Category: News

  • မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံ

    မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံ

    မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ချင်းပြည်နယ်၊ မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ ၁၆၈ ဦး လက်နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းညီနောင်စစ်ဆင်ရေးက ယနေ့ သတင်းထုတ်ပြန်သည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံလာကြောင်း သိရှိရသည်။

    ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်စွဲနေရာယူထားသော ဖလမ်းခရိုင်ရဲတပ်ဖွဲ့ ရုံး၊ မြို့နယ် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေ/အုပ်ရုံးနှင့် ဆေးရုံကုန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့ လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရှိရသည်။

    ဖလမ်းနှင့် မင်းတပ်မြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်တပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်စစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

  • အစာရေစာငတ်ပြတ် ပိန်ချုံးဒဏ်ရာရနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းတိုက်ခိုက်မှုများအကြားမှ AA က ကယ်တင်

    အစာရေစာငတ်ပြတ် ပိန်ချုံးဒဏ်ရာရနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းတိုက်ခိုက်မှုများအကြားမှ AA က ကယ်တင်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အလံဖြူထောင် လက်နက်ချလာသော အစာရေစာငတ်ပြတ် ပိန်ချုံးဒဏ်ရာရနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းတိုက်ခိုက်မှုများအကြားမှ AA က ကယ်တင်

    ရခိုင်ပြည် အမ်းမြိုရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အလင်းဝင်ရောက်လာသူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်ကို ရုပ်သံဖိုင်အရ တွေ့ရသည်။

    တိုင်းစစ်ရုံးထဲက စစ်ဆေးမှူးအပါအဝင် စစ်ကောင်စီတပ်သား ရာနှင့်ချီ အာရက္ခတပ်တော် AA ထံ ထပ်မံ၍ လက်နက်ချ အလင်းဝင်ကြကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ရုပ်သံနှင့်တကွ AA က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

    အဆိုပါ ရုပ်သံတွင် စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော်တို စစ်တပ်ကို မကြိုက်လို့ အလင်းဝင်တာ ” ဟု ပြေးလွှားနေရင်းကနေ ပြောဆိုသည်။

    ယင်းကဲ့သို ထွက်ပြေးအလင်းဝင်ရောက်လာသည့်သူများထဲတွင် သက်ကြီးပိုင်းများလည်း ပါဝင်ပြီး အမျိုးသမီးများနှင့် စစ်ကောင်စီတပ်သားများ ခြေလက်အဂ်ါ ထိခိုက်နေသူများ အများအပြား ပါဝင်သည်ကိုလည်း ရုပ်သံဖိုင်တွင် တွေ့ရသည်။

    စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော့်ကို ရေနည်းနည်းတိုက်ပါ။ ကျနော်တိုကတော့ အလင်းဖြူထောင် ပြမှာပဲ။ ကျနော်တိုက အသပ်စွန့်ပြီးတော့ အစ်ကိုတိုဆီကို လာခဲ့တာပါ။ ရေသောက်ပါရစေ”ဟု ပြန်လည်ပြောဆိုနေသည်ကို တွေ့ရသည်။

    AA တပ်ဖွဲ့ဝင်က “အားစိုက်ပြီးတော့ သွားနော်၊ အသက်လုံခြုံပြီ။ ဘာမှ မဖြစ်စေရေဘူး။ ခင်ဗျားတို့အသက်ကို ကျနော်တို့ အကုန်လုံး အာမခံတယ်။ ရှေ့ဆိုရောက်ပြီ။ ဒီခြံစည်းရိုးလေးကျော်ရင်ရောက်ပြီ ဆိုသော ပြန်လည်ပြောဆိုမှုများကို ကြားနေရသည်။

    နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ တိုင်းစစ်ရုံးကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုင်းစစ်ရုံးထဲ အနည်းငယ်သော နေရာအချိုသာ ကျန်ရှိတော့ကြောင်း AA က ပြောသည်။

    စစ်ကောင်စီသည် လေကြောင်းမှ မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း နပခ တိုက်ပွဲမှာ မြေပြင်တိုက်ပွဲထက် လေကြောင်းပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    အလင်းဝင်ရောက်လာသူ ဒဏ်ရာနှင့် စစ်ကောင်စီတပ်သားတစ်ဦးက “လူကြီးတွေက ကျနော်တိုကို ပစ်ထားခဲ့တာပါ။ နပခမှူးတွေ၊ ဦးစီတို့ ပြေးသွားကြတယ်။ အခုထပ်ပြီးတော့ ပြေးမလွတ်တော့ အထဲ ပြန်ဝင်လာတယ်”ဟုပြောသည်။

