Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားထားကြောင်း သာသနာရေးဝန်ကြီးဌာနက ဖြေကြားသည်။ အဆိုပါ Miss Grand Myanmar ပြိုင်ပွဲတွင် အလှမယ်တစ်ဦးက သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့မှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်နေမှုအပေါ် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် သာသနာရေးဝန်ကြီးဌာနက ထိုသို့ဖြေကြားသည်။ သာသနာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ်အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင်အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆ […]