Category: News

  • မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်…

    အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ…

    လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ

    ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ
    ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်…

    ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်…

    ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်…

    ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး

    ဖွေးဖွေးနဲ့ မိခင်ဖြစ်သူတို့ နေပြည်တော်မှာလုပ်တဲ့ အကယ်ဒမီပေးပွဲထံ တက်ရောက်နေစဉ် မောင်လေးဖြစ်သူဟာ ရုတ်တရက် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

    Photo Credit

  • ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ကူအမြောက်အမြားပို့နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    ယခု ဖေဖော်ဝါရီလဆန်းပိုင်းက လက်ရှိအချိန်ထိ ဓညဝတီသို့သွားသည့် သစ်ပုတ်တောင်လမ်းကွဲတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သိရသည်။

    “ကျောက်ဖြူ သစ်ပုတ်တောင် ရေတပ်အနီး အထိတိုက်ပွဲ ပြင်းထန်နေတယ်။ စကစ က လေကြောင်း၊ ရေကြောင်းကတဆင့် အင်အား ၆၀၀ လောက်ထပ်ဖြည့်ထားတယ်လို့ သိရပါတယ်။ ရဲတပ်ရင်း(၃၂)ဘက်ကတော့ တိုက်ပွဲအခြေအနေ မထူးသေးပါဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်ဘက်က အထိနာနေ၍ ထိုသို့ စစ်ကူအင်အားအများအပြားပို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် ယခင်က ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့ကြား ထိုးစစ်ဆင်ရာမှ ဓညဝတီရေတပ်စခန်းဌာနချုပ်သို့ ပြောင်းလဲ တိုက်စစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကော်မရှင်ဘက်ကလည်း စစ်အင်အား အကြိမ်ကြိမ်ဖြည့်တင်းနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    “ပထမပိုင်းက ဒါရွေးကောက်ပွဲရှိနေတဲ့အတွက် ဒါသူတို့ရွေးကောက်ပွဲလုပ်တာကို လက်မခံလိုတဲ့အတွက် မြို့ကိုတိုက်တာပေါ့နော်။ ဒါပေမဲ့ အဓိကက ကျောက်ဖြူမြို့နယ်တခုလုံးဆိုရင် ဓညဝတီရေတပ်စခန်းဌာနချုပ်က အချက်အချာပဲ ။ နှစ်ဖက်လုံးအတွက်အရေးကြီးတာ၊ ဓညဝတီရေတပ်စခန်းဌာနချုပ်က သံတွဲမှာလိုပဲ ရေတပ်စခန်းဌာနချုပ်ကို အရင်တိုက်မယ့်ပုံစံမျိုးလို့ ကျွန်တော်တို့ကယူဆတယ် ။ ဒါကြောင့်လည်း ဒီစစ်တပ်ကရေကြောင်းကနေပြီးတော့ အင်အားတောက်လျှောက် ကျောက်ဖြူကိုဖြည့်လာရတဲ့အနေအထားမျိုးပေါ့။ တဖြေးဖြေးနဲ့တော့ ကျောက်ဖြူမြို့ကနေ ခွာလာတယ်ဆိုပေမယ့် သူတို့ရဲ့တိုက်စစ်မြှားဦးကရေတပ်စခန်းဌာနချုပ်ကိုပဲ အဓိကထားလာတဲ့ပုံစံမျိုးသွားတွေ့ရပါတယ်”ဟု ၎င်းက သုံးသပ်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းအထိ ကျောက်ဖြူမြို့ ရဲတပ်ရင်း(၃၂)အနီးနှင့် အတူရေတပ်ဌာနချုပ်သို့သွားသည့် လမ်းရှိ ဇင်ချောင်း၊ သိုင်းချောင်းနှင့် ဦးကင်းကျေးရွာတို့တွင် တိုက်ပွဲအရှိန်အဟုန်မြင့်တက်နေခဲ့သည်။

    သို့သော်လက်ရှိတွင် မြို့တွင်းပိုင်း၌ တိုက်ပွဲငြိမ်သက်နေပြီး ရေတပ်ဌာနချုပ်သို့သွားသည့် သစ်ပုတ်တောင်အနီးတွင်သာ တိုက်ပွဲအဓိကဖြစ်ပွားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

