Category: News

  • ဧရာဝတီတိုင်း၌ မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်များ စစ်ကောင်စီ ပြန်ဖွင့်

    ဧရာဝတီတိုင်း၌ မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်များ စစ်ကောင်စီ ပြန်ဖွင့်

    ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။

    “ဧရာဝတီတိုင်း မြို့တော်တော်များများမှာ စစ် ဆေးရေးဂိတ်တွေပြန်ဖွင့်ထားတယ်။ ခရီးသွားတွေအနေနဲ့ ဒါကို သတိပြုဖို့လိုပါတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီး ငွေညှစ်တာတွေရှိနေတယ်။ စစ်ဆေးရေးဂိတ်တွေမှာက ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများတယ်”ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ဒေသခံတစ်ဦးကပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းတွင် ၂၀၂၁မှစကာ စစ်ဆေးရေးဂိတ်များဖွင့်ခဲ့ပြီး ခရီးသွားကားများ၊ အိမ်စီးကားများအား စစ်‌ဆေးပြီး သံသယရှိသူများအား ဖမ်းဆီးခဲ့သည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို စစ်ကောင်စီက ၂၀၂၃ နှစ်လယ်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

    ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့ဝင်ရောက်သည့် ပန်တိုင်စစ်ဆေးရေးဂိတ်တစ်ခုသာ ဆက်ဖွင့်ခဲ့သည်။

    ယခုရက်ပိုင်းတွင် ပုသိမ်၊ ဟင်္သာတ၊ မအူပင်မြို့အပါအဝင် ဧရာဝတီတိုင်းအတွင်း မြို့များအားလုံး၏အဝင်၊ အထွက်နေရာများတွင် စစ် ဆေးရေးဂိတ်များ ပြန်ဖွင့်ထားခြင်းဖြစ်သည်။

    ” ဂိတ်ဖွင့်တယ်။ ပိုက်ဆံတောင်းတယ်။ အရက်သောက်တယ်။ တစ်ရာပေးလည်းယူ နှစ်ရာပေးလည်းယူ၊ သူတောင်းစားကမှ သူတို့ထက် သိက္ခာရှိတယ်”ဟု ညောင်တုန်းမြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိကာလတွင် ရခိုင်ပြည်နယ်နှင့် ဧရာတီတိုင်းနယ်စပ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအနီး မြို့နယ်အချို့တွင် စစ်ရေးတင်းမာနေသည့် အခြေအနေရှိသည်။

    ထို့ကြောင့် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း လုံခြုံရေးတိုးထားခြင်းဖြစ်သည်။

    ဧရာဝတီတိုင်းအတွင်း မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များ ပြန်ဖွင့်ထားသလို မြို့တွင်း၌လည်း အရပ်ဝတ် ပျုစောထီးများ၊ယူနီဖောင်းဝတ် ပြည်သူ့စစ်များက ကင်းလှည့်နေသည်။

    ထို့အပြင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများလည်း ရှိနေသည်။

    (ဧရာဝတီတိုင်းသွားရာလမ်းပိုင်းတစ်ခုတွင် ယာဉ်စစ်ဆေးမှုပြုလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – စကစ)

  • အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

    အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

    မြ၀တီမြို့သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ချီတက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။

    “ ဇန်နဝါရီ ၁၂ ရက်နေ့လောက်က အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို ဝင်တိုက်ပြီး သိမ်းဆည်း ရရှိခဲ့တာပါ။ သေဆုံးထိခိုက်မှုကတော့ အတိအကျ မသိရသေးပါဘူး။ တိုက်ပွဲက နေ့တိုင်းထိတွေ့မှုရှိ ပါတယ်၊ လေကြောင်းအသုံးပြုတာတွေလည်း ရှိပါတယ်။” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်း များဖြစ်သော ကျားသစ်နက်စစ်ကြောင်း ၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ အနေနဲ့ စစ်ဆင်ရေးတွေ မရပ်မနားဘဲ နေ့စဉ်မပျက် စစ်ကောင်စီကို တိုက်ခိုက်နေပါ တယ်၊ ဒီလိုတိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီလည်း အင်အားယိုင်နဲ့လာပြီဖြစ်လို့ ပြည်သူ တွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

