Category: News

  • ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိ

    ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိ

    အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိ

    အာရက္ခဒေသ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိမိတို့ အာရက္ခတပ်တော်အနေဖြင့်လည်း ရန်သူ၏ မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်သည်။

    ထို့ကြောင့် အမ်းမြို့နယ်တစ်ခုလုံးအား ယနေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြို့မြောက် မြို့ဖြစ်လာခဲ့ပြီဖြစ်သည်။

    ယခင်သိမ်းပိုက်ထားသော (၁၃) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်ကြသည်။

    လက်ရှိအချိန်၌လည်း ဂွမြို့နယ်အတွင်းရှိ ရန်သူများအား အာရက္ခတပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော ရန်သူ၏ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်း များစွာတို့ဖြင့် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကိုလည်း မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

    ထို့ကြောင့် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးပါက အာရက္ခဒေသအတွင်း၌ မိမိတို့ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် (၃) မြို့သာ ကျန်ရှိတော့မည်ဖြစ်သည်။

    ယခုလိုအောင်မြင်မှုအသီးအပွင့်များမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် တစ်ခုတည်း၏ ကြိုးပမ်းမှုတစ်ခုတည်းသာမဟုတ်ဘဲ အာရက္ခပြည်သူတစ်ရပ်လုံး၏ ဝန်းရံပံ့ပိုးမှု၊ မဟာမိတ်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုများနှင့် အမည်ဖော်ပြ၍မရသေးသော မိတ်ဆွေတစ်ချို့တို့၏ ဝန်းရံပံ့ပိုးမှုများကြောင့် ဖြစ်သည်ကို အမြဲနှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်သော အဖွဲ့အစည်းတိုင်းနှင့် လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်အပ်ပါသည်။

    စစ်မြေပြင်အောင်မြင်မှုများ၏ အခြားတစ်ဖက်တွင် ရဲဘော်ရဲဘက်များ၏ အသက်၊ ကိုယ်လက်ခန္ဓာ၊ ဘဝတို့ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှု၊ အာရက္ခဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို နှစ်ရှည်လများ အတူတူရင်ဆိုင် ခါးစည်းခံရပ်တည်မှုများကလည်း များစွာ အထောက်အကူပြုခဲ့သောကြောင့် ဤအောင်မြင်မှုအသီးအပွင့်နှင့် ဆက်စပ်ပတ်သက်နေသော သူများအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အထူးအလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    ယနေ့အောင်မြင်မှုများမှာ ရက္ခိုင်ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသာမဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ တော်လှန်သော ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုအဖြစ် မျှဝေဂုဏ်ပြုအပ်ပါသည်။

    သတင်းနှင့်ပြန်ကြားရေး

    အာရက္ခတပ်တော်

  • နေပြည်တော်တွင် အမျိုးသား အားကစားပွဲတော် ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရဟု မင်းအောင်လှိုင် ပြော

    နေပြည်တော်တွင် အမျိုးသား အားကစားပွဲတော် ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရဟု မင်းအောင်လှိုင် ပြော

    ရခိုင်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆုံးရှုံးသွားချိန် နေပြည်တော်တွင် အမျိုးသား အားကစားပွဲတော် ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရဟု မင်းအောင်လှိုင်ပြော

    ရခိုင်ပြည်တွင် ယမန်နေ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက ဆုံးရှုံးသွားချိန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် အမျိုးသားအားကစားပွဲတော်ကို ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

    ယမန်နေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ယခုအမျိုးသားအားကစားပွဲတော်တွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်စကားအချို့ကို ပြောလိုပါကြောင်း၊ မိမိတို့ အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ ကဏ္ဍအလိုက်ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်း ဆောင်နေကြသူများဖြစ်ကြကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေ ခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကိုနိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ် ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်တွင်း၊ ပြည်ပ အန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသာမက မဟာ ဗျူဟာအချက်အချာကျသည့် ကမ္ဘာ့နိုင်ငံငယ် အများစုသည်လည်း ယင်းအခြေအနေ နှင့် ကြုံနေရကြောင်း၊ ကျဆုံးသွားခဲ့ရသည့် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှု ထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားနိုင်ငံ့သားကောင်းများအားလုံးကို အထူး အလေးထား ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း မင်းအောင်လှိုင်ကဆိုသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ နေပြည်တော်တွင် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အဆုံးသတ်ခဲ့ကာ ယင်းပွဲတော်တွင် ဝန်ကြီးဌာနမှ လူပေါင်း ၁၀၀၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