    စစ်ကော်မရှင်ဘက်ကလည်း ကြည်း၊ ရေ၊ လေ အင်အားသုံး၍ တန်ပြန်တိုက်ခိုက်နေပြီး တိုက်ပွဲဧရိယာသို့ လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် ကျောက်ဖြူမြို့နယ်အပြင် ရခိုင်-ပြည်မ အစပ်ရှိ စစ်မျက်နှာသုံးခုတွင်လည်း ပူးပေါင်းမဟာမိတ်တပ်များနှင့်အတူ စစ်ကော်မရှင်ကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

    ဓာတ်ပုံ-စစ်တပ်​တိုက်ခိုက်​ရေး​ရေယာဥ်များကို စစ်ရေယာဉ်တပ်ပေါင်းစု​လေ့ကျင့်​ရေးပင်လယ်ပြင်တွင်​တွေ့ရစဉ်(CNSCDI )

  • ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

    ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

    ညှိမယ်ဆို အနည်းဆုံး ကျပ်သိန်း ၁,၀၀၀ တောင်း

    ယခင်က KBZ Pay အပိတ်ခံထားရသူတွေကို PSMS နည်းပညာနဲ့ ဆက်တိုက်ဖမ်းဆီးနေပြီး ဖမ်းဆီးခံရပြီးမှ ညှိုနှိုင်းမယ်ဆိုပါက အနည်းဆုံးကျပ်သိန်း ၁‌‌,၀၀၀ က စတင်တောင်းရမ်းနေတယ်လို့ ‌‌ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

    မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို အလုပ်ကိစ္စနဲ့သွားတဲ့ အမျိုးသမီးတစ်ဦး ယခုရက်ပိုင်းမှာ ထပ်မံဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ၅၀(ည)နဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ သိရပါတယ်။

    ဒီအမျိုးသမီးဟာ သာမန်စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၁ က ကမ္ဘောဇဘဏ်အကောင့်အပိတ်ခံထားရတာ ဧည့်စာရင်းကို PSMS နည်းပညာနဲ့ စစ်တပ်က တိုက်စစ်ပြီး ပြင်ဦးလွင်မြို့ကဟိုတယ်တစ်ခုမှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။

    လက်ရှိ မြို့ တွေပေါ်မှာဖမ်းဆီးတဲ့ အမှု ၁၀၀ မှာ ၈၀ ဟာ KBZ ဘဏ်အကောင့်အပိတ်ခံရသူတွေဖြစ်ပြီး အားလုံးကို ပုဒ်မ ၅၀(ည) တပ်ထားတယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။

    ဒီအမှုကို အမှုပွဲစားနဲ့ လိုက်မယ်ဆိုပါက ကြာချိန် တလကျော်ကြာနိုင်ပြီး ကျပ်သိန်း ၁၀၀၀ ကနေ စတင်ပေးရတယ်လို့ တရားရေး အသိုင်းဝိုင်းကသိရပါတယ်။

    “ဒီအမှုဟောင်းတွေက စစ်ကြောရေးမဖြတ်ရဘူး။ ရဲစခန်းကနေတဆင့် အိုးဘိုရောက်တာ။ပြီးရင်ရုံးထုတ်ပေါ့။ အဲဒီမှာ အမှုပွဲစားတွေ က တဆင့်အမှု စစ်တွေကို ကပ်ပြီး ပြန်ထုတ်မယ်ဆိုရင် အဆင့်ဆင့်ပေးရတာ အနည်းဆုံး သိန်း ၁,၀၀၀ က စတယ်။ ၁,၀၀၀ နဲ့ ၁,၅၀၀ ကြားကုန်တယ်။ အမှုစစ်ကပဲ အကုန်ပြတ်တဲ့အထိတာဝန်ယူသွားတာ။ ဈေးကွက်ကြီးရှိတယ်”လို့ လက်ရှိတာဝန်ထမ်းဆောင် နေဆဲတရားရုံးဝန်ထမ်းတဦးက ပြောပါတယ်။

