Category: News

  • စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ

    စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ

    မုံရွာမှာ စစ်အုပ်စုက ခရီးသွား အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ ဖမ်းဆီး

    အမျိုးသမီးတွေကို အပျိုဟုတ်၊မဟုတ် မေးပြီး ဖုန်းနံပတ်တောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်

    စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက မြို့အဝင်အထွက် လမ်းဆုံလမ်းမနေရာအနှံ့ ဂိတ်တွေ ဖွင့်ထားပြီးနောက် ခရီးသွားပြည်သူ လူငယ်လူရွယ် အမျိုးသားတွေကို ကားပေါ်က ဆွဲချကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းပြီး အမျိုးသမီးတွေကိုတော့ လိင်ပိုင်းဆိုင်ရာ ထိပါစော်ကားနေတယ်လို့ ကိုယ်တိုင် ကြုံနေရသူတွေက ပြောပါတယ်။

    ယခု ဒီဇင်ဘာလ ဒုတိယအပတ်က စပြီး ကနီ၊ ယင်းမာပင်၊ ဘုတလင် စတဲ့ မြို့နယ်တွေဘက်က လာတဲ့ ခရီးသည်တင် ကားတွေကို စစ်အုပ်စုက မုံရွာမြို့အ၀င်နေရာတွေက စောင့်ပြီး ကားပေါ်ပါ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းကာ အမျိုးသမီးတွေကိုတော့ အပျို ဟုတ်၊ မဟုတ် မေးမြန်းတာ၊ ဖုန်းနံပတ်တွေ မရမက တောင်းယူတာမျိုး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အစ်မက မန္တလေးသွားတာ၊ လမ်းမှာ သူတို့(စစ်အုပ်စု) စစ်ဆေးရေးဂိတ်နဲ့ တွေ့တော့ အစတော့ မှတ်ပုံတင် ပြခိုင်းတယ်၊ ပြီးတော့ အိမ်ထောင်ရှိလား၊ အပျိုးလား ဘာညာ မေးပြီး ဒီမှာ ဆင်းနေခဲ့မလား၊ ဖုန်းနံပါတ် ပေးမလားနဲ့ မေးတာ၊ အစ်မလည်း ကြောက်တော့ ဖုန်းနံပါတ် ပေးထားခဲ့ရတယ်၊ ခဏနေတော့ တကယ် ဖုန်းခေါ်တာ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

    မုံရွာမြို့အဝင်အထွက်တွေမှာ ဂိတ်ဖွင့်ငွေညှစ် ပေါ်တာဆွဲနေတဲ့ စစ်အုပ်စုက ခရီးသွားပြည်သူ အမျိုးသမီးတွေကို လိင်ပါးဆိုင်ရာ ထိပါးနှောင့်ယှက် စော်ကားပြီး ဖုန်းနံပတ်နဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမပေးရင် ကားကို ခရီးဆက်ခွင့် မပေးဘဲ တားဆီးထားတာမျိုးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    ဒီဇင်ဘာလ ၁၇ နဲ့ ၁၈ ရက်က မုံရွာမြို့ကို လာရောက်တဲ့ ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာက အမျိုးသား တစ်ဦး၊ ရွာသာနဲ့ဝါးချောင်း ကျေးရွာက အမျိုးသားလေးဦး၊ ကနီမြို့နယ် လက်ပံစုကျေးရွာက အမျိုးသား နှစ်ဦး၊ စုစုပေါင်း အမျိုးသား ခုနှစ်ဦးကို စစ်အုပ်စုက မုံရွာမြို့အဝင်မှာ ကားပေါ်က ဆွဲချဖမ်းဆီးကာ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခဲ့ပါတယ်။

    “မုံရွာအ၀င် (မုံရွာ – ဘုတလင် – ကနီလမ်း) ကျွဲရဲအဝိုင်းပတ်နဲ့ (မုံရွာ – အရာတော် – ရွှေဘိုလမ်း) ဇလုပ်အဝိုင်းပတ် နေရာတွေက စောင့်ပြီး ဖမ်းကြတာ၊ လူငယ်ပိုင်းတွေ အဖမ်းခံရတာ များတယ်”လို့ ခရီးသွား ကားလုပ်ငန်းပိုင်းနဲ့ နီးစပ်တဲ့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

    မုံရွာမြို့အ၀င် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရတဲ့ ခရီးသွားပြည်သူ အများအပြားရှိပြီး အရေအတွက် အတိအကျကိုတော့ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