    ဓာတ်ပုံ – အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ကိုသိမ်းပိုက်ရာက သိမ်းဆည်းရရှိသော လက်နက် ၊ ခဲယမ်းများ။

  • တရုတ် မှ ကျားဖြန့် ဂိုဏ်းများကို ဓါးကြိမ်း ကြိမ်းပြီ

    တရုတ် မှ ကျားဖြန့် ဂိုဏ်းများကို ဓါးကြိမ်း ကြိမ်းပြီ

    ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို တောင်းဆို

    ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တရုတ်နိုင်ငံသားများ မကြာခဏဆိုသလို လူကုန်ကူးခံရမှုများ ပေါ် ပေါက်လာပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဆီယံနိုင်ငံများသို့ တောင်းဆိုလိုက်သည်။

    အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် တယ်လီကွန်းငွေလိမ်လည်မှုများ နှိမ်နင်းရန် ပြတ်သားပြင်းထန်သော စီမံချက်များဖြင့် ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဇန်နဝါရီ ၁၆ ရက်က တောင်းဆိုခဲ့ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်ငွေလိမ်လည်မှုများက တရုတ်နိုင်ငံသားများနှင့် အခြား နိုင်ငံသားများကို ခြိမ်းခြောက်နေသည့်အပြင် အန္တရာယ်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အပြည်ပြည်ဆိုင်ရာ ခရီးသွားများအားလုံး ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်သော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးအတွက် တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ဒေသတွင်း သံတမန်များနှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့သည်။

    အာဆီယံနိုင်ငံများနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် တရုတ်နိုင်ငံ၏ ကမ်းလှမ်းချက်သည် အရှေ့တောင်အာရှတွင် ကျားဖြန့် ငွေလိမ်လည်မှုနှင့် လူမှောင်ခိုကူးမှုတို့ကြောင့် ကြီးထွားလာနေသော ခြိမ်းခြောက်မှုအပေါ် ဘေဂျင်း၏ စိုးရိမ်မှုကို အလေးပေးဖော်ပြသည်။

    နယ်စပ်ဖြတ်ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော အာဆီယံအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းရေး အားကောင်းလာစေရန်အတွက် တရုတ်က အရေးပေါ်အခြေအနေသစ်တစ်ရပ်ကိုလည်း အကြံပြုထားသည်။

    တရုတ် ခရီးသွားများသည် အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံများအတွက် အမေရိကန်ဒေါ်လာဘီလီယံချီ နှစ်စဉ် ဝင်ငွေ ရရှိသော အရင်းအမြစ် တစ်ခုလည်း ဖြစ်သည်။

    သို့သော်လည်း ထိုင်း-မြန်မာနယ်စပ်မှ လူကုန်ကူးမှုနှင့် လူကုန်ကူးခံရသော အခြေအနေများက တရုတ်လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့နေပြီး တရုတ်ခရီးသွားများကို စိုးရိမ်ပူပန်စေကာ တရုတ်ခရီးသွားများ လူကုန်ကူးခံရမှုများက အရှေ့တောင်အာရှသို့ ခရီးသွားများ လည်ပတ်မှုကို အတားအဆီးဖြစ်လာစေသည်။

    ထိုင်း-မြန်မာနယ်စပ်အနီးတွင် ယခုလအစောပိုင်းက ပျောက်ဆုံးသွားသည့် တရုတ်သရုပ်ဆောင်တစ်ဦး၏ ဖြစ်စဉ်က လူကုန်ကူးမှု၏ သားကောင်ဖြစ်ခဲ့ရကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။

    ပြည်ပ အလိမ်အညာဂိုဏ်းအစုအဖွဲ့များက တရုတ်နိုင်ငံသားများကို လစာများသော အလုပ်အကိုင်၊ အစား အသောက်၊ နေရာထိုင်ခင်းနှင့် လေယာဉ်လက်မှတ်များ ပေးမည်ဟု ဆိုခဲ့သော်လည်း ထိုင်း-မြန်မာ နယ်စပ်၊မြ၀တီမြို့တွင် တယ်လီကွန်းငွေလိမ်လည်ဂိုဏ်များ၏ လျှို့ဝှက်နေရာများတွင် ပိတ်ခံထားရကြောင်း တရုတ်အစိုးရက သတိပေးထားသည်။

    ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာ ခရီးသွားများအတွက် ဘေးကင်းလုံခြုံသော ခရီးသွားနိုင်ငံအဖြစ် ပုံရိပ်ထိခိုက်စေသော အွန်လိုင်းငွေလိမ်လည်မှုနှင့် လူကုန်ကူးမှု ပြဿနာများကို အရှိန်မြှင့်တင် ကိုင်တွယ်ဖြေရှင်းရန် သဘောတူညီထားကြောင်း တရုတ်ဆင်ဟွာက သတင်းဖော်ပြသည်။

    ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်က မြဝတီမြို့ရှိ အွန်လိုင်း ကျားဖြန့်ငွေလိမ်လည်မှုစင်တာများတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၉၀၀ ခန့်ကို ကူညီကယ်ထုတ် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

    ကျားဖြန့်ဂိုဏ် များ မှ ပြန်ပေးဆွဲပြီး အတင်းအကျပ် စေခိုင်း ခံ‌ နေရသော ၎င်းတို့၏ နိုင်ငံသားများကို ကယ်ထုတ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု တရုတ် အစိုးရ ပြည်သူ့ လုံခြုံရေး ဌာန က ဇန်နဝါရီ ၁၅ ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

    ၎င်းတို့ နိုင်ငံသားများသည် မြဝတီကဲ့သို့ မြိုများ ရှိ အဆောက်အဦး များထဲတွင် ပိတ်လှောင်ခံထားရသည်ဟု ဆိုသည်။

    အဆိုပါ ဂိုဏ်းများအား ဖျက်သိမ်း နိုင်သည်အထိ အခြား နိုင်ငံများ မှ ရဲ အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု တရုတ် သတင်းဌာန CCTV က သတင်းတွင် ပါရှိလာသည်။

    မည်သို့ နည်းလမ်း သုံး၍ ပူးပေါင်းသွား မည်ဆိုသည်ကား ပြောဆိုခဲ့ခြင်း မရှိပေ။

    အဆိုပါ သတင်းကပင် ၂၀၂၃ အတွင်း မြန်မာ အာဏာပိုင်များ နှင့် ပူးပေါင်းပြီး ကိုးကန့် ရှိ မိသားစု လေးစု အုပ်ချုပ်နေသော ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်း နိုင်ခဲ့ကြောင်းလည်း ရည်ညွန်းဖေါ်ပြခဲ့သည်။

    ဇန်နဝါရီ ၁၃ ရက် ထိုင်း အစိုးရ အဖွဲ့အစည်း အဝေး မှ ၎င်းတို့၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ကို ကာကွယ်ပေးနိုင်ရေး အတွက် အလျင်အမြန် ဖြေရှင်းသွားမည် ဟု ပြောကြောင်းလည်း ဖေါ်ပြထားသည်။

    ထိုင်း ဟိုတယ် များ နှင့် လေကြောင်းလိုင်းများလည်း တရုတ် ခရီးသွားများ၏ ခရီးစဉ် ဖျက်သိမ်း ကြောင်း ခရီးသွား အေဂျင်စီများ၏ အကြောင်းကြားစာများ တပုံတပင်ကြီး ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တွင် ပါရှိခဲ့သည်။

    ထိုင်းမှ ၂၀၂၄ တွင် တရုတ် နိုင်ငံသား ၉၀၀ ကို ပြန်လည် လွှဲပြောင်းပေးနိုင်ရန် ကူညီပေးခဲ့ပြီး ၂၀၂၃ တွင် မြန်မာ မှ ၃၁,၀၀၀ ကို လွှဲပြောင်း ပေးခဲ့သည်ဟု ဆိုသည်။ ထိုအချိန်က မြန်မာ ဖက်ခြမ်းတွင် ကျားဖြန့် ဂိုဏ်းများမှ စင်တာ ပေါင်း ၁,၀၀၀ ခန့် နှင့် လူ ၁၀၀,၀၀၀ ခန့် နေ့စဉ် လုပ်ကိုင်နေကြသည်ဟု တရုတ် မီဒီယာ များ က ဖေါ်ပြခဲ့ကြသည်။

