Category: Movies


  • အင်စပက်တာ ဂျန်ဒေ

    Inspector Zende (2025) “အင်စပက်တာ ဂျန်ဒေ” IMDb – 5.9/10 ၁၉၉၆ခုနှစ်… မွမ်ဘိုင်းမြို့။ အမီတာဘချမ်းကြီး အိန္ဒိယရဲ့ Box Officeကို အုပ်စိုးထားချိန်ကာလ။ မွမ်ဘိုင်းလမ်းမတွေပေါ်မှာ လူမိုက်တွေကြီးစိုးထားချိန်။ ဒါပေမဲ့ လူမိုက်တွေက မွမ်ဘိုင်းရဲတပ်ဖွဲ့ကို ကြောက်ရတယ်။ မွမ်ဘိုင်းရဲတပ်ဖွဲ့က အင်စပက်တာဂျန်ဒေ ရေကူးဝတ်စုံလူသတ်သမား ကားလ်ဘိုဂျရာ့ဂျ်ကို နယ်စုံလိုက်ဖမ်းရပုံကို စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးပုံဖော်ထားတဲ့ရုပ်ရှင်။ အင်စပက်တာဂျန်ဒေနေရာမှာ The Family Man ရုပ်သံစီးရီးက မင်းသားကြီး မာနို့ဂျ်ပါဝင်ထားတာမို့ခံစားကြည့်ရှုကြပါဦး။

  • Detective Ujjwalan (2025) ဉာဏ်ကြီးရှင်စုံထောက် IMDb 6.2 Netflix ကထုတ်လွှင့်တဲ့ သည်းထိပ်ရင်ဖိုနဲ့ ဟာသပေါင်းစပ်ထားတဲ့ စုံထောက်ကားသစ်လေး တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရာဇဝတ်မှုကင်းစင်ပြီး အမှုဆိုလို ငှက်ပျောသီး အုန်းသီးလောက်ပဲ အခိုးခံရတဲ့ရွာလေးနဲ့ အစချီထားပါတယ်.. ဒီရွာလေးရဲ့ နှစ် ၅၀ပြည့်အထိမ်းအမှတ်မှာ SI ဆာချင်တစ်ယောက် မိန့်ခွန်းပြောလေတော့ ဒီရွာမှာ ပြစ်မှုမရှိလို ရဲတွေတောင်ပျင်းနေရကြောင်း အစချီပြောလိုက်လေတော့ မိန့်ခွန်းထုတ်လွှင့်ပြီးနောက်ရက်မှာတင် ရွာထဲက လူတစ်ယောက် ရက်ရက်စက်စက် သတ်ခံထားရပါလေရော… နှစ်ချီ အခင်းမဖြစ်ဖူးတော့ လုပ်ထုံးလုပ်နည်းတွေတောင်မေ့နေကြတဲ့ ရဲတွေအဖို အူဂျဝါလန်ဆိုတဲ့လူကို အကူညီတောင်းရပါတော့တယ်.. အူဂျဝါလန်က ဘာလဲဆိုရင်တော့ စုံထောက်ကားတွေအကြည့်များပြီး နေရာစုံ ထောင့်စေ့အောင်ကြည့်တတ်ပြီး ရေပုံးပျောက်မှုကအစ ဆွဲကြိုး နေရာအထားမှားမှုအဆုံးထိအမှုတိုင်းဖြေရှင်းနိုင်သူပါ။ ရဲတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်သူပေါ့။ သာမန်ခိုးမှုလေးတွေပဲ ဖြေရှင်းတတ်တဲ့လူက ပထမဆုံးလူသတ်မှုကို ကိုင်တွယ်ရတဲ့အခါမှာတော့…

  • The Strangers: Chapter 1

    The Strangers: Chapter 1

    ဇာတ်လမ်းအကျဉ်း စုံတွဲတစ်တွဲက ၅ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံထဲကို ကားပတ်မောင်းကြတယ်။ ထုံးစံအတိုင်း လူနည်းစုလေးပဲ နေတဲ့ မြို့ကိုရောက်သွားတယ်၊ ကားပျက်သွားတယ်၊ အိမ်ငှားပြီး ညအိပ်ရတယ်။ ညကျတော့ မျက်နှာဖုံးနဲ့လူတစ်စု ရောက်လာပြီး လိုက်သတ်တယ်။ အဓိကကတော့ ဘယ်သူတွေက ဘာလို့ ဒီလိုလုပ်ရပြီ သူတို့စုံတွဲ လွတ်အောင်ဘယ်လိုရုန်းရမလဲ ပြထားတာပါပဲ။ ကြည့်ကြည့်ကြပါဦး။

