Category: News

  • ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ

    ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ

    ရန်ကုန်နှင့် ဧရာဝတီမှ ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ

    ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲ ဖမ်းဆီး

    ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မိသားစုဝင်တချို့နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    ရန်ကုန်တို်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ယာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် မောင်ဘုန်းမြတ်သူရ (ခ) သားငယ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘောလုံးကန်မည်ဟုဆိုကာ နေအိမ်မှ ထွက်သွားစဉ် ဘောလုံးကွင်းနှင့် နေအိမ်ကို ရောက်ရှိလာခြင်းမရှိဘဲ လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များက သူငယ်ချင်းနေအိမ်များနှင့် မောင်ဘုန်းမြတ်သူရ သွားတတ်လာတတ်သော နေရာများကို လိုက်လံရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိကြောင်း သိရှိရသည်။

    အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက် ဒဂုံရွှေမျှားလမ်းတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် လူငယ် ၁ ဦးသည် ဖခင်ဖြစ်သူ ဆူလိုက်၍ နေအိမ်မှ ထွက်သွားရာ ၃ ရက်ကြာသည်အထိ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း၊ ၎င်းသွားလာတတ်သော နေရာများကို လိုက်လံ ရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

    “လှိုင်သာယာ အမှတ် ၅ ရပ်ကွက် ဒဂုံရွှေမျှားလမ်းမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦး ပျောက်ဆုံးနေလို့ပါ။ သူရဲ့ အဖေ အမည်က ထွန်းထွန်းဝင်းပါ။ သူ့အဖေ ဆူလိုက်လို့ အိမ်ကနေ ထွက်သွားတာ ပြန်မလာတာ ဒီနေ့နဲ့ ဆို ၃ရက်ရှိနေပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

    ထို့အတူ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း Delivery ပို့သည့် လူငယ် ၁ ဦးမှာလည်း အိမ်ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် မိသားစုက စိတ်ပူနေကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ရန်ကုန်မြို့တွင် မောင်စိုးသူကျော် (ခ)ကိုမောင်ချေ သည် အိမ်ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာ အထက ကျောင်းတွင် ၁၀ တန်းတက်နေသည့် လတ်ပွတ်ကုလား ကျေးရွာတွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် မောင်ထွဋ်ရန်လင်းသည် ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မောင်ထွဋ်ရန်လင်း သည် မြောင်းမြမြို့ကို ဆိုင်ကယ်ဖြင့် ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လည်ရှာတွေ့ခြင်းမရှိသေးကြောင်း သိရှိရသည်။

    အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့၊ ဇောတိက ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးသည် ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ခံဝန်ဖြင့်နေထိုင်နေစဉ် ယခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းရန် လူလိုသည်ဟုဆိုကာ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    “မိုးညိုမြို့၊ ဇောတိက ရပ်ကွက်မှာနေတဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကို စစ်ခွေးတွေက ၁၇ ရက်နေ့ ညမှာ နေအိမ်မှာပဲ လာရောက် ဖမ်းဆီးသွားတယ်။ သူက ၂၀၂၂ ခုနှစ်က တစ်ခါ ဖမ်းဆီခံရဖူးတယ်။ စစ်ကြောရေးကနေ ပြန်လည်လွတ်မြောက် လာတာ ခံဝန်နဲ့ နေထိုင်နေရသူပေါ့။ အခု နောက်တစ်ကြိမ်း ဖမ်းဆီခံရတော့ စစ်မှုထမ်းထဲ လူလိုလို့ ပို့ဖို့ အတွက်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က လစဉ် စစ်မှုထမ်းရန် တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

  • စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

    စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

    ညောင်လေးပင်မြို့နယ်၌ စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များရရှိကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ထုတ်ပြန်သည်။

    ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ နာရီခန့်က ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်း နှင့် ပျူစောထီးခေါင်းဆောင် အောင်စိုးမိုး(ကျောင်းစု)၏ နေအိမ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့နယ်ပကဖ၊ ကဝမြို့နယ် ပကဖ၊ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (၅)၊မအူပင်ခရိုင် ပကဖ၊ဝေါမြို့နယ်ဆေးတပ်ဖွဲ့ တို့ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီဂိတ်စခန်းမှ MA 3 သေနတ်တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများ ရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဂိတ်စခန်းမီးရှို့နိုင်ခဲ့ပြီး ဂျောင်းတာအုပ်စုအတွင်း ပျူစောထီးများအား စစ်သင်တန်းပေးနေသော ပျူခေါင်းဆောင် နေအိမ်ကိုလည်း ဝင်ရောက်ပစ်ခက်ခဲ့ရာ လက်လုပ်ကိုးလုံးသေနတ်နှစ်လက်၊ လက်လုပ်သေနတ်အတု နှစ်လက်သိမ်းဆည်းရမိကြောင်း အသိပေးသည်။

    ရန်သူထိခိုက်သေဆုံးမှုကို စုံစမ်းလျှက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းဖော်ပြသည်။

    ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်ကလည်း ဝေါမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတံခါးဂိတ်စခန်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

