Category: News

  • ဧရာဝတီတိုင်းတွင် စစ်ရေးပြင်ဆင်နေသည့် စစ်ကောင်စီက ကုန်တင်ပို့မှုအပေါ် ကန့်သတ်မှုများ လုပ်ဆောင်နေ

    ဧရာဝတီတိုင်းတွင် စစ်ရေးပြင်ဆင်နေသည့် စစ်ကောင်စီက ကုန်တင်ပို့မှုအပေါ် ကန့်သတ်မှုများ လုပ်ဆောင်နေ

    ဂွတိုက်ပွဲများနှင့်နီးစပ်နေသည့် ဧရာဝတီတိုင်းအတွင်းတွင် စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများရှိနေပြီး လုံခြုံရေးများတိုးချဲ့ကာ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေးများ တင်းကျပ်လျက်ရှိကြောင်း သိရသည်။

    ယခု ဒီဇင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး ရန်ကုန်-ပုသိမ် ကားလမ်းတွင် ကုန်ကားသွားလာမှုများကို စိစစ်၍ ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဂွ- ငါးသိုင်းချောင်းလမ်းပိုင်းနှင့် ကျောင်းကုန်းဘက်များတွင် စစ်ကောင်စီတပ်က အင်အားများတိုးချဲ့ပြီး လုံခြုံရေးတိုးမြှင့်ကာ ဧရာဝတီတိုင်းပြင်ပသို့ ကုန်တင်ပို့မှုသာမကဘဲ တိုင်းအတွင်းတွင်ပင် ကုန်တင် ပို့မှုများ ကန့်သတ်နေကြောင်း သိရသည်။

    “ငါး‌သိုင်းချောင်းဘက်မှာ လမ်းပိုင်းပိတ်ဆို့မှုတွေရှိတယ်။ စစ်ဆေးရေးဂိတ်တွေကနေ ကုန်တွေဖြတ်ရင် ညအိပ်စောင့်ရတာမျိုးရှိတယ်။ တိုင်းရဲ့ပြင်ပကိုမပြောနဲ့ဦး။ ဧရာဝတီတိုင်းထဲမှာတောင် ကန့်သတ်ထား တယ်။ အဓိကတော့ကုန်တွေ ရိက္ခာတွေ ရခိုင်ရောက်မှာစိုးလို့ထင်တယ်” ဟု ဧရာဝတီတိုင်းနေ ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

    စစ်ကောင်စီမှ ထပ်မံ၍ပြောင်းလဲခန့်အပ်လိုက်သည့် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)တိုင်းမှူး စိုးကျော်ထက်သည် ကုန်သွယ်လမ်းများကို စတင်ပိတ်ခိုင်းနေပြီး သယ်ယူခွင့်မရှိဟုဆိုကာ ပြန်လည်သယ်ယူခိုင်းမှုများပင်ရှိနေကြောင်း သိရသည်။

    “တိုင်းအတွင်းထဲဖြစ်တဲ့ ပုသိမ်နဲ့ ဟင်္သာတကိုတောင် သယ်ယူခွင့်မရှိဆိုပြီး ပြန်သယ်ခိုင်းတယ်။ အကုန် တင်းကျပ်ထားတယ်။ အဓိကတော့ ဆန်ကိုပါ” ဟု ဧရာဝတီတိုင်းရှိ တပ်သတင်းရင်းမြစ်က ပြောသည်။

    ဧရာ၀တီတိုင်း၊ မြောင်းမြမြို့ရှိ အဝေးပြေးကားဝင်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ: RFA)

  • ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းအပြင်  အမျိုးသမီး ၁ ဦးကိုပါ ခြိမ်းခြောက် မုဒိမ်းကျင့်

    ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းအပြင် အမျိုးသမီး ၁ ဦးကိုပါ ခြိမ်းခြောက် မုဒိမ်းကျင့်

    မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဦးနှင့် ပျူစောထီးများက စစ်မှုထမ်းစာရင်း အကြောင်းပြ၍ ငွေညှစ်ခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းအပြင် အမျိုးသမီး ၁ ဦးကိုပါ ခြိမ်းခြောက် မုဒိမ်းကျင့်

    မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဦးနှင့် ပျူစောထီးများက စစ်မှု ထမ်း စာရင်း အကြောင်းပြ ကျေးရွာနေပြည်သူများအပေါ် ငွေညှစ်နေသည့်အပြင် ပျူစောထီး စိုးသူ ဆိုသူကလည်း ကျေးရွာနေ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီအချိန် မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာနေ မောင်ဘိုလွန်းသည် ရွာလည်ပိုင်းဈေးဆိုင်တွင် ဈေးဝယ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဦးနှင့် နောက်လိုက်ဖြစ်သူ ပျူ စောထီး ကိုဦးတို့က အလုပ်ခိုင်းစရာရှိသည်ဟုဆိုကာဆိုင်ကယ်ပေါ်တင်၍ ခေါ်ဆောင်သွားပြီး မြို့ နယ်စစ်ကောင်စီရုံးသို့ စစ်မှုထမ်းခိုင်းရန် ပို့ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မြို့နယ်စစ်ကောင်စီရုံးက အရက်သမားဖြစ်နေ၍ စစ်မှုထမ်းရန် မဖြစ်နိုင်သောကြောင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

    “ မောင်ဘိုလွန်း ဈေးဝယ်နေတုန်း အုပ်ကြီးက အလုပ်ခိုင်းစရာရှိလို့ ခဏလိုက်ခဲ့ဦးဆိုပြီး ဆိုင်ကယ်ပေါ်တင်ခေါ်သွားတာ၊ ပြီး တော့ စစ်မှုထမ်းလူစုနေတဲ့ ရုံးကို သွားပို့လိုက်တယ်။ ဘိုလွန်းက အရက်သမား၊ အရက် မသောက် ရင်လုံးဝမနေနိုင်ဘူး။ အရက်မသောက်ရရင်ခြေတွေ၊ လက်တွေတုန်နေတာ၊ အဲဒါကို ငွေပေးမှ ပြန်လွှ တ်ပေးမယ်လုပ်သေးတယ်။ ဘိုလွန်းမှာက ငွေလည်းပေးစရာရှိဘူး။ နောက်ကနေ ငွေပေး ရွေးနိုင် တဲ့သူလည်းမရှိတော့ ဘာမှအသုံးမဝင်ဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်တာ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောကြားသည်။

    ရွှေပန်းကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဦးနှင့် နောက်လိုက်ပျူစောထီးများဖြစ်ကြသည့် ကိုဦး ၊ စိုးသူ ၊ မြင့်ငွေ ၊ မျိုးမင်း ၊ အောင်သန်းစိုး နှင့် ဇော်လင်းဦးတို့သည် စစ်မှုထမ်းစာရင်းကို အကြောင်းပြကာ တစ်အိမ်လျှင်‌ ငွေကျပ် ၃၀၀၀၀ (သုံးသောင်း) ကောက်ခံနေသည့်အပြင် ချိန်းဆော ဖြင့် သစ်ခုတ်၊ မျောခုတ်လုပ်ကိုင်အသက်မွေးနေကြသူများကိုလည်း တစ်လလျှင် အခွန်း ၄၅၀၀၀ (လေးသောင်းငါးထောင်ကျပ်)နှုန်းကောက်ခံကြောင်း၊ ထို့အပြင် ကျေးရွာလုံခြုံရေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် ၂ ကြိမ်နှုန်း ကင်းစောင့်ပေးရပြီး မစောင့်နိုင်ပါက ငွေကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) နှုန်းကောက်ခံနေကြောင်း သိရသည်။

    ထို့အပြင် ရွှေပန်းကျေးရွာ ပျူစောထီးအဖွဲ့ဝင် စိုးသူက ကျေးရွာအသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ကာ တိုင်ကြားလျှင် သတ်ပစ်မည်ဟုခြိမ်းခြောက်ထားကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။

    ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာနေ အသက် ၂၀ အရွယ် အမျိုး သမီးတစ်ဦးနှင့် ချစ်ကြိုက်နေသူ မြေပြင်သာအုပ်စု၊ ကိုဒူကျေးရွာမှ လူငယ်တစ်ဦးက ရွှေပန်းကျေးရွာ သို့ လာရောက်စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဦးနှင့် ပျူစောထီးအဖွဲ့ဝင် စိုးသူ၊ ကိုဦးတို့က ဖမ်းဆီးခဲ့ ကြောင်း ၊ ထိုသို့ ဖမ်းဆီးလိုက်ပြီးနောက် ပျူစောထီးအဖွဲ့ဝင် စိုးသူက အဆိုပါ လူငယ်၏ ချစ်သူ အမျိုးသမီးကို သွား ရောက်ခေါ်ဆောင်ကာ ရွှေပန်းချောင်းအနီးတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ တိုင်ကြားလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် ဖမ်းဆီးထားသူ လူငယ်အမျိုးသားကို စစ်ဆေး ကာပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

