ကျောင်းပြန်ဖွင့်ရေး ကူညီပြီး စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲကာလအတွင်း ပျက်စီးခဲ့သည့် မြဝတီမြို့အနီး သင်္ဃန်းညီနောင် အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၊ နယ်ခြားစောင့်တပ် (BGF) အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ မြေပြင်ဆင်းပြီး ကူညီပေးခြင်းဖြင့် စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိနေကြောင်း ပြသနေသည်။ လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ နှင့် ရွှေကုက္ကိုဒေသတို့၌ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များ ပြန်လည်လုပ်ကိုင်မှု များပြားလာသော်လည်း စစ်တပ်မှ ဝင်ရောက်စီးနင်းမှုမရှိသည့်အပြင် KNA နှင့် BGF တို့က ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဟု ဒေသခံများက ဆိုသည်။ […]