    (စစ်ကောင်စီဂိတ်စခန်းနှင့် ပျူခေါင်းဆောင် နေအိမ်မှ သိမ်းဆည်းရရှိသော လက်နက်များ။ဓာတ်ပုံ – ပဲခူးခရိုင် ပကဖ)

  • စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို စစ်ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူမည်

    စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို စစ်ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူမည်

    AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူမည်

    အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေပြီး ကျူးလွန်သည့်ပြစ်မှု အပေါ် လိုက်၍ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

    AA က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စကခ ၁၅ မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗိုလ်မှူးချုပ်များသည် ပြည်သူအပေါ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများရှိနေပြီး အဆိုပါ စစ်ရာဇဝတ်မှုများ နှင်ပတ်သက်ပြီး AA က စုံစမ်းစစ်ဆေးနေကြောင်း၊ ၎င်းတို့ တစ်ဦးချင်းစီ အလိုက် ကျူးလွန်ခဲ့ကြသော စစ်ရာဇတ်မှုဆိုင်ရာ ပြစ်မှုများအပေါ် လိုက်၍ ပြစ်ဒဏ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    “ဖမ်းဆီးရမိထားတဲ့ မြန်မာ ဖက်ဆစ် စစ်တပ်က အကြမ်းဖက်စစ်အရာရှိကြီးတွေရဲ့ ပြည်သူတွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနှင့်ပတ်သက်ပြီးတော့ ကျနော်တို ULA/AA အနေနဲ့ စနစ်တကျ သေသေချာချာစစ်ဆေးဖော် ထုတ် သွားမှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင်တော့ သူတိုတစ်ယောက်ချင်းစီ ကျူးလွန်ခဲ့တဲ့ပြစ်မှုအပေါ်မှာမူတည်ပြီးမှ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတအောင်စီစဉ်ဆောင်ရွက်အပြစ်ပေးသွားမှာဖြစ်ပါတယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရှင်းပြသည်။

    AA က ဖမ်းဆီးရရှိထားသော စစ်တပ် ဗိုလ်မှူးချုပ် ၃ ဦးအနက်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး)တွင် တိုင်းဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်း စစ် ကြောရေးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးညှဉ်း ပန်း နှိပ်စက်သတ်ဖြတ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်သော ဗကသ ကျောင်းသူတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး နာမည်ကြီးသော ဆရာတော် အလင်္ကာကြယ်ကို ထောင်မှထွက်လာပြီးနောက် သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများကို အမိန့်ပေးကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် အလုပ်သင် ဗိုလ်လောင်းသင်တန်း OTS ၂၂ ကျောင်း ဆင်းဖြစ်ပြီး ဇနီးဖြစ်သူ နန်းဖြူဖြူဖြိုး၊ သမီးသက်ထားစံနှင့် သားဖြစ်သူ ခန့်စစ်သွေးတို့ ထွန်းကားသည်။

    ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့၏ စစ်ဗျူ ဟာမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းချိန်၂၀၂၁ ခုနှစ်တွင် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဖြစ်လာခဲ့သည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်အဖြစ် ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် သူရိန်ထွန်းက တာဝန်ယူစဉ်က မန္တလေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာ ဖြစ်ပွားနေချိန်လည်းဖြစ်သည်။ ထိုအချိန် ငြိမ်းချမ်းသော မန္တလေး လူထု ဆန္ဒပြပွဲများကို အကြမ်း ဖက် ပစ်ခတ်နှိမ်နင်းရန် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့ရာ ယင်းအမိန့်ကို မြေပြင်တွင် အဓိက အကောင်အထည်ဖော်ရသူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်သည်။

    မန္တလေးမြို့တော်တွင် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများကို လက်တွေ့ အနီးကပ် အမိန့်ပေး အကောင်အထည်ဖော်ရာတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်း က ဆောင်ရွက်ခဲ့သည်။

    ၂၀၂၂ အောက် တိုဘာလတွင် ဘူးသီးတောင် စကခ ၁၅ ကွပ်ကဲရေးမှူး ဖြစ်လာခဲ့သည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်နှင့် မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းရာတွင် အဓိက လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်စလင်များကို စည်းရုံး၍ လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် ရခိုင်တိုင်းရင်းသားတို့နှင့် မွတ်စလင်များအကြား လူမျိုးရေးပဋိပက္ခများကို ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဦးဆောင်အမိန့်ပေးခဲ့သူလည်းဖြစ်သည်။

    ဘူးသီးတောင်မြို့ ကို AA က မသိမ်းပိုက်မီ AAကို မုန်းတီးရေးအတွက် မွတ် စလင်များအကြား လူမျိုးရေး အမုန်းတရားလှုံ့ဆော်သည့် သပိတ်များကို ၎င်းက ဦးဆောင် ဖန်တီးခဲ့ပြီး ဘူးသီးတောင်မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးရန် အဓိကစေခိုင်းခဲ့သူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်ကြောင်း သိရှိရသည်။

