Category: News

  • မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်

    မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်

    မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား

    ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွားကြောင်း Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီတာယုမွန် ဦးဆောင်သော ပျူစောထီး အင်အား ၂၅၀ ခန့်နှင့် စစ်သား တချို့ လိုက်ပါလာသော စစ်ကြောင်းသည် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ၊ ပြည်တော်သာကျေးရွာ ၊ တန်ဆောင်းကျေးရွာ၊ ဒါးကျွန်းကျေးရွာရှိ ကျေးလတ် ဆေးပေးခန်းကို မီးရှို့ပြီး နတ်ညွှန်းတောင်ရွာကို လာရောက်စဉ် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်အင်အား ၄၀ ဖြင့် နတ်ညွှန်းမြောက်ရွာတွင် အနီးကပ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း သီတာယုမွန် ဦးဆောင်သော ပျူစောထီး အများအပြားနှင့် စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး သေဆုံးသူများကို ကား ၁ စီးဖြင့် ပြန်လည် တင်ဆောင်သွားကြောင်း သိရှိရသည်။

    “၁၇ ရက်နေ့ နံနက်ပိုင်းမှာ စစ်ခွေး အနည်းငယ်နဲ့ စစ်မှုထမ်းဟောင်းတွေ ပျူခွေးတွေနဲ့ သီတာယုမွန် အပါအဝင် အင်အား ၂၅၀ လောက်က စစ်ကြောင်းထိုးလာပြီး ရွှေညောင်ပင်၊ ကျောက်ကုန်း၊ ရွှေပြည်သာ၊ တစောင်းရွာနဲ့ ဒါးကျွန်းရွာကို ဝင်ရောက်ပြီး PDF တွေ နေထိုင်တယ် အထင်နဲ့ ကျေးလတ်ဆေးပေးခန်းကို မီးရှိုး ဖျက်စီးခဲ့တယ်။ ဒါးကျွန်းရွာ တောင်ဘက် ကျွဲခြံ ဂျုပ်ပင်ဘက်မှာ စစ်ခွေး ကား ၃ စီးနဲ့ အသင့် ကင်းပုန်းဝပ်ပြီး စောင့်နေကြတယ်။ အဲတာကို သတင်းရပြီး တပ်ရင်း ၃ ကျန်တော်တို့ ရဲဘော်တွေက ဝင်လုံးဖို့ အနီးဆုံး ကပ်ထားလိုက်တယ်? ဒါးကျွန်းရွာကို မီးတင်ပြီး စစ်ခွေးတွေက နတ်ညွှန်းတောင်ရွာကို ချီတက်လာတယ်။ အဲကနေ နတ်ကျွန်းတောင်ရွာ မြောက်ရွာကို အကူး ကမ်းပါးရံမှ အဆင်း ကွင်းပြင်အရောက် မှာ တပ်ရင်း ၃ က ကျန်တော်တို့ ရဲဘော်တွေ ပေ၁၈၀ ခန့်အကွာကနေ ရဲဘော် အင်အား ၄၀ လောက်နဲ့ အင်အားခြင်း မမျှပေမယ့် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး စစ်ကြောင်း ထိခိုက်သေဆုံးမှုများတယ်။ ခွေးတွေ အထိနာတော့ နောက်ပြန်ဆုတ်ခွာပြီး ကျောက်ကုန်းနားနေပြီး ထွက်ခွာသွားကြတော့တယ်။ စစ်ခွေးတွေ ပြန်ဆုတ်ချိန်မှာ ကားတစ်စီးတိုက် နဲ့ မသာ အလောင်းတွေ သယ်ဆောင်သွားတယ်” ဟု Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မကွေးတိုင်း‌‌‌၊ ရေကြိုမြို့နယ်၊ ရေလည်ကျွန်း‌ဒေသကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် နွယ်နီရွာ အနောက်ဘက်တွင် မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ပြစ်ကူပေးခဲ့ကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် လှေခုတ်ရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် ညီနောင်မဟာမိတ်တပ်ဖွဲများ ပူးပေါင်းကာ ထပ်မံ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိ အခိုက် အကျအဆုံးများနိုင်ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို သင်္ဘောများဖြင့် ခိုးယူ တင်ဆောင်သွားပြီး ပြန်လည် ထွက်ခွာလာစဉ် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် ညီနောင်မဟာမိတ်များက ဧရာဝတီ မြစ်နှစ်ဖက် အသင့်စောင့်ဆိုင်းနေရာယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို ၂ ရက်တာတိုက်ပွဲများအတွင်း သီတာယုမွန် ဦးဆောင်သော ပျူစောထီးများနှင့် စစ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

