ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (Myanmar National Democratic Alliance Army-MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) နဲ့ ဒေသခံမှတ်ပုံတင်ကတ်ပြားတွေ တရွာချင်းစီ လိုက်လံ ပြုလုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံအမျိုးသားတယောက်က “အိမ်ထောင်စုစာရင်းနဲ့ ဒေသခံမှတ်ပုံတင်ကို တပြိုင်တည်း လုပ်ပေးနေတယ်။ ဒေသခံကတ်တခုကို ကျပ် ၁၈,၀၀၀၊ အိမ်ထောင်စုစာအုပ်ကို ကျပ် ၆,၀၀၀ ပေးရတယ်။ အခု နမ့်စလပ်ရွာက ရွာခံတွေကို လုပ်ပေးနေပြီး တရက်ကို လူ ၁၀၀ ကျော်လောက် လုပ်ပေးနေတယ်” လို့ပြောပါတယ်။ အဲဒီ ဒေသခံ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြားကို သိန္နီမြို့ရှိ အရင်က စစ်ကောင်စီ လဝကရုံးဟောင်းမှာ ပြုလုပ်ပေးနေပြီး ရွာတိုင်းမှာ နာမည်စာရင်း ကြိုတင်ကောက်ယူကာ […]