Category: News

  • မင်းတပ်မြို့က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ မိသားစု‌ဝင်တွေကို ယောဒေသမှာ ဖမ်းမိ

    မင်းတပ်မြို့က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ မိသားစု‌ဝင်တွေကို ယောဒေသမှာ ဖမ်းမိ

    မင်းတပ်မြို့က စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားဝင်တွေကို မကွေးတိုင်း ယောဒေသမှာ ဖမ်းဆီးရမိထား တယ်လို့ ဗျူဟာအမှတ်(၈၁)ယောဗျူဟာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်လိုက်တဲ့ မင်းတပ်မြို့ရှိ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၂၇၄ က နေစစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားစုဝင် ၁၂ ယောက်ကို နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသမှာ ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ဆိုပါတယ်။

    “ကျနော်တို့ ဖမ်းမိတာကတော့ ယောနယ်ထဲမှာပဲပေါ့နော်။ မင်းတပ်ကနေပြီးတော့မှ ဆင်းလာလို့ရှိရင် ယောနယ် ထဲ ရောက်တာဆိုတော့။ ဖမ်းမိတာက ကျနော်တို့ ၂၄ ရက်နဲ့ ၂၅ ရက်မှာပေါ့။ ၂၄ ရက်နေ့မှာ ကျနော်တို့ ၁၀ ယောက် ဖမ်းမိတယ်။ ၂၅ ရက်နေ့မှာ ၂ ယောက်ဖမ်းမိတယ် ။ တပ်မိသားစုဝင်တွေအပါအဝင်တွေပေါ့” လို့ ဗျူဟာအမှတ် (၈၁) ယောဗျူ ဟာ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုတပ်သားတွေဟာ တပ်ကြပ်အဆင့် ၊ ဒုတပ်ကြပ်အဆင့် ၊ တပ်သားအဆင့် တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ဖမ်းဆီးရမိချိန် လက်နက်ခဲယမ်းတွေ မပါရှိဘဲ တစ်ကိုယ်ရည် အသုံးအဆောင်တွေနဲ့ အတူသာ ဖမ်းဆီးရမိခဲ့ တယ် လို့ ဆိုပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုစစ်သားတွေနဲ့မိသားစုဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဗျူဟာ အမှတ်(၈၁)ယောဗျူဟာ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မင်းတပ်မြို့ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေက ချင်းညီနောင်စစ်‌ဆင်ရေးအဖြစ်(Operation CB)အဖြစ် မြို့ သိမ်း တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်မှာ မင်းတပ်မြို့ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်/ ဓာတ်ပုံ- အမှတ်(၈၁)ယောဗျူဟာ

  • တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီစခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီ၏ စခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)မှ ရဲဘော်နိုဝယ်က ပြောဆိုသည်။

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးများ အကောင်အထည်ဖော်လာနိုင်ရာ အောင်မြင်မှုများရရှိလာကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်ရေးပိုင်းတွင် ပိုမိုထိရောက်လာပြီး စစ်ကောင်စီကို အထိနာစေကြောင်း၊ အထူးသဖြင့် မကြာသေးမီက တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိမှုမှာ ထင်သာမြင်သာရှိကြောင်း ၎င်းက ရှင်းပြသည်။

    “တော်လှန်ရေးအားကောင်းတဲ့အခြားဒေသများနည်းတူ တနင်္သာရီဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း အရင်ကထက် ပိုမိုအချိတ် အဆက်မိလာပြီး စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်လာနိုင်ကြတယ်လို့ မြင်ပါတယ်။ TPLF အနေနဲ့ အမျိုးသား တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ မူဝါဒနဲ့ ရည်မှန်းချက်တွေ တူညီမှုရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ ညီညွတ်ရေးမှုကို လက်တွေ့ကျင့်သုံးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