    “မြင်းခြံမှာ အထိနာသွားတဲ့ စစ်ခွေးတွေက စစ်ရေး ပြန်လည် ပြင်ဆင်ပြီး လက်နက် လူအင်အား ဖြည့်တင်းပြီး တစ်ရက်ကျော်အကြာ ၁၉ ရက်နေ့မှာ မြင်းခြံဆိတ်ညံရေတပ်ကနေ စစ်သင်္ဘောနဲ့ ပခုက္ကူ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းက အင်အား ၁၂၀ ဦးခန့်နဲ့ စစ်သင်္ဘော စစ်ကူ ပစ်ပေးပြီး စုဖွဲ့မှုနဲ့ ရေလည်ကျွန်းဒေသကို တိုက်ခိုက်ခဲ့တယ်။ ကျန်တော်တို့ တပ်ရင်း ၃ တစ်ရင်းတည်း ခံတိုက်လို့ မဖြစ်တော့လို့ တစ်နာရီ အကြာ ပစ်ခတ်မှုဖြစ်ပွားပြီး နောက်ဆုတ်ပြီး စုဖွဲ့အင်အားတိုးတာတွေ လုပ်ဆောင်ခဲ့ရတယ်။ စစ်ခွေးတွေင ရေလည်ကျွန်းဒေသ ကျွန်းညို၊ လှေခုတ်နဲံ နွယ်နီရွာက ပြည်သူပိုင် နေအိမ်အချို့ကို မီးရှို့ဖျက်စီးခဲ့တယ်။ မွန်းလွဲ ပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စုပေါင်း အင်အားနဲ့ ပြန်လည် တိုက်ပွဲဖြစ်တယ်။ ၃ နာရီ ကြာ ထပ်မံဖြစ်ပွားပြီး စစ်ခွေးတွေက ၎င်းတို့ အထိုင်ရှိတဲ့ မင်းရွာဘက်ကို ဝင်သွားကြပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိခိုက်မရှိဘူး။ စစ်ခွေးတွေ ခံပစ်တဲ့ နေရာတွေမှာ သွေးကွက်အများကြီး တွေ့ရှိခဲ့တယ်။ ၂၀ ရက်နေ့မှာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူပြီး သင်္ဘောနဲ့တင်ဆောင်ကာ ပြန်ထွက်လာတဲ့ စစ်ခွေးတွေကို ဧရာဝတီမြစ် တစ်လျှောက် အသင့်ကြိုတင် နေရာယူပြီး ကမ်းစပ်တွေဆီကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ ကျန်တော်တို့ မြင်းခြံ ခရိုင်တပ်ရင်း ၃ နဲ့ အတူ အမေ့လက်ရုံးတပ်တို့ စုပေါင်းတိုက်ခိုက်ခဲ့တာပါ။ တော်လှန်ရေး ရဲဘော်တွေ တစ်စုံတစ်ရာ ထိခိုက်မှူမရှိခဲ့ပါဘူး။ အဲတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေနဲ့ အတူ ရေလည်ကျွန်းဒေသက အခြားသော ညီနောင် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်” ဟု Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

  • စစ်ကိုင်းမှ မင်းကွန်းရဲစခန်းသို့ထွက်လာသည့် ပျူကားကို ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

    စစ်ကိုင်းမှ မင်းကွန်းရဲစခန်းသို့ထွက်လာသည့် ပျူကားကို ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မင်းကွန်းရဲစခန်းသို့ ထွက်လာသည့် ပျူစောထီးကားကို ပစ်ခတ်တိုက် ခိုက်မှုကို ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဒီဇင်ဘာလ ၂၀ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့မှ မင်းကွန်းရဲစခန်းသို့ ထွက်လာသည့် ပျူစော ထီးကားကို စစ်ကိုင်း -မင်းကွန်းလမ်းပိုင်းတနေရာတွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်ခံရသည့်ကားမှာ စုတ်ပြတ်သတ် သွားသော်လည်း မင်းကွန်းရဲစခန်းအထိ အရှိန်ဖြင့်မောင်းနှင်သွားကြောင်း သိရသည်။