    စစ်တပ်လိုလားသော ကရင် အမျိုးသားတပ် ခေါင်းဆောင် စောချစ်သူ သည် အ‌ခြေအနေ မကောင်းမှန်း ရိပ်စားမိလာ၍ မြဝတီရှိ တရုတ် စီးပွားရေး သမားများ နှင့် အရေး ပေါ် အစည်း အဝေး ခေါ်ယူ တွေ့ဆုံခဲ့ရာ အွန်လိုင်း ငွေလိမ် အဖွဲ့များ မှ လူကုန်ကူးမှုများ ရပ်ဆိုင်းမည်ဆိုသော သဘောတူညီချက် ရရှိသွားခဲ့သည်ဟု RFA သတင်း တွင် ဖေါ်ပြထားသည်။

    ထိုသို့ တွေ့ဆုံခဲ့ရဖို့ ဖြစ်လာသည်မှာလည်း နေပြည်တော်မှ စစ်ခေါင်းဆောင်များ အထိတ်တလန့်နှင့် ဖိအားပေးလာပြီး ထိုင်းအစိုးရ မှလည်း ပါဝင်ပတ်သက်လာသောကြောင့် ဖြစ်သည်။

    မြန်မာရှိ တရုတ် နိုင်ငံသားများ က တရုတ် အစိုးရပိုင် ကုမ္ပဏီများ နောက်ကွယ် မှ ပတ်သက်နေသည်ဟု ပြောလာခဲ့သည်။

    နောက်ထပ် ရရှိသော သတင်းအရ ဘူဂေးရီယား စစ်တပ် ဝက်ဆိုဒ် မှ ၂၀၁၈ ခုနှစ်တွင် ရုရှား ချေးငွေ ဖြင့် ဝယ်ယူထားသော SU-30SME ‌တိုက်လေယာဉ် ၆ စီးမှ နောက်ဆုံး တစီး ရောက်ရှိလာပြီး နောက်တွင် မြန်မာ စစ်အာဏာပိုင်များမှ မော်စကို ဆပ်ကပ် အဖွဲ့ကြီး အတွက် ဆိုကာ ဆင် ၆ ကောင် ပေးပို့ခဲ့သည်မှာ တိုက်ဆိုင်မှု မဟုတ်ဟု ပြင်သစ် နိုင်ငံတကာ ရေဒီယို အား ကိုးကား၍ ဖေါ်ပြလာသည်။

    ဆင် ၆ စီး အား ချေးငွေ ပြန်ဆပ်မှု တစိတ်တပိုင်း အဖြစ် လက်ခံရန် သဘောတူညီချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

    ပြည်သူ အများစု သည် တထွာသော ဝမ်းရေး အတွက် အသက်ထွက် မတတ် ရုန်းကန်နေရချိန်တွင် ဒေါ်ကြူကြူလှသည် ဒေါ်လာ ၃၄,၂၀၀ (ကျပ် သန်း ၁၂၀ ခန့်) တန်ကြေးရှိ လက်ပွေ့အိပ်များထဲ တွင် ဈေး အကြီးဆုံး ဟာမိစ် (Hermes) ကို ကိုင်ကာ ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ တွင် စစ်တွေရှိ လောကနန္ဒာ ဘုရား တွင် ကထိန်သင်္ကန်း ကပ်လှု နေသည်ကို တွေ့ရသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ ယခုအခါ အာရက္ခ တပ်တော်သည် စစ်တွေ အား ထိုးစစ် ဆင်လာ‌ နေပြီ ဖြစ်၍ ထို ခရီးစဉ်သည် သူမ အတွက် နောက်ဆုံး သွားခဲ့ခြင်း ပင် ဖြစ်ပေလိမ့်မည်။

