက်လည်းကြောက်မိတယ်။ ဒီလို လူမိုက်ဆန်ဆန် ရမ်းကားမိုက်ရိုင်းရဲ လောက်အောင် ဘာကိုမှဂရုစိုက်စရာမလိုဘူးဆိုတဲ့သူ့ပုံစံက မြန်မာပြည်က ဘယ်လောက်တောင် ဥပဒေ စိုးမိုးမှုကင်းမဲ့နေလဲဆိုတာ အတိအလင်း ပြောပြလိုက်သလိုပဲ။ ကျွန်တော်တို့လို သာမန်ပြည်သူ တွေအနေနဲ့ကတော့ စစ်သားနဲ့ ရဲအပြင် အဲဒီလိုကောင်တွေကိုပါ သတိထားရတော့မှာ”ဟု ပြောသည်။

    ယခုကဲ့သို့ လူမှုကွန်ရက်၌လူပြောများနေသည့် လူတဦးအား ဒူးထောက်ခိုင်းပြီးပါးရိုက်သည့် ဗီဒီယိုနှင့် ပတ်သက်၍ မခံချင်စိတ်ကြောင့် ပါးရိုက်ခဲ့မိခြင်းဖြစ်ကြောင်း ဟာသသရုပ်ဆောင်မွန်လေးက ပြောသည်။

    “အကို့ဘက်က အမှန်ကနေ မခံချင်စိတ်လေးတခုကြောင့် အမှားဖြစ်သလိုဖြစ်နေပေမယ့် အများသူငှာ ရေး သားနေသလို မဟုတ်ရပါဘူး။ အေးအေးချမ်းချမ်းနဲ့ ဘဝမှာလှူဒါန်းပေးကမ်းပြီး အေးဆေးနေထိုင်သူပါ။ အားလုံးရေးသားဝေဖန်နေသလို လူမိုက်လည်း မဟုတ်ပါဘူး။ အကို့ကိုစော်ကားလို့ မဟုတ်မခံတတ်တဲ့ စိတ်ကြောင့် ဖြစ်သွားတာပါ”ဟု ၎င်းကပြောသည်။

    လူမှုကွန်ရက်တွင် ငါးကြိမ်ထက်မနည်း မကောင်းသည့်မှတ်ချက်များ ရေးသားဝေဖန်နေသည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ၎င်းနေထိုင်ရာနေရာသို့ သွားရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး အဆို ပါ ဗီဒီယိုကို ၎င်းကိုယ်တိုင် လူမှုကွန်ရက်တွင်တင်ခဲ့ရာမှ ယခုကဲ့သို့ ဝေဖန်မှုများဖြစ်လာခြင်း ဖြစ်သည်။

    “သူကိုယ်တိုင်လည်း အကြိမ်ကြိမ် ဝင်ရောက်ရေးသားထားသူပါ။ သူကိုယ်တိုင် အကြိမ်ကြိမ် ပြောဆိုရေး သားသူပါ။ သူများတွေကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်တဲ့သူပါ”ဟု မွန်လေးက ပြော သည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မွန်လေးက ပါးရိုက်ခဲ့သည့်ဗီဒီယိုနှင့်ပတ်သက်၍ ပြန်လည်တောင်းပန် ထားပြီး ယင်းအောက်တွင်လည်း “တရားဥပဒေရဲ့အထက်မှာ မွန်လေးရှိတယ်။ ငွေ၊ ဂွင်၊ အထာ၊ လမ်း ကြောင်း၊ လူမိုက်အားလုံးပိုင်တဲ့အနေအထားရှိတယ်။ သွားရှုပ်လို့မရဘူး။ အခုတောင် စီးပွားပျက်မှာစိုး လို့ဗီဒီယိုနဲ့တောင်းပန်နေတာ ကျန်တာစိတ်မဝင်စား” ဟူ၍ လည်းကောင်း၊ အဓိက က မဟုတ်မခံ စိတ်ကြောင့်မဟုတ်ပါဘူး။ ပိုက်ဆံရှိလာလို့ ဂုဏ်ဆာလာတာပါ”ဟုလည်းကောင်း လူမှုကွန်ရက်အသုံး ပြုသူများက ဝေဖန်ရေးသားနေကြသည်ကိုလည်း တွေ့ရသည်။

    ဟာသ သရုပ်ဆောင်မွန်လေးက ၎င်းအနေဖြင့် မဟုတ်မခံစိတ်ဖြင့် ရိုက်ခဲ့မိခြင်းဖြစ်ပြီး မိသားစုဂုဏ်သိက္ခာ မထိခိုက်စေရန် မျက်နှာကိုဖုံးအုပ်ပြီးမှသာတင်ခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် စော်ကားထားခြင်းကို လက်စားချေသည်အနေဖြင့် ဆိုရှယ်မီဒီယာတွင်ပြန်တင်ခြင်းသာဖြစ်ကြောင်း တောင်းပန်ထားသည်။

    ဟာသ သရုပ်ဆောင်မွန်လေးသည် စစ်ကောင်စီကိုထောက်ခံအားပေးသည့် ဟာသရုပ်ဆောင်ဒိန်းဒေါင်၏ တပည့်ဖြစ်ကာ အနုပညာလုပ်ငန်းများအတူလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ် လုပ်ကိုင်နေကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။