    ထားဝယ်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) အနေဖြင့် လွတ်မြောက်သည့် ထားဝယ်ဒေသပေါ်ပေါက်ရေး တွန်းအားပေးဆောင်ရွက်နေကြောင်း၊ တနင်္သာရီတွင် မှီတင်းနေထိုင်သည့် လူမျိုးစုများ၊ ပြည်သူလူထုများ၊ တန်းတူရည်တူရှိရှိ ပါဝင်ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်တခုအဖြစ် ပြန်လည်တည်ထောင်ဖွဲ့စည်းရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    “ဖတ်စာအုပ်အတိုင်း အရိုးစွဲလာခဲ့တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်း ၃ ခရိုင် ၊ မြို့နယ် ၁၀ ခုဟာ တနင်္သာရီ ဖြစ်တယ်… ဆိုတာကို သမိုင်းထဲမှာပဲ ထားခဲ့ကြပါ ။ ရိုးသားမှု ၊ ညီညွတ်မှု နဲ့ ဉာဏ်ပညာအမျှော်အမြင်ကို အခြေခံတဲ့ တနင်္သာရီရဲ့ အနာဂါတ်အိမ်မက် – Tanintharyi Vision ကို စုပေါင်းတည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တနင်္သာရီရဲ့ အနာဂါတ်ကို တနင်္သာရီ ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ် ပုံဖော်ထုဆစ်နိုင်တယ် ဆိုတာကို ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်” သူက ဆက်လက်ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်များက စုပေါင်း၍ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့နှင့်အတူ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) မှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်နိုဝယ်က “ ကံပေါက်ဒေသ၊ ရေကန်တောင်ပေါ်မှာရှိတဲ့ Microwave စခန်းဟာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ယခင်စစ်ဆင်ရေးများနည်းတူ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ဆင်ရေးအစီအစဉ်တွေကို စနစ်တကျ ကြိုတင်ရေးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ အားလုံးစုပေါင်းတိုက်လို့ အောင်မြင်မှုရရှိတာဖြစ်ပါတယ်။ Microwave စခန်းသိမ်းပွဲမှာ စစ်ကောင်စီဖက်က အရာရှိ ၁ ဦးအပါအဝင် စုစုပေါင်း ၆ ယောက်သေဆုံးခဲ့ပြီး အရှင်တစ်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ MA-11 ၃ လက်နဲ့ ကပစ 5.56 ကျည် ၅၇၈ တောင့် ၊ 60-MM ကွန်မန်ဒိုစိန်ပြောင်း ၁ လက်နဲ့ 60-MM ကျည် ၁၁ တောင့် ၊ 40-MM ကျည် ၃၆ တောင့် ၊ ရှေ့ထွက်မိုင်း -လိပ်ခုံး ၃ လုံးနဲ့ ကျည်ဘောက်တွေအပြင် စစ်ကောင်စီတပ်သားတွေရဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာ ၁ လုံးတို့ကိုလည်း သိမ်း ဆည်းရမိခဲ့ပါတယ်”ဟု သူက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းတွင် မြို့ဧရိယာမှလွဲ၍ ကျေးလက်ဒေသများကို နယ်မြေစိုးမိုးနိုင်မှုမရှိတော့ဘဲ စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက်ပိုမို လုပ်ဆောင်လာကြောင်း သိရှိရသည်။

  • ကလေးငယ်ကို အဓမ္မကျင့်တဲ့ အမျိုးသား ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    ကလေးငယ်ကို အဓမ္မကျင့်တဲ့ အမျိုးသား ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    မေမြို့မှာ ကလေးငယ်ကို အဓမ္မကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    မန္တလေးတိုင်း၊ မေမြို့၊ ပွဲကောက်ကျေးရွာမှာ ဒီဇင်ဘာလ ၂၄ရက် ညနေပိုင်းက အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဝိုင်းဖမ်းဆီးပြီး ရိုက်နှက်ရာက လက်လွန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာလ ၂၄ရက် ညနေ ၆ နာရီခွဲဝန်းကျင်အချိန် မေမြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီးမှာ အမျိုးသားတစ်ဦး သေဆုံးကြောင်း ဖုန်းဆက် အကြောင်းကြားလို့ အလောင်းကို သယ်ယူကာ မေမြို့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဆိုပါတယ်။

    “ပြင်ဦးလွင်မြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အသက် ၆ဝ အရွယ် အမျိုးသား တစ်ဦးမှ အဓမ္မ ပြုကျင့်ပါသဖြင့် ပြည်သူများမှ ဝိုင်းရိုက်မိရာမှ သေဆုံးသွားပါသဖြင့် ဖုန်းဆက် အကြောင်းကြားရာ အသင်းမှ DeadBody (အလောင်း) တင်ယာဥ်ဖြင့် သွားရောက် ခေါ်ဆောင်ပြီး ပြည်သူ့ ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ပြသ၍ မော်ကျူရီသို့ ပို့ဆောင်ပေးခဲ့ပါသည်” လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မေမြို့ အပါအဝင် မန္တလေးတိုင်းအတွင်း ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေကို စစ်အုပ်စုက အလေးထား ကိုင်တွယ် ဖြေရှင်းတာ မရှိတော့ဘဲ ငွေရနိုင်တဲ့ မှုခင်းဖြစ်စဉ်တွေကိုသာ ဦးစားပေး ကိုင်တွယ် ဖြေရှင်းတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  • စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်