    ပုဒ်မ ၅၀ (ည)အတွက် ပြစ်ဒဏ်ဟာ ခရိုင်ရုံးအထိ အမှုရောက်မယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်အထိချပြီး မြိုနယ်ရုံးမှာဆို ၅ နှစ်ချတယ်လို့သိရပါတယ်။

    ဒါ့အပြင် မြိုနယ်ရုံးမှာပဲ အမှုပြတ်ဖို့တရားစွဲတင်ဖို့အတွက်လည်းရဲစခန်းကို လာဘ်ငွေပေးရတယ်လို့ သိရပါတယ်။

    (စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း မန္တလေးမြို့ခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတွေ့ရပုံ။ ဓာတ်ပုံ − AFP)

  • ကုလအတွက် နှစ်စဥ်ကြေးကို NUG က ပေးသွင်းနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    ကုလအတွက် နှစ်စဥ်ကြေးကို NUG က ပေးသွင်းနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရုံးကို နှစ်စဉ်ပေးသွင်းရတဲ့ နှစ်စဥ်ကြေးပမာဏကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးသွင်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV သတင်းဌာနကို ပြောပါတယ်။

    ဦးကျော်မိုးထွန်းရဲ့အပြောအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မဲပေးခွင့် မဆုံးရှုံးရေးအတွက် ကုလသမဂ္ဂရုံးအဖွဲ့ထံကို တစ်ကြိမ်ကို အမေရိကန်ဒေါ်လာ ၃ သိန်းနဲ့ သုံးကြိမ် ပေးသွင်းထားတယ်လို့ဆိုပါတယ်။

    ပထမတကြိမ် ပေးသွင်းချိန်က အဖွဲ့ရုံးရဲ့ရန်ပုံငွေအောက်မှာရှိတဲ့ငွေကြေးကို ပေးသွင်းခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ မှာ NUG က တဆင့် ပေးလာတဲ့ငွေကြေးကို မြန်မာအဖွဲ့ရုံး နယူးယောက်ကတဆင့် ကုလသမဂ္ဂရုံးကို ပေးသွင်းထားတယ်လို့ သိရှိရပါတယ်။

    ဒီလိုပေးသွင်းထားတဲ့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ၂၀၂၆ နှစ်ကုန်အထိ ကုလသမဂ္ဂမှာ မဲပေးခွင့်ကို ဆက်ရရှိတယ်လို့လည်း ဦးကျော်မိုးထွန်းက PVTV သတင်းကို ပြောထားပါတယ်။

    ကုလသမဂ္ဂရဲ့စည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ၂ နှစ်ဆက်တိုက် ပေးသွင်းရမယ့် အနည်းဆုံး ပမာဏကို မပေးသွင်းနိုင်ဘူးဆိုရင် မဲပေးခွင့်ဆုံးရှုံးမှာ ဖြစ်တာကြောင့် တော်လှန်ရေးကာလမှ မဲပေးခွင့် မဆုံးရှုံးရလေအောင် အဖက်ဖက်က စဉ်းစားပြီးတော့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောထားပါတယ်။

    တချိန်တည်းမှာပဲ ဖေဖော်ဝါရီ ၂ ရက်ကနေ ၁၀ ရက်နေ့အထိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (Commission for Social Development – CSocD) အစည်းအဝေးရဲ့ မိန့်ခွန်းပြောကြားမှု ကဏ္ဍမှာ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂရဲ့ပံ့ပိုးကူညီမှုက မြန်မာနိုင်ငံသားတွေအတွက် အထူးအရေးပါတဲ့ အကြောင်း ထပ်လောင်းပြောသွားပါတယ်။

    ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူလူထုအပေါ်မှာ ဆက်လက်ပျက်ကွက် မနေသင့်တော့ကြောင်းနဲ့ ကုလသမဂ္ဂက အရေးယူဆောင်ရွက်ပေးသင့်တဲ့အချိန်ထက် ကျော်လွန်နေပြီဖြစ်ပေမဲ့ မြန်မာ့အရေးကိစ္စကို ပြတ်ပြတ်သားသား ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့ဆိုပြီး သူက အဲဒီအစည်းအ၀ေးမှာ တောင်းဆိုသွားပါတယ်။

