Category: News

  • ၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော

    ၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ်ပြော

    ယခုနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်များ ထားရှိထားပြီး ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF က ယနေ့ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။

    ပြီးခဲ့သည့် ၂ နှစ်ခန့်ကပင် အညာဒေသနှင့် မြေလတ်ဒေသတွင် စစ်ဒေသများထားရှိကာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်များကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောသည်။

    ယခု၂၀၂၅ ခုနှစ် သည် တောင်တန်းဒေသမှသည် မြေပြန့်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမည့် နှစ်တစ်နှစ်ဟု SAF က ယုံကြည်ထားကြောင်း ထုတ်ပြန်သည်။

    လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံမှ သင်ယူဆည်ပူးအတွေ့အကြုံယူရရှိခဲ့သည့် လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာအတွေ့အကြုံများကို “မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး” စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် – SAF က ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် မှသည် စစ်အုပ်စု အာဏာသိမ်းခဲ့သည့် လေးနှစ်တာကာလအတွင်း လူထုသည် စစ် (၃) စစ်၏ ဂုတ်သွေးစုပ်ဖိနှိပ်မှု လှိုင်းတံပိုးအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီး တော်လှန်စစ်သည်လည်း တစ်နှစ်ထက်တစ်နှစ် သိသာစွာပင် ရေစီးသန်အရှိန်ရလာခဲ့ကြောင်း ဆိုသည်။

    ကုန်ခဲ့သည့် နှစ်များသည် ကျောင်းသားလက်ရုံးတပ်တော် – SAF အတွက် တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်ကာ တိုက်စွမ်းရည်၊ တိုက်စွမ်းအား ဖြည့်တင်းနိုင်ရေးအတွက် အရေးကြီးသော သက္ကရာဇ်များဖြစ်ခဲ့သည်ဟု ပြောသည်။

    တော်လှန်ရေးမဟာမိတ်များ၊ မိတ်ဖက်များနှင့်အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ တော်လှန်ရေးတာဝန်များကို ပူးတွဲဆောင်ရွက်မှုအားဖြင့် ဘုံရန်သူ စစ် (၃) စစ် ဖြိုချရေးရည်မှန်းချက်အတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်ခဲ့ကြကြောင်း SAF က ထုတ်ပြန်ထားသည်။

    ယခု ၂၀၂၅ ခုနှစ်သည် တော်လှန်စစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တော်လှန်ရေးတပ်ပေါင်းစု တစ်ရပ်ဖြစ်တည်လာရန် နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲအကောင်အထည်ဖော်ရမည့် အရေးကြီးသည့်နှစ်ဟု ရှုမြင်ကြောင်းလည်း SAF က ဆိုသည်။

    စစ် (၃) စစ်အမြစ်ဖြတ်ဖြိုချရေးသည် တပ်ပေါင်းစု၏လက်သီးဖြင့်သာ အလဲထိုးဖြိုချနိုင်မည်ဟု ယုံကြည်ပြီး “လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့” မျှော်ရည်ကာ တော်လှန်ရေးတပ်ပေါင်းစု တစ်ရပ်ပေါ်ပေါက်လာရေး၊ စစ် (၃) စစ်အမြစ်ဖြတ်ချေမှုန်းရေးနှင့် နိုင်ငံတော်သစ် တစ်ရပ်ထူထောင်နိုင်ရေးတို့အတွက် ဖိနှိပ်ခံလူထုနှင့်အတူ ကျောချင်းကပ် ရင်ချင်းဆက်ကာ တော်လှန်စစ် ဆုံးခန်းတိုင်သည်အထိ လက်နက်စွဲကိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း SAF က ထုတ်ပြန်ထားသည်။