    ထို့အတူ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းမှာလည်း စစ်တက္ကသိုလ် အပတ် စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး စစ်ပွဲကာလအတွင်း ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ လေကြောင်းဖြင့် ဗုံးကျဲသတ် ဖြတ်ခြင်းများတွင် အဓိက ပါဝင်ရသူဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်ဖြစ်၍ ပြည်သူကို ပစ်မှတ်ထားသော သတ်ဖြတ်မှုများ၊ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်တချို့က ရှင်းပြသည်။

  • ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော  မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ

    ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ

    မင်းတပ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ (ရုပ်/သံ)

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က သတင်းထုတ်ပြန်သည်။

    ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) စစ်ဦးစီးချုပ်က မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ ဓာတ်ပုံအားဖြုတ်ချလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်သည်။

    ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

    မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာကယ် ထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် Yaw Defense Force (YDF) Yaw Army (YA) ၊ မုံရွာခရိုင်တပ် ရင်း ၃ တို့မှ ဟန်ချက်ညီညီဆင်နွှဲခဲ့ကြခြင်း ဖြစ်ပြီး အာရက္ခတပ်တော် (AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကြံ ဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ကြောင်း သိရသည်။

    ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့သည့် မင်းတပ်မြို့သိမ်း စစ်ဆင် ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြ သည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင် ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစား ဂုဏ်ပြုကြောင်းနှင့် ချင်းညီနောင်အနေဖြင့် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

  • ဒီဇင်ဘာလကုန်အထိ ပွဲများ ဆက်တိုက်တက်နေဦမယ့် မိအောင်လျိုင်

    နေပြည်တော်နှင့်ရန်ကုန်ကို တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ မင်းအောင်လှိုင် ပွဲတက်နေပြီး ဒီဇင်ဘာလကုန်အထိ ပွဲများ ဆက်တိုက် တက်ရောက်ဦးမည်

    စစ်ရှုံးနေသော်လည်း ပွဲတက်နေသည့် မင်းအောင်လှိုင် ပျော်ရွှင်နေသည်ဟုဆို

    အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးမှုများ အကြီးအကျယ် ကြုံ တွေ့ နေသော်လည်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်မှာ နေပြည်တော်နှင့် ရန်ကုန်သို့ တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ ပွဲများတက်ရောက်နေပြီး ပျော်ရွှင်နေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

    ဒီဇင်ဘလ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်မင်းအောင်လှိုင်သည် နေပြည် တော်တွင် ရေဆင်းတက္ကသိုလ် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် လေယာဉ်ဖြင့် ရန်ကုန်သို့ ကူးပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ St.Mary Cathedralတွင် ပြုလုပ်သည့် ခရစ္စမတ်အကြို အခမ်းအနားနှင့် ညစာစားပွဲကိုလည်းကောင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က မှော်ဘီတွင်ပြုလုပ်မည့် ဗိုလ်သင်တန်းဆင်းပွဲ၊ သန်လျင်တွင် ပြုလုပ်မည့် ရေတပ်သင်္ဘောများ တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင်တွင် ပြုလုပ်မည့် ရေတပ်နှစ်ပတ်လည်ပွဲနှင့် ရွှေတိဂုံ အနောက်မုဒ် မြေအောက် လူကူးတံတားဖွင့်ပွဲများပါ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    ထိုသို့ တက်ရောက်ရာတွင်လည်း စစ်တပ် လုံခြုံရေးကို အထူးအဆင့်အဖြစ် သတ်မှတ်၍ တင်းကျပ်သွားမည်ဖြစ်ပြီး စစ်တပ် မိသားစုဝင်များကိုပါ အရာရှိပိုင်းများက မဖြစ်မနေ တက်ရောက်ရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

    ရခိုင်နှင့်ချင်းပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးနေသော်လည်း ပျော်ပွဲရွှင်ပွဲများ ဆက်တိုက်ကျင်းပနေသည့် အပြင် တပ်မိသားစုဝင်များပါ တက်ရောက်ခိုင်းခြင်းကြောင့် မင်းအောင်လှိုင်ကို အကြီးအကျယ် ဝေဖန်နေကြသည်။

    ” တပ်ချုပ်က ရန်ကုန်ကို ရောက်နေတယ်။ ဒီ လာမယ့် ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ မှော်ဘီ ဗိုလ်သင်တန်းဆင်းပွဲ၊ သံလျင် ရေတပ်တပ်တော်ဝင်ပွဲ၊ ဗိုလ်တထောင် ရေတပ်နှစ်ပါတ်လည်ပွဲကော နောက်ပြီး ရွှေတိဂုံ အနောက်မုဒ် မြေအောက်လူကူးတံတားဖွင့်ပွဲတက်မယ်။ လုံခြုံရေးကို အထူးအဆင့်ဆိုပြီး တော်တော် တင်းကျပ်ထားတယ်။ သူ့ကို ကြည့်ရတာတော့ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် ရှိပါတယ်။” ဟု တပ် သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

    ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် မောင်တော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့နယ်နှင့် ဂွမြို့နယ်တို့ကို AA က သိမ်းပိုက်ရရှိထားပြီး ချင်းပြည်နယ်တွင် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို ချင်းညီနောင်တပ်ဖွဲ့ ပါဝင်သော တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။