Coyotes (2025) ဟော်ရာကားတွေမှာ ဒီဘဲပါရင် သူ့အတွက်အခြေအနေမကောင်းလောက်ဘူးလို့ ပြောစမှတ်တွင်ကြတဲ့အထိ ဟော်ရာကားတွေမှာကံဆိုးလေ့ရှိတဲ့ Justin Long ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဟောလိဝုဒ်တောင်ကုန်းတွေပေါ်က လူကုံထံ မိသားစုတစ်စု၊ တောမီးအကြီးအကျယ်လောင်ကျွမ်းပြီး၊ လေပြင်းမုန်တိုင်းလည်းရှိတဲ့အတွက် လျှပ်စစ်မီးပြတ်တောက်လမ်းတွေပိတ်ပြီးဘယ်ကိုမှ သွားမရလာမရဖြစ်သွားတဲ့ အခြေအနေတစ်ခုနဲ့စပါတယ်။ အဲ့ဒီအချိန်ဟာ လူတွေရဲ့နယ်မြေချဲ့ထွင်မှုတွေ၊တောမီးတွေကြောင့်ကိုင်းယိုးတီး(ဝံပုလွေငယ်တစ်မျိုး)တွေဟာ မြို့ပေါ်အထိစားကျက်ချဲ့ထွင်လာကြပြီး လူတွေ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ခိုက်မှုတွေမကြာခဏဖြစ်ပေါ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီအခြေအနေတွေကြားကနေလူပေါ်ကြော့ သူဌေး၊ သွေးမြင်ရင်မူးတတ်သူ စကော့( Justin Long) အနေနဲ့ သူ့မိသားစုကို ဒီအန္တရာယ်အသွယ်သွယ်ကြားကနေ ဘယ်လိုကြိုးစားကာကွယ်မလဲဆိုတာကိုဟာသနှောပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဝံပုလွေတွေရဲ့တိုက်ခိုက်ခန်းတွေ သတ်ဖြတ်ခန်းတွေက Rate R ယူထားတဲ့ကားပီပီကြမ်းတမ်းပီပြင်သလို ဖောက်ထားတဲ့ဟာသတွေကလည်း ကလိထိုးဟာသတွေမဟုတ်တဲ့အတွက် ဖျော်ဖြေရေးအပြည့်အ၀ပေးနိုင်တဲ့ ဇာတ်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး…
You Are My Pet (2011) ဒီတစ်ခါက်မှာတာ့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ You Are My Pet ဆိုတဲ့ Rom-Com Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၃ ခုနှစ်က ဆုရရှိခဲ့တဲ့ ဂျပန်Manga ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ Kim Ha Neul နဲ့ Jang Keun Suk တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျီအွန်းအီဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုက အလုပ်ကြိုးစားတဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်ပြီး တခြားမိန်းကလေးတွေလို သူများအပေါ် သိပ်မမှီခိုတတ်ဘဲ ကိုယ့်ဘာသာရပ်တည်တတ်တဲ့သူဖြစ်တာကြောင့် တွဲခဲ့တဲ့ရည်းစားတွေတိုင်းနဲ့လည်း ပြတ်ခဲ့ပြီး တကိုယ်တည်းပဲ နေတော့မယ်လို့ ဆုံးဖြတ်ထားသူဖြစ်တယ်။ အပေါင်းအသင်းမိတ်ဆွေတွေက အဖော်ရအောင် Pet…
Present Perfect Continuous Tense ဒီကားလေးကတော့ ထူးထူးခြားခြားလေးဖြစ်ပြီး 2013တုန်းကထွက်ထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာက အသက်အရွယ်၊ရုပ်ရည်၊ စည်းစိမ်ဥစ္စာ အပေါ်မှာမမူတည်ပါဘူး။ “အဓိက ကတော့ အချစ်ဆိုတာ ချစ်နေဖို့ပါပဲ”။ ဒီကားလေးကတော့ ‘ကျန်င်း’ လိုခေါ်တဲ့ အသက်၂၀အရွယ် ကျောင်းသားလေးနဲ့ အသက်၄၀လို့မထင်ရတဲ့ ငယ်ရွယ်နုပျိုနေဆဲ ‘အင်မ်’ လို့ခေါ်တဲ့ အင်္ဂလိပ်ဆရာမတို့ရဲ့ အချစ်အကြောင်းကို ပုံဖော်ရိုက်ကူးထားပါတယ်။ အချစ်ကိုဖွင့်ဆိုပုံခြင်း မတူလို့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုအထင်အမြင်လွဲမှားကြမလဲ။ အသက်အရွယ်ကွာဟမှုကြောင့် သူတို့ဘယ်လိုနားလည်မှုနဲ့ ရှေ့ဆက်ကြမလဲ ဘယ်လိုအခက်အခဲရင်ဆိုင်ကြမလဲ။ သူတို့နှစ်ယောက်ကြား ဘယ်လိုတွေ သဘောထားကွဲလွဲမှုတွေကြောင့် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ရှူစားကြပါဦးဗျာ……..