  • ခေါင်းဆောင်ဆိုတဲ့ကောင်တွေက ဒဏ်ရာရသူတွေ အိုနာကျိုးကန်းတွေ အကုန်ထားခဲ့ပြီး ထွက်ပြေးတာ

    ခေါင်းဆောင်ဆိုတဲ့ကောင်တွေက ဒဏ်ရာရသူတွေ အိုနာကျိုးကန်းတွေ အကုန်ထားခဲ့ပြီး ထွက်ပြေးတာ

    မအလစစ်သားတွေက မအလတပ်ရဲ့ ယုတ်မာမှုအကြောင်း ပြေးရင်းလွှားရင်း AAကို ရင်ဖွင့်နေရတဲ့အဖြစ်ဗျ။

    Video ရိုက်တဲ့ တပ်ဖွဲ့ဝင်က ပြန်ပြီးနှစ်သိမ့်ပေးနေရတယ်။ ရင်နာစရာကြီးဗျာ။

    ခေါင်းဆောင်ဆိုတဲ့ကောင်တွေက ဒဏ်ရာရသူတွေ အိုနာကျိုးကန်းတွေ အကုန်ထားခဲ့ပြီး ထွက်ပြေးတာတဲ့။

    ရေတောင်သောက်စရာမရှိတဲ့အဖြစ်ဗျာ။

    လမ်းတောင်မလျှောက်နိုင်တဲ့သူတွေ အများကြီး။

    ငယ်ငယ်ရွယ်ရွယ်တွေတင်ပဲလားဆိုတော့ အသက်ကြီးကြီးတစ်ယောက်ဆို သွားတောင်မစုံတော့ပါဘူးကွာ။

    “သတ်ရင်လည်းသတ်လိုက်ပါ…”တဲ့။

    “မသတ်ပါဘူး ဘာမှမလုပ်ပါဘူး…” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က အကြောက်အကန်ပြန်ငြင်းနေရတယ်။

    အဲ့လက်နက်ကိုင်ပြီး တိုက်နေတဲ့သူတွေချင်း ပြောတဲ့စကားတွေတဲ့။

    မအလရဲ့ အောက်ခြေစစ်သားဆိုတာ အသုံးချခံသက်သက်ပဲ။

    စစ်သားမိန်းမတွေလည်း “အဘရေ ကျမတို့ယောကျ်ားကို ကယ်ပေးပါဦး…”လို့ ပြောမနေပါနဲ့။

    အဲ့ဒီအဘတွေကပဲ ဒီအောက်ခြေစစ်သားတွေကို ပစ်ထားခဲ့ကြတာပါပဲ။

    ဒီအချိန်မှာ ကိုယ့်ယောကျ်ာကို ရုန်းထွက်နိုင်ဖို့ပဲ ကူညီပေးပါ။ တိုက်တွန်းကြပါ။

    “မင်းတို့အသက်လုံခြုံသွားပြီ… ဘာမှမဖြစ်တော့ဘူး…”

    ဆိုတဲ့ အာမခံချက်စကားကို မင်းတို့အဘကပြောနေတာမဟုတ်ဘူး။

    တော်လှန်ရေးတပ်ဖွဲ့ဝင်က အာမခံပေးနေရတာ။ တွေးကြည့်ပေါ့ကွာ။

    ကျန်တဲ့မအလသားတွေလည်း ဒါကိုကြည့်မိရင် ရင်နာရမှာပါပဲ။

    မင်းတို့တော့မသိဘူး။ မင်းတို့အစား ငါတို့က ရင်နာတယ်။

    ဒါဟာ မအလစစ်တပ်ရဲ့ မြေပြင်က ပကတိအမှန်တရားပဲ။

    ဘယ်ကောင်တွေ ဘယ်လိုငြင်းဦးမလဲ။

    HtetMyat(CDM)

    Video AA Info Desk

  • လေကြောင်းတိုက်ခိုက်နေသည့်ကြားက နပခမှ စစ်သားများကို AA ကယ်ထုတ်

    ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှ စစ်သားများသည် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရသည့်ကြားက ထွက်ပြေးအလင်းဝင်ရောက်လာသည့်ရုပ်သံ အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

    “၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ လက်နက်ချ အလင်းဝင်လာသော ရန်သူများအား လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ အာရက္ခတပ်တော် ကယ်ထုတ်နေသည့် မြင်ကွင်းများ”ဟု ၆မိနစ်ကျော်ကြာသည့် ရုပ်သံကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    နပခမှ စစ်သားများ ထွက်ပြေးအလင်းဝင်လာသည့်အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ကို တွေ့မြင်ရသည်။