    စစ်မှုထမ်းဆင့်ခေါ်ရေး ယခင်ထက် ပိုမို ကြမ်းတမ်းစွာ ကိုင်တွယ်မည်

    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တာဝန်ပြောင်းလဲယူလိုက်ပြီး ဖြစ်၍ ပေါ်တာဆွဲမှုဖမ်းဆီးများ အခြေအနေ ဆိုးလာနိုင်ဟု သတိပေး

    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကိုင်တွယ်နေရာကနေ ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စတင်တာဝန်ပြောင်းလဲယူနေပြီး စစ်မှုထမ်းဆင့်ခေါ်ရေးမှာ အရင်ထက် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လာဖို့ရှိနေတယ်လို့ နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောပါတယ်။

    ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ညှိ/ကွပ်ရာထူးကနေ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ အဖွဲ့ဝင် ၁၈ ဦးပါတဲ့ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌ သစ်အဖြစ် ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တာဝန်ယူနေပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းထက် ပိုပြီး သဘောထားတင်းမာတဲ့အပြင် စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စတွေမှာ ငွေကြေးယူ လူစားထိုးတာတွေ မလုပ်စေဖို့နဲ့ တပ်သားသစ်အရေအတွက် ပြည့်မီရေးအတွက် ပေါ်တာဆွဲတာအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းတွေအားလုံးသုံးဖို့ လုပ်လာနေတယ်လို့ ဆိုပါတယ်။

    ” ဗိုလ်ချုပ်ကြီး မောင်​မောင်​အေးကို စစ်ဆင်ရေးတွေ ကိုင်တွယ်တာ ညံ့လို့ ဖယ်ရှားခံရတာအပြင် အသက်အရွယ်ပိုင်းအရလည်း ၆၀ ကျော်လာတဲ့အတွက် အရန်အင်အားကို ဆင်းထိုင်ရတယ်။ စစ်တပ်ရဲ့ နံပါတ် ၃ ကနေ အရပ်ဘက် ကာကွယ်ရေးဝန်ကြီးလိုရာထူးဖြစ်လာတော့ နန်းကျဘုရင်လို့ပဲ ပြောလို့ရတယ်။ သူက စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူနေပြီ။ သဘောထားတင်းမာတဲ့အတွက် စစ်မှုထမ်းကိစ္စ ကြမ်းတမ်းစွာကိုင်နေပြီလို့ ပြောလို့ရတယ်” လို့ တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

    လက်ရှိ တစ်နိုင်ငံလုံး စစ်မှုထမ်း တပ်သားသစ်အရေအတွက် ပြည့်မီရေးအတွက် စစ်တပ်က ပေါ်တာဆွဲမှုတွေနဲ့ လူငယ်တွေ ဖမ်းဆီးခံနေရတဲ့ အခြေအနေက အရင်ထက်ပိုမိုဆိုးဝါးလာနိုင်တယ်လို့ တပ်သတင်းရင်းမြစ်က သတိပေးပါတယ်။

    ဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး စစ်တပ်မှာ နေပြည်တော်တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်မတော် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့လည်း အပတ်စဉ်တူ ဖြစ်ပါတယ်။

  • အမ်းမြို့သိမ်းတိုက်ပွဲ သံချပ်ကာအပါအဝင်စစ်ကောင်စီထံမှသိမ်းရသည့် လက်နက်ခဲယမ်းများဖြင့် ပြန်ထိုးစစ် ဆင်ခဲ့ဟု AA အသိပေး

    အမ်းမြို့သိမ်းတိုက်ပွဲ သံချပ်ကာအပါအဝင်စစ်ကောင်စီထံမှသိမ်းရသည့် လက်နက်ခဲယမ်းများဖြင့် ပြန်ထိုးစစ် ဆင်ခဲ့ဟု AA အသိပေး

