Category: News

  • NUG၊ တော်လှန်ရေးအဖွဲ့များပါမှ KIA စစ်တပ်နှင့် ဆွေးနွေးမည်

    NUG၊ တော်လှန်ရေးအဖွဲ့များပါမှ KIA စစ်တပ်နှင့် ဆွေးနွေးမည်

    ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို တွေ့ဆုံဆွေးနွေးရေး စစ်တပ် ပြောဆိုကမ်းလှမ်းမှုများ မကြာခဏရှိနေသော်လည်း အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစု အားလုံးနှင့် တွေ့ဆုံဆွေးနွေးမှသာ လက်ခံမည် တုံ့ပြန်ထားကြောင်း ကချင်ပြည်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုသည်။

    ယင်းကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၌ကျင်းပသည့် ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမှမိန့်ခွန်းပြောရာတွင် ဗိုလ်ချုပ်ကြီး ဂွန်မော်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုအား NUG နှင့်ပါ စကားပြောချင်သလားဟု မေးမြန်းထားကြောင်း ဆိုသည်။

    ၎င်းက “စုစည်းညီညွတ်မှုအား လိုပါတယ်။ တစုချင်းကနေ တဖွဲ့ တဖွဲ့ကနေ တနိုင်ငံလုံးရဲ့ စုစည်းညီညွတ်တဲ့အားနဲ့ သွားရမှာ ဖြစ်ပါတယ်။ ဒီကနေ့ထိ ကျနော်တို့သွားနေတဲ့မူကတော့ တော်လှန်ရေးအင်အားစုများနဲ့လက်တွဲတယ်။ နေပြည်တော် အစိုးရကို ကျနော်တို့ ပြောပါတယ်။ KIO တဖွဲ့ထဲနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUG နဲ့ စကားပြော ချင်တဲ့ ဆန္ဒရှိသလားလို့ ကျနော်တို့ မေးထားပါတယ်။ တဖွဲ့ချင်းရဲ့ စကားပြောတဲ့ပုံစံမျိုးကို KIO ကလက်ခံမှာ မဟုတ်ဘူး ဆိုတာမျိုးကို မဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများ အားလုံးကို ပြောပြထားပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။

    KIA အနေဖြင့် စစ်ရေးအောင်မြင်မှုများရှိနေသောအခြေအနေအား ပြောဆိုသွားခဲ့ပြီး ယခုရက်ပိုင်းတွင် မြစ်ကြီးနား လေတပ်စခန်း၏ ရေဒါတခုအား ဖျက်ဆီးနိုင်ခဲ့သလို ဗန်းမော်၌လည်း တင့်ကားတစီး ဖျက်ခဲ့ကြောင်းနှင့် လက်ရှိ ၂ လတာအတွင်း တင့်ကား ၇ စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် စစ်ရေးအရ KIO သည် ကချင်ဒေသတခုလုံး ကာကွယ်ရေး၊ လုံခြုံရေးကို တာဝန်ယူပြီးတော့ တခြားသော အင်အားစုများနှင့် တိုက်ပွဲဖော်ဆောင်နေသလို စစ်ကိုင်း၌လည်း စစ်ဒေသဖွင့်၍ အတူတကွ တိုက်ပွဲဝင်နေကြောင်း၊ ဗန်းမော်တိုက်ပွဲတွင်လည်း လူမျိုးပေါင်းစုံ ပါဝင်တိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။

    “နေရာအသီးသီးမှာ အတူတကွ တိုက်ပွဲ ဝင်နေတယ်။ အတူတကွ အောင်ပွဲ ခံနေတယ်၊ အတူတကွ အာဇာနည်အဖြစ် ရောက်ရှိတဲ့အနေအထားတွေ ဖြစ်တယ်။ ဗန်းဗော်တိုက်ပွဲဟာ နိုင်ငံရေး သိက္ခာတိုက်ပွဲ ဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဗန်းမော်ကို တိုက်နေတာ ၁ နှစ်ကျော်သွားပြီ။ ဒီလိုကြာမယ် အရင်းအနှီးများမယ် ဆိုတာ ကျနော်တို့ သိသော်လည်း လိုအပ်လို့ တိုက်နေတာပါ” ဟု ဒု ဗိုလ်ချုပ်ကြီး ဂွန်မော်က ဆိုသည်။

