Category: Movies

  • Predator: Badlands

    Predator: Badlands

    Predator: Badlands (2025) Predator ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးဖြစ်လာတဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါ။ Prey နဲ့ Killer of Killers တွေရဲ့ ဒါရိုက်တာ Dan Trachtenberg ပဲ ဖန်တီးထားပြီးမင်းသမီးအယ်လ်ဖန်းနင်း ပါဝင်ထားပါတယ်။ Predator ကို hero အဖြစ် တင်ရိုက်ထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ထရေလာထွက်ကာစက အထင်သေးနေကြပေမဲ့ တကယ်ထွက်လာတဲ့အခါ ဇာတ်လမ်းရော အက်ရှင်ရော ကောင်းနေတာမို့ အတော်အားပေးမှုတွေ ရထားပါတယ်။ ဇာတ်လမ်းအကျဉ်း Predator တွေ ဖြစ်တဲ့ ယောက်ဂျားမျိုးနွယ်ဝင်တွေဟာ သူတို့မျိုးနွယ်ထဲက အကောင်သေးတဲ့သူ ပျော့တဲ့သူဆို ရှင်းပစ်တာ များပါတယ်။ အဲဒီလို ရှင်းပစ်ခံရမယ့် အကောင်သေး ဒက်ခ် ဟာ သူ့အစ်ကိုရဲ့ကျေးဇူးနဲ့ ထွက်ပြေးလွတ်မြောက်လာပြီး Predator တစ်ယောက်မှမသတ်နိုင်သေးတဲ့ ကာလစ်ဆိုတဲ့ အကောင်ကြီးကို အမဲလိုက်ဖို့…

  • Kumki 2

    Kumki 2

    Kumki 2 (2025) 2012တုန်းကထွက်ရှိခဲ့တဲ့ Kumki 1က တောင်ပိုင်းအိန္ဒိယ (Tamil) ရုပ်ရှင်လောကရဲ့ နာမည်ကြီး ရိုမန့်တစ်အက်ရှင် ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေကြားမှာ တော်တော်လေး လူကြိုက်များခဲ့သလို ဝေဖန်ရေးသမားတွေဆီကလည်း ချီးမွမ်းမှုတွေ အများကြီး ရရှိခဲ့ပါတယ်။ အခု2025မှာထွက်ရှိလာတဲ့ Kumki 2 ဇာတ်ကားကတော့ 2012 တုန်းက ဇာတ်လမ်းနဲ့ဆက်စပ်မှုမရှိဘဲ သီးသန့်ထွက်လာတဲ့ကားလေးပါ ။ ဇာတ်လမ်းလေးကတော့ ဘူမိဆိုတဲ့ကောင်လေးတစ်ယောက် ပထွေးအရက်သမားနဲ့ အမေရဲ့ ရန်ပွဲတွေကြားအမြဲတမ်းစိတ်ညစ်နေရပြီး ကျောင်းနေဖက်သူငယ်ချင်းများကလည်းသူ့အမေရဲ့စရိုက်ဆန်မှုတွေကြောင့် သူ့ကိုဝိုင်းပယ်ထားခံရပါတယ်။ သူငယ်ချင်းမရှိတဲ့ဘူမိတစ်ယောက် တောထဲလျှောက်သွားရင်းကနေ ကျင်းထဲကျနေတဲ့ဆင်ပေါက်ကလေးကို ကယ်တင်လိုက်ပါတယ်။ သူက အဲဒီဆင်လေးကို နီလာလို့ အမည်ပေးလိုက်ပြီး သူတို့နှစ်ဦးကြားမှာ လူနဲ့တိရစ္ဆာန်ထက်ပိုတဲ့ သူငယ်ချင်းသံယောဇဉ်တွေ ခိုင်မြဲလာပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် သူတို့နှစ်ဦးခွဲခွာခဲ့ရပါတယ်။နှစ်အတော်ကြာပြီးနောက်မှာတော့ ဘူမိဟာ အရွယ်ရောက်လာပြီးသူ့ရဲ့…

  • Beauty from Pain

    Beauty from Pain

    Beauty from Pain (2025) “အချစ်ဆိုတာ… တစ်ခါတစ်ရံမှာ နာကျင်မှုတွေကနေတဆင့် ပြန်လည်မွေးဖွားလာတတ်တဲ့ အရာတစ်ခုပါ…” ဂီတသံစဉ်တွေကို မြတ်နိုးသက်ဝင်တဲ့ အမေရိကန်မိန်းမပျိုလေး Laurelyn Prescott နဲ့ သြစတြေးလျမြေက စပျစ်ခင်းတွေကြားက သူဌေးကောင်လေး Jack Henry… ကံကြမ္မာက သူတို့နှစ်ဦးကို ဆုံစည်းပေးလိုက်တဲ့အချိန်မှာတော့ မီးတောက်တစ်ခုလိုပြင်းပြတဲ့ ဆွဲဆောင်မှုတွေ စတင်လောင်ကျွမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကြားမှာ ပါးလွှာတဲ့ စည်းတစ်ခုကို ခြားနားထားပါတယ်။ အဲဒါကတော့ “ချစ်သူမဖြစ်ကြေး၊ သံယောဇဉ်မထားကြေး” ဆိုတဲ့ သဘောတူညီချက်တစ်ခုပါပဲ။ ဒါပေမဲ့… နှလုံးသားဆိုတာ စည်းမျဉ်းတွေကို နားလည်ပါ့မလား။ ကိုယ့်နှလုံးသားတစ်ခုလုံးကို ပုံအောပြီး ရင်းနှီးထားရတဲ့ ဒီအချစ်ခရီးလမ်းမှာ… Laurelyn တစ်ယောက် နာကျင်မှုတွေနဲ့ပဲ လမ်းခွဲကျောခိုင်းမလား၊ ဒါမှမဟုတ် အဲဒီနာကျင်မှုတွေထဲကနေပဲ အရာရာထက်လှပတဲ့ အချစ်စစ်ကို ရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကိုကြည့်ရှုရမှာပါ။ စာရေးဆရာမ…

  • Panji Tengkorak

    Panji Tengkorak

    Panji Tengkorak (2025) ပန်ဂျီတန်ဂိုရတ်ခ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော် လူကြိုက်အများဆုံး၀တ္ထုနဲ့ ကောမစ်ဇာတ်ကောင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့ တီဗွီဇာတ်လမ်းတွဲတွေအဖြစ်လည်း အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ သူ့ထူးခြားချက်ကတော့ မျက်နှာမှာ လူဦးခေါင်းခွံတစ်ခုကိုတပ်ဆင်ထားပြီး အထီးကျန်သမား၊ လျှို့ဝှက်ချက်တွေများစွာနဲ့ သိုင်းသမားတစ်ယောက်ပါ။ မူလက သဘောကောင်းကြင်နာတတ်တဲ့သူတစ်ဦးဖြစ်ပေမယ့် ချစ်သူ မူရ်နီတစ်ယောက် လူဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပြီးနောက်မှာတော့ ကလဲ့စားက မောင်းနှင်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သိုင်းသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ပန်ဂျီရဲ့နောက်ခံသမိုင်းကြောင်းနဲ့ Anti-Hero တစ်ဦးအဖြစ် မြစ်ဖျားခံရာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

  • The Volunteers (1+2+3)

    The Volunteers (1+2+3)

    The Volunteers: To the War The Great War (2023) The Volunteers: The Battle of Life and Death (2024) The Volunteers: Peace at Last (2025)