    ကုလသမဂ္ဂမှာ မြန်မာကို တရားဝင်ကိုယ်စားပြုခွင့်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက နေပြည်တော်ရော၊ NUG အစိုးရကပါ ကြိုးပမ်းနေပါတယ်။

    ဒါပေမဲ့ နိုင်ငံတွေရဲ့ကိုယ်စားပြုသူ ကိုယ်စားလှယ်အရည်အချင်းစိစစ်ရေး ကုလကော်မတီဟာ မြန်မာကိုယ်စားပြုသူနေရာကို ယတိပြတ် မဆုံးဖြတ်တာကြောင့် NLD အစိုးရလက်ထက်က ခန့်အပ်ခံထားရတဲ့သံမတ် ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးပွဲတွေကို ဆက်လက်တက်ရောက်ခွင့်ရနေပါတယ်။

  • သာပေါင်းတိုက်ပွဲ၌ ကာကင်းစခန်းများလက်လွှတ်ရသဖြင့် စစ်တပ်အရာရှိအချို့ စစ်ဆေးခံရ

    သာပေါင်းတိုက်ပွဲ၌ ကာကင်းစခန်းများလက်လွှတ်ရသဖြင့် စစ်တပ်အရာရှိအချို့ စစ်ဆေးခံရ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ ကာကင်းစခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်လို့ သာပေါင်းတပ်က အရာရှိတချို့ကို စစ်ကောင်စီက စစ်ဆေးနေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်အတွင်း သာပေါင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ ကာကင်းစခန်း ၃ ခုထက်မနည်း လက်လွှတ်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ခလရ ၃၀၈ သာပေါင်းတပ်ရင်းမှာ စစ်ဆင်းရေးကွပ်ကဲနေတဲ့ ဗိုလ်မှူးတယောက်နဲ့ တပ်ရင်းမှူးတယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတာလို့ သိရပါတယ်။

    သာပေါင်းခလရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူက “သာပေါင်းဘက်မှာတော့ အစည်းအဝေးတက်ဖို့ သွားတာလို့ သတင်းဖြန့်ထားတယ်။ အမှန်တော့ သာပေါင်းတိုက်ပွဲမှာ ကာကင်းစခန်းတွေ လက်လွှတ်ရပြီး နောက်ရက်ဆို ပုသိမ်က တိုင်းမှူးက စစ်ဆေးဖို့လို အပ်တာကြောင့်ဆိုပြီး ခေါ်ထားတာ။ ပုသိမ်မှာ အဖမ်းခံရထားတာ။ လက်လွှတ်ရမဲ့အခြေအနေမဟုတ်ဘဲ ဆုံးရှုံးရလို့ စစ်ဆေးခံထိတာ” လို့ ပြောပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အရာရှိ ၂ ယောက်ကို စစ်တပ်က ဖေဖော်ဝါရီ ၂ ရက်လောက်က စတင်ကာ ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) မှာ ထိန်းသိမ်းစစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးခံနေရတာ အချိန်တပတ်လောက်အထိရှိပြီလို့ သိရပါတယ်။

    အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နဲ့ နီးစပ်သူက “ပထမ သာပေါင်းတပ်ထဲမှာပဲ စစ်ဆေးဖို့၊ တိုက်ပွဲတွေက ပြင်းထန်နေတော့ ပုသိမ်ဘက်ကို ပြောင်းစစ်ဆေးနေတာလို့ သိရတယ်” လို့ ပြောပါတယ်။

    အဲဒီ သာပေါင်း ခလရ ၃၀၈ က တပ်ရင်းမှူး အပါအဝင် ကွပ်ကဲရေးအရာရှိတွေကို စစ်ကောင်စီ ဧရာဝတီတိုင်း၊ ဒု-တိုင်းမှူးက ကွင်းဆင်းကာ ကိုယ်တိုင်ဖမ်းဆီးခဲ့ပြီး ပုသိမ်မှာ တိုင်းမှူးက စစ်တာလို့ သိရပါတယ်။

    လက်ရှိအခြေအနေမှာ သာပေါင်းမြို့နယ်ထဲက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) မဟာမိတ်တပ်တွေနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။