Category: News

  • နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

    စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးသည် စစ်ကောင်စီဘက်က ရပ်တည်ပြီး တတ်နိုင်သမျှ ထောက်ခံမှုပေးရမည်ဟု စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) နေပြည်တော်နယ်မြေ၏ စစ်သွေးကြွဥက္ကဋ္ဌက ပြောသည်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် USDP ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ ဖြစ်လာသည့် ဘူးလက်ဟု အမည်တွင်သော ဒုဗိုလ်မှူးကြီးဟောင်း လှဆွေက စစ်တပ်ကျောထောက်နောက်ခံပြု ဘူးလက် သတင်းဂျာနယ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် စာစောင်တွင် အထက်ပါအတိုင်း ရေးသည်။

    လက်ရှိအခြေအနေတွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပရန် ဆန္ဒရှိပါက မပြတ်မသား မလုပ်ဘဲ စစ်ကောင်စီ တနည်းအားဖြင့် စစ်တပ်ဘက်က ရပ်တည်ရမည်ဟု ရေးသည်။

    မြန်မာစစ်တပ်သည် ဗမာအဖွဲ့များအပါအဝင် အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်နေရကြောင်း သူရေးပြီး ထိုအဖွဲ့များက စစ်တပ်ကိုဖြုတ်ချနိုင်ဖွယ် မရှိလျှင်ပင် နိုင်ငံရေးပါတီများသည် ဆုံးရှုံးသွားသောမြို့များနှင့် စစ်စခန်းများကို ပြန်လည်သိမ်းယူရန် စစ်တပ်နှင်အတူ ရပ်တည်ရမည်ဟု သူပြောသည်။

    စစ်တပ်အတွက် လူသစ်စုဆောင်းမှု ၂ ဆတိုးရန် ကူညီရေးအတွက် အသင့်ရှိသည်ဟု မြန်မာနိုင်ငံအလယ်ပိုင်းမှ အမည်ဆိုးကျော်ကြားသည့် စစ်ကောင်စီ၏ မဟာမိတ် ပျူစောထီးများကို လက်နက်တပ်ဆင်ရာတွင် အဓိကအခန်းမှ ပါဝင်သည့် ဘူးလက်လှဆွေက ရေးသည်။

    အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် သူ၏ အလုပ်သမားများ ပြန်လည်လွတ်မြောက်ရေး ဆောက်လုပ်ရေးကန်ထရိုက်တာတဦးက အကူအညီတောင်းသည်ကို ငြင်းခဲ့ကြောင်း ထိုဆောင်းပါးတွင် ဂုဏ်ယူစွာ သူရေးသည်။

    နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အတင်းအကျပ်စစ်သားစုဆောင်းခံရသူ ၃ ဦး လွတ်မြောက်အောင် လုပ်ပေးသည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီဝင်အချို့ကိုလည်း သူဝေဖန်ပြီး ထိုသို့လုပ်ခြင်းသည် စစ်တပ်အင်အားကို ထိခိုက်စေသည်ဟု ပြောသည်။ ထိုပါတီ ရွေးကောက်ပွဲနိုင်လျှင် မြန်မာစစ်တပ်အင်အား မတောင့်တင်းနိုင်ကြောင်း သူ ဆက်ရေးသည်။

    ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်သည့် စစ်တပ်ချုပ်ရေးအပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် အရပ်ဝတ်ဖြင့် အာဏာဆက်လက်ချုပ်ကိုင်ရေးအတွက် USDP ကို ဗိုလ်ချုပ်များတည်ထောင်ခဲ့သည်။

    လက်ရှိ USDP ဥက္ကဋ္ဌ ခင်ရီသည် USDP အကြီးအကျယ်ရှုံးနိမ့်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်ခဲ့သည်။ ထိုစဉ်က ပါတီဒုဥက္ကဌဖြစ်သော ခင်ရီသည် ၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုကို လမ်းခင်းပေးသည့် ဆန္ဒပြပွဲများကို စီစဉ်ခဲ့သည်။

    စစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၁ ခုတို့၏ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်အစည်းအဝေးတွင် USDP က ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်လျှင် လက်နက်ကိုင်ရန် ကတိပြုသည်ဟု ထိုအစည်းအဝေးတက်သည့် ကိုယ်စားလှယ်များထံမှ သိရသည်။

    ဦးသိန်းစိန်၏ အရပ်သားတပိုင်း စစ်သားတပိုင်း အစိုးရအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပစဉ် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ပဋိပက္ခကို ဆွေးနွေးဖြေရှင်းမရလျှင် “ဘူးလက်” ကျည်ဆံဖြင့် ဖြေရှင်းခြင်းသည် အကောင်းဆုံးဖြစ်နိုင်သည်ဟု သူပြောခဲ့သောကြောင့် ဘူးလက် အမည်ကို ၂၀၁၃ ခုနှစ်တွင် သူ ရခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သောကြောင့် အစိုးရဆန့်ကျင်မှု စွဲချက်များကို သူရင်ဆိုင်ရသည်။