    စစ်ကောင်စီ တပ်ဖွဲ့ဝင်များစွာ သေဆုံးပြီး စစ်သုံ့ပန်းများစွာ၊ လက်နက်ခဲယမ်းများစွာ ရရှိမှုကို ပြသ

    ခေါင်းဆောင်မှုမပီသသူများလက်အောက်၌ အသေမခံဘဲ အမြန်လက်နက်ချရန် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ရှိ တပ်မှူး၊စစ်သည်တို့အား စစ်သုံပမ်း နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ပြော

    ရက္ခိုင်၌ စစ်ရှုံးနေသည်ကို လက်ခံရန် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအား သတင်း
    စကားပါး

    ရက္ခိုင်ပြည်နယ် အမ်းမြို့နယ် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အား အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ခဲ့ရာ AA အနေဖြင့် စစ်ကောင်စီထံမှ သိမ်းရထားသည့် လက်နက်ခဲယမ်းများကို အသုံးပြုပြီးထိုးစစ်ဆင်ခဲ့ကြောင်း အသိပေးကာ စစ်သုံ့ပမ်းများစွာ၊ ခဲယမ်းကျည်များစွာ ဖမ်းဆီးရရှိမှုကို ပြသခဲ့သည်။

    AAသည် ဒီဇင်ဘာ ၂၀ရက် တွင် နပခ ဌာနချုပ် အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    နပခအား တိုက်ခိုက်ရာ၌ တိုင်းစစ်ဌာနချုပ် အနီးဝန်းကျင်တွင် နေရာယူထားသည့် AA စစ်သည်များက စစ်ကောင်စီထံမှ သိမ်းရသည့်သံချပ်ကာယာဉ်၊ ဟောင်ဝစ်ဇာအမြောက်၊ နောက်ပွင့်ရိုင်ဖယ်၊ ပွိုင့်ဖက်စက်သေနတ်နှင့် အခြားစက်သေနတ်များ၊ရှော့တိုက်ဒုံး၊ လက်နက်ကြီးများအား ဟန်ချက်ညီ တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကို ပြသသည်။

    “ရန်သူ့လက်နက်ကိုယ့်လက်နက်” ဟုလည်း စစ်ကောင်စီထံမှ သိမ်းရသည့်လက်နက်များဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှုအကြောင်းကို အသိပေးသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချမှု၊ ထိခိုက်သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနှင့် လက်နက်ခဲယမ်းပုံးများ၊ စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူပေး ခုခံမှု၊ AAက လေကြောင်းအား လေယာဉ်ပစ်လက်နက် အသုံးပြု ပြန်လည်ပစ်ခတ်မှုတို့ကိုလည်း ဖော်ပြခဲ့သည်။

    စစ်ကောင်စီက လေယာဉ်ပေါ်မှ ချပေးသည့် လက်နက်ခဲယမ်းရိက္ခာထုပ်များစွာ ရရှိမှုနှင့် ဖမ်းမိစစ်သုံ့ပမ်းများအား ဆေးကုသပေးနေမှု၊စစ်သုံ့ပမ်းများစွာတို့အား အကျဉ်းသား ဝတ်စုံဆင်တူ ဝတ်ဆင်ပေးပြီး ထမင်ကျွေးနေမှုကိုလည်း ပြသည်။

    ထို့ပြင် ဖမ်းမိထားသည့် စစ်သုံ့ပမ်းများအနက် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း နှင့် အမေးအဖြေကဏ္ဍကိုလည်း ဖော်ပြခဲ့ရာ ဒီဇင်ဘာ ၂၀ရက်နေ့လည်တွင် AA၏ ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရသည်ဟု ဝန်ခံပြောပြသည်။

    စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့မှ စစ်ကောင်စီ တပ်မှူးစစ်သည်များအား ဘာပြောလိုလဲဟု AA ဘက်က မေးမြန်းရာ “ လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကိုတော့ ရက္ခိုင်ပြည်ရဲ့ ပထဝီဝင်အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေကနေ သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေ အနေနဲ့ ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီး တော့ လက်နက်ချအလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချ ကြပါ” ဟု ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ရက္ခိုင်ရှိ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတိုက်တွန်းသည်။