    “စစ်ကိုင်းကနေ မင်းကွန်းဘက်ထွက်လာတာပါ။ ဘီယာဆိုင်ကနေ ပြန်လာတာလို့ သိရတယ်။ ပါတာ က ၄ ယောက်ပါတာ။ ၂ ယောက်သေ၊ တစ်ယောက်ဒဏ်ရာရတယ်လို့ သတင်းရထားပါတယ်။ အရှိန် နဲ့မောင်းလာတာတဲ့ ကားကို ပစ်ခတ်တိုက်ခိုက်တာဆိုတော့ ကားဘီးတွေပေါက်၊ တစ်စီးလုံး စုတ် ပြတ်သွားပေမယ့် မင်းကွန်းရဲစခန်းအထိ အရောက်မောင်းသွားပါတယ်။ ရဲစခန်းနဲ့ကလည်း သိပ်မဝေး တော့။ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ရဲစခန်းနားမှာတော့ စစ်ဆေးတာတွေလုပ်ပါတယ်။ ပစ်ခတ်မှုဖြစ် တဲ့အနားတော့ မလာရဲဘူး” ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို Road to Mandalay (RTM) ၏ ပထမဆုံးမစ်ရှင်အဖြစ် Road To Mandalay မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    Road To Mandalay အဖွဲ့သားများ အနေဖြင့် မန္တလေးမြို့အနီးတဝိုက်တွင် ပျောက်ကြားမစ်ရှင်များ ဆက်တိုက်ဖော်ဆောင်သွားမည်ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်စစ်သားများ၊ စစ်ကောင်စီဘက်တော်သားများနှင့် ယာဉ်များအနီးတွင် နီးကပ်စွာနေထိုင်သွားလာခြင်းမပြုကြရန် အသိပေးထာသည်။

  • စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ..

    စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ..

    သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး..

    စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ..

    ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဗောတိကုန်းကျေးရွာက လူငယ် ၁ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိခင်ဖြစ်သူက သူ့သားရဲ့သတင်းကို ကြားကြားချင်း ထွေအုပ်ရုံးမှာ ပြန်လွှတ်ပေးဖို့ လိုက်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

    ဒါပေမယ့် မိုးညို မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူနဲ့ စစ်ဗိုလ်ဆိုသူတို့က သားဖြစ်သူကို ပြန်မလွှတ်ပေးတဲ့ အပြင် တွေ့ခွင့်တောင် မပေးခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    “အမေက သားကိုတွေ့ခွင့်တောင်းတာ သူတို့က ညတွင်းချင်း ရှေ့တန်းပို့လိုက်ပြီ ပြောလွှတ်တာ… တကယ်က မပို့ရသေးဘူး။ တွေ့ခွင့်မပေးတာ။ အဲ့ဒါနဲ့ အမေဖြစ်သူလည်း အဲ့နေရာမှာတင် ဆုံးတာပဲ။ သူက နှလုံးရောဂါအခံရှိတယ်။” လို့ အမည်မဖော်လိုတဲ့ မိုးညိုမြို့ခံတစ်ယောက်က ပြောပါတယ်။

    အဲဒီနောက်မှာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ မိခင်ဖြစ်သူရဲ့ နာရေးကို စစ်ကောင်စီတပ်သားတွေက အစောင့်အရှောက်အဖြစ် ပါလာပြီး သားဖြစ်သူကို လက်ထိပ်တန်းလန်းနဲ့သာ တက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

    “လက်ထိပ်တန်းလန်းနဲ့ လာရတာ သားဖြစ်သူက။ နာရေးတက်တဲ့ သူတွေ အကုန်မြင်တယ်။ မိုးညိုမှာလည်း ဒီသတင်းက ဟိုးလေးတကျော်ပဲ။ အခုက ပိုက်ဆံပေးလည်း မလွတ်တော့ဘူးလေ.. ပေါ်တာဆွဲတာက” လို့ သူက ဆက်ပြောပါတယ်။

    အလားတူ မင်းလှမြို့မှာလည်း အခု ဒီဇင်ဘာလကုန်ကနေ စတင်ပြီး စစ်မှုထမ်းအတွက် ငွေကြေးထောက်ပံ့မှုတွေကို မကောက်ခံတော့ဘဲ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကိုသာ လုပ်ဆောင်တော့မယ်လို့ ကြားသိရကြောင်းကို ဒေသခံတွေက ဆိုပါတယ်။

