Category: News

  • ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)

    ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)

    မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။

    တပ်မ ၁၀၁ က အင်အား ၁၃၀ ခန့်ရှိတဲ့ စစ်သားတွေဟာ ဒီဇင်ဘာ၂၄ ရက်မှာ ကမ္မမြို့၊ ညောင်ဂျစ်ပင်ရွာကနေ စတင်စစ်ကြောင်းထိုးကာ ၂၆ ရက်မှာ ကမ္မမြိို့ပေါ်ကိုရောက်လာတာလို့ ဆိုပါတယ်။

    အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ၂၆ ရက် မနက် ၇ နာရီခန့်မှာ ကမ္မမြို့ပေါ် စည်ပင်သာယာဈေးက ဈေးဆိုင်ခန်းတွေကိုဖောက်ပြီး ပစ္စည်းတွေကိုယူဆောင်သွားတာလို့ ဆိုပါတယ်။

    ဈေးဆိုင်ခန်းတွေကို ဖောက်ပြီး ကမ္မမြို့ရဲစခန်းကိုပြန်ချိန် မနက် ၈ နာရီခန့်မှာ ဒရုန်း ဗုံးသီး ၅၀ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုမသိရသေးဘူးလို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။

    ဖောက်ထွင်းခံခဲ့ရတဲ့ ဈေးဆိုင်ခန်း ၈ ခန်းလောက်ရှိပြီး ငွေကျပ် ၁၀ သိန်းဖိုးလောက် ပါသွားတယ်လို့ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုကိုတော့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု၊ Three Brothers Drone Force၊ Black Eagle Drone Force၊ ပေါက် ပကဖ Drone Team၊ BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြိုင် ပကဖ Drone အဖွဲ့ ၊ MGPDF(ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ မကွေးတိုင်း Drone Team ၊ မဟာမိတ် Drone အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက်မှာ ကမ္မမြို့ပေါ်ရောက်နေတဲ့ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေဟာ ကမ္မမြို့အရှေ့ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

  • မင်းတပ်မြို့က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ မိသားစု‌ဝင်တွေကို ယောဒေသမှာ ဖမ်းမိ

    မင်းတပ်မြို့က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ မိသားစု‌ဝင်တွေကို ယောဒေသမှာ ဖမ်းမိ

    မင်းတပ်မြို့က စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားဝင်တွေကို မကွေးတိုင်း ယောဒေသမှာ ဖမ်းဆီးရမိထား တယ်လို့ ဗျူဟာအမှတ်(၈၁)ယောဗျူဟာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်လိုက်တဲ့ မင်းတပ်မြို့ရှိ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၂၇၄ က နေစစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားစုဝင် ၁၂ ယောက်ကို နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသမှာ ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ဆိုပါတယ်။

    “ကျနော်တို့ ဖမ်းမိတာကတော့ ယောနယ်ထဲမှာပဲပေါ့နော်။ မင်းတပ်ကနေပြီးတော့မှ ဆင်းလာလို့ရှိရင် ယောနယ် ထဲ ရောက်တာဆိုတော့။ ဖမ်းမိတာက ကျနော်တို့ ၂၄ ရက်နဲ့ ၂၅ ရက်မှာပေါ့။ ၂၄ ရက်နေ့မှာ ကျနော်တို့ ၁၀ ယောက် ဖမ်းမိတယ်။ ၂၅ ရက်နေ့မှာ ၂ ယောက်ဖမ်းမိတယ် ။ တပ်မိသားစုဝင်တွေအပါအဝင်တွေပေါ့” လို့ ဗျူဟာအမှတ် (၈၁) ယောဗျူ ဟာ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုတပ်သားတွေဟာ တပ်ကြပ်အဆင့် ၊ ဒုတပ်ကြပ်အဆင့် ၊ တပ်သားအဆင့် တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ဖမ်းဆီးရမိချိန် လက်နက်ခဲယမ်းတွေ မပါရှိဘဲ တစ်ကိုယ်ရည် အသုံးအဆောင်တွေနဲ့ အတူသာ ဖမ်းဆီးရမိခဲ့ တယ် လို့ ဆိုပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုစစ်သားတွေနဲ့မိသားစုဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဗျူဟာ အမှတ်(၈၁)ယောဗျူဟာ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မင်းတပ်မြို့ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေက ချင်းညီနောင်စစ်‌ဆင်ရေးအဖြစ်(Operation CB)အဖြစ် မြို့ သိမ်း တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်မှာ မင်းတပ်မြို့ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်/ ဓာတ်ပုံ- အမှတ်(၈၁)ယောဗျူဟာ

  • တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီစခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီ၏ စခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)မှ ရဲဘော်နိုဝယ်က ပြောဆိုသည်။

