Category: News

  • ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်

    ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်

    ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေး ကြိုတင် ပြင်ဆင်ထားကြပါရန်အသိပေး

    ဧရာဝတီတိုင်းဒေသကြီးရှိပြည်သူများ စစ်ဘေးအတွက်ကြိုတင်ပြင်ဆင်ထားကြပါရန်အသိပေးအပ်ပါသည်။

    အရေးကြီးစာရွက်စာတမ်းများ ဆေးဝါးများ

    ရေ/ ကြာရှည်ခံအစားအစားအသောက်များ(ပုတ်သိုးမလွယ်သောအစားအစာ)

    ညဓာတ်မီး

    Power Bank

    ရွှေငွေများ

    ဖြစ်မယ်/ မဖြစ်ဘူး မပြောလိုပါ

    သို့ပေမယ့် ကြိုတင်ပြင်စေခြင်သည့် သဘောသာဖြစ်ပါသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ထောက်ပို့

  • ဒလ၊ ဆင်ခြေဖုံးရပ်ကွက်မှ မထင်မရှား  ကျော်စွာလင်းကို အနာဂတ်တပ်ချုပ်ရာထူးပေးဖို့ မင်းအောင်လှိုင် ရည်ရွယ်နေတာလား

    ဒလ၊ ဆင်ခြေဖုံးရပ်ကွက်မှ မထင်မရှား ကျော်စွာလင်းကို အနာဂတ်တပ်ချုပ်ရာထူးပေးဖို့ မင်းအောင်လှိုင် ရည်ရွယ်နေတာလား

    စစ်မတိုက်ဖူးသူကို ညှိ/ကွပ်ရာထူးပေးလို့ စစ်တပ်ထဲမှာ ဝေဖန်သံတွေ အကြီးအကျယ် ဆူညံ

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးနဲ့ စစ်ထောက် ချုပ် ရာထူး ပူးတွဲ ရယူထားတဲ့ သူ့ လူယုံ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ရာထူးတိုးပေးလိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး အဆင့်ကနေ ဗိုလ်ချုပ်ကြီးရာထူးတိုးပေးပြီး စစ်တပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

    ဒီလိုရာထူးတိုးပေးလိုက်တာကြောင့် နံပါတ် ၃ ခေါင်းဆောင်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တပ်ချုပ်ရာထူးအတွက် လျာထားတယ်လို့ စစ် တပ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုလာပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဘက် သမ္မတရာထူးရယူနိုင်ဖွယ်ရှိတယ်လို့ တပ်သတင်းရင်းမြစ်တွေက ခိုင်ခိုင်မာမာ ပြောဆိုလာပါတယ်။

    အသက် ၅၀ ကျော်ဝန်းကျင် သာရှိသေးတဲ့ ကျော်စွာလင်းကို စစ်တပ်ရဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး အဖြစ် တာဝန်ပေးအပ်လိုက်တာ အနာဂတ်တပ်ချုပ်ရာထူးအတွက် ရည်ရွယ်ထားမှုကို မြင်ရတဲ့အပြင် အခြားတစ်ဖက်မှာလည်း တစ်ခါ စစ်မတိုက်ဖူးသေးတဲ့ သူတစ်ဦးကို နံပါတ် ၃ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးပေးလိုက်တာမို့ စစ်တပ်ထဲမှာ အလိုမကျမှုတွေက အကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်း ဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ထောက်ချုပ်တာဝန်ရယူခဲ့ပါတယ်။ အဲဒီနောက် စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ၂၀၂၃ ခုနှစ်မှာ ပူးတွဲ တာဝန်ယူခဲ့ပါတယ်။

    ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာ လင်းက G3 ဘ၀ကစလို့ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တဲ့အထိ စစ်မတိုက်ဖူးပါဘူး။ ကိုယ်ရေးအရာရှိရာထူး၊ စစ်ရုံးမှာပဲ ရုံးစီမံခန့်ခွဲရေး ရာထူး တာဝန်တွေကိုသာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူရာထူးတက်ခဲ့တဲ့အဆင့်ဆင့်ကလည်း အဖားကောင်းလို့ ရာထူး ရသူလို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ကျော်စွာလင်းက မင်းအောင်လှိုင်ကို ဆရာလိုတစ်မျိုး၊ အဖေလိုတစ်ဖုံ ကိုးကွယ်သူလို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တစ်ချိန်က သန်းရွှေကို မင်းအောင်လှိုင်က ခြေသုတ်ပုဆိုး မြေစွယ်ကျိုး ကျိုးနွံ့ကိုးကွယ်ခဲ့သလိုပါပဲ။ ကျော်စွာလင်းကို လူယုံအဖြစ် လက်သက်မွေးထားတာက မင်းအောင်လှိုင်ဖြစ်ပါတယ်။