    သူသည် မကွေးတိုင်း ဂန့်ဂေါတွင် ပျူစောထီးတပ်များကို ဖွဲ့စည်းလက်နက်တပ်ဆင်ရာတွင်လည်း ပါဝင်ခဲ့သည်။ ဂန့်ဂေါသည် ဦးသိန်းစိန် အစိုးရခေတ်က သူ လွှတ်တော်အမတ်လုပ်ခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

    ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခြင်းအား ထောက်ခံသည့် မြို့တော်ခန်းမ ပြင်ပဆန္ဒပြပွဲတခုကိုလည်း ၂၀၂၂ ခုနှစ် ဇူလိုင်လက သူစီစဉ်ခဲ့သည်။

    စစ်သားတယောက်သေတိုင်း သေဒဏ်ကျနေသည့် အတိုက်အခံတဦးကို ကွပ်မျက်ပါက စစ်ကောင်စီ စစ်သားများ အသတ်ခံရမည် မဟုတ်တော့ကြောင်းလည်း လူမှုကွန်ရက်တွင် သူရေးခဲ့သည်။

  • “ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတဲ့ စစ်ခွေး”

    “ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတဲ့ စစ်ခွေး”

    ဒီကနေ့ မန္တလေးတိုင်း မတ္တရာနယ်မှာ တော်လှန်ရေး တပ်တွေနဲ့ အကြမ်းဖက် စစ်ရှုံးကောင်တွေ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ငစနူ စောက်ပဲ့ စစ်ခွေးတွေက ငပျူတွေလို ခံမချပဲ ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးတယ် ဆိုပြီး ပါရာဇိက ငပေါက်က ဖော်ကောင် လုပ်ထားလေရဲ့..

    သတ္တိကြောင်တဲ့ ဂန်ဒူးမ စစ်တပ်ကတော့ ငပျူတွေရှေ့မှာ စောက်ရှက်တွေ ကွဲပြီးရင်း ကွဲ..

    အ..ဟစ်..ဟစ်..

  • မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွား

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေး

    မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရမှု ရွှေ ၄ ပိဿာကျော်ပါသွားပြီး တရားခံများ မမိသေးကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူတချို့ထံမှ သိရှိရသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်း အကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်သွားခဲ့ကြောင်း၊ လတ်တလော ရွှေ ၄ ပိဿာဝန်းကျင်ပါသွားသည်ဟုဆိုနိုင်ကြောင်း၊ တရားခံ ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

    “ဓားပြတိုက်တဲ့အဖွဲ့က ဆိုင်မှာ လူအဝင်၊အထွက် အချိန်နဲ့ ရွှေအထားအသို၊ ဆိုင်အနေအထား အတိအကျ ကို သေချာလေ့လာပြီးမှ လုပ်တဲ့သဘောဖြစ်လို့ ဒီဆိုင်နဲ့ မစိမ်းတဲ့ သူမျိုး၊ ရင်းနှီးကျွမ်းဝင်ပြီးသားထဲက ဖြစ်နိုင်ပါတယ်။ လက်ရှိတော့ တရားခံ ဖမ်းမိခြင်းမရှိသေးပါဘူး” ဟု မန္တလေးရဲသတင်းရင်းမြစ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒေသခံပြည်သူတချို့ကလည်း စစ်တပ်နှင့်ရဲများက ဓားပြတိုက်ခံရသော ရွှေဆိုင်အနီးရှိ နေအိမ်များမှ CCTV များကို လိုက်လံတောင်းခံသွားကြောင်း ပြောဆိုသည်။

    မန္တလေးတွင် ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး ယခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ကို လူ ၇ ဦးက သေနတ်များဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့ကို ဓားပြတိုက်လုယက်သွားခဲ့ကြောင်း၊ ယခုနှစ် မေလ ၃၁ရက်နေ့ကလည်း မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား ၃၉ လမ်းနှင့် လမ်း ၄၀ အကြား မန်းမြို့ဈေးအတွင်းမှ ‘ဆယ်သန်း’ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

  • နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    နပခ တိုင်းစစ်ရုံးမကျရေး AA ထိုးစစ်ကို ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ စစ်ကောင်စီ ခုခံနေ

    ရခိုင်ပြည် အမ်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း နပခ တိုင်းစစ်ရုံးမကျရေး ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံနေကြောင်း သိရသည်။

    အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို နပခ တိုင်းစစ်ရုံးထဲမှ အင်အားရာချီခန့်ဖြင့် စစ်ကောင်စီတပ်ဖွဲ့များမှာ အသည်းအသန် ခုခံကာကွယ်နေကြောင်း AA က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်ညက ထုတ်ပြန်ထားသည်။