    ထို့ပြင် KIA အနေဖြင့်၂၀၂၆ ခုနှစ်အတွင်း ကြီးမားသည့်အပြောင်းအလဲများ ဖြစ်လာနိုင်ရန် မျှော်မှန်းကြိုးစား လုပ်ဆောင်နေသလို တရုတ်အစိုးရမှ တိုက်ပွဲများ မဖော်ဆောင်ရန် ပြောဆိုမှုရှိသော်လည်း မဖြစ်မနေ တိုက်ပွဲဖော်ဆောင်နေရသည့် အခြေ အနေအရပ်ရပ်ကို အားလုံးသိရှိ နားလည်အောင်လည်း ၎င်းက ပြောကြားခဲ့သည်။

    ဓာတ်ပုံ- ဗိုလ်ချုပ်ကြီး ဂွန်မော်

  • မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်…

    အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ…

    လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ

    ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ
    ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်…

    ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်…

    ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်…

    ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး

    ဖွေးဖွေးနဲ့ မိခင်ဖြစ်သူတို့ နေပြည်တော်မှာလုပ်တဲ့ အကယ်ဒမီပေးပွဲထံ တက်ရောက်နေစဉ် မောင်လေးဖြစ်သူဟာ ရုတ်တရက် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

    Photo Credit

  • ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ကျောက်ဖြူ ရေတပ်ဌာနချုပ်ကို AA ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က စစ်ကူအမြောက်အမြားပို့

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ကူအမြောက်အမြားပို့နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    ယခု ဖေဖော်ဝါရီလဆန်းပိုင်းက လက်ရှိအချိန်ထိ ဓညဝတီသို့သွားသည့် သစ်ပုတ်တောင်လမ်းကွဲတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သိရသည်။

    “ကျောက်ဖြူ သစ်ပုတ်တောင် ရေတပ်အနီး အထိတိုက်ပွဲ ပြင်းထန်နေတယ်။ စကစ က လေကြောင်း၊ ရေကြောင်းကတဆင့် အင်အား ၆၀၀ လောက်ထပ်ဖြည့်ထားတယ်လို့ သိရပါတယ်။ ရဲတပ်ရင်း(၃၂)ဘက်ကတော့ တိုက်ပွဲအခြေအနေ မထူးသေးပါဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်ဘက်က အထိနာနေ၍ ထိုသို့ စစ်ကူအင်အားအများအပြားပို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် ယခင်က ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့ကြား ထိုးစစ်ဆင်ရာမှ ဓညဝတီရေတပ်စခန်းဌာနချုပ်သို့ ပြောင်းလဲ တိုက်စစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကော်မရှင်ဘက်ကလည်း စစ်အင်အား အကြိမ်ကြိမ်ဖြည့်တင်းနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    “ပထမပိုင်းက ဒါရွေးကောက်ပွဲရှိနေတဲ့အတွက် ဒါသူတို့ရွေးကောက်ပွဲလုပ်တာကို လက်မခံလိုတဲ့အတွက် မြို့ကိုတိုက်တာပေါ့နော်။ ဒါပေမဲ့ အဓိကက ကျောက်ဖြူမြို့နယ်တခုလုံးဆိုရင် ဓညဝတီရေတပ်စခန်းဌာနချုပ်က အချက်အချာပဲ ။ နှစ်ဖက်လုံးအတွက်အရေးကြီးတာ၊ ဓညဝတီရေတပ်စခန်းဌာနချုပ်က သံတွဲမှာလိုပဲ ရေတပ်စခန်းဌာနချုပ်ကို အရင်တိုက်မယ့်ပုံစံမျိုးလို့ ကျွန်တော်တို့ကယူဆတယ် ။ ဒါကြောင့်လည်း ဒီစစ်တပ်ကရေကြောင်းကနေပြီးတော့ အင်အားတောက်လျှောက် ကျောက်ဖြူကိုဖြည့်လာရတဲ့အနေအထားမျိုးပေါ့။ တဖြေးဖြေးနဲ့တော့ ကျောက်ဖြူမြို့ကနေ ခွာလာတယ်ဆိုပေမယ့် သူတို့ရဲ့တိုက်စစ်မြှားဦးကရေတပ်စခန်းဌာနချုပ်ကိုပဲ အဓိကထားလာတဲ့ပုံစံမျိုးသွားတွေ့ရပါတယ်”ဟု ၎င်းက သုံးသပ်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းအထိ ကျောက်ဖြူမြို့ ရဲတပ်ရင်း(၃၂)အနီးနှင့် အတူရေတပ်ဌာနချုပ်သို့သွားသည့် လမ်းရှိ ဇင်ချောင်း၊ သိုင်းချောင်းနှင့် ဦးကင်းကျေးရွာတို့တွင် တိုက်ပွဲအရှိန်အဟုန်မြင့်တက်နေခဲ့သည်။

    သို့သော်လက်ရှိတွင် မြို့တွင်းပိုင်း၌ တိုက်ပွဲငြိမ်သက်နေပြီး ရေတပ်ဌာနချုပ်သို့သွားသည့် သစ်ပုတ်တောင်အနီးတွင်သာ တိုက်ပွဲအဓိကဖြစ်ပွားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

