Category: Movies
-

Main Tere Qurbaan
Main Tere Qurbaan (2025) “မင်းအတွက် ငါ” ချစ်ခြင်းတရားနဲ့ အနစ်နာခံမှုတွေကြားက နှောင်ဖွဲခြင်းတွေနောက်မှာ ပါလာတတ်တဲ့ အပူအပင်နဲ့ ဒုက္ခသုခတွေ အချိုးညီညီပေါင်းစပ်ထားတဲ့ ပန်ချာပီဒရာမာဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ပညာတတ်တစ်ယောက် မထင်မှတ်ထားတဲ့ အမှားကြီးတစ်ခု ကျူးလွန်မိပြီး ထောင်ကျနေရာက သူမရဲ့အပြုအမူကောင်းတွေကြောင့် လွတ်ငြိမ်းခွင့်ရပြီး ထောင်မှူးက သူ့ဘ၀ဇာတ်ကြောင်းကိုမေးမြန်းကြည့်မိတဲ့အခါ…။ ပါမောက္ခတစ်ယောက်ကို ချစ်မိသွားခဲ့တဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ။ ခေါင်းမာပြီး တင်းကျပ်တဲ့ မိသားစုအသိုင်းအဝိုင်းကြောင့် သူ့အချစ်လမ်းခရီးက ထင်သလောက် မဖြောင့်ဖြူးဘဲ ကြုံတွေ့လာရတဲ့ ဒုက္ခသုခတွေကို ခံစားကြည့်ရှုကြရမှာပါ။
-

Jombieland Jombieland
Jombieland (2025) “ငါတို့တစ်ရွာလုံး ဇွန်ဘီ” အိန္ဒိယရဲ့ ပထမဆုံးဇွန်ဘီရုပ်ရှင်လို့ဆိုကြတဲ့ ပန်ချာပီဟာသသည်းထိတ်ရင်ဖိုရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ချန်ဒီဂတ်မြို့အပြင်က အေးချမ်းနေခဲ့တဲ့ရွာလေးတစ်ရွာပေါ့။ မအေးချမ်းတော့တာက ကျွဲတွေနွားတွေ ရုတ်တရက် ရန်လိုလာကြပြီး တစ်ညအတွင်းမှာပဲအကောင်ရေ ရာနဲ့ချီအောင် သေဆုံးကုန်ကြတယ်။ လူတွေကလည်း နှာခေါင်းသွေးတွေယိုလို့ ဇွန်ဘီအဖြစ်နဲ့ တစတစပြောင်းကုန်ကြပါရော။ ဇာတ်လိုက်ကျော်ကတော့ ပလက်တီနမ်အဆင့်ရောက်ဖို့ အဖွဲ့ဝင်သစ် (၁၈)ယောက်ရဖို့ကြိုးစားနေတဲ့ မာတီလယ်ဗယ်မာကတ်တင်းသမား ဆရာကြီးတစ်ယောက်ပေါ့။ ပလက်တီနမ်အဆင့်ရောက်တဲ့အခါ ချစ်သူလေးကိုကိုးနဲ့အတူ ဟယ်လီကော်ပတာကြီးနဲ့ဟန်းနီးမွန်းထွက်ဖို့ စိတ်ကူးယဉ်နေတဲ့သူ။ ဒီလိုအိပ်မက်တွေနဲ့ အမ်အယ်လ်အမ်ဆရာကြီး ဇွန်ဘီရွာကို ရောက်လာခဲ့ချိန်မှာတော့…။
-

