Category: Movies
-

Sunny Sanskari Ki Tulsi Kumari
Sunny Sanskari Ki Tulsi Kumari(2025) “ဆန်နီနဲ့ တူလ်ဆီ” ဘက်ဂျက် ကုဋေ ၈၀ သုံးထားပြီး ၁၀၈.၁၁ ကုဋေထိ ပြန်ရထားပြီး ၂၀၂၅ ရဲ့ အအောင်မြင်ဆုံး အိန္ဒိယအချစ်ရုပ်ရှင်တွေထဲမှာ တတိယနေရာယူထားတဲ့ မင်းသားဗာရွန်ဒါဝမ်နဲ့ မင်းသမီးချောဂျန်ဗီကပူးရ်တို့ရဲ့ ရုံတင်ကားသစ်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ရေရှည်တွဲခဲ့တဲ့ ရည်းစားတွေရှိခဲ့ပေမဲ့ ရည်းစားတွေက မိဘပေးစားတဲ့သူနဲ့ လက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက် အသည်းကွဲနေကြတဲ့ ဆန်နီနဲ့ တူလ်ဆီ။ တူလ်ဆီတစ်ယောက် ဆန်နီရဲ့တိုက်တွန်းမှုကြောင့် သူတို့နှစ်ယောက်ပေါင်းပြီး သူတို့ရည်းစားဟောင်းနှစ်ယောက်ရဲ့မင်္ဂလာပွဲကို သွားဖျက်ဖို့ကြံစည်ကြချိန်မှာတော့…။ မင်္ဂလာပွဲဖျက်ဖို့ကြိုးစားရင်း တလွဲတချော်ဖြစ်ပုံ၊ ပေါက်ကရတွေဖြစ်ပုံ၊ ခံစားချက်တွေ အသစ်ဖြစ်လာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။
-

Stigmatized Properties: Possession
Stigmatized Properties: Possession (2025) သရဲကားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ကားတွေကို မြန်မာလိုကြီး အမျိုးအစားပြန်ခွဲရရင် တကယ်ခြောက်တဲ့ “သရဲကား”လို့ ပြောရမယ့် သရဲကားနဲ့ မခြောက်လှဘဲ ပရလောကဆိုတာ ရှိကြောင်းပြထားတဲ့” ပရလောက”ကားရယ်လို့ လည်း ခွဲလို့ ရနိုင်မယ်ထင်တယ်။ ဒီဂျပန်ရုပ်ရှင်က သရဲတွေအကြောင်းနဲ့ သရဲတွေနဲ့မြင်နေကြုံနေရတဲ့လူတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ။ ဆိုပေမဲ့ ဒီထဲက သရဲတွေကလည်း အရမ်းမခြောက်နေသလို အန္တရာယ်ပေးတာ ဘာညာလည်း သိပ်မရှိဘူး။ ပြောရရင် ပရလောကကို ပြထားတယ်ပြောရမယ်။ မင်းသားက တီဗီသရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ကောင်လေး။ မမှန်တဲ့ မစို့မပို့ဝင်ငွေနဲ့ လောက်ငှအောင် သူက သူတို့အခေါ် နာမည်ပျက်အဆောက်အဦး ခေါ် သရဲခြောက်တဲ့အိမ်တွေမှာ လိုက်ငှားနေတယ်။ အဲဒီအဆောက်အဦးတွေက ဈေးမတရားသက်သာလို့ပေါ့။ အဲဒီအဆောက်အဦးတွေမှာ လိုက်ပတ်နေရင်း သူက သရဲတွေနဲ့ကြုံလာရတာကို ရိုက်ပြထားတယ်။ သရဲကားပေမဲ့ ဒီကားဟာ ဂျပန်က…
-
Tenung
Tenung (2025) အီရာက မိခင်ဖြစ်သူကို တစ်ဦးတည်းစောင့်ရှောက်နေရတဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်ပြီး သူ့အမေ ခံစားနေရတဲ့ဝေဒနာဟာ အဖြေရှာမရတဲ့အတွက် သူ့မှာပိုအခက်တွေ့စရာဖြစ်နေပါတယ်။ သူ့အမေဟာ အာရုံထဲမှာခန္ဓာကိုယ်မပါတဲ့ လက်တွေရဲ့ခြောက်လှန့်မှုကိုခံနေရပြီး တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုကိုရော သူ့ကိုပါ ရန်ရှာတာမျိုးတွေရှိလာတဲ့အတွက် မြို့ပေါ်ရောက်နေတဲ့ အစ်ကိုနဲ့အစ်မကိုလှမ်းခေါ်လိုက်ရတဲ့နောက်အိမ်အရောက်မှာပဲ သူတို့မိခင်ဟာ ရုတ်တရက်ကွယ်လွန်သွားပါတော့တယ်။ ဒါပေမယ့်လည်း ဈာပနအခမ်းအနားကျင်းပနေတုန်းအလောင်းပေါ်ကိုကြောင်နက်တစ်ကောင်ခုန်ကျော်သွားတာခံရတဲ့နောက် သူတို့အမေဟာအသက်ပြန်ဝင်လာခဲ့သလို အရင်က ခံစားနေရတဲ့ဝေဒနာတွေပါပျောက်ကွယ်ပြီး အကောင်းပကတိဖြစ်သွားချိန်မှာတော့ ဇာတ်လမ်းအမှန်တကယ်စလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက မရှိခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့အခြောက်အလှန့်တွေကို တစ်အိမ်သားလုံးစပြီး ခံစားလာရလို့ပါပဲ။ သူတို့မိခင်ခံစားနေရတဲ့ဝေဒနာက တကယ်တမ်းဘာဖြစ်မလဲ? ဒီဖြစ်စဉ်တွေရဲ့လက်သည်က ဘယ်သူလဲ? သူတို့မိသားစုဝင်တွေ ဒီကံကြမ္မာဆိုးတွေကနေ လွတ်မြောက်နိုင်ပါ့မလား? အစရှိတာတွေကို သည်းထိတ်ရင်ဖိုရှုစားရမယ့် ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။
-