    “စစ်ဆေးရေးဂိတ်မှာဖမ်းတဲ့ လူငယ်က သူ့ကောင်မလေးကိုလာတွေ့တာပြောတော့ ပျူစောထီး စိုးသူက ကောင်မလေးကို သွားခေါ်တာ၊ နင်ချစ်သူရောက်နေတယ်၊ တွေ့ဖို့လိုက်ခဲ့ဆိုပြးခေါ်တော့ ကောင်မလေးကလိုက်လာတာ၊ အဲဒီမှာ ရွာရဲ့အရှေ့ဘက်ရွှေပန်းချောင်းထဲခေါ်သွားပြီး မုဒိမ်းကျင့် တာ၊ ကျင့်ပြီးတော့ ဘယ်သူ့မှ မပြောရဘူး၊ ပြောရင် တိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ ပြီးမှ စစ်ဆေး ရေးဂိတ်ကိုခေါ်သွားပြီး နင့်ကောင်လေးဟုတ်လားဆိုပြီး မေးတော့ ဟုတ်ပါတယ်လို့ ပြောမှ ပြန်လွှတ်ပေးတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

  • ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်

    ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်

    ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်အသိပေး

    ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေးအတွက်ကြိုတင်ပြင်ဆင်ထားကြပါရန်အသိပေးအပ်ပါသည်။

    အရေးကြီးစာရွက်စာတမ်းများ ဆေးဝါးများ

    ရေ/ ကြာရှည်ခံအစားအစားအသောက်များ(ပုတ်သိုးမလွယ်သောအစားအစာ)

    ညဓာတ်မီး

    Power Bank

    ရွှေငွေများ

    ဖြစ်မယ်/ မဖြစ်ဘူး မပြောလိုပါ

    သို့ပေမယ့် ကြိုတင်ပြင်စေခြင်သည့် သဘောသာဖြစ်ပါသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့

  • ဒလ၊ ဆင်ခြေဖုံးရပ်ကွက်မှ မထင်မရှား  ကျော်စွာလင်းကို အနာဂတ်တပ်ချုပ်ရာထူးပေးဖို့ မင်းအောင်လှိုင် ရည်ရွယ်နေတာလား

    ဒလ၊ ဆင်ခြေဖုံးရပ်ကွက်မှ မထင်မရှား ကျော်စွာလင်းကို အနာဂတ်တပ်ချုပ်ရာထူးပေးဖို့ မင်းအောင်လှိုင် ရည်ရွယ်နေတာလား

    စစ်မတိုက်ဖူးသူကို ညှိ/ကွပ်ရာထူးပေးလို့ စစ်တပ်ထဲမှာ ဝေဖန်သံတွေ အကြီးအကျယ် ဆူညံ

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးနဲ့ စစ်ထောက် ချုပ် ရာထူး ပူးတွဲ ရယူထားတဲ့ သူ့ လူယုံ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ရာထူးတိုးပေးလိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး အဆင့်ကနေ ဗိုလ်ချုပ်ကြီးရာထူးတိုးပေးပြီး စစ်တပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

    ဒီလိုရာထူးတိုးပေးလိုက်တာကြောင့် နံပါတ် ၃ ခေါင်းဆောင်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တပ်ချုပ်ရာထူးအတွက် လျာထားတယ်လို့ စစ် တပ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုလာပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဘက် သမ္မတရာထူးရယူနိုင်ဖွယ်ရှိတယ်လို့ တပ်သတင်းရင်းမြစ်တွေက ခိုင်ခိုင်မာမာ ပြောဆိုလာပါတယ်။

    အသက် ၅၀ ကျော်ဝန်းကျင် သာရှိသေးတဲ့ ကျော်စွာလင်းကို စစ်တပ်ရဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး အဖြစ် တာဝန်ပေးအပ်လိုက်တာ အနာဂတ်တပ်ချုပ်ရာထူးအတွက် ရည်ရွယ်ထားမှုကို မြင်ရတဲ့အပြင် အခြားတစ်ဖက်မှာလည်း တစ်ခါ စစ်မတိုက်ဖူးသေးတဲ့ သူတစ်ဦးကို နံပါတ် ၃ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးပေးလိုက်တာမို့ စစ်တပ်ထဲမှာ အလိုမကျမှုတွေက အကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်း ဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ထောက်ချုပ်တာဝန်ရယူခဲ့ပါတယ်။ အဲဒီနောက် စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ၂၀၂၃ ခုနှစ်မှာ ပူးတွဲ တာဝန်ယူခဲ့ပါတယ်။

    ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာ လင်းက G3 ဘ၀ကစလို့ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ စစ်မတိုက်ဖူးပါဘူး။ ကိုယ်ရေးအရာရှိရာထူး၊ စစ်ရုံးမှာပဲ ရုံးစီမံခန့်ခွဲရေး ရာထူး တာဝန်တွေကိုသာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူရာထူးတက်ခဲ့တဲ့အဆင့်ဆင့်ကလည်း အဖားကောင်းလို့ ရာထူး ရသူလို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ကျော်စွာလင်းက မင်းအောင်လှိုင်ကို ဆရာလိုတစ်မျိုး၊ အဖေလိုတစ်ဖုံ ကိုးကွယ်သူလို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တစ်ချိန်က သန်းရွှေကို မင်းအောင်လှိုင်က ခြေသုတ်ပုဆိုး မြေစွယ်ကျိုး ကျိုးနွံ့ကိုးကွယ်ခဲ့သလိုပါပဲ။ ကျော်စွာလင်းကို လူယုံအဖြစ် လက်သက်မွေးထားတာက မင်းအောင်လှိုင်ဖြစ်ပါတယ်။

    အသက်ငယ်ငယ်နဲ့ ဗိုလ်ချုပ်ကြီးရာထူးရလာသလို အခြားတစ်ဖက်မှာလည်း တပ်ချုပ်ရာထူးကို မျှော်မှန်းတဲ့အထိ ကျော်စွာလင်းက ရည်မှန်းချက်ကြီးသူလို့ ဆိုပါတယ်။ သူ့ရှေ့က စီနီယာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလို အဖြစ်မခံနိုင်တဲ့အတွက် လာဘ်ပေးလာဘ်ယူကိစ္စတွေကိုတော့ သူတတ်နိုင်သမျှ ရှောင်တာတွေ့ရတယ်လို့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ သူအမြဲ ကြွေးကြော်တာက သူက အဂတိတရားကင်းတယ်၊ ဘယ်တော့မှ လာဘ် မစားဘူးကွဆိုပြီး ရှေ့လူ(ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း) ထက်သာ တယ်လို့ မကြာခဏ ကြွားလုံးထုတ်ပါတယ်။

    မင်းအောင်လှိုင်ရဲ့ မြှောက်စားမှုနဲ့ ဒုချုပ် စိုးဝင်းနဲ့ ညှိကွပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို အရင်ကတည်းက သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။ အဆင့်တူ ဒုတိယ ဗိုလ်ချုပ် ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကိုတောင် ရာထူး ဂုဏ်မောက်ပြီး မောက်မောက်မာမာ ပြောဆို ဆက်ဆံပါတယ်။ အခုလို စစ်တပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင် ဖြစ်လာချိန်မှာတော့ ပိုပြီးတော့ မောက်မာလာဖို့ရှိနေတာကတော့ သေချာပေါက်ပါပဲ။ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတွေမှာ သူက ဦးဆောင်ပြောပြီး သူ့ထက် စီနီယာ တချို့ရဲ့ တင်ပြချက်တွေကိုလည်း ဆုံးအောင် နားထောင်လေ့မရှိဘူးလို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ကျော်စွာလင်းမှာ မင်းအောင်လှိုင် သဘောကျတဲ့အချက်တစ်ခုကတော့ အုပ်စုမဖွဲ့ဘဲ မင်းအောင်လှိုင်ကိုသာ ဘုရားလို ကိုးကွယ်တာပါ။ ဒီအချက်ကို မင်းအောင်လှိုင်က အဓိက သဘောကျတာလို့ ဆိုပါတယ်။ အရပ်ပုတာချင်းလည်းတူ၊ အထက်အရာရှိကို ကျိုးနွံ့တာချင်းလည်း တူတဲ့အတွက်တော့ မင်းအောင်လှိုင်က ကျော်စွာလင်းကို သူ့ကိုယ်ပွားလို့ မြင်ပုံရတယ်လို့ တပ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ကျော်စွာလင်းရဲ့ ဖြစ်တည် လာရာလမ်းကြောင်းကို ပြန်ကြည့်ရင်လည်း သူက ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တဲ့ အံကြီးရပ်ကွက်မှာ မထင်မရှား မွေးဖွားခဲ့သူဖြစ်ပြီး မွေးဖွားချိန်က မိဘတွေက ဆင်းရဲလွန်းပါတယ်။ မိခင်ဖြစ်သူက အချိန်တော်တော်ကြာ ပဲပြုတ်ရောင်း၊ စျေးရောင်းပြီး ကျော်စွာလင်းကို ကျွေးမွေးခဲ့ရတာလို့ဆိုပါတယ်။ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းက လာသူ၊ စီးပွားရေးနောက်ခံ ဘက်ဂရောင်း ကြီးကြီးမားမား မရှိသူ စတဲ့ အချက်တွေက မင်းအောင်လှိုင်အတွက် သူ့ကို တစ်ချိန် ဘေး မဖြစ်စေဖို့ အဓိက ဦးတည်ရွေးချယ်နေပုံရတယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ရှေ့တန်းမှာ စစ်မတိုက်ခဲ့ဖူးသူ၊ ဒလမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ မထင်မရှား ဆင်းဆင်းရဲရဲ မွေးလာသူ ကျော်စွာလင်းကို နံပါတ် ၃ စစ်ခေါင်းဆောင်အဖြစ် မင်းအောင်လှိုင် တာဝန်ပေးတာက တပ်ချုပ်ရာထူးကို သူလက်လွှတ်တဲ့အခါ သူ့ကို အန္တရာယ်မပေးနိုင်တဲ့သူကို တမင် စီစဉ် ရည်ရွယ် ရွေးချယ်မှုအဖြစ် စစ်တပ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုကြပါတယ်။

  • ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ

    ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ

    ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

    KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

    KIA က ဗန်းမော်မြို့ကို ဒီဇင်ဘာလ ပထမပတ်ထဲက စတင်ကာ ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA တပ်တွေပြင်းထန်တဲ့ထိတွေ့တိုက်ပွဲ သုံးနေရာမှာ မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းအမြစ်အချို့ကဆိုပါတယ်။

    မနေ့က ဒီဇင်ဘာ ၂၂ ရက်ကတော့ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA/PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး တက္ကသိုလ်အပါဝင် အနီးအနားနေရာတွေကို ထိန်းချုပ်လိုက်ပြီလို့ ဖော်ပြထားပါတယ်။

    ဗန်းမော်မြို့တွင်းမှာ KIA တပ်တွေက ပြောက်ကျားစနစ်နဲ့ ဆက်တိုက်ဝင်ရောက် တိုက်ခိုက်မှုတွေရှိနေပြီး၊ အချက်အချာနေရာတွေကနေ လက်ဖြောင့်စနိုက်ပါတွေနဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြည့်ပစ်ခတ်နေတယ်လို့ KIA ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

    KIA ဘက်ကတော့ မြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ အခြေစိုက်ထားတဲ့ ရဲစခန်းကိုတိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ရှေ့တိုးဖို့ခက်နေပြီး တိုက်ပွဲက ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

    မြို့ရဲ့ နေရာတစ်ချို့မှာ အရပ်သားပြည်သူတွေ ပိတ်မိနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးအချို့ကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

    ဗန်းမော် စစ်ရေးသတင်းများကို အဓိကဖော်ပြနေတဲ့ Banmaw Scout Team ရဲ့ ဖော်ပြချက်တွေအရ ဗန်းမော်မြို့ ဝန်းကျင်၌ တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ကန်ဦးကျောင်းအနီးမှာပါ တိုက်ပွဲပြင်းထန်နေတယ်လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် ၂မိုင် လေယာဉ်ကွင်း ဝန်းကျင်နှင့် စကခ (၂၁) ဝန်းကျင်၌လည်း တိုက်ပွဲများ ဆက်ရှိနေပြီး ခလရ(၄၇) တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ကာ ပြန်လည်သိမ်းယူနိုင်တော့မယ်လို့ ဝါဒဖြန့်ရေးသားနေပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခံစစ်အနေအထားနဲ့ သာ ခုခံနေတယ်လို့ သိရပါတယ်။

    နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက် လေကြောင်းပစ်ကူတာတွေ ရှိနေပြီး တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်သာမက လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါ ဗန်းမော်မြို့ပေါ်က လူနေအိမ်တွေလည်း ကြီးကြီးမားမားထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

    ဗန်းမော်မြို့က KIA ပူးပေါင်းအဖွဲ့ရဲ့ အောင်မြင်မှုထဲက တချို့တဝက်အား တွေ့ရစဉ်

    Awng Dang