Category: News

  • ဘောမိမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံဘက် တပ်ဆုတ်

    ဘောမိမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံဘက် တပ်ဆုတ်

    စစ်ကောင်စီအင်အားဖြည့်ထားတဲ့ ဘောမိမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံဘက် တပ်ဆုတ်

    စစ်ကောင်စီတပ်က အင်အားရာချီ စစ်ကူပို့ထားတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိရွာမှာ ဇန်နဝါရီ ၁၆ရက် ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နောက် အဲ့ဒီဒေသအခြေစိုက် စစ်ကောင်စီတပ်တချို့ ရွှေသောင်ယံမြို့ဘက်ကို တပ်ပြန်ဆုတ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “ဘောမိကတပ်တွေ ပြန်ဆုတ်လာနေပြီ၊ ညကရောက်တဲ့အဖွဲ့လည်းရောက်တယ်၊ ခုမနက်လည်း (ဆုတ်)လာနေ ကြတယ်”လို့ ရွှေသောင်ယံမြို့ခံတစ်ဦးက ပြောပါတယ်။

    ဘောမိကနေ မနေ့ညက ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်ကတော့ ရေလမ်းကနေတဆင့် ဆုတ်ခွာလာခဲ့တာဖြစ်ပြီး ဘောမိနဲ့ ရွှေသောင်ယံမြို့ကြားရှိ သပေါ့ကန်ရွာမှာ ကမ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

    ဒီနေ့မနက်မှာ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေ ဘယ်လိုဆုတ်ခွာလာနေတယ်၊ အင်အားဘယ်လောက် ရှိတယ် ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

    ရွှေသောင်ယံမြို့ခံနောက်တဦးကလည်း ဘောမိကနေ စစ်ကောင်စီတပ်တချို့ ပြန်ဆုတ်လာတယ်လို့ ကြားသိရ ကြောင်း မနေ့ညက ပြောထားပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်၊ မနက်ပိုင်းမှာတော့ ဘောမိဘက် ပစ်ခတ်သံတွေမကြားရတော့ပေမယ့် လေယာဥ်ပျံဝဲ တာတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

    “ညထဲက မကြားတော့တာ၊ ရဟတ်ယာဉ်လာတာတော့တွေ့တယ်ညက၊ တိုက်လေယာဉ်လည်း ဝဲသွားတယ်” လို့လည်း အထက်ပါ ရွှေသောင်ယံမြို့ခံက ပြောပါတယ်။

    ဂွမြို့နယ်နဲ့ ရွှေသောင်ယံ ဒေသ ရခိုင်-ဧရာဝတီအစပ်ကမ်းခြေဒေသတလျှောက်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်း က စစ်ရေးမငြိမ်သက်မှုတွေရှိခဲ့ပေမဲ့ ဇန်နဝါရီ ၁၂ရက်လောက်ကတည်းက တိုက်ပွဲတွေရပ်နားနေခဲ့ရာက ဘောမိကျေးရွာအနီးတဝိုက် လတ်တလောမှာ တိုက်ပွဲပြန်လည်ပြင်းထန်လာတာလို့သိရပါတယ်။

    ဇန်နဝါရီ ၁၇ ရက်၊ မနေ့ မနက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဘောမိရွာနဲ့ အနီးဝန်းကျင်ကို စစ် ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့ပြီး ဘောမိရွာမှာလည်း နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုကြပါတယ်။

    ဘောမိတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ရာချီသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

    “ရေထဲမှာလည်း အလောင်းတွေ တွေ့တယ်ပြောတယ်” လို့လည်း ဘောမိတဝိုက်ရှိ ဒေသခံတွေပြောပြတာကို ကိုးကားပြီး အထက်ပါ ရွှေသောင်ယံမြို့ခံက ပြောပါတယ်။

    လက်ရှိ ရွှေသောင်ယံမြို့ဘက်ကို ဆုတ်ခွာလာကြတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေကနေ ထွက်ပြေးလာ တဲ့ အင်အားတချို့တဝက်လား၊ဘောမိဒေသမှာ အထိုင်ချထားတဲ့ တပ်အင်အားတွေအားလုံး ဆုတ်ခွာလာကြတာ လားဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။

    ရွှေသောင်ယံမြို့ဘက်ကို တိမ်းရှောင်လာတဲ့ မကျီးဇင်၊ဘောမိဒေသတွေဘက်က စစ်ရှောင်တွေကို ကူညီပေးနေ တဲ့ ရွှေသောင်ယံမြို့ခံ တဦးကတော့ ဘောမိအခြေစိုက် စစ်ကောင်စီတပ်တွေ တပ်ဆုတ်လာတာရှိနေသလို မြို့ ပေါ်အခြေစိုက် စစ်ကောင်စီနဲ့ ရဲတွေကို ဘောမိအနီးက ဂျိတ်လတ်ဘက် စစ်ကူအနေနဲ့ ထပ်ပို့တာတွေလည်းရှိ နေတယ်လို့ပြောပါတယ်။

    “အစ်ကိုတို့ဆီ(ရွှေသောင်ယံ)က ရဲတွေကိုဂျိတ်လက်ကို စစ်ကူပို့တယ်၊ညတွင်းချင်းပို့လိုက်တာ”လို့ သူကဆို ပါတယ်။

    အာရက္ခတပ်တော် AA က ဂွမြို့ကိုသိမ်းပိုက်ပြီးနောက် ဂွမြို့နယ်အစပ် ဧရာဝတီတိုင်းထဲမှာပါ တိုက်ပွဲတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေဆက်ရှိလာတာကြောင့် မကျီးဇင်၊ဘောမိစတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရွှေ သောင်ယံမြို့အပါအဝင် နီးစပ်ရာဒေသတွေကို ကြိုတင်တိမ်းရှောင်လာခဲ့ကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ တိုက်ပွဲငြိမ်နေတာကြောင့် စစ်ရှောင်တချို့နေရပ်ပြန်ခဲ့ကြပါသေးတယ်။

    “စစ်ရှောင်တွေလည်း ဒီဘက်ကိုပြန်လာကြမယ်ထင်တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ရွှေသောင်ယံမြို့ခံက ဆိုပါတယ်။

    လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဘောမိကျေးရွာဟာ ရွှေသောင်ယံမြို့နဲ့ မိုင်နှစ်ဆယ်လောက်သာ ကွာဝေးပြီး ကုန်း လမ်း၊ ရေးလမ်း နှစ်ခုစလုံး အသုံးပြုပြီး သွားလာကြရတာပါ။ ဘောမိနဲ့ ရွှေသောင်ယံကြားမှာတော့ စစ်ကောင်စီတပ်ရဲ့ တပင်မော် အမြောက်တပ်စခန်းရှိပြီး ဝက်သေ၊ သပေါ့ ကန်ရွာတွေဘက်မှာလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တပ်ချထားပါတယ်။

    ပင်လယ်ကမ်းစပ်မှာရှိပြီး ဧက နှစ်ဆယ်လောက်ကျယ်ဝန်းတဲ့ တပင်မော်အမြောက်တပ်စခန်းမှာ ပတ်ပတ်လည် ကတုတ်ကျင်းတွေတူးထားသလို ခြံစည်းရိုးတွေလည်း နှစ်ထပ်ထက်မနည်း ကာရံထားတာကို ဂြိုလ်တုဓာတ်ပုံ တွေအရ သိရပါတယ်။

    ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို AA က သိမ်းပိုက်လိုက်ပြီးနောက် ရခိုင်နဲ့ ဧရာဝတီအစပ်ဖြစ်တဲ့ ပုသိမ်မြို့နယ်ထဲက ချောင်းဝချိုင်၊ ပေါက်လှချိုင်၊ ကုလားချောင်း၊ ပေါက်တူးကွင်း၊ မကျီးဇင် စတဲ့ကျေးရွာတွေဘက်မှာ ဇန်နဝါရီ ၆ ရက်လောက်ကတည်းက စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

    ဇန်နဝါရီ ၁၀ ရက်နေ့လောက်မှာတော့ မကျီးဇင်ရဲစခန်းကို AA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်နိုင်တယ်လို့ သတင်းထွက်ခဲ့ပြီး မကျီးဇင်ဘက်ရှိ စစ်ကောင်စီတပ်တွေ ဘောမိရွာဘက်ကို ဆုတ်ခွာကာ ခံစစ်ပြင်နေခဲ့တာလို့ သိရပါတယ်။

    အဲဒီဘောမိဘက်ကို ဇန်နဝါရီ ၉ ရက်နေ့မှာ ပုသိမ်ဘက်ကနေ စစ်ကား တဆယ့်သုံးစီးနဲ့ ရွှေသောင်ယံမြို့ကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော် ရွှေသောင်ယံမြို့နဲ့ သုံးမိုင်ခန့်အကွာ ဝက်သေရွာကနေတဆင့် ရေလမ်းကနေ စစ်ကူထွက်သွားတယ်လို့ ရွှေသောင်ယံမြို့ခံနှစ်ဦးက အတည်ပြု ပြောထားပါတယ်။

    ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပုသိမ်ကနေ ရွှေသောင်ယံကို ရောက်လာတဲ့ တင့်ကား ခုနစ်စီးခန့်ကိုလည်း ဝက်သေရွာကနေတဆင့် ဘောမိဘက်ကို ကမ်းထိုးရေယာဥ်တွေနဲ့ သယ်ယူသွားတယ်လို့ဆိုပေမယ့် တချို့ ကလည်း အဲဒီတင့်ကားတွေကို ဝက်သေရွာ ကမ်းခြေတဝိုက်မှာပဲ ဖြန့်ကြက်ထားတယ်လို့ ပြောကြပါတယ်။

    ဒါ့အပြင် လက်ရှိမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ တပ်ချထားတယ်ဆိုတဲ့ ဝက်သေကျေးရွာ ကမ်းခြေ တလျှောက်မှာလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်က အင်အား ရှစ်ထောင်ကျော်ပါ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံ ပူးတွဲပြီး ဆင်ဖြူရှင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ဖူးပါတယ်။

    အဲဒါကြောင့် AA ပူးပေါင်းတပ်တွေအနေနဲ့ ဘောမိကို သိမ်းပိုက်နိုင်ပြီး ရွှေသောင်ယံဘက် ဆက်တိုးလာမယ်ဆိုရင် ရွှေသောင်ယံ မရောက်ခင် တပင်မော်၊ ဝက်သေနဲ့ သပေါ့ကန်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလိမ့်မယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်-ဧရာဝတီအစပ်က ဒေသခံတွေ၊ ဘောမိနဲ့ ရွှေသောင်ယံကြားရှိ တောင်နီမော်၊ ဂျိတ်လက်၊ ကျွန်းချောင်း၊ ဖုန်းဆိုး၊ မီးလောင်ချိုင်၊ သပေါ့ကန်၊ ဝက်သေ စတဲ့ ကျေးရွာတွေက ဒေသခံအများစု ကတော့ ရွှေသောင်ယံဘက် တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

    ရွှေသောင်ယံမြို့နဲ့ အနီးဝန်းကျင်မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့် မြို့ခံတချို့ကတော့ ချောင်းသာကနေ တဆင့် ပုသိမ်ဘက်ကို ကြိုတင်တိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။

    ရွှေသောင်ယံမြို့ဟာ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) ရှိရာ ပုသိမ်မြို့နဲ့ မိုင်လေး ဆယ် လောက်သာဝေးပြီး ချောင်းသာကမ်းခြေနဲ့ဆိုရင် ဆိုင်ကယ်နဲ့ မိနစ်နှစ်ဆယ် ခရီးလောက်သာရှိပါတယ်။

  • ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံး

    ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံး

    ပေါက်ခေါင်းတွင် စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံး၊ မိသားစုက အလောင်းပြန်ယူ သဂြိုလ်