  • မုံရွာ – မန္တလေး လမ်းမှာ စစ်ကားတန်းနဲ့ ခြေလျင် စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    မုံရွာ – မန္တလေး လမ်းမှာ စစ်ကားတန်းနဲ့ ခြေလျင် စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းမှာ ဒီဇင်ဘာလ ၃၁ရက်က စစ်အုပ်စု ကားတန်းနဲ့ အဲ့ဒီ ကားတန်းကို လုံခြုံရေး ယူပေးတဲ့ ခြေလျင်စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေ အပျောက် ရှိတယ်လို့ မုံရွာခရိုင် အမှတ် – ၁၂ တပ်ရင်း၊ တပ်ခွဲ – ၃ – လျှပ်စီးတပ်ခွဲက သတင်း ထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာလ ၃၁ ရက် မနက် ၉ နာရီ အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲကနေ သံပြာကာ ကားခြောက်စီး ထွက်လာကြောင်း သတင်းအရ အသင့်စောင့်ဆိုင်းပြီး မိုင်းဖောက်ခွဲ တိုက်ခိုက်တာလို့ ဆိုပါတယ်။

    စစ်ကားတန်းကို လုံခြုံရေး ယူပေးဖို့ ချောင်းဦးမြို့ထဲက ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်အုပ်စုကို စတင် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သုံးယောက် သေပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနောက် သံပြားကာ ကားခြောက်စီးကို ထပ်မံ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အသေအပျောက် မသိရသေးဘဲ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက ဖော်ပြပါတယ်။

    အဲ့ဒီ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ 11 People Defense Force၊ မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း၊ Nway Oo Brothers Column (နွေဦးညီကိုစစ်ကြောင်း) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

  • မဟာသိမ်တော်ကြီးဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲ

    မဟာသိမ်တော်ကြီးဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲ

    ဗန်းမော်မြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲမှု အလုံးစုံပျက်စီးသွားပြီ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ အဆက်မပြတ် ကျဲချရာမှ ဘုရားနှင့် ကျောင်းပရဝဏ်ဝင်းတစ်ခုလုံး အလုံးစုံ ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တစ်နေ့လုံး အကြမ်းဖက်စစ်တပ်က ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်လုပ်ဆောင်ခဲ့ပြီး မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းထဲသို့ စစ်လေယာဉ်ဖြင့် ဗုံး ၈ ကြိမ်ခန့် ကျဲချခဲ့ကြောင်း၊ ထိုသို့ ကျဲချမှုကြောင့် မဟာသိမ်တော်ကြီး ဘုရားဝင်းအတွင်းရှိ စေတီတော်နှင့် ဝင်းတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

    “သိမ်တော်ကြီးဘုရားကျောင်းဝင်းထဲ ၈ ကြိမ်ဗုံးကျဲခဲ့တယ်။ အကုန်ပျက်စီးကုန်ပြီ။ ပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    KIA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ဗန်းမော်မြို့တွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးနေကြောင်း၊ မြို့မှာလည်း လုံး၀ပျက်သလောက်နီးပါးဖြစ်နေပြီဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

    ဓာတ်ပုံ- မပျက်စီးမီက မြင်တွေ့ရသည့် ဗန်းမော်မြို့၏ အထင်ကရ မဟာသိမ်တော်ကြီးဘုရား။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ

    လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ

    မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်းကူးပြောင်းရေးအစိုးရ ခေါ် Transitional National Unity Government- TNUG ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံသို့ တရားဝင် အသိပေးချပြလိုက်သည်။

    ယနေ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်း နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

    မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလ ရောက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် အသွင်ကူးပြောင်းရေး အစိုးရ (TNUG) ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး စစ်မှန်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်အ၀ ရှိသည့် ဖယ်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းနိုင်ရန် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။

    “ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံကို ရေးဆွဲပြီးသွားတဲ့အခါမှာ ငြိမ်းချမ်းတဲ့ အခြေအနေအောက်မှာ ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီနည်းကျ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပသွားပြီး အဲဒီ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ အစိုးရသစ်ဟာ နိုင်ငံကို ဦးဆောင်သွားဖို့ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