    “နပခ တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော ရန်သူတို့သည် မိမိတို့၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။ ထို့အပြင် ရန်သူသည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ဤကဲ့သို့ လက်နက်ကြီးပစ်ကူများကြောင့် တိုင်းစစ်ရုံးအတွင်းရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များထံ ထိမှန်ကျရောက်၍ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်” ဟု ထုတ်ပြန်ထားသည်။

    စစ်ကောင်စီမှာ ရခိုင်ရိုးမတောင်တန်းထက်က လက်နက်ကြီးများပစ်ခတ်၍ ခုခံနေသော်လည်း အဆိုပါ လက်နက်ကြီးကျည်များမှာ နပခ တိုင်းစစ်ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းတို့ စစ်ကောင်စီတပ်သားများသာ ထိခိုက်သေဆုံးသွားသည်ဟု သိရသည်။

    အာရက္ခတပ်တော်သည် မောင်တောမြို့နှင့် တောင်ကုတ်မြို့က စစ်ကောင်စီ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီးသည့်နောက်တွင် အမ်းမြို့နှင့် ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

    အမ်းမြို့နယ်က စစ်ကောင်စီ၏ တပ်ရင်းများ၊ ဗျူဟာကုန်းများ၊ စစ်စခန်းများ စသည့် စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပြီးနောက် AA သည် အမ်းမြို့ထဲကို ထိန်းချုပ်ထားသည်။

    နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းစစ်ရုံးကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုင်းစစ်ရုံးထဲ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ကြောင်း AA က ပြောသည်။

    စစ်ကောင်စီသည် လေကြောင်းမှ မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း နပခ တိုက်ပွဲမှာ မြေပြင်တိုက်ပွဲထက် လေကြောင်းပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    အာရက္ခတပ်တော် AA ၏ စစ်ရေးအသာစီးရခြင်းနှင့် အသက် မသေစေလိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် AA ထံ လက်နက်ချ အလင်းဝင်လာသူများ ဆက်တိုက်ရှိနေပြီး AA ၏ ထုတ်ပြန်ချက်အရ အလံဖြူထောင်အလင်းဝင်သူ စစ်ကောင်စီတပ်သား ရာနှင့်ချီရှိကြောင်း တွေ့ရသည်။

    “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဟု AA က စစ်ကောင်စီတပ်သားများကို အသိပေး သတင်းစကားပါးထားသည်။

    လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာမခံကြောင်းလည်း အာရက္ခတပ်တော် AA က ကတိပေး ပြောဆိုထားသည်။

    ပုံစာ – ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းစစ်ရုံး တိုက်ပွဲများကြောင့် မီးလောင်းနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ – AA)

  • အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    မောင်တော နခခ ၅ မှ ထွက်ပြေးနေသော အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိ

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးစားစဉ် စစ်တပ်၏မိုင်းကို ပြန်နင်းမိ၍ သွေးထွက်လွန်ကာ သေဆုံးခဲ့

    ရခိုင်ပြည်၊ မောင်တောမြို့နယ် အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅) မှ ထွက်ပြေးနေသော အမှတ် ၂၂ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးကို အခေါက်ရွှေ၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ အသေဖမ်းဆီးရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံး၊ ရွှေထည်တချို့ အပါအဝင် ငွေကျပ် သိန်း ၈၀၀ ခန့်နှင့်အတူ မောင်တောမြိုနယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်တပ်နှင့် အဆက်အသွယ်ရှိနေသော မွတ်စလင်များ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးစားစဉ် မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

    AA က ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မောင်တောမြို့တွင် တစ်ခုတည်းကျန်ရှိနေခဲ့သော နခခ ၅ စခန်းကြီးကို အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတွင် အဆိုပါစခန်းမှ လက်နက်ချအညံ့မခံဘဲ ကစဉ့်ကလျား ထွက်ပြေးနေကြသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲဝင်များတွင် ဗိုလ်မှူးကြီး အောင်နေမျိုးပါဝင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ဘူးသီးတောင်မြို၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    ဗိုလ်မှူးကြီး အောင်နေမျိုးသည် စစ်တပ်ဘက်တော်သား မွတ်စလင်များ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက် ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေ စောင့်တပ်များ၏ အချိန်ပြည့် ဝိုင်းရံပိတ်ဆို ရှာဖွေမှုများအောက်တွင် လွတ်မြောက်ရန် အခွင့် အရေးမရခဲ့ဘဲ ၎င်းတို့ထောင်ထားသော မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်မှူးကြီး အောင်နေမျိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အခြေစိုက် အမှတ် ၂၂ ခြေမြန်တပ်မ ဌာနချုပ်၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် မောင်တောမြို့သို့ တာဝန် ချထားခြင်းခံရသူဖြစ်ကြောင်း၊ သေဆုံးချိန်တွင် အသက် ၅၀ ကျော်န်းကျင်ရှိပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်မတော်ဆိုင်ရာ စွမ်းဆောင်ရည် ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော စစ်မှု ထမ်း ကောင်းတံဆိပ်ကို ချီးမြှင့်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။