    AA အနေဖြင့် လက်လွတ်စပယ် မလုပ်ဘဲ ဥပဒေနှင့်အညီ စစ်သုံ့ပမ်းများကို ဆက်ဆံထိန်းသိမ်းထားရှိကြောင်း၊ ၎င်းတို့၌ ရှိသည့် ရိက္ခာ ဆေးဝါးများဖြင့်အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

    “ဒါကြောင့် အာရက္ခ တပ်တော်နဲ့ ဆက်သွယ်ပြီး အမြန်ဆုံးလက်နက်ချ အလင်းဝင် ကြပါ။ အဲဒါဆိုရင် မင်းတို့တွေရဲ့အသက်ချမ်းသာရာ ရမှာဖြစ်ပါတယ်” ဟု စစ်သုံ့ပမ်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောသည်။

    နပခ ကျဆုံးရခြင်းမှာ စစ်ကူ စစ်ကြောင်းများ အချိန်မီ ရောက်ရှိလာမှု မရှိခြင်း၊ ရောက်ရှိလာသည့် စစ်ကူစစ်ကြောင်း အချို့ သည် AA၏ ဝိုင်းပတ် ချေမှုန်းခြင်းခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

    “နောက်ဆုံးကျန်ရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ရုံးကို အာရက္ခတပ်တော်က လေးဘက်လေးလံဝိုင်းပတ် ထိန်းချုပ်တိုက်ခိုက် ခံနေရတဲ့အချိန်မှာ ကျနော်တို့တွေဟာ ရိက္ခာ ၊ ဆေးဝါး၊ ခဲယမ်း ၊ ရေ ပြတ်တောက် လုံလောက်မှုမရှိတော့ဘဲနဲ့ ခုခံကာကွယ်ခဲ့ရပါတယ်။” စစ်သုံ့ပမ်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောသည်။

    အရာရှိ စစ်သည်များအနေဖြင့်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခဲ့ကြောင်း ၎င်းက ပြောပြသည်။

    “သောက်စရာရေ မရှိတော့တဲ့ အထိ အစွမ်းကုန်မိမိတို့က ခုခံကာကွယ်ခဲ့ရပါတယ်။ သို့သော်လည်းပဲ အာရက္ခ တပ်တော်ရဲ့ တိုက်ခိုက်မှု ပုံစံတွေနဲ့ တိုက်စွမ်းရည်တွေကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျဆုံးခဲ့ရပြီး ကျနော်တို့တွေ အဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောသည်။

    နေပြည်တော်နှင့် မိသားစုကို သတင်းစကားပါးလိုပါက ပြောကြားပေးရန် AA တာဝန်ရှိသူက မေးမြန်းရာ “နေပြည်တော်မှာ ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရက္ခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောသည်။

    ထို့ပြင် ပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန်နှင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တပ်မိသားစုများနှင့် ပြည်သူများ၏ အမုန်းတရားများကိုသာ ရရှိခံစားရမည်ဆိုသည်ကို သိရှိစေလိုကြောင်း ပြောကြားခဲ့သည်။

    “မိသားစုအနေနဲ့ ကျနော်က အာရက္ခ တပ်တော်ရဲ့ထိန်းသိမ်းမှုအောက်မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပြီးစိတ်မပူဖို့ ပြောကြားလိုပါတယ်”ဟုလည်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ပြောသည်။

    AA အနေဖြင့် ရက္ခိုင်ပြည်နယ်ကို ၂၀၂၃ နိုဝင်ဘာတွင် ထိုးစစ်ဆင်ခဲ့ရာ မြို့နယ် ၁၇မြို့နယ်ရှိသည့်အနက် ၁၄မြို့နယ်ခန့်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်တွေ၊ ကျောက်ဖြူ နှင့်မာန်အောင်မြို့နယ်များသာ ကျန်ရှိတော့သည်။ AAသည် ချင်းပြည်နယ် ပလက်၀မြို့ကို ဦးစွာသိမ်းပိုက်နိုင်ခဲ့ပြီး ရက္ခိုင်မြို့နယ်များကို တခုပြီးတခု သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

    (AA က နပခ ကိုထိုးစစ်ဆင်တိုက်ခိုက်စဥ်/ နပခ ဒုတိုင်းမှူး ၊တိုင်းဦးစီးချုပ်အပါအဝင် စစ်သုံ့ပန်းများ /အတွဲလိုက်ပစ်ဒုံးစနစ်တင်ယာဥ် ၂စီးအပါအဝင် သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ ။ AA Info Desk)