    စစ်ကောင်စီသည် စစ်တွေ အား အဝိုင်းခံနေရသော အခြေအနေမှ ကယ်တင်ပေးရန် တရုတ်အား ဖိအားပေးသည့် အနေဖြင့် ပြည်ပ ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ကံဇော်မှ အထူးစီးပွားရေး ဇုံ လုပ်ငန်း အစည်းအဝေး တွင် ကျောက်ဖြူ ရေနက် စီမံကိန်း အလျင်အမြန် ပြီးစီးရန် တရုတ် အစိုးရ ပိုင် CITIC ကုမ္ပဏီ အဖွဲ့ နှင့် ထိထိ‌ ရောက်‌ ရောက် ပူးပေါင်းဆောင်ရွက် ကြရန် ပြောဆိုသွားသည်ဟု သိရသည်။

    မီးပျက်လျင် မီးစက်ဖြင့် အုပ်ချုပ်မည်ဟု ကြံရွယ်ထားသော မင်းအောင်လှိုင်သည် ဆိုလာပြားများကို တင်သွင်းရန် တံတွေးသီး မတတ် ပြောဆိုနေသော်လည်း သားဖြစ်သူ အောင်ပြည့်စုံ ပြည်ပမှ တင်သွင်းရန် နိုင်ငံခြားငွေ လိုအပ်လာနေပြီ ဖြစ်သည်။ သို့သော် ၎င်း၏ သားအား အထူး ဦးစားပေး ထုတ်ပေးရမည် ဖြစ်ရာ ဒေါ်လာ ဈေးသည်လည်း အဝယ်လိုက်လာသဖြင့် ဇန်နဝါရီ ၁၅ ရက်တွင် ကျပ် ၄၈၂၀ အထိ မြင့်တက်သွားသည်ဟု သိရသည်။

    တကယ်တမ်း တွေးကြည့် လျင် မင်းအောင်လှိုင် နှင့် အဖွဲ့သည် ဘာလုပ်လို့ ဘာကိုင်ရမည် ဆိုသည်နှင့် ဘယ်အရာကို ဦးစားပေး လုပ်ရမှန်းကောင်းမှန်း မသိနိုင်အောင် ဗျာများလာနေပြီး ၎င်းတို့၏ မူဝါဒများသည်လည်း ရှေ့နောက်မညီ ဖြစ်နေသည်က များ ပေသည်။

    ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

    ✍Hla Soewai

  • ဆင်လူးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်

    ဆင်လူးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာရှိ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၁၅ ရက်မှာ PDF ပူးပေါင်းတပ်တွေက ဒရုန်းစစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့ Young Force UG ထံမှ သိရပါတယ်။

    ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဆင်လူးကျေးရွာရှိ အကြမ်းစစ်ကောင်စီတပ်နဲ့အပေါင်းပါ ပျူစောထီး တွေကို ဒရုန်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကင်းတာဝန်ကျတဲ့ အကြမ်းဖက်တစ်ယောက်သေဆုံးပြီး ပျူစောထီးအများအပြား ထိခိုက်ခဲ့တယ်လို့ Young Force UG ကပြောပါတယ်။

    “လူနာများကို လူနာတင် ယာဥ် သုံးစီးဖြင့် စလင်း ကံပြား မှ လာရောက်သယ်ဆောင်ခဲ့” လို့ Young Force UG ကပြောပါတယ်။

    ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ပေါက်ပကဖ ၊ မင်းဘူးခရိုင်အမှတ်-၄တပ်ရင်း၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ ၊ Young Force (PKU) / Earthquake Defence Force (PKU) / Joker (ပျောက်ကြားတပ်ဖွဲ မြိုင်) / စေတုတ္တရာ ပ.အ.ဖ အဖွဲ တိုကပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

  • ပူတာအိုဒေသကို မကြာမီတိုက်ပွဲဆင်နွှဲမည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေး

    ပူတာအိုဒေသကို မကြာမီတိုက်ပွဲဆင်နွှဲမည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေး

    ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ဇန်နဝါရီ ၁၆ ရက်ညပိုင်းတွင် အသိပေးသည်။

    ခေါင်လန်ဖူးဒေသနှင့် ပူတာအိုဒေသများ၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်အာဏာရှင်အုပ်စုနှင့် အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ ဝါဒဖြန့်နေသည့် အခြေအနေ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရ စစ်သည်များအား စွန့်ပစ်ထားခဲ့မှု အခြေအနေအား အသိပေးထားပြီး ပူတာအိုဒေသတိုက်ပွဲ ဆက်လက်ဆင်နွှဲရမည်ဟု ဆိုသည်။