  • The Strangers: Chapter 2 (2025)

    The Strangers: Chapter 2 (2025) IMDb Rating (4.9) / Rotten Tomatoes (15%) အရင်ထွက်ခဲ့တဲ့ Strangers ကားတွေရဲ့အဆက်ပါပဲ။ Chapter1 တုန်းက တောအုပ်ထဲမှာ အသတ်ခံရတဲ့ မာယာတို့စုံတွဲမှာမာယာ ၁ ယောက်ပဲ လွတ်မြောက်လာခဲ့ပါတယ်။ ဒီလိုအမှုတွေဖြစ်နေတာ နှစ်နဲ့ချီပြီးလူတွေ ၁၅ ယောက်လောက်အထိ ဒီအမည်မသိမျက်နှာဖုံးစွပ်လူတစ်စုရဲ့ သတ်ဖြတ်ခြင်းကိုခံနေရတာပါ။ ဒီဇာတ်လမ်းမှာတော့ လွတ်မြောက်လာတဲ့ မာယာကို လိုက်လံသတ်ဖြတ်ရင်း ဒီလူသတ်သမားတွေက ဘယ်သူတွေလဲ ဘာကြောင့်လိုက်သတ်နေတာလဲ သိရမှာပါ။

  • Beast of War (2025)

    Beast of War (2025)

    အခုတစ်ခါမှာတော့ အသစ်စက်စက်ထွက်ရှိလာတဲ့ Beast of Warဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်ရဲ့စစ်ပွဲနောက်ခံ Survival Horror အမျိုးအစားဖြစ်တာကြောင့်မို့လို့ ဇာတ်လမ်းပြီးတဲ့အထိ ထိုင်ရာကမထဘဲ အဆုံးထိကြည့်ချင်မယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်မှာ ဩစတြေးလျ စစ်သားတွေဟာ တီမောပင်လယ်ကိုဖြတ်ပြီး စစ်မြေပြင်ဆီကို သင်္ဘောနဲ့ ခရီးထွက်ခဲ့ကြပါတယ်။ သင်္ဘောပေါ်မှာလီယိုဆိုတဲ့ဒေသခံ သြစတြေးလျစစ်သားတစ်ဦးပါဝင်ပြီး သူဟာတပ်သားအချင်းချင်းကြားလူမျိုးရေးခွဲခြား အနိုင်ကျင့်မှုတွေကို ခံနေရသူတစ်ယောက်ပါ… လီယိုတို့ရဲ့ သင်္ဘောဟာ လမ်းတစ်ဝက်မှာပဲဂျပန်တိုက်လေယာဉ်တွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုကိုခံရပြီးနစ်မြုပ် သွားခဲ့ပါတယ်။ လီယိုအပါအဝင်အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ စစ်သားအနည်းငယ်ဟာ ပင်လယ်ထဲကသင်္ဘောပျက်အပိုင်းအစ ပေါ်မှာခိုအောင်းရင်းကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြရပါတယ်။ အဲဒီအချိန်မှာပဲသူတို့အတွက် လူရန်သူတွေထက်ပိုမို ကြောက်စရာကောင်းတဲ့ ရန်သူတစ်ကောင် ပေါ်လာပါတယ်။ အဲဒါကတော့ သွေးဆာနေတဲ့ ငါးမန်းဖြူကြီးတစ်ကောင်ဖြစ်ပြီး ဒဏ်ရာရထားတဲ့စစ်သားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံတိုက်ခိုက် သတ်ဖြတ်ပါတော့တယ်။ ကူရာကယ်ရာမဲ့နေတဲ့လီယိုတို့စစ်သားတစ်စု ပင်လယ်ပြင်ကြီးထဲမှာ အဲဒီငါးမန်းကြီးရန်ကနေ လွတ်မြောက်နိုင်ကြမလားဆိုတာကိုတော့…….