    အသက်ငယ်ငယ်နဲ့ ဗိုလ်ချုပ်ကြီးရာထူးရလာသလို အခြားတစ်ဖက်မှာလည်း တပ်ချုပ်ရာထူးကို မျှော်မှန်းတဲ့အထိ ကျော်စွာလင်းက ရည်မှန်းချက်ကြီးသူလို့ ဆိုပါတယ်။ သူ့ရှေ့က စီနီယာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလို အဖြစ်မခံနိုင်တဲ့အတွက် လာဘ်ပေးလာဘ်ယူကိစ္စတွေကိုတော့ သူတတ်နိုင်သမျှ ရှောင်တာတွေ့ရတယ်လို့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ သူအမြဲ ကြွေးကြော်တာက သူက အဂတိတရားကင်းတယ်၊ ဘယ်တော့မှ လာဘ် မစားဘူးကွဆိုပြီး ရှေ့လူ(ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း) ထက်သာ တယ်လို့ မကြာခဏ ကြွားလုံးထုတ်ပါတယ်။

    မင်းအောင်လှိုင်ရဲ့ မြှောက်စားမှုနဲ့ ဒုချုပ် စိုးဝင်းနဲ့ ညှိကွပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကို အရင်ကတည်းက သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။ အဆင့်တူ ဒုတိယ ဗိုလ်ချုပ် ကြီးတွေနဲ့ ဗိုလ်ချုပ်တွေကိုတောင် ရာထူး ဂုဏ်မောက်ပြီး မောက်မောက်မာမာ ပြောဆို ဆက်ဆံပါတယ်။ အခုလို စစ်တပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင် ဖြစ်လာချိန်မှာတော့ ပိုပြီးတော့ မောက်မာလာဖို့ရှိနေတာကတော့ သေချာပေါက်ပါပဲ။ စစ်ဘက်ဆိုင်ရာ အစည်းအဝေးတွေမှာ သူက ဦးဆောင်ပြောပြီး သူ့ထက် စီနီယာ တချို့ရဲ့ တင်ပြချက်တွေကိုလည်း ဆုံးအောင် နားထောင်လေ့မရှိဘူးလို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ကျော်စွာလင်းမှာ မင်းအောင်လှိုင် သဘောကျတဲ့အချက်တစ်ခုကတော့ အုပ်စုမဖွဲ့ဘဲ မင်းအောင်လှိုင်ကိုသာ ဘုရားလို ကိုးကွယ်တာပါ။ ဒီအချက်ကို မင်းအောင်လှိုင်က အဓိက သဘောကျတာလို့ ဆိုပါတယ်။ အရပ်ပုတာချင်းလည်းတူ၊ အထက်အရာရှိကို ကျိုးနွံ့တာချင်းလည်း တူတဲ့အတွက်တော့ မင်းအောင်လှိုင်က ကျော်စွာလင်းကို သူ့ကိုယ်ပွားလို့ မြင်ပုံရတယ်လို့ တပ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    ကျော်စွာလင်းရဲ့ ဖြစ်တည် လာရာလမ်းကြောင်းကို ပြန်ကြည့်ရင်လည်း သူက ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တဲ့ အံကြီးရပ်ကွက်မှာ မထင်မရှား မွေးဖွားခဲ့သူဖြစ်ပြီး မွေးဖွားချိန်က မိဘတွေက ဆင်းရဲလွန်းပါတယ်။ မိခင်ဖြစ်သူက အချိန်တော်တော်ကြာ ပဲပြုတ်ရောင်း၊ စျေးရောင်းပြီး ကျော်စွာလင်းကို ကျွေးမွေးခဲ့ရတာလို့ဆိုပါတယ်။ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းက လာသူ၊ စီးပွားရေးနောက်ခံ ဘက်ဂရောင်း ကြီးကြီးမားမား မရှိသူ စတဲ့ အချက်တွေက မင်းအောင်လှိုင်အတွက် သူ့ကို တစ်ချိန် ဘေး မဖြစ်စေဖို့ အဓိက ဦးတည်ရွေးချယ်နေပုံရတယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ရှေ့တန်းမှာ စစ်မတိုက်ခဲ့ဖူးသူ၊ ဒလမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ မထင်မရှား ဆင်းဆင်းရဲရဲ မွေးလာသူ ကျော်စွာလင်းကို နံပါတ် ၃ စစ်ခေါင်းဆောင်အဖြစ် မင်းအောင်လှိုင် တာဝန်ပေးတာက တပ်ချုပ်ရာထူးကို သူလက်လွှတ်တဲ့အခါ သူ့ကို အန္တရာယ်မပေးနိုင်တဲ့သူကို တမင် စီစဉ် ရည်ရွယ် ရွေးချယ်မှုအဖြစ် စစ်တပ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုကြပါတယ်။

  • ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ

    ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ

    ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

    KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

    KIA က ဗန်းမော်မြို့ကို ဒီဇင်ဘာလ ပထမပတ်ထဲက စတင်ကာ ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA တပ်တွေပြင်းထန်တဲ့ထိတွေ့တိုက်ပွဲ သုံးနေရာမှာ မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းအမြစ်အချို့ကဆိုပါတယ်။

    မနေ့က ဒီဇင်ဘာ ၂၂ ရက်ကတော့ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA/PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး တက္ကသိုလ်အပါဝင် အနီးအနားနေရာတွေကို ထိန်းချုပ်လိုက်ပြီလို့ ဖော်ပြထားပါတယ်။

    ဗန်းမော်မြို့တွင်းမှာ KIA တပ်တွေက ပြောက်ကျားစနစ်နဲ့ ဆက်တိုက်ဝင်ရောက် တိုက်ခိုက်မှုတွေရှိနေပြီး၊ အချက်အချာနေရာတွေကနေ လက်ဖြောင့်စနိုက်ပါတွေနဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြည့်ပစ်ခတ်နေတယ်လို့ KIA ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

    KIA ဘက်ကတော့ မြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ အခြေစိုက်ထားတဲ့ ရဲစခန်းကိုတိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ရှေ့တိုးဖို့ခက်နေပြီး တိုက်ပွဲက ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

    မြို့ရဲ့ နေရာတစ်ချို့မှာ အရပ်သားပြည်သူတွေ ပိတ်မိနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးအချို့ကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

    ဗန်းမော် စစ်ရေးသတင်းများကို အဓိကဖော်ပြနေတဲ့ Banmaw Scout Team ရဲ့ ဖော်ပြချက်တွေအရ ဗန်းမော်မြို့ ဝန်းကျင်၌ တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ကန်ဦးကျောင်းအနီးမှာပါ တိုက်ပွဲပြင်းထန်နေတယ်လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် ၂မိုင် လေယာဉ်ကွင်း ဝန်းကျင်နှင့် စကခ (၂၁) ဝန်းကျင်၌လည်း တိုက်ပွဲများ ဆက်ရှိနေပြီး ခလရ(၄၇) တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ကာ ပြန်လည်သိမ်းယူနိုင်တော့မယ်လို့ ဝါဒဖြန့်ရေးသားနေပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခံစစ်အနေအထားနဲ့ သာ ခုခံနေတယ်လို့ သိရပါတယ်။

    နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက် လေကြောင်းပစ်ကူတာတွေ ရှိနေပြီး တိုက်ပွဲတွင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်သာမက လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါ ဗန်းမော်မြို့ပေါ်က လူနေအိမ်တွေလည်း ကြီးကြီးမားမားထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

    ဗန်းမော်မြို့က KIA ပူးပေါင်းအဖွဲ့ရဲ့ အောင်မြင်မှုထဲက တချို့တဝက်အား တွေ့ရစဉ်

    Awng Dang

  • ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်

    ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်

    ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၅ လက် သိမ်းဆည်း ရရှိ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင် စီ၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၅ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း Justice Soldier PDF တပ်ဖွဲ့က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ MA 1 အမျိုးအစား သေနတ် ၁ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၃ လက်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၂ ဗျူဟာမှ ကော်ဘရာစစ်ကြောင်း ၊ Venom စစ်ကြောင်း၊ ကျား သစ်နက်စစ်ကြောင်းနှင့် Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်နှိမ်နင်းလျက် ရှိပြီး ပြည်သူများအနေဖြင့်လည်း လိုအပ်လျက်ရှိသော ကျည်ကာ၊ ကျည်ကာဦးထုပ်များနှင့် ကျည်များ ကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