White Chicks
White Chicks (2004) 2004မှာ ထွက်ရှိခဲ့တဲ့ White Chick ဆိုတဲ့ Crime, Comedy ဇာတ်ကားလေးနဲ့ ရယ်ကြရအောင်။ FBI အေးဂျင့် ညီအစ်ကို ၂ ယောက် ရှိတယ်…သူတို့ ညီအစ်ကို ၂ ယောက်ဟာ ဒီအလုပ်ကို တကယ်လည်း ဝါသနာပါသလို အတတ်နိုင်ဆုံး အောင်မြင်အောင် ကြိုးစားလေ့ရှိတယ်… သို့ပေမယ့် အလွဲကြီးဆိုတဲ့ စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်… ရှင်းလေ ရှုတ်လေဆိုတဲ့ ညီအစ်ကို ၂ ယောက်ဆိုပါတော့…ဒါကြောင့် အလုပ်က ထွက်ရဖို့ အကြောင်းဖန်လာတယ်… ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကို ပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်… ပြဿနာ တောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို ဘေးမသီ ရန်မခဘဲ ရောက်အောင်ပို့ပေးဖို့တာဝန်ပေးခြင်းခံရတယ်… ကဲ…
-

Hierarchy
Hierarchy (2025) သရုပ်ဆောင်တွေ အနေနဲ့ Chiderah Uzowulu နဲ့ Xavier Alvarado တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Chiderah Uzowulu ကပဲ ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာကတော့ Russell K Reed ဖြစ်ပါတယ်။ သွေးမတော်သားမစပ်တဲ့ မွေးစားညီအစ်ကိုနှစ်ဦးပေါင်းပြီး ဒုစရိုက်မှုတွေကို အချီကြီး ကြံစည်ကြရင်း သူတို့ကို ရဲတပ်ဖွဲ့ကရော၊ ရုရှားဂိုဏ်းစတားတွေကပါ အမဲလိုက်လာတဲ့အခါ သူတို့ရဲ့ လွတ်ရာလမ်းကို ခဲရာခဲဆစ် ရှာဖွေရပါတော့တယ်။ သူတို့ပြောနေကျ စကားတစ်ခွန်းကတော့ “အခုတစ်ခေါက် လုပ်ရင်လုပ်၊ မဟုတ်ရင်…နောင်ဘယ်တော့မှ အခွင့်ထပ်မရဘူး” တဲ့။ ဒုစရိုက်လောကဟာလည်း အဝင်လွယ်သလို အထွက်ရခက်တာကို သူတို့ ညီအစ်ကိုနှစ်ယောက်နေရာကနေ ဝင်ခံစားမိမှာပါ။ ဒီကားရဲ့ ထူးခြားချက်ကတော့ အက်ဖ်ဘီအိုင်အေးဂျင့်တွေကိုမှ ရွေးပြီး ဓားပြတိုက်ဖို့ ကြံစည်ကြတာပါပဲ။ အများကြီး ညွှန်းဆိုမနေတော့ဘဲ…
-

Anniversary
Anniversary (2025) ဒီဇာတ်ကားလေးကတော့ မိသားစုဝင်တွေကြားထဲမှာ နိုင်ငံရေးအယူဝါဒတွေကွဲပြားသွားတဲ့အခါ ဘယ်လိုပြိုလဲပျက်စီးသွားနိုင်လဲဆိုတာကို ပုံဖော်ထားတဲ့ Political Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။ IMDb 7.0 ထိရရှိထားပြီး Diane Lane ,Kyle Chandler , Phoebe Dynevor,Dylan O’Brien တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါိရိုက်တာကတော့ Jan Komasa ပါ။ ဇာတ်လမ်းအစမှာတော့ တေလာမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ အယ်လန် နဲ့ ပေါလ်လို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပဖို့အတွက် မိသားစုတွေစုဝေးခဲ့ကြပါတယ်။ အယ်လန်ဟာ နိုင်ငံရေးပညာရှင် ပေါလ်ဟာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့ သူတို့သားသမီးတွေဟာလည်း ကိုယ်ပိုင်ဘဝတွေနဲ့ အောင်မြင်နေကြသူတွေပါ။ သို့သော် တစ်ယောက်တည်းသောသားဖြစ်သူ ဂျော့ရှ် ဟာ သူ့ရဲ့ ချစ်သူ လစ်ဇ် နက်တယ်လ်စ် ကို မိသားစုနဲ့ မိတ်ဆက်ပေးလိုက်ချိန်မှာတော့…