    နေပြည်တော်တွင် မင်းအောင်လှိုင်က အမျိုးသားအားကစားပွဲတော်ကျင်းပနေချိန် ရခိုင်ပြည်တွင် မောင်တောမြို့နယ်၊ အမ်းမြို့နယ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို AA က တိုက်ခိုက်သိမ်းပိုက်နေပြီး ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ခေါင်းဆောင် ၃ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

  • မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုတရားခံများ ဖမ်းမိဟုဆို

    မန္တလေးမှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်မှုတရားခံများ ဖမ်းမိဟုဆို

    လောင်းကစားလုပ်ကာ ငွေလိုလို့ ကျောင်းနေဘက် သူငယ်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ် ဟုဆို

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ဆရာဝန်က အွန်လိုင်းလောင်းကစား လုပ်ကာ ငွေလိုလို ကျောင်းနေဖက်သူငယ်ချင်း ဆရာဝန်ကို ပြန်ပေးဆွဲ သတ်ဖြတ်တာ ဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာ ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြားနေ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ဒေါက်တာအောင်မြင့်မြတ်ထွန်း (၃၃ နှစ်)ကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်းနဲ့ ၁၀၅ လမ်းကြားရှိ ငွေလရောင် ဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာ အောင်ဇင်ဖြိုး (၃၆ နှစ်)နဲ့ ဆေးခန်းအကူ အမျိုးသားတို့က ပြန်ပေးဆွဲ သတ်ဖြတ် အလောင်းဖျောက်ခဲ့တာ ဖြစ်ပါတယ်။

    ဒေါက်တာအောင်ဇင်ဖြိုး က သူ့ဆေးခန်းမှာ ရှိတဲ့ လူနာကို လာရောက်ကုသပေးဖို့ ဒေါက်တာအောင်မြင့်မြတ်ထွန်း ပင့်ဖိတ်ကာ ပြန်ပေးဆွဲ၊ သတ်ဖြတ် အလောင်းဖျောက်တာလို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီဇင်ဘာလ ၁၇ ရက် မနက် ၉ နာရီမှာ ဒေါက်တာအောင်မြင့်မြတ်ထွန်းဟာ ဆေးကုသဖို့ ကိုယ်ပိုင်ကားနဲ့ ထွက်သွားရာက အဆက်အသွယ် မရတော့ဘဲ မွန်းတည့် ၁၂ နာရီမှာ မိသားစုထံ ဖုန်းဆက်ပြီး ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကို ပြန်ပေးဆွဲထားကြောင်းနဲ့ အသက်ရှင်လျက် ပြန်လိုချင်ပါက အဲ့ဒီနေ့ မွန်းလွဲ ၃နာရီ မတိုင်မီ ငွေကျပ် သိန်း ၃၀၀၀ ကို မန္တလေးမြို့၊ မဟာမုနိ ဘုရားကြီးအနီး လာရောက်ပေးဆောင်ဖို့ ချိန်းဆိုလို့ မိသားစုက ငွေကျပ် သိန်း ၃၀၀၀ နဲ့ သွားရောက်ခဲ့ရာ မီနီအိုးဝေသမားက တဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲ ထားတဲ့ ဆရာဝန်ကို နောက်ရက်မှာ ပြန်ပို့ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    အဲ့ဒီနောက် ဒေါက်တာ အောင်မြင့်မြတ်ထွန်း နေအိမ်ကို ပြန်ရောက်မလာတဲ့အတွက် ဒီဇင်ဘာလ ၁၈ ရက် နေ့လည်ပိုင်းမှာ မိသားစုက အောင်ပင်လယ်နယ်မြေရဲစခန်းကို သွားရောက်ကာ အမှုဖွင့်တိုင်တန်ူခဲ့ပြီး စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၇/၁၁၄ နဲ့ အမှုရေးဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

