ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦးကို ရဲတပ်ဖွဲ့နဲ့အတူ ချစ်သူဖြစ်သူက နောက်ယောင်ခံလိုက်ကာ ကယ်တင်နိုင်ခဲ့ ဖူးခတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ အသက် (၁၇) နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို တည်းခိုခန်းတစ်ခုသို့ အဓမ္မခြိမ်းခြောက်ခေါ်ဆောင်သွားတဲ့ ထိုင်းအမျိုးသား (၂) ဦးကို ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 📌 ဖြစ်စဉ်အကျဉ်း ဖြစ်စဉ်မှာ (၁၁) ရက်နေ့ညက ဖူးခတ်မြို့ထဲတွင် အသက် (၂၃) နှစ်အရွယ် မြန်မာလူငယ်တစ်ဦးနှင့် ထိုင်းအမျိုးသား (၂) ဦးတို့ ဆိုင်ကယ်ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ရန်ဖြစ်ပြီးနောက် လမ်းခွဲထွက်လာစဉ် အဆိုပါ ထိုင်းအမျိုးသားနှစ်ဦးက မြန်မာလူငယ်နှင့်အတူရှိနေသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးကို သဘောကျသွားပြီး၊ မြန်မာလူငယ် မရှိခိုက်တွင် မိန်းကလေးကို ခြိမ်းခြောက်ကာ […]