Category: News

  • ရန်ကုန်ရှိ နာမည်ကြီးဟိုတယ်များတွင် အခန်းများပြည့်နေပြီး နှစ်သစ်ကူး Countdown ပါတီပွဲများ ကျင်းပမည်

    ရန်ကုန်ရှိ နာမည်ကြီးဟိုတယ်များတွင် အခန်းများပြည့်နေပြီး နှစ်သစ်ကူး Countdown ပါတီပွဲများ ကျင်းပမည်

    ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်များတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးအကြိုနေ့အတွက် အခန်းများပြည့်နေပြီး Countdown ပါတီပွဲများကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    ဆီဒိုးနားဟိုတယ်၊ Sayarsan ဟိုတယ် ၊ Summit Parkview ဟိုတယ်များအပါအဝင် Bar နှင့် ရေကူးကန် ပါဝင်သည့် ဟို တယ်များတွင် နှစ်ကူးရက်အတွက် အခန်းများပြည့်နေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

    အဆိုပါရက်ပိုင်းအတွက်ဟိုတယ်အများစု၏ အခန်းဈေးနှုန်းများတွင် အနိမ့်ဆုံး ကျပ်နှစ်သိန်းကျော် ရှိကြောင်းသိရသည်။

    Park Royal ဟိုတယ်တွင်မူ နှစ်သစ်ကူးအတွက် အခန်းရရှိနိုင်ပြီး နှစ်သစ်ကူးအကြို DJ ဖျော်ဖြေပွဲ များရှိကာ လူနှစ်ယောက်စာကို အမေရိကန်ဒေါ်လာ ၁၂၈ ဈေးနှုန်းရှိကြောင်းသိရသည်။

    Zealax ဟိုတယ်ပေါ်ရှိ Evolera Sky Lounge Bar တွင် နှစ်သစ်ကူးညအတွက်ဘိုကင်များ ပြည့်နေပြီဖြစ်ကြောင်း ယင်းဆိုင်က ကြေညာထားသည်။

    ယင်းပြင် Inya Lake Grden တွင် အဆိုတော် ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်နှင့် ဂျူဝယ်တို့ ပါဝင်သော နှစ်သစ်ကူး Countdown ပါတီပွဲကျင်းပမည်ဖြစ်ပြီး စားပွဲဝိုင်းတစ်ခုံစာလျှင် ကျပ်နှစ်သိန်း အနိမ့်ဆုံးရှိကြောင်း စုံစမ်းသိရသည်။

    ထို့ပြင် နှစ်သစ်ကူးပိတ်ရက်တွင် ချောင်းသာ၊ ငွေဆောင်ပြည်တွင်းဘုရားဖူးနှင့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ ပတ္တရားကမ်းခြေသို့လည်ပတ်သူများကြောင်းသိရသည်။

    အထွေထွေကျပ်တည်းနေသည့်အချိန်တွင် အခြေခံလူတန်းစားများ၏ လုပ်ခလစာတစ်စာနှင့်ညီမျှသော ကျပ်နှစ်သိန်းတန်ဖျော်ဖြေရေးပွဲများကို အထင်ကရဟိုတယ်များတွင် ကျင်းပနေပြီး စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် နောက်ပိုင်းတွင် လူတန်းစားကွာခြားချက်ပိုမိုကြီးမားလျက်ရှိသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်နေသူများ၊ အထက်တန်းလွှာဟု သတ်မှတ်ထားသူများသာ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနိုင်ကြပြီး လက်လုပ်လက်စား အခြေခံလူတန်းစား များမှာမူ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် ဖြေရှင်းနေရသည်။

  • တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏ နေအိမ်ကို ဝင်ရောက်စီးနင်း

    တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏ နေအိမ်ကို ဝင်ရောက်စီးနင်း

    တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏ နေအိမ်ကို ဝင်ရောက်စီးနင်းမှု လက်နက် ၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ရာ လက်နက် ၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – TTA PDF မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်အချိန် တောင်သာမြို့နယ်၊ မြင်းခြံ – ညောင်ဦး လမ်း ဘေးရှိ ဆင်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဝင်းကို၏ နေအိမ်အားဝင်ရောက် စီးနင်းရာ ဝင်းကိုနှင့်ပျူစောထီးများ ထွက်ပြေးကြောင်း၊ ထို့ကြောင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ရာ ပြောင်းချောသေနတ် ၂ လက် ၊ တူမီး သေနတ် ၁ လက်၊ ပွိုင့် 22 လက်လုပ် သေနတ် ၁ လက်၊ ပါရီ အမျိုးအစား သေနတ် ၁ လက် နှင့် ဆက်စပ်သော ခဲ ယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “ဆင်ဖြူရွာက ပျူရွာလို့တော့ နာမည်မပေါက်သေးဘူး ။ ပျူကတော့ရှိတယ်၊ တိတ်တိတ်ပုန်းပျူပေါ့။ အရင်ကတော့ စခတွေ လာတာမျိုးရှိတယ်။ အခုက မရှိဘူး။ ဝင်းကို အုပ်ချုပ်ရေးမှူးလည်း ဟုတ် တယ်။ ပျူခေါင်းဆောင်လည်းဖြစ်တယ်။ သူနဲ့ဆိုရင် အားလုံး ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်။ ဝင်စီးတဲ့အချိန်မှာ နည်းနည်းလောက်အပြန်အလှန် ပစ်ခတ်မှု တော့ဖြစ်ခဲ့တယ်။ သူတို့အကုန်ထွက် ပြေးသွားလို့ အိမ်ထဲဝင်ပြီး လက်နက်တွေ သိမ်းဆည်းလာခဲ့တာ” ဟု တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – TTA PDF မှ တာဝန်ရှိသူက ပြော ကြားသည်။

    အဆိုပါ စစ်ဆင်ရေးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- TTA PDF ၊ Burmese Guerrilla Force -Myingyan (BGF)၊ ညောင်ဦး ပကဖ နှင့် ညောင်ခရိုင်အမှတ် ၅ တပ်ရင်း တို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    တော်လှန်ရေး စစ်ရှိန်မြှင့်ကာ နေရာတိုင်းတွင် စစ်ဆင်ရေးဖော်ဆောင်သွားမည်ဖြစ်သော ပြည်သူ များ အနေဖြင့် အကြမ်းဖက်စစ်သားများ၊ စစ်ကောင်စီ ထောက်တိုင်လက်ပါးစေများနှင့် ဝေးဝေးရှောင် နေကြရန်၊ မလိုအပ်ပဲ ခရီးသွားကြရန်၊ အိမ်စီးကားများ ကားမှန်ချမောင်းနှင်ပေးကြရန်နှင့် တော်လှန် ရေးကို မဆိုင်သလိုမနေကြဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

  • တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ  အလွန်သဘောထားတင်းမာသူဖြစ်

    တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်

    ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို

    ရခိုင်ပြည်၊ ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် အလွန် သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့ ရခိုင်ပြည်၊ ဂွမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

    သေဆုံးသူ ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် တပ်မ ၁၁ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် လဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ထားပြီးဖြစ်ကာ အပွင့်တင်ရန် စောင့်ဆိုင်းနေသူ ဖြစ်ကြောင်း၊ စစ်ဘက်ရေးရာ ထူးချွန်သူအဖြစ် မှတ်တမ်းရှိ၍ တပ်မ ၁၁ တပ်မမှူးအဖြစ် မင်းအောင်လှိုင်က တိုက်ရိုက် ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် စစ်တပ်ကသာ ကြီးစိုး အုပ်ချုပ်ရမည်ဆိုသော အလွန်တင်းမာသော သဘောထား ရှိသူဖြစ်ကြောင်း၊ တပ်တွင်းတွင် လက်အောက်ငယ်သားများအပေါ် မညှာမတာ ဖိနှိပ်ရက်စက်သူအဖြစ်လည်း နာမည်ကြီးကြောင်း သိရှိရသည်။

    “သူက ဗိုလ်မှူးချုပ်ရာထူး ဖြစ်နေပါပြီ။ လစာကတော့ ဗိုလ်မှူးချုပ် ရာထူးလစာ စားနေပြီ။ အပွင့်တင်ဖို့ပဲ စောင့်နေတာ။ အဲဒီလို တပ်မမှူးတွေကို စစ်ရာထူးခန့်ချုပ်ရုံးက အဆိုပြု တင်ပြပြီးတော့ တပ်ချုပ်ကနေ တိုက်ရိုက် ရွေးချယ်ခန့်အပ်တာပါ။ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းက စစ်ဘက်ဆိုင်ရာ ထူးချွန်သူဆိုပြီး မှတ်တမ်းရှိတယ်။ ဘာသာရပ်ပိုင်းဆိုင်ရာ မှာ ထူးချွန်တာ။ အထက်က ပေးအပ်တဲ့ တာဝန်ကိုတော့ တသွေမတိမ်း လိုက်နာတဲ့နေရာမှာလည်း အင်မတန် စည်းကမ်းကြီး လိုက်နာသူလို့ နာမည်ကြီးပါတယ်။ တပ်မ ၁၁ တပ်မမှူးဆိုတာက ရှေ့ကို တပ်မှာ အနာဂတ်ရာထူးအလားအလာ သိပ်ကောင်းတဲ့သူမျိုးတွေဖြစ်တာပါ။ ဥပမာဆိုရင် တပ်မ ၁၁ တပ်မမှူးထဲမှာ ထူးချွန်သူဖြစ်တဲ့ ဗိုလ် ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဆိုရင် နံပါတ် ၃ ညှိကွပ်ရာထူးအထိ ရောက်ခဲ့ဖူးတယ်။ တပ်မ ၁၁ တပ်မမှူးဆိုတာ တပ်မှာ တကယ့်ကို ထူးချွန်ပြီး စည်းကမ်းသေဝပ်သူတွေ၊ အစဉ် အလာကြီးသူတွေကိုပဲ ခန့်တာပါ။ တကယ်သာ ဂွတိုက်ပွဲမှာ သူ ကျသွားတာဆိုရင်တော့ တပ်အတွက်တော့ အင်မတန်မှ ကြီးတဲ့ ဆုံးရှုံးမှုကြီးတယ်လို့ ပြောရနိုင်တယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