    “စစ်မှုထမ်းကြေး ကောက်ခံခိုင်းလို့ အုပ်ကြီးတွေ အသတ်ခံရတာဆိုပြီး အုပ်ကြီးတွေက တင်ပြတာကြောင့် စခတွေက အသက်၁၄နှစ်ကနေ ၆၀အတွင်း အမျိုးသားတွေကိုသာမက အသက်၁၈ ကနေ ၃၂နှစ်အတွင်း အမျိုးသမီးတွေကိုလည်း ပေါ်တာဆွဲသွားမယ်လို့ သိရတယ်။ အမျိုးသမီးတွေ ပေါ်တာဆွဲခံရရင် ဆေးစစ်ချက်ယူမယ်… ဆေးမအောင်ရင် မိသားစုဝင် အမျိုးသားတစ်ဦးက စစ်မှုထမ်းပေးရမယ်။” လို့ မင်းလှမြို့ခံတစ်ယောက်ကလည်း ပြောပါတယ်။

  • မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

    မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

    အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

    ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာဂိုယာမြို့ Yabacho ပန်းခြံကနေ စတင်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

    “အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု့နဲ့ ICC တရားရုံးက အမြန်ဆုံးအတည်ပြုပေးပို့ တောင်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှာရှိတဲ့ မီးရထားဘူတာနားက Yabacho ပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်အောင် ပြုလုပ်ခဲ့တာပါ။ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် နံပတ် ၁ အချက်အနေနဲ့ ၂၀၂၅မှာ သူတို့ကျင်းပချင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် အခြားနိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် အသိအမှတ်ပြုလို့မရ ဖြစ်သွားမယ်။ နောက်တစ်ချက်က တရုတ်က မင်းအောင်လှိုင်ကို ဆက်ဆံရေးတွေ လျော့ကျသွားမယ်။ မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း စစ်တပ် တပ်တွင်းမှာ ပြိုကွဲမှုတွေဖြစ်နိုင်တာမို့ အခုလိုပွဲကို စီစဉ်လုပ်ဆောင်ခဲ့တာပါ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ အိုမိုတာမွန်ချီက ပြောပါတယ်။

    ဂျပန်ရောက်မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူရှိနေတယ်ဆိုတာ ပြသတာလည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

    ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဆန္ဒပြနေကြသလို ဒီနေ့တစ်ရက်တည်းမှာပဲ တိုကျိုမြို့မှာလည်း မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအပေါ် ကူညီနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။

    ဓာတ်ပုံ – ပေးပို့။

  • စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးကာ ကစဉ့်ကလျားထွက်ပြေးနေရ

    စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးကာ ကစဉ့်ကလျားထွက်ပြေးနေရသည့်အတွက် ဂွမြို့ကို လက်လွှတ်ရတော့မည်ဟု AA ပြော

    စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်သည်။

    ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သား သစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြကြောင်း AA က ဆိုသည်။

    “ခမရ ၅၆၂ ထဲက စုပြီး ခံစစ်ဆင်နေတဲ့ တပ်ဖွဲ့တွေ ထက်ဝက်ကျော်တယ် ထွက်ပြေးတာ။ သူတို့ကို AA က လိုက်ပစ်တော့ ရွာတွေထဲဝင်ပြေးလို့ တိုက်ပွဲက ကျယ်ပြန့်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    ထို့ကြောင့် စစ်ရှုံး စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိ‌ကြောင်း သိရသည်။

    ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က အဆက်မပြတ် လိုက်လံစစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။

    AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကလည်း ဂွအခြေစိုက်တပ်ရင်းနှစ်ခုအနက်မှ စစ်ကောင်စီ၏ ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်ပြီး ခမရ ၅၆၂ တပ်ရင်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။

    စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက် နှင့် ၁၈ ရက်နေ့များတွင် ဂွမြို့နယ်၊ အလယ်ရွာကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း နံနက် ၇ နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

    စစ်ကောင်စီ၏ ထိုသို့ မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း AAက က ဆိုသည်။

    စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်(AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်‌ကြောင်း AA က အသိပေး ထုတ်ပြန်ထားသည်။