  • နိုရာဗိုင်းရပ် အန္တရာယ်နှင့် ကာကွယ်နည်း ၅ ရပ်

    နိုရာဗိုင်းရပ် အန္တရာယ်နှင့် ကာကွယ်နည်း ၅ ရပ်

    နိုရိုဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းသည် ပြင်းထန်သော အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို မကြာခဏ ဖြစ်ပွားစေသည်။

    ဤဗိုင်းရပ်စ်များသည် အလွယ်တကူ ပျံ့နှံ့ပြီး ညစ်ညမ်းသော အစားအစာ သို့မဟုတ် ရေများမှတစ်ဆင့် ညစ်ညမ်းသော မျက်နှာပြင်များမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။

    ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းသည်လည်း ကူးစက်မှုကို လွယ်ကူစေသည်။

    ပုံမှန်အားဖြင့် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့် အော့အန်ခြင်းစသည့် လက္ခဏာများကို ထိတွေ့ပြီးနောက် ၁၂ နာရီမှ ၄၈ နာရီအတွင်း လက္ခဏာစလာပါသည်။

    နိုရိုဗိုင်းရပ်ပိုးကူးစက်မှု လက္ခဏာများသည် ပုံမှန်အားဖြင့် ၁ ရက်မှ ၃ ရက်အထိ ကြာတတ်သည်။

    လူအများစုသည် ကုသမှုမခံယူဘဲ အပြည့်အဝပြန်လည်ကောင်းမွန်လာနိုင်သော်လည်း အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကြောင့် ပြင်းထန်သောရေဓာတ်ခမ်းခြောက်ခြင်းသည် အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အခြေခံကျန်းမာရေးအခြေအနေရှိသူများအတွက် ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

    နိုရိုဗိုင်းရပ်ပိုးကူးစက်မှုကို ဆေးရုံများ၊ သူနာပြုများ၊ ကလေးထိန်းကျောင်းများ၊ ကျောင်းများကဲ့သို့သော အလုံပိတ်နှင့် လူနေထူထပ်သောပတ်ဝန်းကျင်များတွင် မကြာခဏတွေ့ရသည်။

    ရောဂါလက္ခဏာများမှာ

    နိုရိုဗိုင်းရပ်စ် ကူးစက်မှု၏ လက္ခဏာများသည် ရုတ်တရက် ပေါ်လာနိုင်ပြီး အောက်ပါတို့ပိုဖြစ်နိုင်ပါသည်။

    • အဖျားငွေ့ငွေ့ဖျားခြင်း

    • ဗိုက်နာခြင်း သို့မဟုတ် ကြွက်တက်ခြင်း

    • အရည်၀မ်းလျောခြင်း

    • ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း

    • ကြွက်သားကိုက်ခဲခြင်း

    • နေမကောင်းဖြစ်ခြင်း

    ပုံမှန်အားဖြင့်၊ နိုရိုဗိုင်းရပ်စ်ပိုးကို ကနဦးထိတွေ့ပြီးနောက် ၁၂ နာရီမှ ၄၈ နာရီအတွင်း လက္ခဏာများ ထွက်ပေါ်လာပြီး ပုံမှန်အားဖြင့် ၁ ရက်မှ ၃ ရက်အထိ ဆက်ရှိနေတတ်သည်။

    ပြန်လည်ကောင်းမွန်လာပြီးနောက်တွင်ပင် ဝမ်းထဲတွင် ဗိုင်းရပ်စ်ပိုးသည် ရက်သတ္တပတ်များစွာ ဆက်လက်ရှိနေနိုင်သည်။

    ရောဂါအခံရှိသူများအတွက် ပိုးဆက်ရှိနေနိုင်ခြင်းသည် ရက်သတ္တပတ်မှ လများအထိ ကြာနိုင်သည်။