    “မကြာတော့မည့် အချိန်တွင် မိမိတို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ပူတာအိုဒေသကို မလွှဲသာ မရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါသည်”ဟု KPF က ရေးသားဖော်ပြခဲ့သည်။

    ထို့ပြင် ဌာနေပြည်သူ့စစ် အချင်းချင်း စွန့်ပစ်ထားခဲ့သည့် တပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းအား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်းလည်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့သည်။

    ၂၀၂၄ နှစ်ကုန်ပိုင်းက လန်ဆယ်ဒေသအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် ပြည်သူ့စစ်များ လမ်းတွင်မိုင်းထိပြီး ထိခိုက်သူ ၂ဦးအား စွန့်ပစ်ထားခဲ့သည့်အခြေအနေကို ပြည်သူ့စစ်တစ်ဦးက ရှာဖွေပေးရန် အကြောင်းကြားလာ၍ KPF ရဲဘော်များက သွားရောက်ရှာဖွေပြီး ဇန်နဝါရီ ၁၆ရက်တွင် သင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

    ပြည်သူ့စစ်က ၎င်းတို့အချင်းချင်း ထောင်ထားသည့် မိုင်းနင်းမိပြီး ၂ဦး ဒဏ်ရာရခဲ့ရာ ဒဏ်ရာရ ပြည်သူ့စစ်ကို ကယ်ဆယ်မပေးဘဲ ချန်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူတို့က လန်ဆယ်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းလိုက်တာ။ တော်လှန်ရေးတပ်ဖွဲ့တွေလိုက်လာတယ်ဆိုပြီးမှသူတို့က ဗုံးထောင်လိုက်တာ။ သူတို့ ထောင်လိုက်တဲ့ ဗုံးနဲ့ သူတို့ထိပြီးမှ လမ်းမှာ ၂ယောက်ထိတယ်။တစ်ယောက်က မထိဘူးပေါ့ သူတို့ သုံးယောက်၊ မိုင်းထိတဲ့ နှစ်ယောက်ကို ဒီအတိုင်းပဲ တောမှာ ပစ်ထားတာ။ တစ်ယောက်က ဒီလိုပဲ တောမှာထွက်ပြေးသွားတာ။ အဲဒီလိုမျိုးဖြစ်စဉ်ပေါ့”ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    KPF၏ ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ချက်တွင် တောတွင်း၌ ပျက်ဆီးနေပြီဖြစ်သော ရုပ် အလောင်းအချို့ကို မြေမြှုပ်သင်္ဂြိုလ်ပေးရန် KPF ရဲဘော်များက မြေကျင်းတူးနေသည်ကို တွေ့ရသည်။

    KPFနှင့် ပူးပေါင်းတပ်များသည် လန်ဆယ်ဒေသတိုက်ပွဲတွင် ပြည်သူ့စစ်များကို အရှင်ဖမ်းဆီးရရှိခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း KPFက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

    ထို့ပြင် KPF ထံ အလင်းဝင်ပြီး ပြည်သူလူထုနှင့် အတူပူးပေါင်းလာသည့် ပြည်သူ့စစ်အရာရှိကလည်း လက်ရှိ တိုက်ပွဲများသည် လူမျိုးရေး၊ နယ်မြေစိုးမိုးရေး တိုက်ပွဲများ မဟုတ်ဘဲ ပြည်သူလူထုကို ဖိနှိပ်နေသည့် စစ်အာဏာရှင်များအောက်မှ လွတ်မြောက်နိုင်ရေး တိုက်ပွဲဖြစ်၍ ပြည်သူ့စစ်များအနေဖြင့် တော်လှန်ပြည်သူများဘက် ပူးပေါင်းရန် တိုက်တွန်းထားသည်။

    (သေဆုံးခဲ့သည့် ပြည်သူ့စစ်ရုပ်အလောင်းအား မြေမြှုပ်သင်္ဂြိုလ်ပေးရန် KPF ရဲဘော်များလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ – KPF)