Host 2025 တစ္ဆေမေမေ (၂၀၂၅) မြောက်ပိုင်းလူမျိုးတွေဟာ သူတို့ရဲ့မွေးခါစကလေးတွေက သရဲတွေရဲ့သားသမီးတွေလည်းဖြစ်တာမလို့ ရိုးရာပွဲတွေပေးပြီး ကလေးကို သရဲဆီက ပြန်ဝယ်ရတယ်ဆိုတဲ့ အယူရှိကြပါတယ် အဲဒီရိုးရာပွဲတွေမလုပ်ရင် သရဲက ကလေးတွေရဲ့အနားမှာ ရှိနေကြပြီး စောင့်ရှောက်ကြပါတယ်တဲ့ အင်ခွမ်ဆိုတဲ့ မြောက်ပိုင်းသူလေးဟာ ဖိနီခူဆိုတဲ့ ပြုပြင်ရေးသင်တန်းကျောင်းကို ပို့ခြင်းခံလိုက်ရတဲ့အခါ ကျောင်းကိုဝင်လာတဲ့ လူသစ်လေးဖြစ်နေတော့ ကျောင်းကလူဟောင်းတွေရဲ့ နှိပ်စက်တာကို ခံရပြီး စွပ်စွဲပြောဆိုတာတွေကို ခံရပါတော့တယ် အင်ခွမ်ကို ပညာပေးဖို့ ခိုင်းထားတဲ့ သင်တန်းကျောင်းက အမ်းဆိုတဲ့ ကောင်မလေးဟာ သရဲတွေကို စပြီးမြင်လာပါတော့တယ် အဲဒီအဖြစ်ပျက်ဟာ အင်ခွမ်လာပြီးမှ ဖြစ်တာဆိုတော့ အားလုံးဟာ သူ့ပယောဂ မကင်းဘူးလို့ ထင်လာကြတဲ့အခါ … တကယ်ပဲ အဲဒီသရဲတွေက အင်ခွမ်ကြောင့်ဖြစ်တာလား ဒါမှမဟုတ် အင်ခွမ်ကပဲ ဓားစာခံဖြစ်နေမလားဆိုတာ သိချင်ရင် ဒီကားလေးကို ကြည့်လိုက်ကြရအောင်နော်
Money (2019) ဒီတစ်ခေါက်မှာတော့ IMDb 6.1 ရှိတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Reply 1988 နဲ့ လူကြိုက်များခဲ့တဲ့ Ryu Jun-yeol, The Judge from Hell က မင်းသား Kim Jae Yeong နဲ့ မင်းသားကြီးတွေဖြစ်တဲ့ Yoo Ji Tae, Jo Woo Jin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း .. အီဟျွန်း(Ryu Jun Yeol) ကတော့ စတော့အကျိုးဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာဖို့ကို အမြဲအိပ်မက်မက်နေခဲ့သူတစ်ယောက်ပါ။ အဲဒီလိုနဲ့ အီဟျွန်းဟာ စတော့စျေးကွက်လိမ်လည်နေတဲ့ နာမည်ပြောင်အဖြစ် “လက်မှတ်” လို့ လူသိကြတဲ့သူတစ်ယောက်နဲ့ ဆုံဖြစ်သွားပါတယ်။ အဲဒီ “လက်မှတ်” ဆိုသူကတော့ အီဟျွန်းကို စတော့စျေးကွက်မှာ…