    နိုရိုဗိုင်းရပ်စ် ကူးစက်ခံထားရသူအချို့သည် မြင်သာသော လက္ခဏာများ မပြနိုင်သည်ကိုလည်း သတိပြုရန် အရေးကြီးပါသည်။

    သို့သော် ၎င်းတို့သည် အခြားသူများကို ဗိုင်းရပ်စ် ကူးစက်နိုင်သေးသည်။

    ရက်ပေါင်းများစွာကြာအောင် ဝမ်းလျှောခြင်းကို ခံစားရပါက၊ ဆရာ၀န်နဲ့တိုင်ပင်ပြီး ကုသမှုယူရန် လိုအပ်ပါသည်။

    ထို့အပြင်၊ သင်သည် ပြင်းထန်စွာ အော့အန်ခြင်း၊ သွေးပါသော ဝမ်းအရည်များ၊ အစာအိမ်နာခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ ကြုံတွေ့ရပါက သင့်ဆရာဝန်နှင့် တိုင်ပင်ရန်မမေ့ပါနဲ့နှင့်

    ဖြစ်စေသောအကြောင်းတရားများမှာ

    Noroviruses များသည် အလွန်ကူးစက်တတ်သောကြောင့် အခြားသူများကို ကူးစက်ရန် လွယ်ကူစေသည်။ ဗိုင်းရပ်စ်သည် ကိုယ်မှအညစ်အကြေးနှင့် အော့အန်ခြင်းတွင် ပါလာပြီး ရောဂါလက္ခဏာများ စတင်ခြင်းမှ ပြန်လည်ကောင်းမွန်ပြီး ရက်အတော်ကြာသည်အထိ ကူးစက်နိုင်သည်။

    Noroviruses များသည် မျက်နှာပြင်များနှင့် အရာဝတ္ထုများပေါ်တွင် ရက်ပေါင်း သို့မဟုတ် ရက်သတ္တပတ်များအထိ တည်ရှိနေနိုင်သည်။

    နိုရိုဗိုင်းရပ်ပိုးကူးစက်နိုင်သည့်နည်းလမ်းများ

    • မသန့်ရှင်းသော အစားအစာ သို့မဟုတ် အရည်များ စားသုံးခြင်း

    • ရောဂါပိုးရှိသူနှင့် နီးကပ်စွာထိတွေ့ခြင်း

    • ညစ်ညမ်းနေသော မျက်နှာပြင် သို့မဟုတ် အရာဝတ္တုများနှင့် ထိတွေ့ပြီးနောက် သင့်လက်နှင့် သင့်ပါးစပ်သို့ ကိုင်တွယ်ခြင်း

    Noroviruses များသည် အပူဒဏ်နှင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိသည့်အပြင် ပိုးသတ်ဆေးများစွာကိုလည်း ခံနိုင်ရည်ရှိသောကြောင့် ချေမှုန်းရန် ခက်ခဲသည်။

    အန္တရာယ်အချက်များအနေဖြင့် နိုရိုဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို တိုးစေသော အကြောင်းရင်းများမှာ-

    • ညစ်ညမ်းသောအရာ သို့မဟုတ် မျက်နှာပြင်များနှင့် ထိတွေ့မိသော အစားအစာများ၊ သို့မဟုတ် နိုရိုဗိုင်းရပ်စ် ကူးစက်ခံထားရသူမှ ကိုင်တွယ်ထားသော အစားအစာများကို စားသုံးခြင်း၊

    • နေ့ထိန်းစင်တာများ သို့မဟုတ် မူကြိုကျောင်းများတွင် အလုပ်လုပ်သူ သို့ သွားရောက်ရသူ

    • ဘိုးဘွားရိပ်သာများ အပါအဝင် နီးစပ်သော ရပ်ကွက်များတွင် နေထိုင်သူ

    • ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ အပျော်စီးသင်္ဘောများ သို့မဟုတ် လူအမြောက်အမြားစုဝေးနေသည့်နေရာများသို့ သွားရောက်လည်ပတ်ခြင်း။

    • နိုရိုဗိုင်းရပ်ပိုး ကူးစက်ခံရသူနှင့် ထိတွေ့ခြင်း။

    Credit: Vejthani International Hospital Thailand

    ကာကွယ်ခြင်းသည်ကုသခြင်းထက်သာ၍ကောင်း၏