    “လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် မသင်္ကာသူ ဒေါက်တာ အောင်ဇင်ဖြိုး(၃၆)နှစ်(ဘ)ဦးစိုးမြင့် (ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်း x ၁၀၅ လမ်းကြားငွေလရောင် ဆေးခန်း)အား စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်းနှင့် ဆေးကျောင်း အတူတက်ရောက်ခဲ့သည့် သူငယ်ချင်းများ ဖြစ်ကြောင်း၊ ၎င်းသည် Online ဘောလုံး/ နှစ်လုံး/ သုံးလုံးထီလောင်းကစားများကြောင့် အကြွေးများတင်ကာ ငွေကြေး လိုအပ်နေသဖြင့် သူငယ်ချင်း ဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း အား ပြန်ပေးဆွဲ၍ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများထံ ငွေကြေးတောင်းခံရန် ရည်ရွယ်ကာ မြို့ဟောင်းရှိ ၎င်းပိုင် ငွေလရောင် ဆေးခန်းသို့ ဖုန်းဆက်ခေါ်ခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ကားဖြင့် ရောက်ရှိ လာချိန်တွင် ဒေါက်တာ အောင်ဇင်ဖြိုးသည် ၎င်း၏ဆေးခန်းမှ အကူဖြစ်သူ လွမ်းဇင်အောင်(ခ)မိုးဒီ နှင့်အတူ ချုပ်နှောင် နပန်းလုံးပြီး ပါးစပ်၊ လက်၊ ခြေထောက်တို့အား တိတ်ဖြင့်ပတ်၍ လည်ပင်းညှစ် ရာမှ သေဆုံး သွားသဖြင့် အလောင်းအား ဆေးခန်းအတွင်း၌ ထားရှိကာ ဒေါက်တာ အောင်မြင့်မြတ်ထွန်း ၏မိဘများထံ ဖုန်းဖြင့် အသံဖျက်၍ ပြန်ပေးဆွဲထားကြောင်း၊ ငွေကျပ် သိန်း ၃,၀၀၀ အား မဟာမြတ်မုနိဘုရား တောင်ဘက်မုခ်သို့ လာရောက် ပို့ဆောင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ မိဘများက လာရောက်ထားပေးခဲ့သည့် ငွေများအား မီနီအိုးဝေ ဖြင့် အဆင့်ဆင့်ငှား၍ယူဆောင်ကာ အဆိုပါငွေထဲမှ ငွေ ၂၂ သိန်း ၅ သောင်းကျပ်ဖြင့် Canda 125 အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ငွေကျပ် ၈၈ သိန်းဖြင့် Scoopy အမျိုးအစားဆိုင်ကယ် တစ်စီး၊ ငွေကျပ်သိန်း ၈၀၀ ဖြင့် MDY-13 9N/… Honda Inside အမျိုးအစား မော်တော်ယာဉ် တစ်စီးတို့အား ဝယ်ယူခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်း၏ အလောင်းအား သေဆုံးသူ၏ MDY-13 2L/… Honda Inside မော်တော်ယာဉ်ဖြင့် သယ်ယူကာ ချမ်းမြသာစည် မြို့နယ်၊ ချမ်း/တောင် ရပ်ကွက်ရှိ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနှင့် (၇၈)လမ်းကြား၊ လမ်းဘေးရှိ ရေမြောင်း ထဲသို့ ပစ်ချခဲ့ကြောင်း၊ မော်တော်ယာဉ်အား တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်း အတွင်း ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ လွမ်းဇင်အောင်(ခ)မိုးဒီ (၂၈)နှစ်(ဘ) ဦးတင်ထွဋ်ကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်” လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာ အောင်မြင့်မြတ်ထွန်းရဲ့ အလောင်းကို ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းနဲ့ ၇၈လမ်းကြား၊ လမ်းဘေး ရေမြောင်းအတွင်းက တွေ့ရှိရသလို ဒေါက်တာ အောင်မြင့်မြတ်ထွန်းရဲ့ ကားကိုလည်း တောင်သမန်အင်းဘေးရှိ ဘုန်းကြီးကျောင်းဝန်း အတွင်းက သိမ်းဆည်း ရမိခဲ့ပြီး ပြန်ပေးဆွဲ ခြိမ်းခြောက်တောင်းယူထားတဲ့ ငွေတွေနဲ့ ဝယ်ယူ ထားတဲ့ ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ငွေကျပ် သိန်း ၁,၀၂၂၊ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်တစ်စီး တို့ကို သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

    အဲ့ဒီလို ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ အလောင်းဖျောက်တဲ့ ဖြစ်စဉ်ကို CCTV မှတ်တမ်းတွေက တဆင့် ဖော်ထုတ်နိုင်ခဲ့တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