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အမျိုးသား ၁ ဦး တပ်ထဲတွင် ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်း ပဲခူးဒေသသတင်းရင်းမြစ် ပြည်သစ္စာက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန် ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါက်ခေါင်းလမ်း၊ တောင်ဇင်းဝအနီး ဝေဠုဝန်ရွာမှ အမျိုးသား ၃ ဦးကို စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခဲ့သော အမျိုးသား ၃ ဦးအနက်မှ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ကျန် ၁ ဦးမှာလည်း မျက်လုံးတစ်ဖက် မရှိသည့်အတွက် စစ်တပ်က ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ နောက်ဆုံးကျန်ရစ်သူ ၁ ဦးတည်းကိုသာ စစ်တပ်က ပြည်မြို့ရှိ စုဆောင်းရေးတပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အဆိုပါ ဖမ်းဆီးခံရသော အမျိုးသားသည် ပြည်မြို့ရှိ ခလရ ၁၄ စုဆောင်းရေးတပ်အတွင်း ရိုက်နှက်ခံရပြီး သေဆုံးသွားသဖြင့် မိသားစုထံသို့ အလောင်းပြန်လာယူရန် အသိပေးအကြောင်းကြားလာကြောင်း၊ ထို့ကြောင့် ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ကျန်ရစ်သူ မိသားစုက သွားရောက် အလောင်းရယူ၍ နေ့ချင်းပြီး သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

    “ဖမ်းတာက ၃ ဦးမှာ ၁ ဦးက ထွက်ပြေးလွတ်မြောက်တယ်။ အခြား ၁ ဦးက မျက်စိတစ်ဖက်မရှိလို့ တပ်က ပြန်လွှတ်ပေးတယ်။ နောက်ဆုံးကျန်တဲ့ ၁ ဦးကတော့ တပ်ထဲဝင်ဖို့ လုံးဝ ငြင်းနေလို့ ရိုက် သတ်လိုက်တာလို့သိရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

    စစ်တပ်၏ သတ်ဖြတ်မှု ကြောင့် သေဆုံးသွားသော အမျိုးသားမှာ ဝေဠုဝန်ရွာမှ ကလေး ၂ ဦး၏ ဖခင်ဖြစ်ပြီး အလုပ်ကြမ်း သမားဖြစ်ကြောင်း၊ သေဆုံးသူမှာ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အရွယ်မဟုတ်ဘဲ အသက်ကြီးရင့်နေပြီဖြစ်ကြောင်း သိရှိရသည်။

    စစ်တပ်က ပြည်ခရိုင်အတွင်းတွင် စစ်မှုထမ်း တပ်သားသစ်များရရှိရေးအတွက် လူငယ်များကို အရှိန်အဟုန်ဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

    ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၉ အတွက် စုဆောင်းခံရသည့် ရန်ကုန်မှ လူငယ်များ။

  • ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်

    ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်

    မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ထိ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို ထိတွေ့ တိုက်ပွဲများအတွင်း ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲများသည် ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 နှင့် ဂျက်ဖိုက်တာများဖြင့် ၂ ရက်ဆက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ၅၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများထဲမှာ ၃၀ ဦးသည် အခြေအနေ စိုးရိမ်ရကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်မှလည်း ရဲဘော် ၇ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “ကန်နီကို ရိက္ခာလာပို့တဲ့ စစ်ခွေး စစ်ကြောင်းကို လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့တာပေါ့။ ၁၇ ရက်နဲ့ ၁၈ ရက် တိုက်ပွဲကတော့ ခွေးစစ်ကြောင်းကို ပိတ်ဆို့ တိုက်တာဆိုတော့ တိုက်ပွဲတော်တော်ပြင်းထန်ခဲ့တယ်။ စစ်ခွေး လေယာဉ်တွေလည်း ၂ ရက်ဆက်ကို လာရောက် ဗုံးကျဲ ပစ်ခတ်တာတွေရှိတယ်။ တိုက်ပွဲမှာတော့ စစ်ခွေးတွေဘက်က ဖရဲသီး သတင်းအရ စစ်ခွေး ၁၀ ကောင် သေတယ်။ အကောင် ၅၀ ဒဏ်ရာရတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့ထဲက စစ်ခွေး အကောင် ၃၀ ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်” ဟု ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ တပ်ရင်း ၁၄ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ ပကဖ တပ်ရင်း ၁ ၊ ဒေါင်းနက် MRG ၊ နဂါးနီ ၊ ဆင်ရိုင်း ၊ လင်းမွေ ၊ 8+ ၊ ယင်းမာပင် ၂၈ တပ်ရင်း ၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့ ၊ လျှက်စည်း ပြောက်ကျားတပ်ဖွဲ့ ၊ ဗစ်တာ ပြောက်ကျားတပ်၊ မြိုင် ပကဖ တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းသည် တိုက်ပွဲအတွင်း အထိနာပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၆ နာရီခန့်မှ စတင်၍ ကျောင်းကုန်းရွာမှ နေအိမ် ၂၀ လုံး နှင့် သံပာရာခြံရွာမှ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသတွင် သေဆုံးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်

    အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်

    အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး၊ လက်နက်ခဲယမ်းများ ပါသွား

    ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တချို့က ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ လက်နက်ခဲယမ်းများ ပါသွားကြောင်း ဒေသခံပြည်သူများနှင့် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ အုတ်တွင်းမြို့နယ်၊ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး (ခ) ကိုမောင်နှင့် စစ်သား ၅ ဦးက သံဒိုင်ခင်ကျေးရွာသို့ အလှူသွားရောက်ခဲ့ကြပြီး ယင်းအလှူပွဲမှ ပြန်လာကြကြောင်း၊ ယင်းသို့ ပြန်လာစဉ် ရှမ်းရွာနှင့် သံဒိုင်ခင်ကျေးရွာအကြားတွင် တော်လှန်ရေးတပ်တချို့က စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး(ခ) ကိုမောင်နှင့် စစ်သား ၅ ဦးသေဆုံးကြောင်း၊ စစ်သားများ ကိုင်ဆောင်သော လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်တချို့က သိမ်းဆည်းသွားကြောင်း သိရှိရသည်။

    “ရှမ်းရွာအုပ်ကြီးနဲ့ ရဲ/စစ်သား အပါအဝင် ၆ ဦးကတော့ သံဒိုင်ခင်ကျေးရွာ အလှူပွဲကအပြန် တစ်ခါတည်းပွဲချင်းပြီး ကတ်လိုက်ဆွဲအပစ်ခံလိုက်ရတယ်။ သေကုန်တာပေါ့။ ဦးနှောက်တွေတောင် ထွက်နေတယ်။ အနီးကပ် လမ်းမှာ ဝင်ပစ်တာ။ အုပ်ကြီးကတော့ အူအခွေလိုက်ထွက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ရှမ်းရွာရေ သံဒိုင်ခင်ရောက စစ်တပ်ထောက်ခံတဲ့ရွာတွေပါ။ အရင် ကတည်းက ရှမ်းရွာအုပ်ချုပ်ရေးမှူးကို ရာထူးကနေ နုတ်ထွက်ဖို့ နဲ့ ဆက်မလုပ်ဖို့ သတိပေးထားပြီးသားပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အုတ်တွင်းမြို့နယ်မှ တပ်သတင်းရင်းမြစ်ကလည်း ရှမ်းရွာအုပ်ချုပ်ရေးမှူးနှင့် စစ်သား ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် သတင်းကို အတည်ပြုပြီး အနည်းဆုံး သေနတ် ၄ လက်နှင့် ခဲယမ်းများ ပါသွားကြောင်း ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် အုတ်တွင်းမြို့မှ စစ်တပ်စစ်ကြောင်း တစ်ခုရောက်ရှိလာပြီး အလောင်းကောက်ခြင်း၊ နယ်မြေအခြေအနေများ စစ်ဆေးခြင်း အပါအဝင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန် ယင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ကိုဗစ်ကာလ အုတ်တွင်းမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံနေကြရ

    စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံနေကြရ

    စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အထက်အရာရှိကြီးတွေက ဖိအားပေးခြိမ်းခြောက်တာတွေခံနေကြရတယ်လို့ ဝန်ထမ်းတွေက အတည်ပြုပြောပါတယ်။

    အဲဒီဝန်ထမ်းတွေဟာ ရုံးတက်နေ့တိုင်းဖုန်းအပါအဝင် လူမှုကွန်ရက်အားလုံးကိုလည်းစစ်ဆေးနေသလိုသတင်းသမားတွေ၊သတင်းဌာနတွေ၊အာရက္ခတပ်တော်ကို ဆက်သွယ်ထားတာတွေ၊သတင်းပို့နေတာတွေ ရှိ၊မရှိကိုလည်း စစ်ဆေးတယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီအပြင် နေ့တိုင်းရုံးပုံမှန်တက်ကြဖို့၊အလုပ်ခွင့်မယူကြဖို့၊စစ်ဘေးရှောင်ထွက်မပြေးကြဖို့၊ အလုပ်မထွက်ကြဖို့လည်း ဖိအားပေးခြိမ်းခြောက်ခံနေကြရတယ် ဝန်ထမ်းတွေက ဆိုကြပါတယ်။

    “သတင်းတွေတက်လာရင် ဘယ်သူပြောလိုက်တာလဲဆိုပြီး ဖုန်းတွေကိုစစ်ပါတယ်။Facebook ရော့၊Messagerက အစစစ်ပါတယ်။သတင်းသမားတွေနဲ့ Friend ဖြစ်နေရင်တောင်သတင်းပေးတယ်လို့စွပ်စွဲခံရပါတယ်။ဝန်ထမ်း တွေကအမျိုးမျိုးဖိအားပေးခံနေကြရပါတ ယ်။စစ်တွေမှာအရပ်သားတွေမရှိဘဲစစ် သားသက်သက်ကျန်ခဲ့မှာကို ကြောက်နေကြတာပါ။”လို့ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးမှဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အဲဒီစစ်တွေမြို့မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာတွေနေ့စဥ်ရ က်ဆက်ပြုလုပ်နေသလို အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတာတွေလည်း စစ်ကောင်စီတပ်က နေ့စဥ်ပြုလုပ်နေကြတာမို့ အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဆိုကြပါတယ်။

    အဲဒီစစ်ကောင်စီဝန်ထမ်းတွေဟာ ဌာနဆိုင်ရာလူကြီးတွေရဲ့သဘောတူလက်မှ တ်ပါရင်တောင် ခရီးသွားလာခွင့်မရ ကြတော့တာမို့ စစ်တွေမြို့မှတခြားဒေသသို့ စစ်ဘေးရှောင်ထွက်ပြေးလို့မရကြတော့ဘူးလို့လည်း ဆိုကြပါတယ် ။

    အဲဒီလိုအတင်းအဓမ္မရုံးတက်ခိုင်းပြီး စစ်တွေမြို့မှသာလူသားဒိုင်းကာအဖြစ်အတင်းအဓမ္မနေထိုင်ခိုင်းနေတာဟာ အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက် ခိုက်လာရင် အရပ်သားပြည်သူတွေကို အကာအကွယ်ယူလို့ရအောင်မကောင်းတဲ့အကြံနဲ့ကြိုတင်စီစဥ်ထားကြတာလို့ စစ်ကောင်စီဝန်ထမ်းတွေကို ဝေဖန် ပြောဆိုကြပါတယ်။