    ထို့ကြောင့် လက်ရှိ တရားမျှ ငြိမ်းချမ်းသည့် အခြေအနေမျိုး မပေါ်မချင်း ရွေးကောက်ပွဲ ကျင်းပလျှင်လည်း မည်သည့်အဖြေမှ မထွက်ကြောင်း၊ နိုင်ငံတကာအနေဖြင့် တရားမျှတသည့် အခြေအနေ၊ မိမိကြမ္မာကို မိမိတို့ ဖန်ဆီးနိုင်သည့် အခြေအနေ ရောက်စေရန် လုပ်ဆောင်မည့် ဖက်ဒရယ် အခြေခံဥပဒေကို ရေးဆွဲပြီးနောက် ကျင်းပမည့် ရွေးကောက်ပွဲကိုသာ ထောက်ခံသင့်ကြောင်း ၎င်းက ပြောဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများက လက်ရှိ တိုင်း ပြည်၏ နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရေး အတွက် စစ်တပ်က နိုင်ငံရေးနှင့်အုပ်ချုပ်ရေးကဏ္ဍတွင်ပါဝင်နေမှုကို အဆုံး သတ်ရန် တောင်းဆိုကြောင်း၊ ထိုအခြေအနေတွင်မှသာလျှင် တိုင်းပြည်ငြိမ်းချမ်းရေး ပါဝင်သွားရန် အမြဲအသင့်ရှိကြောင်း သမ္မတက​ ပြောဆိုသည်။

  • ဗိုလ်မှုးချုပ်သူရိန်ထွန်းအား Vcall ဖြင့် သတင်းပေးပို့မှုဖြင့် မောင်တောမြို့၆ မိုင်ဘုန်းကြီး ဖမ်းဆီးထိန်းသိမ်းခံထားရ

    ဗိုလ်မှုးချုပ်သူရိန်ထွန်းအား Vcall ဖြင့် သတင်းပေးပို့မှုဖြင့် မောင်တောမြို့၆ မိုင်ဘုန်းကြီး ဖမ်းဆီးထိန်းသိမ်းခံထားရ

    မောင်တောမြို့အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ရင်းနခခ(၅)အားနေထိုင်ကွပ်ကဲခဲ့သူ ဖမ်းဆီးခံထားရသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းအားသတင်းအချက်အလက်မျိုးစုံပေးခဲ့သည့် မောင်တော၆ မိုင်ဘုန်းကြီးအားအာရက္ခတပ်တော်(AA)က ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။

    “ကျွန်တော်တို့သိရသလောက်ကဗိုလ်ချုပ်သူရိန်ထွန်းကို AAကဖမ်းဆီးစစ်ဆေးတွေရှိချက်မှာ မောင်တောက ၆ မိုင်ဆရာတော် နဲ့ပြေားဆိုထားတဲ့Vcall ပြောဆိုချက်‌တွေ နဲ့ သတင်းအချက်အလက်များစွာပို့ထားတဲ့ မှတ်တမ်းတွေတွေ့ရတယ်လို့သိရတယ်။ နခခ(၄)၊ အောင်မဂ်လာ၊ ဖားဝပ်ချောင်း စတဲ့ နေရာတွေကို လည်းဂျက်နဲ့ဗုံးကြဲနိုင်ဖို့ ၆ မိုင်ဘုန်းကြီးက ညွှန်ကြားခဲ့တယ်လို့သိရတယ်”ဟုပြောဆိုသည်။

    အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်တွင် လူသေဆုံးမှုများလည်း ရှိခဲ့သည်။

    ထိုသို့ပြစ်မူများကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တော တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ဘုန်းကြီး ကျောင်းများ၌တစ်နေ့တစ်ကျောင်းကျ ညအိပ်ပုန်းရှောင်နေခဲ့ရာ ကျောက်ပန္ဒူဘုန်းကြီးကျောင်း၌ ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်း၌ အာရက္ခတပ်တော် AA မှလက်ရ ဖမ်းဆီးနိုင်ခဲ့သည်ဟု၎င်းကပြောသည်။

    ဗိုလ်မူးချုပ်သူရိန်ထွန်းအား သတင်းအချက်အလက်များပေးပို့နေမူကြောင်း ဖမ်းဆီးခံထားရသည့် ‌၆ မိုင်ဆရာတော်မှာ မောင်တောမြို့အမှတ်(၁)ရပ်ကွက်အလယ်ရွာ ဇာတိနေ ကိုယ်တော် “အတို” ဟုလူအများစုသိရှိထားပြီးဘွဲနာ မည်မှာ ဦးညာဏသီရိ အသက် ၅၀ နှစ်ဖြစ်ကြောင်းသိရှိရသည်။

    မောင်တောမြို့နှင့် ၂ မိုင်ခန့်ဝေးကွာသည့် မြို့သူကြီးကျေးရွာဟောင်း၌တည် ဆောက်ထားသည့် စစ်ဆင်ရေးဌာနချုပ်ဖြစ်သည့်အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ရင်းအားဒီဇင်ဘာလ ၈ ရက်နေ့၊နံနက် ၉ နာရီ ၃၀ မိနစ်၌ အာရက္ခတပ်တော်(AA)မှ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး နောက် ထွက်ပြေးသွားသည့် စကခ (၁၅) စကခ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း နှင့် အဖွဲ့အားပြီးခဲ့သည့် အဆိုပါနေ့၌ပင်မောင်တော၊ ရွှေတောင်ကျေးရွာ အနီးရှိ သီဟိုလ်ခြံ၌ အရှင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း AA ဖက်မှသတင်းထုတ်ပြန်ခဲ့သည်။

    ထိုသို့အရက္ခတပ်‌တော်မှဖမ်းဆီးရမိခဲ့သည့် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲရေးမှူးဗိုလ်မှူးချုပ် သူရိန်ထွန်း၏ ဖုန်းများအားစစ်ဆေးချက်အရ မောင်တော ၆ မိုင်ဆရာတော် နှင့် ဆက်သွယ်ပြီး သတင်းအချက်အလက်များဖလှယ်ခဲ့ကြသည့် သက်သေအထောက်အထားများအားစစ်ဆေးတွေ့ရှိခဲ့သဖြင့် ယခုလိုဖမ်းဆီးထိမ်းသိန်းထားခံ‌နေရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။

    “၆ မိုင်ဆရာတော်က ကိုယ်တော်ကြီး အဆင့်ပါ။ ငယ်ဖြူမဟုတ်ပါဘူး။ နိက္ကမပါ။ ၆ မိုင်မှာကျောင်းထိုင်တယ်။ နောက်ပိုင်းမှာ ရွာသာယာကျေးရွာထွက်ဝ မှာနေရာယူပြီး ဘုန်းကြီးကျောင်းတည်ဖို့ကြိုးစားခဲ့တယ်။ စစ်ကောင်စီအကြီးအကဲတွေနဲ့ လက်ဝါးချင်းရိုက်ပြီး စီးပွါးရေလုပ်စားနေတာ။ သူနဲ့သူရိန်ထွန်းဆက်သွယ်ပြောဆိုတဲ့ အသံဖိုင်တွေအားလုံးတွေ့ရှိထားတယ်လို့သိရတယ်”ဟုသတင်းရင်းမြစ်ကပြောဆိုသည်။

    လက်ရှိ၌ ထို ၆ မိုင်ဆရာတော် ကိုယ်တော်အတို (ခေါ်)ဦးညာဏသီရိ အသက် ၅၀ နှစ်အား မောင်တောမြို့နယ်တောင်ပိုင်း သရိကုန်ဘောင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ထိန်းသိမ်းထားပြီး အာရက္ခတပ်တော်မှ အသေးစိတ်စစ်ဆေးလျှက်ရှိ‌နေကြောင်းမျက်မြင်ဒေသခံများထံမှသိရသည်။