    ပုံအညွှန်း – ဟာသ သရုပ်ဆောင်မွန်လေးနှင့် ဒိန်းဒေါင်

  • ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦး ဒဏ်ရာရ

    ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦး ဒဏ်ရာရ

    မကွေးတိုင်း၊ ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၅ ခန့်တွင် ရေစကြိုမြို့ရှိ ရုံးပေါင်စုံ (ထွေ/အုပ်ရုံး) ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြောက်ကျား နည်းဗျူဟာ အသုံပြု၍ ၄၀ မမ ဗုံးသီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၂ ဦးနှင့် စစ်ကောင်စီ တပ်သား၏ ဇနီး ၁ ဦး စုစုပေါင်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ Myingyan Black Tiger (MBT) တပ်ဖွဲ့ မြို့ပြစစ်ဆင်ရေးကို ထပ်မံကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

    ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ တပ်စခန်းများ၊ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် ဝန်ထမ်းများရှိရာ နေရာများတွင် အနားယူခြင်းနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။

  • အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

    အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

    အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရ

    မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းကပြောကြားသည်။

    ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ် ၊ ရှမ်းတပ် ရဲစခန်း အတွင်းကို ၄၀ မမ လက်နက်ကြီး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

    “ပစ်ခတ်မှုဖြစ်ပြီးတော့ ဆေးတပ်သားတစ်ယောက်ရှိတယ်လို့တော့ ကြားတယ်။ အဲဒါနဲ့ စခန်းတွင်း မှာ ကြိတ်ပြီးတော့ ကုနေကြတာ၊ စခန်းကို လူဝင်လူထွက်မရှိအောင် လုံးဝပိတ်ချလိုက်တာ၊ တိုက်ပွဲ ဖြစ်နေတဲ့ ပုံစံမျိုး အသင့်ပြင်ထားပြီးတော့ အတွင်းထဲမှာပဲ ကုနေတာ။ အဲလိုမပိတ်ချခင် အတွင်းထဲ ကနေ ‘ဘယ်နှစ်ယောက်လောက်ထိသွားလဲ ၇ ယောက်ထိထားတယ်။ ဆေးဆေး ဆိုပြီး အလောတ ကြီးဖြစ်ပျက်နေတဲ့ အသံလောက်ပဲကြားလိုက်ရတာ အတွင်းထဲထိ သတင်းရဖို့တော့ ခက်ခဲတယ်” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။

    ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မခံရမီအချိန်ကလည်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဆေးရေးဂိတ်အမည်ခံကာ ခရီးသွားပြည်သူလူထုကို ဆက်ကြေးကောက်ခြင်း ၊ အတင်းအကြပ်ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ လုပ်ဆောင်နေသည့် စခန်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States of Burma Army – USBA တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “စခတွေဘက်က ပစ်တဲ့လက်နက်ကြီးတွေကြောင့် ထိခိုက်တဲ့ ပြည်သူတော့ မရှိပါဘူး။ ဒါမေပယ့် အ ကြမ်းဖက်စစ်ကောင်စီစခန်းအနီးအနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စခန်းအနီးအနားမှာ မနေဖို့၊ စစ် တပ်စခန်းနဲ့ မီတာ ၁၀၀ ၊ မီတာ ၂၀၀ အတွင်းမှာနေတာက အရမ်းအန္တရာယ်များတယ်၊ ကျနော်တို့ လက်နက်ခဲယမ်းတွေဆိုတာက အနီးကပ်တိုက်ပွဲမှာ အန္တရာယ်နည်းကောင်း နည်းနိုင်ပေမယ့် လက် နက်ကြီးပစ်ခတ်မှုတွေမှာဆိုရင် လူကို မထိအောင် အရမ်းကို ဂရုစိုက်ပစ်ရတာ၊ သို့သော်လည်းလွဲချော် မှုဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်မှုဖြစ်မှာ စိုးရတယ်၊ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်တပ်စခန်း အနီးအနားမှာ မနေကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ဆက်လက်ပြောဆိုသည်။

  • တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလေ့ကျင့်သင်ယူပြီးနောက် ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF ပြော

    တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလေ့ကျင့်သင်ယူပြီးနောက် ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF ပြော

    စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်၍ တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မဟာမိတ်များနှင့်အတူ စစ်ရေးများလေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်း အတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု ဧရာဝတီ PDF ထံက သိရသည်။

    အမျိူသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီ တိုင်းစစ်ဌာန AYA PDF အမှတ် (၂၉)ဗျူဟာသည် အမှတ်စဉ် (၆) အတွက် အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်းရှိ ရဲဘော်သစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။

    ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာနှင့်အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသည့် အမျိုးသမီး၊ အမျိုးသားများကို ကြိုဆိုလက်ခံလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

    ထို့အပြင် အမျိုးသမီး(စစ်မေ)များကို အထူးအလေး ထားဖိတ်ခေါ်ထားပြီး အခြေခံစစ်ပညာသင်တန်းပြီး ဆုံးသည့်အခါ အရည်အချင်းနှင့် စိတ်ပါဝင်စားမှု လုပ်နိုင်စွမ်းအပေါ်မူတည်၍ ချေမှုန်းရေး အပြင် ဗျူဟာ၏ ဆေးဌာန၊ ဆက်သွယ်ရေး၊ စက်ချုပ်ဌာနနှင့် ရုံးလုပ်ငန်းများတွင် တာဝန်များထမ်းဆောင်ရန် ကြိုဆိုလက်ခံလျက်ရှိသည်ဟု ဆိုထားသည်။