Time to Hunt
Time to Hunt (2020) ဒီတစ်ခါမှာတော့ crime, action ဇာတ်လမ်းအမျိုးအစားတွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရမယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ လူအများကြား ရေပန်းစားတဲ့ Taxi Driver က Lee Je Hoon, လတ်တလောထွက်ရှိထားတဲ့ Would You Marry Me? က Choi Woo Shik, Fight for my Way, Chicken Nugget နဲ့ လူသိများတဲ့ Ahn Jae Hong, လတ်တလော Hwasa နဲ့ Good Goodbye သီချင်းအတူဖျော်ဖြေခဲ့ပြီး လူကြိုက်များနေတဲ့ Park Jeong Min အပြင် Squid…
-

Stormforce
Stormforce (2006) ဒီတစ်ခါတော့ Action/Adventure ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ Rick ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက Belgian Army ရဲ့ အထူးစစ်ဆင်ရေး ရေငုပ်တပ်ဖွဲ့ဝင်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ မောက်မာတဲ့ အကျင့်စရိုက်ကြောင့် ပြဿနာတက်ပြီး လေတပ်ရဲ့ Search-and-Rescue အဖွဲ့ဆီကို အပြောင်းခံလိုက်ရပါတယ်။ ပြဿနာက အဲဒီမှာ မပြီးသေးပါဘူး။ သူရောက်သွားတဲ့ အဖွဲ့သစ်မှာ အရင်က သူနဲ့ သဘောထားချင်းမတိုက်ဆိုင်တဲ့ ဆေးမှူးမလေးတစ်ယောက်နဲ့ အတူတွဲလုပ်ရဖို့ ဖြစ်လာပါတယ်။ ဒီလို အဆင်မပြေမှုတွေကြားထဲက အသက်အန္တရာယ်များတဲ့ ကယ်ဆယ်ရေး Mission တွေကို သူတို့ဘယ်လို လက်တွဲလုပ်ကိုင်ကြမလဲ၊ အတိတ်က အငြိုးတွေကို ဘေးဖယ်ထားနိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။