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးများ အကောင်အထည်ဖော်လာနိုင်ရာ အောင်မြင်မှုများရရှိလာကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်ရေးပိုင်းတွင် ပိုမိုထိရောက်လာပြီး စစ်ကောင်စီကို အထိနာစေကြောင်း၊ အထူးသဖြင့် မကြာသေးမီက တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိမှုမှာ ထင်သာမြင်သာရှိကြောင်း ၎င်းက ရှင်းပြသည်။

    “တော်လှန်ရေးအားကောင်းတဲ့အခြားဒေသများနည်းတူ တနင်္သာရီဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း အရင်ကထက် ပိုမိုအချိတ် အဆက်မိလာပြီး စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်လာနိုင်ကြတယ်လို့ မြင်ပါတယ်။ TPLF အနေနဲ့ အမျိုးသား တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ မူဝါဒနဲ့ ရည်မှန်းချက်တွေ တူညီမှုရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ ညီညွတ်ရေးမှုကို လက်တွေ့ကျင့်သုံးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

    ထားဝယ်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) အနေဖြင့် လွတ်မြောက်သည့် ထားဝယ်ဒေသပေါ်ပေါက်ရေး တွန်းအားပေးဆောင်ရွက်နေကြောင်း၊ တနင်္သာရီတွင် မှီတင်းနေထိုင်သည့် လူမျိုးစုများ၊ ပြည်သူလူထုများ၊ တန်းတူရည်တူရှိရှိ ပါဝင်ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်တခုအဖြစ် ပြန်လည်တည်ထောင်ဖွဲ့စည်းရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    “ဖတ်စာအုပ်အတိုင်း အရိုးစွဲလာခဲ့တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်း ၃ ခရိုင် ၊ မြို့နယ် ၁၀ ခုဟာ တနင်္သာရီ ဖြစ်တယ်… ဆိုတာကို သမိုင်းထဲမှာပဲ ထားခဲ့ကြပါ ။ ရိုးသားမှု ၊ ညီညွတ်မှု နဲ့ ဉာဏ်ပညာအမျှော်အမြင်ကို အခြေခံတဲ့ တနင်္သာရီရဲ့ အနာဂါတ်အိမ်မက် – Tanintharyi Vision ကို စုပေါင်းတည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တနင်္သာရီရဲ့ အနာဂါတ်ကို တနင်္သာရီ ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ် ပုံဖော်ထုဆစ်နိုင်တယ် ဆိုတာကို ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်” သူက ဆက်လက်ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်များက စုပေါင်း၍ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့နှင့်အတူ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) မှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်နိုဝယ်က “ ကံပေါက်ဒေသ၊ ရေကန်တောင်ပေါ်မှာရှိတဲ့ Microwave စခန်းဟာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ယခင်စစ်ဆင်ရေးများနည်းတူ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ဆင်ရေးအစီအစဉ်တွေကို စနစ်တကျ ကြိုတင်ရေးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ အားလုံးစုပေါင်းတိုက်လို့ အောင်မြင်မှုရရှိတာဖြစ်ပါတယ်။ Microwave စခန်းသိမ်းပွဲမှာ စစ်ကောင်စီဖက်က အရာရှိ ၁ ဦးအပါအဝင် စုစုပေါင်း ၆ ယောက်သေဆုံးခဲ့ပြီး အရှင်တစ်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ MA-11 ၃ လက်နဲ့ ကပစ 5.56 ကျည် ၅၇၈ တောင့် ၊ 60-MM ကွန်မန်ဒိုစိန်ပြောင်း ၁ လက်နဲ့ 60-MM ကျည် ၁၁ တောင့် ၊ 40-MM ကျည် ၃၆ တောင့် ၊ ရှေ့ထွက်မိုင်း -လိပ်ခုံး ၃ လုံးနဲ့ ကျည်ဘောက်တွေအပြင် စစ်ကောင်စီတပ်သားတွေရဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာ ၁ လုံးတို့ကိုလည်း သိမ်း ဆည်းရမိခဲ့ပါတယ်”ဟု သူက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းတွင် မြို့ဧရိယာမှလွဲ၍ ကျေးလက်ဒေသများကို နယ်မြေစိုးမိုးနိုင်မှုမရှိတော့ဘဲ စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက်ပိုမို လုပ်ဆောင်လာကြောင်း သိရှိရသည်။