    “စစ်တွေကဝန်ထမ်းတွေကို ဘယ်သူ့ကိုမှခရီးသွားခွင့်မပေးတော့ပါဘူး။အရာရှိမိသားစုတွေ၊သားသမီးတွေကတော့ ရန်ကုန်ပြောင်းသွားကြပါပြီ။ပိုက်ဆံပေးနိုင်သူတွေလည်း ဘေးလွတ်ရာသို့ပြောင်းသွားကြပါပြီ။စစ်တပ်ကနိုင်တဲ့ဝန်ထ မ်းတွေပဲအသေခံဖို့ကျန်နေတာပါ။တပ်တော်လာတိုက်ရင်ပြည်သူကိုအကာအ ကွယ်ယူဖို့စစ်ဓာတ်ကအကြံဆိုးနဲ့ဝန်ထမ်းတွေကို အတင်းရုံးတက်ခိုင်းနေတာပါ။”လို့ စစ်တွေမြို့မှပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်းလင်းနဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းတွေ၊ပြ ည်နယ်သာသနာရေးဦးစီးဌာနဝန်ထမ်းတွေကိုလာရောက်တွေ့ဆုံခဲ့တယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီလိုတွေ့ဆုံတာမှာနေ့တိုင်းရုံးပုံမှန်တက်ကြဖို့၊စစ်ဘေးရှောင်ထွက်မပြေးကြဖို့၊နိုင်ငံတော်အပေါ်သစ္စာရှိကြဖို့၊အာရက္ခတပ်တော်ကို ဆက်သွယ်သတင်းမပို့ကြဖို့ ဖိအားပေးခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီအပြင် စစ်တွေမြို့ရှိတခြားဌာနဆို င်ရာဝန်ထမ်းတွေ၊ကျန်းမာရေး၊ပညာ ရေးဝန်ထမ်းအားလုံးကိုလည်း ဖိအားပေးခြိမ်းခြောက်အတင်းရုံးတက်ခိုင်းနေတာဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းအလုပ်ထွက်စာတင်တာတွေ ကိုလည်းလက်မခံဘူးလို့လည်း ဝန်ထမ်းတွေက ဆိုကြပါတယ်။

    “စစ်တွေမှာစစ်ဖြစ်လာရင် သေမှာကြော က်ကြပါတယ်။ဒါကြောင့်စစ်ဘေးရှော င်ဖို့ထွက်စာတင်ပေမယ့်လက်မခံပါဘူး။စစ်တွေက ဝန်ထမ်းစာရင်းအားကိုလေ ဆိပ်မှာပေးထားပါတယ်။အဲဒီစာရင်းထဲမှာပါရင်ဘယ်သူမှလေယာဥ်စီးလို့ မရပါဘူး။လေဆိပ်ကထွက်ခွင့်မပေးပါဘူး။လူသားဒိုင်းကာအဖြစ်အတင်းအဓမ္မအ သေခံခိုင်းနေတာပါ။” လို့ စစ်တွေမြို့ရှိပြည်နယ်သာသနာရေးဦးစီးဌာနမှဝန်ထမ်းတဦးက Border News Agencyသို့ ပြောပါတယ်။

    အဲဒီစစ်တွေမြို့ရှိ စစ်ကောင်စီဝန်ထမ်းတွေကို ရုံးပိတ်ရက်တွေမှာလည်း အ ကြောင်းအမျိုးမျိုးပြခေါ်ယူနေကြသလို ကုန်စျေးနှုန်းကြီးမြင့်နေတာမို့ ရတဲ့လစာငွေနဲ့ရုံးတက်၊ရုံးဆင်းခရီးစာရိတ်၊စားသောက်နေထိုင်စာရိတ်တွေ မဖုံလုံကြဘူးလို့လည်း စစ်ကောင်စီဝန်ထမ်းတွေ ဆိုကြပါတယ်။

    အဲဒီစစ်တွေမြို့ကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်လာမှာကိုစိုးရိမ်တာမို့ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    စစ်တွေမြို့နယ်အနီးရှိ ရသေ့တောင်မြို့ နယ်၊မိုးစဲကျွန်း၊ကုလားတန်မြစ်ကမ်းအ ရှေ့ဘက်ကမ်းရှိ ပေါက်တောမြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်တောင်ဘက်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြော က်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

    အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့ နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    (ဓာတ်ပုံ-စစ်တွေမြို့ရှိဝန်ထမ်းတွေကိုဖိ အားပေးခြိမ်းခြောက်နေတဲ့ပြည်နယ်စစ်ကောင်စီလူကြီးတွေ /စစ်ကောင်စီ)