    အလောင်းကို ရေမြောင်းအတွင်းက ပြန်တွေ့ချိန်မှာ အလောင်းက ပုပ်ပွနေပြီ ဖြစ်သလို ဒဏ်ရာ ဒဏ်ချက်တွေလည်း တွေ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

    “ပါးစပ်ထဲလည်း အဝတ်စတွေ ထည့်ထားတယ်တဲ့။ အလောင်းက လက်ပြန်ကြိုးတုပ်၊ ဓားဒဏ်ရာရော၊ နှိပ်စက် ဒဏ်ရာတွေရော။ ပါးစပ်ကလည်း ဓားနဲ့ ဖြဲထားတာ။ လက်တွေ ကျိုးနေတယ်။ ရင်ဘတ် နလုံးနေရာ တည့်တည့်က ဓါးနဲ့ ထိုးထားတယ်တဲ့၊ ဝင်ကြည့်ခွင့်ရတဲ့ ဆရာဝန်က ပြန်ပြောတာ။ တွေ့တဲ့အချိန်မှာ အလောင်းက ပုပ်ပွ နေပြီပေါ့။ သင်္ဂြိုလ်တာတောင် အိပ်ထဲထည့်ပြီး သဂြိုလ်ရတာ” လို့ နီးစပ်သူက ပြောပါတယ်။

    သေဆုံးသူ ဒေါက်တာ အောင်မြင့်မြတ်ထွန်းဟာ သဘောမနော ကောင်းသူဖြစ်ပြီး မိသားစုဝင်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    “ဆရာက အရမ်း သဘောကောင်းတယ်။ တချို့ ပိုက်ဆံမရှိတဲ့ လူနာတွေကိုလည်း အခမဲ့ ကုပေးတယ်” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး မန္တလေးမှာ ပြန်ပေးဆွဲ ငွေညှစ်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ စစ်အုပ်စု လက်အောက်ခံ ပျူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ သွေးသောက် အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

    သေဆုံးသူ ဆရာဝန်နဲ့ ကျူးလွန်သူ ဆရာဝန်ကို တွေ့ရစဉ်/Photo – စစ်အုပ်စု

  • KIOက ပန်ဝါမြို့၌ မြို့တော်ဝန်ထားရှိပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်

    KIOက ပန်ဝါမြို့၌ မြို့တော်ဝန်ထားရှိပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်

    ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်လျက်ရှိပြီး မြို့ သာယာလှပရေး နှင့် ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများက လုပ်ဆောင်နေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြသည်။

    ပန်ဝါကို အောက်တိုဘာ ၁၈ရက်တွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလဆန်းမှ စတင်ကာ KIO အစိုးရ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုသို့ KIO အစိုးရ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်မှာ အချိန် တစ်လကျော်ကြာပြီဖြစ်သော်လည်း ဒေသခံများ၏ လိုက်နာကျင့်သုံးမှု အားနည်းနေ၍ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ပန်ဝါမြို့တော်ဝန် ဆလန်ကဘာ မဒိန်ဘောင်းချမ်၏ ပြောကြားချက်ကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

    ယခင်က စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် BGFနှင့် ပြည်သူ့စစ်အဖွဲ့က အုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်ရာ၌ကျစ်လစ်ထိရောက်မှု မရှိခဲ့၍ လက်ရှိတွင် အခက်အခဲ ကြုံနေရခြင်းဖြစ်သည်ဟုလည်း KIO/KIA သတင်းပြန်ကြားရေးက အသိပေးသည်။

    လက်ရှိတွင်မြို့အတွင်း အုပ်ချုပ်ရေး ကော်မတီအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ လူငယ်အဖွဲ့များဖွဲ့စည်းထားပြီးဖြစ်သည်ဟု ဖော်ပြသည်။

    ပန်ဝါမြို့၌ KIO အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်လာသည်နှင့်အမျှ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန ၊ စည်ပင်ဌာန၊ ကျန်းမာရေးဌာနများ ဖွဲ့စည်းဖွင့်လှစ်ကာ စည်ပင်ဌာနက မြို့တွင်း သာယာလှပရေးလုပ်ဆောင်နေသကဲ့သို့ ကျန်းမာရေးဌာနက ပြည်သူ့ ကျန်းမာရေးဌာနများ ဖွင့်လှစ်ပြီး ဆေးကုသပေးနေသည်ဟုဆိုသည်။

    KIAသည် ပန်ဝါအပါအဝင်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နိုဝင်ဘာလအတွင်း၌ပင် ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။