    ထိုသို့ ပစ်ခတ်နေချိန်တွင် စစ်သားတစ်ဦးက “မအလ စစ်တပ်ကိုမကြိုက်လို့ အလင်းဝင်တာ ဟေ့ကောင်”ဟု အော်ပြောနေသည်ကို ကြားရသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား အလင်းဝင်လာသည်ကို ရုပ်သံ၌တွေ့ရသည်။ ဒဏ်ရာရထားသူများလည်း တွေ့ရသည်။

    AAသည် ယမန်နေ့ညကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ လက်ရှိမြေပြင်အခြေအနေဟုဆိုကာ ထုတ်ပြန် အသိပေးထားသည်။

    AAသည် နပခ၏ လက်ရှိမြေပြင်အခြေအနေကို ဒီဇင်ဘာလ ၁၆ရက် ညက ပထမဆုံးအကြိမ်ထုတ်ပြန်ပြီး သုံးရက်ဆက်ထုတ်ပြန်ခြင်းဖြစ်သည်။အမ်းမြို့တွင်နောက်ဆုံးလက်ကျန်ဖြစ်သည့် နပခကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

  • မန္တလေးမှာ လူငယ်ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်

    မန္တလေးမှာ လူငယ်ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်

    မန္တလေးမြို့က အသက် ၃၀ ဝန်းကျင် သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာ အောင်- – – ဟာ သူတာဝန်ကျတဲ့ ဆေးရုံကို ဒီဇင်ဘာ ၁၇ ရက်က ထွက်သွားပြီး အိမ်ပြန်ချိန်မှာ ရောက်မလာခဲ့ပါဘူး။

    အဲ့ဒီနောက် မိသားစုကို သိန်း သုံးထောင်နဲ့ ရွေးဖို့ ဆက်သွယ်လို့ မိသားစုက စီစဥ်ပေးခဲ့ပေမယ့် ဒီကနေ့မနက်စောကမှ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးနားမှာ ပြန်ပေးဆွဲခံရသူရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    ဆရာဝန်လောကသားတယောက် ပြောပြတာက ” လွန်ခဲ့တဲ့ နှစ်ရက်က ဆရာဝန်လေး ပြန်ပေးဆွဲခံရပြီး သိန်း ၃၀၀၀ တောင်းလို့ ငွေလွှဲပေးခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှ ဆရာဝန်ရဲ့ အလောင်းကို ပြန်တွေ့ရတာ၊ ပြန်ပေးဆွဲသူကိုလည်း ဖမ်းမိပြီလို့ သိရပါတယ်။

    ငွေတောင်းသူလို့ သံသယရှိသူက သေဆုံးသူနဲ့ ဆေးကျောင်း ခုံနံပါတ် ရှေ့နောက်လို့ သိရတယ်” လို့ပြောပါတယ်။

    သေဆုံးသူရဲ့ဇနီးကလည်း ဆရာဝန်ဖြစ်ပြီး သူ့ခင်ပွန်းရဲ့ အိုင်ဖုန်းရဲ့ တည်နေရာကို လိုက်ကြည့်ရာက ချမ်းမြသာစည်မြို့နယ် မြို့ဟောင်းစျေးနားက ၂၄ နာရီဆေးခန်းဖြစ်နေတာ တွေ့ရတာကြောင့် သက်ဆိုင်ရာက ဒီမနက်မှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

    ဝင်ရောက်ဖမ်းဆီးခံရတဲ့ ၂၄ နာရီဆေးခန်းနားနေသူတဦးပြောပြတာက

    “ဒီမနက် မလင်းခင် ဆေးခန်းကိုဝင်ဖမ်းသွားတာ ဆရာဝန် ၂ယောက်ရော ဆေးခန်းအကူတွေရောဖမ်းသွားတာ ဆေးခန်းက ဒေါက်တာက ေလာင်းကစားကြောင့် အကြွေးဝိုင်းနေတာတော့ကြားဘူးတယ် ခုလိုဖြစ်စဥ်လို့မထင်မိဘူး အုပ်ကြီးတွေ ခြေရှုတ်နေလို့ တခုခုလို့တော့ သတိထားမိတယ်”

    လတ်တလော ဖမ်းဆီးခံရတဲ့ ဆရာဝန်ဖွင့်တဲ့ ၂၄ နာရီဆေးခန်းကို ​ေတာ့ ပိတ်ထားတာတွေ့ရပါတယ်။

    ဓါတ်ပုံ သေဆုံးသူရဲ့ Facebook