    စစ်ကော်မရှင်ဘက်ကလည်း ကြည်း၊ ရေ၊ လေ အင်အားသုံး၍ တန်ပြန်တိုက်ခိုက်နေပြီး တိုက်ပွဲဧရိယာသို့ လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် ကျောက်ဖြူမြို့နယ်အပြင် ရခိုင်-ပြည်မ အစပ်ရှိ စစ်မျက်နှာသုံးခုတွင်လည်း ပူးပေါင်းမဟာမိတ်တပ်များနှင့်အတူ စစ်ကော်မရှင်ကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

    ဓာတ်ပုံ-စစ်တပ်​တိုက်ခိုက်​ရေး​ရေယာဥ်များကို စစ်ရေယာဉ်တပ်ပေါင်းစု​လေ့ကျင့်​ရေးပင်လယ်ပြင်တွင်​တွေ့ရစဉ်(CNSCDI )

  • ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

    ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

    ညှိမယ်ဆို အနည်းဆုံး ကျပ်သိန်း ၁,၀၀၀ တောင်း

    ယခင်က KBZ Pay အပိတ်ခံထားရသူတွေကို PSMS နည်းပညာနဲ့ ဆက်တိုက်ဖမ်းဆီးနေပြီး ဖမ်းဆီးခံရပြီးမှ ညှိုနှိုင်းမယ်ဆိုပါက အနည်းဆုံးကျပ်သိန်း ၁‌‌,၀၀၀ က စတင်တောင်းရမ်းနေတယ်လို့ ‌‌ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

    မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို အလုပ်ကိစ္စနဲ့သွားတဲ့ အမျိုးသမီးတစ်ဦး ယခုရက်ပိုင်းမှာ ထပ်မံဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ၅၀(ည)နဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ သိရပါတယ်။

    ဒီအမျိုးသမီးဟာ သာမန်စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၁ က ကမ္ဘောဇဘဏ်အကောင့်အပိတ်ခံထားရတာ ဧည့်စာရင်းကို PSMS နည်းပညာနဲ့ စစ်တပ်က တိုက်စစ်ပြီး ပြင်ဦးလွင်မြို့ကဟိုတယ်တစ်ခုမှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။

    လက်ရှိ မြို့ တွေပေါ်မှာဖမ်းဆီးတဲ့ အမှု ၁၀၀ မှာ ၈၀ ဟာ KBZ ဘဏ်အကောင့်အပိတ်ခံရသူတွေဖြစ်ပြီး အားလုံးကို ပုဒ်မ ၅၀(ည) တပ်ထားတယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။

    ဒီအမှုကို အမှုပွဲစားနဲ့ လိုက်မယ်ဆိုပါက ကြာချိန် တလကျော်ကြာနိုင်ပြီး ကျပ်သိန်း ၁၀၀၀ ကနေ စတင်ပေးရတယ်လို့ တရားရေး အသိုင်းဝိုင်းကသိရပါတယ်။

    “ဒီအမှုဟောင်းတွေက စစ်ကြောရေးမဖြတ်ရဘူး။ ရဲစခန်းကနေတဆင့် အိုးဘိုရောက်တာ။ပြီးရင်ရုံးထုတ်ပေါ့။ အဲဒီမှာ အမှုပွဲစားတွေ က တဆင့်အမှု စစ်တွေကို ကပ်ပြီး ပြန်ထုတ်မယ်ဆိုရင် အဆင့်ဆင့်ပေးရတာ အနည်းဆုံး သိန်း ၁,၀၀၀ က စတယ်။ ၁,၀၀၀ နဲ့ ၁,၅၀၀ ကြားကုန်တယ်။ အမှုစစ်ကပဲ အကုန်ပြတ်တဲ့အထိတာဝန်ယူသွားတာ။ ဈေးကွက်ကြီးရှိတယ်”လို့ လက်ရှိတာဝန်ထမ်းဆောင် နေဆဲတရားရုံးဝန်ထမ်းတဦးက ပြောပါတယ်။

    ပုဒ်မ ၅၀ (ည)အတွက် ပြစ်ဒဏ်ဟာ ခရိုင်ရုံးအထိ အမှုရောက်မယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်အထိချပြီး မြိုနယ်ရုံးမှာဆို ၅ နှစ်ချတယ်လို့သိရပါတယ်။

    ဒါ့အပြင် မြိုနယ်ရုံးမှာပဲ အမှုပြတ်ဖို့တရားစွဲတင်ဖို့အတွက်လည်းရဲစခန်းကို လာဘ်ငွေပေးရတယ်လို့ သိရပါတယ်။