    အာဏာသိမ်း စစ်အုပ်စုဟာ မုံရွာမြို့ပေါ်မှာလည်း လမ်းပေါ်ဂိတ်ဖွင့်ကာ လမ်းသွားလမ်းလာနဲ့ အလုပ်သွားမလုပ်ပြန် လူငယ်လူရွာတွေကို ပေါ်တာဆွဲ၊ ပြန်ပေးဆွဲ ဖမ်းဆီးသလို ရပ်ကွက်တွေအတွင်းက စားသောက်ဆိုင်တွေထဲအထိ ၀င်ရောက်စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မုံရွာမြိုမှာ ယခု ဒီဇင်ဘာလအတွင်း စစ်အုပ်စုရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်း ခံရသူ အနည်းဆုံး ၇၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်းစက မုံရွာမြို့အဝင် ငွေညှစ်ဂိတ်တစ်ခုမှာ ခရီးသွားတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

  • ကရင်ပြည်နယ် ဖာပွန် ခရိုင် လက်နက်ကြီးစခန်း KNU + PDF တော်လှန်ရေးတပ်များ သိမ်းပိုက်

    ကရင်ပြည်နယ် ဖာပွန် ခရိုင် လက်နက်ကြီးစခန်း KNU + PDF တော်လှန်ရေးတပ်များ သိမ်းပိုက်

    ကရင်ပြည်နယ် ဖာပွန် ခရိုင် လက်နက်ကြီးစခန်း KNU + PDF တော်လှန်ရေးတပ်များ သိမ်းပိုက်

    ဖာပွန် လက်နက်ကြီး ကုန်းကို KNU သိမ်းလိုက်တဲ့ရုပ်သံဖိုင်ထွက်ပေါ်လာ

    စစ်​ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာ လက်နက်ကြီးကုန်းကို KNU တပ်မဟာ (၅) နဲ့ပူးပေါင်းတပ်က သိမ်းယူလိုက်တဲ့ ရုပ်သံဖိုင် ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထွက်ပေါ်လာပါတယ်။

    ရုပ်သံဖိုင်ထဲမှာ ဟောင်ဝစ်ဇာအမြှောက်ကြီးကိုတွေ့ရပြီး “အဲ့ဒါ ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်း” လို့ ​တော်လှန်​ရေးအဖွဲ့၀င်တစ်ဦးက ပြောကြားထားပါတယ်။

    လနဲ့ချီ ဝန်းရံပိတ်ဆို့တိုက်ခိုက်​ခဲ့တဲ့ ဖာပွန်လက်နက်ကြီးကုန်း သိမ်းပိုက်ရရှိနိုင်မှု အ​ခြေအ​နေအသေးစိတ် သိရဖို့ KNU တပ်မဟာ (၅) ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး​စောကလယ်ဒိုကို ဆက်သွယ်​မေးမြန်းထားဆဲဖြစ်ပါတယ်။

    ကရင်ပြည်နယ် ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်းဟုဆို

    ရ ထားတာတွေတချက်ကြည့်

  • ဗန်းမော်နှင့်မံစီမြို့တို့တွင် တိုက်ပွဲပြင်းထန်

    ဗန်းမော်နှင့်မံစီမြို့တို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ကချင်ပြည်နယ်၊ ဗန်းမော်နှင့်မံစီမြို့တို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတပ်များအကြား ၁၆ ရက်တာ တိုက်ပွဲများ ဆက်လက်ပြင်းထန်ပြီး စစ်တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ၁၆ ရက်တာ ဗန်းမော်မြို့နှင့် မံစီမြို့တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ဗန်းမော်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်သည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိဘဲ တိုက်ပွဲများ ဆက်ဖြစ်ပွားနေကာ တော်လှန်ရေးတပ်များက စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

    ” မနေ့ကလည်း မံစီနဲ့ ဗန်းမော် ၃ မိုင် နဲ့ ၅ မိုင်ပတ်လည်၊ ဗန်းမော် တက္ကသိုလ် ဘက်မှာ တိုက်ပွဲတော်တော်ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်က လေ ကြောင်း ပစ်ကူ ၅ ကြိမ်ရှိတယ်။ စစ်ခွေးအရှင်ဖမ်းမိတာ၊/ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတာတွေရှိပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

    ထို့ပြင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့ရှိ ကျန်ရှိနေသော ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်းဌာနချုပ် ၃ ခုကိုလည်း တပြိုင်နက်တည်း ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

  • မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံ

    မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံ

    မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ချင်းပြည်နယ်၊ မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ ၁၆၈ ဦး လက်နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းညီနောင်စစ်ဆင်ရေးက ယနေ့ သတင်းထုတ်ပြန်သည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံလာကြောင်း သိရှိရသည်။

    ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်စွဲနေရာယူထားသော ဖလမ်းခရိုင်ရဲတပ်ဖွဲ့ ရုံး၊ မြို့နယ် ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေ/အုပ်ရုံးနှင့် ဆေးရုံကုန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့ လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရှိရသည်။

    ဖလမ်းနှင့် မင်းတပ်မြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်တပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်စစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

  • အစာရေစာငတ်ပြတ် ပိန်ချုံးဒဏ်ရာရနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းတိုက်ခိုက်မှုများအကြားမှ AA က ကယ်တင်

    အစာရေစာငတ်ပြတ် ပိန်ချုံးဒဏ်ရာရနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းတိုက်ခိုက်မှုများအကြားမှ AA က ကယ်တင်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အလံဖြူထောင် လက်နက်ချလာသော အစာရေစာငတ်ပြတ် ပိန်ချုံးဒဏ်ရာရနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းတိုက်ခိုက်မှုများအကြားမှ AA က ကယ်တင်

    ရခိုင်ပြည် အမ်းမြိုရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အလင်းဝင်ရောက်လာသူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်ကို ရုပ်သံဖိုင်အရ တွေ့ရသည်။

    တိုင်းစစ်ရုံးထဲက စစ်ဆေးမှူးအပါအဝင် စစ်ကောင်စီတပ်သား ရာနှင့်ချီ အာရက္ခတပ်တော် AA ထံ ထပ်မံ၍ လက်နက်ချ အလင်းဝင်ကြကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ရုပ်သံနှင့်တကွ AA က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

    အဆိုပါ ရုပ်သံတွင် စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော်တို စစ်တပ်ကို မကြိုက်လို့ အလင်းဝင်တာ ” ဟု ပြေးလွှားနေရင်းကနေ ပြောဆိုသည်။

    ယင်းကဲ့သို ထွက်ပြေးအလင်းဝင်ရောက်လာသည့်သူများထဲတွင် သက်ကြီးပိုင်းများလည်း ပါဝင်ပြီး အမျိုးသမီးများနှင့် စစ်ကောင်စီတပ်သားများ ခြေလက်အဂ်ါ ထိခိုက်နေသူများ အများအပြား ပါဝင်သည်ကိုလည်း ရုပ်သံဖိုင်တွင် တွေ့ရသည်။

    စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော့်ကို ရေနည်းနည်းတိုက်ပါ။ ကျနော်တိုကတော့ အလင်းဖြူထောင် ပြမှာပဲ။ ကျနော်တိုက အသပ်စွန့်ပြီးတော့ အစ်ကိုတိုဆီကို လာခဲ့တာပါ။ ရေသောက်ပါရစေ”ဟု ပြန်လည်ပြောဆိုနေသည်ကို တွေ့ရသည်။

    AA တပ်ဖွဲ့ဝင်က “အားစိုက်ပြီးတော့ သွားနော်၊ အသက်လုံခြုံပြီ။ ဘာမှ မဖြစ်စေရေဘူး။ ခင်ဗျားတို့အသက်ကို ကျနော်တို့ အကုန်လုံး အာမခံတယ်။ ရှေ့ဆိုရောက်ပြီ။ ဒီခြံစည်းရိုးလေးကျော်ရင်ရောက်ပြီ ဆိုသော ပြန်လည်ပြောဆိုမှုများကို ကြားနေရသည်။

    နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ တိုင်းစစ်ရုံးကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုင်းစစ်ရုံးထဲ အနည်းငယ်သော နေရာအချိုသာ ကျန်ရှိတော့ကြောင်း AA က ပြောသည်။

    စစ်ကောင်စီသည် လေကြောင်းမှ မရပ်မနား တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း နပခ တိုက်ပွဲမှာ မြေပြင်တိုက်ပွဲထက် လေကြောင်းပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    အလင်းဝင်ရောက်လာသူ ဒဏ်ရာနှင့် စစ်ကောင်စီတပ်သားတစ်ဦးက “လူကြီးတွေက ကျနော်တိုကို ပစ်ထားခဲ့တာပါ။ နပခမှူးတွေ၊ ဦးစီတို့ ပြေးသွားကြတယ်။ အခုထပ်ပြီးတော့ ပြေးမလွတ်တော့ အထဲ ပြန်ဝင်လာတယ်”ဟုပြောသည်။