  • ကလေးငယ်ကို အဓမ္မကျင့်တဲ့ အမျိုးသား ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    ကလေးငယ်ကို အဓမ္မကျင့်တဲ့ အမျိုးသား ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    မေမြို့မှာ ကလေးငယ်ကို အဓမ္မကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    မန္တလေးတိုင်း၊ မေမြို့၊ ပွဲကောက်ကျေးရွာမှာ ဒီဇင်ဘာလ ၂၄ရက် ညနေပိုင်းက အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဝိုင်းဖမ်းဆီးပြီး ရိုက်နှက်ရာက လက်လွန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာလ ၂၄ရက် ညနေ ၆ နာရီခွဲဝန်းကျင်အချိန် မေမြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီးမှာ အမျိုးသားတစ်ဦး သေဆုံးကြောင်း ဖုန်းဆက် အကြောင်းကြားလို့ အလောင်းကို သယ်ယူကာ မေမြို့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဆိုပါတယ်။

    “ပြင်ဦးလွင်မြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အသက် ၆ဝ အရွယ် အမျိုးသား တစ်ဦးမှ အဓမ္မ ပြုကျင့်ပါသဖြင့် ပြည်သူများမှ ဝိုင်းရိုက်မိရာမှ သေဆုံးသွားပါသဖြင့် ဖုန်းဆက် အကြောင်းကြားရာ အသင်းမှ DeadBody (အလောင်း) တင်ယာဥ်ဖြင့် သွားရောက် ခေါ်ဆောင်ပြီး ပြည်သူ့ ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ပြသ၍ မော်ကျူရီသို့ ပို့ဆောင်ပေးခဲ့ပါသည်” လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မေမြို့ အပါအဝင် မန္တလေးတိုင်းအတွင်း ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေကို စစ်အုပ်စုက အလေးထား ကိုင်တွယ် ဖြေရှင်းတာ မရှိတော့ဘဲ ငွေရနိုင်တဲ့ မှုခင်းဖြစ်စဉ်တွေကိုသာ ဦးစားပေး ကိုင်တွယ် ဖြေရှင်းတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  • စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်

    စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်

    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တာဝန်ပြောင်းလဲယူလိုက်ပြီး ဖြစ်၍ ပေါ်တာဆွဲမှုဖမ်းဆီးများ အခြေအနေ ဆိုးလာနိုင်ဟု သတိပေး

    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကိုင်တွယ်နေရာကနေ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စတင်တာဝန်ပြောင်းလဲယူနေပြီး စစ်မှုထမ်းဆင့်ခေါ်ရေးမှာ အရင်ထက် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လာဖို့ရှိနေတယ်လို့ နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ညှိ/ကွပ်ရာထူးကနေ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ အဖွဲ့ဝင် ၁၈ ဦးပါတဲ့ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တာဝန်ယူနေပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းထက် ပိုပြီး သဘောထားတင်းမာတဲ့အပြင် စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စတွေမှာ ငွေကြေးယူ လူစားထိုးတာတွေ မလုပ်စေဖို့နဲ့ တပ်သားသစ်အရေအတွက် ပြည့်မီရေးအတွက် ပေါ်တာဆွဲတာအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းတွေအားလုံးသုံးဖို့ လုပ်လာနေတယ်လို့ ဆိုပါတယ်။

    ” ဗိုလ်ချုပ်ကြီး မောင်​မောင်​အေးကို စစ်ဆင်ရေးတွေ ကိုင်တွယ်တာ ညံ့လို့ ဖယ်ရှားခံရတာအပြင် အသက်အရွယ်ပိုင်းအရလည်း ၆၀ ကျော်လာတဲ့အတွက် အရန်အင်အားကို ဆင်းထိုင်ရတယ်။ စစ်တပ်ရဲ့ နံပါတ် ၃ ကနေ အရပ်ဘက် ကာကွယ်ရေးဝန်ကြီးလိုရာထူးဖြစ်လာတော့ နန်းကျဘုရင်လို့ပဲ ပြောလို့ရတယ်။ သူက စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူနေပြီ။ သဘောထားတင်းမာတဲ့အတွက် စစ်မှုထမ်းကိစ္စ ကြမ်းတမ်းစွာကိုင်နေပြီလို့ ပြောလို့ရတယ်” လို့ တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

    လက်ရှိ တစ်နိုင်ငံလုံး စစ်မှုထမ်း တပ်သားသစ်အရေအတွက် ပြည့်မီရေးအတွက် စစ်တပ်က ပေါ်တာဆွဲမှုတွေနဲ့ လူငယ်တွေ ဖမ်းဆီးခံနေရတဲ့ အခြေအနေက အရင်ထက်ပိုမိုဆိုးဝါးလာနိုင်တယ်လို့ တပ်သတင်းရင်းမြစ်က သတိပေးပါတယ်။

    ဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး စစ်တပ်မှာ နေပြည်တော်တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်မတော် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့လည်း အပတ်စဉ်တူ ဖြစ်ပါတယ်။