    တပ်မ ၁၁ သည် ရန်ကုန်တိုင်း၊ အင်းတိုင် တွင်တည်ရှိသည့် ခြေမြန်တပ်မဌာန ချုပ် တစ်ခု ဖြစ်ပြီး နေပြည်တော်စစ်ရုံး(ကက-ကြည်း)၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသော တိုက်ခိုက်ရေးတပ်မတစ်ခုလည်းဖြစ်သည်။

    AA က ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ကာ ဂွမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့်  စစ်ကိုင်းတိုင်း တပ်မဟာသစ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာသစ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာသစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင်အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုဟု တရားဝင် ဖိတ်ခေါ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က တရားဝင်ဖိတ်ခေါ် လိုက်သည်။

    MDY PDF အနေဖြင့် စစ်ကိုင်းတိုင်း တပ်မဟာ အသစ်တစ်ခုထပ်မံဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းစစ်ဆင်သွားမည်ဖြစ်ကြောင်း ၊လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ၊ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော် လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေး တပ်ဖွဲ့ များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပြောဆိုသည်။

    “ကျနော်တို့ အနေနဲ့ စစ်ကိုင်းတပ်မဟာသစ်ဖွဲ့စည်းခြင်းပတ်သက်ပြီးတော့ လုံလောက်တဲ့ ကြိုတင် ပြင်မှုတွေဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ၊ မဟာမိတ်ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင်ကိုမှ ကျနော်တို့ ထပ်ပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဖို့ ရှိလာမယ့်၊ ပူးပေါင်း လာမယ့် အင် အားစုတွေအသစ်တွေကိုလည်း တံခါးဖွင့်ကြိုဆိုသွားဖို့ရှိပါ့မယ်။ လက်ရှိ အချိန်မှာတော့ ကျနော်တို့ စစ်ကိုင်းတပ်မဟာနဲ့ပတ်သက်ပြီးတော့ တပ်နေရာချထားရေး၊ စစ်ဆင်ရေးဖော်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အကျယ်တဝင့်ထုတ်ပြန်ဖို့မရှိသေးပါဘူး။” ဟု ၎င်းက ရှင်းပြသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၄ ခု နှစ် တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ကာ ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့သည်ဟု ဆိုသည်။

    “ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ လက်ရှိစိုးမိုးထိန်းချုပ်နယ်မြေအနေနဲ့က စစ်ကိုင်း တိုင်းဘက်မှာ ရှိတဲ့ ဒေသတစ်ချို့က ပထဝီအနေအထားအရ ချိတ်ဆက်နေတာဖြစ်တယ်။ ဒါကြောင့် မို့ကျနော်တို့ဟာ ရှေ့ဆက်ပြီးတော့ ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေမှာ စစ်ကိုင်းဘက်အခြမ်းကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရတာမျိုးတွေရှိလာတယ်။ ဒီအတွက်ကြောင့်မို့ပဲ ကျနော်တို့ဟာ စစ်ကိုင်းတပ်မဟာဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင်တော့ ကျနော်တို့ ရဲ့ ၂၀၂၅ ထဲမှာ အရှိန်မြှင့်ပြီးတော့ စစ်ဆင်ရေး တွေဖော်ဆောင်လုပ်မယ့် လုပ်ငန်းစဉ်တွေထဲက တစ်ခုလို့ ပြောရင်ရပါတယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရှင်းပြသည်။

    MDY PDF သည် တအာင်းTNLA နှင့်ပူးတွဲ၍ မိုးကုတ်မြို့သိမ်းတိုက်ပွဲ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့သိမ်းတိုက်ပွဲ အများအပြားတွင် ပူးတွဲ ပါဝင်တိုက်ခိုက်ခဲ့သော တော်လှန်ရေးတပ်မတော်တစ်ခုလည်းဖြစ်သည်။