  • နောင်တချိန်မှာ ကြူကြူလှကို ကျေးဇူးတင်ချင် တင်နေရမှာ

    နောင်တချိန်မှာ ကြူကြူလှကို ကျေးဇူးတင်ချင် တင်နေရမှာ

    2011 အင်းစိန်ထောင်မှာ စစ်အရာရှိဟောင်း အကျဉ်းသား တယောက်နဲ့ ဆုံခဲ့ရတယ်။
    သူက မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် (အယ်လ်ခွန်းရီရဲ့ အဖေ) ကို စနိုက်ပါနဲ့ လုပ်ကြံခဲ့တဲ့ စစ်သားဟောင်း တယောက် မဆလ ဖက်ဆစ်တပ်ကို တကိုယ်တေ် ပြန်လည်ဆန့်ကျင်တော်လှန် ခဲ့တဲ့ မျိုးချစ်စစ်သားတယောက်။

    သူ စနိုက်ပါနဲ့ လုပ်ကြံခဲ့တဲ့ အရေးကြီးပစ်မှတ်တွေ အများကြီး။

    စစ်ဗိုလ်လည်းဖြစ်တယ်။ စစ်ပညာလည်း ကောင်းစွာတတ်တယ်။

    စနိုက်ပါလည်း လက် အလွန်ဖြောင့်တယ်။ တကိုယ်တော် တယောက်တည်း အလွန်သိုသိပ်စွာ ပစ်မှတ်ကို ပစ်ခတ်တယ်။

    သူ့ကို ဘယ်လိုမှ ခြေရာခံ မရဘူးဖြစ်နေတာပေါ့။

    သူပြောပြခဲ့တဲ့ သူ့ရဲ့ လှုပ်ရှားမှုအချို့ကို ရင်သပ်ရှုမော တအံ့တသြ ကျနော် နားထောင်ခဲ့ရတယ်။

    နောက်ဆုံးတော့ သူ့ကို မိသွားတယ်။

    ဘယ်ကနေ မိသွားသလဲဆို သူ့ဇနီးကြောင့်တဲ့။ သူ့ဇနီးငယ်ငယ်ချောချော မိန်းမပျိုလေးက တကယ်တော့ မဆလ ရဲထောက်လှမ်းရေးက အသွင်ယူပြီး သူ့ကို လက်ထပ်ဇနီးအဖြစ် ဟန်ဆောင်ကာ အနီးကပ် သူ့ လှူပ်ရှားမှုတွေကို စောင့်ကြည့် ထောက်လှမ်းပြီး တကိုယ်တော် စနိုက်ပါ လုပ်ကြံရေးသမား သူ့ လင်ကို သက်သေများနဲ့ တကွ ဖမ်းဆီး တရားရုံးတင်နိုင်တဲ့ အချိန်မှာ သူနဲ့ ရတဲ့ ကလေး (၂) ယောက်တောင် ရှိခဲ့ပြီတဲ့။

    အလွန်ပိရိသိုသိပ်လွန်းတဲ့ တကိုယ်တော် စနိုက်ပါသမား သူ့ ချစ်မယားကြောင့် ထောင်နန်းစံရတဲ့ ကြေကွဲ သံဝေဂယူစရာဖြစ်စဉ်ကို သတိတရဖြစ်ရင်း——-

    အခု ဒီနေ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ အာရက္ခပြည်ကြီးရဲ့ တိုင်းစစ်ဌာနချုပ်ကြီးကို ရက္ခိုင့်တပ်တော် သိမ်းပိုက်ရရှိတဲ့ အကြောင်း နဲ့ အတွင်း ဆက်စပ် သတင်းတွေ အရ အခုလို အာရက္ခပြည်ကြီး တခုလုံး သိမ်းပိုက်နိုင်အောင် မင်းအောင်လှိုင်ရဲ့ ဇနီးမယား အဖြစ်အသွင်ယူပြီး လိုတိုး ပိုလျော့ စစ်ကစားနိုင်စွမ်း ဗရမ်းဗတာဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အာရက္ခ မျိုးချစ်အာဇာနည် ကြူကြူလှကို တချိန်ကျရင် ချီးကျူးကြရမှာ ဖြစ်ပါတယ်။

    ဘုမသိ ဘမသိနဲ့ မအလ အတွက် အသေးပက် သွားတဲ့ ထောင်ချီသော စစ်သားတွေကိုတော့ သနားမိပါကြောင်း။

    Nay Myo Zin