    (စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း မန္တလေးမြို့ခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတွေ့ရပုံ။ ဓာတ်ပုံ − AFP)

  • ကုလအတွက် နှစ်စဥ်ကြေးကို NUG က ပေးသွင်းနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    ကုလအတွက် နှစ်စဥ်ကြေးကို NUG က ပေးသွင်းနေတယ်လို့ ဦးကျော်မိုးထွန်းပြော

    ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေနဲ့ ကုလသမဂ္ဂရုံးကို နှစ်စဉ်ပေးသွင်းရတဲ့ နှစ်စဥ်ကြေးပမာဏကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးသွင်းနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV သတင်းဌာနကို ပြောပါတယ်။

    ဦးကျော်မိုးထွန်းရဲ့အပြောအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မဲပေးခွင့် မဆုံးရှုံးရေးအတွက် ကုလသမဂ္ဂရုံးအဖွဲ့ထံကို တစ်ကြိမ်ကို အမေရိကန်ဒေါ်လာ ၃ သိန်းနဲ့ သုံးကြိမ် ပေးသွင်းထားတယ်လို့ဆိုပါတယ်။

    ပထမတကြိမ် ပေးသွင်းချိန်က အဖွဲ့ရုံးရဲ့ရန်ပုံငွေအောက်မှာရှိတဲ့ငွေကြေးကို ပေးသွင်းခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ မှာ NUG က တဆင့် ပေးလာတဲ့ငွေကြေးကို မြန်မာအဖွဲ့ရုံး နယူးယောက်ကတဆင့် ကုလသမဂ္ဂရုံးကို ပေးသွင်းထားတယ်လို့ သိရှိရပါတယ်။

    ဒီလိုပေးသွင်းထားတဲ့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ၂၀၂၆ နှစ်ကုန်အထိ ကုလသမဂ္ဂမှာ မဲပေးခွင့်ကို ဆက်ရရှိတယ်လို့လည်း ဦးကျော်မိုးထွန်းက PVTV သတင်းကို ပြောထားပါတယ်။

    ကုလသမဂ္ဂရဲ့စည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ၂ နှစ်ဆက်တိုက် ပေးသွင်းရမယ့် အနည်းဆုံး ပမာဏကို မပေးသွင်းနိုင်ဘူးဆိုရင် မဲပေးခွင့်ဆုံးရှုံးမှာ ဖြစ်တာကြောင့် တော်လှန်ရေးကာလမှ မဲပေးခွင့် မဆုံးရှုံးရလေအောင် အဖက်ဖက်က စဉ်းစားပြီးတော့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောထားပါတယ်။

    တချိန်တည်းမှာပဲ ဖေဖော်ဝါရီ ၂ ရက်ကနေ ၁၀ ရက်နေ့အထိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (Commission for Social Development – CSocD) အစည်းအဝေးရဲ့ မိန့်ခွန်းပြောကြားမှု ကဏ္ဍမှာ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂရဲ့ပံ့ပိုးကူညီမှုက မြန်မာနိုင်ငံသားတွေအတွက် အထူးအရေးပါတဲ့ အကြောင်း ထပ်လောင်းပြောသွားပါတယ်။

    ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူလူထုအပေါ်မှာ ဆက်လက်ပျက်ကွက် မနေသင့်တော့ကြောင်းနဲ့ ကုလသမဂ္ဂက အရေးယူဆောင်ရွက်ပေးသင့်တဲ့အချိန်ထက် ကျော်လွန်နေပြီဖြစ်ပေမဲ့ မြန်မာ့အရေးကိစ္စကို ပြတ်ပြတ်သားသား ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့ဆိုပြီး သူက အဲဒီအစည်းအ၀ေးမှာ တောင်းဆိုသွားပါတယ်။

    ကုလသမဂ္ဂမှာ မြန်မာကို တရားဝင်ကိုယ်စားပြုခွင့်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက နေပြည်တော်ရော၊ NUG အစိုးရကပါ ကြိုးပမ်းနေပါတယ်။

    ဒါပေမဲ့ နိုင်ငံတွေရဲ့ကိုယ်စားပြုသူ ကိုယ်စားလှယ်အရည်အချင်းစိစစ်ရေး ကုလကော်မတီဟာ မြန်မာကိုယ်စားပြုသူနေရာကို ယတိပြတ် မဆုံးဖြတ်တာကြောင့် NLD အစိုးရလက်ထက်က ခန့်အပ်ခံထားရတဲ့သံမတ် ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးပွဲတွေကို ဆက်လက်တက်ရောက်ခွင့်ရနေပါတယ်။