Category: Movies
-

Foreign Exchange
Foreign Exchange (2025) အချစ်နဲ့အနှစ်ပေါင်းစပ်ထားတဲ့ လူကြီးကြိုက် ဖိလစ်ပိုင်ကားလေး ဇာတ်လမ်းလေးကတော့ ပြည့်တန်ဆာအလုပ်လုပ်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ချူစားလို့ရတာတွေနဲ့ ဖူလုံပြည့်စုံနေတဲ့ ရိုမယ် နိုင်ငံခြားသူတွေအများကြီးဆီက ချူစားရင်းနဲ့ UK ကိုသွားဖို့ ဗီဇာတင်တဲ့ရုံးက ဝန်ထမ်းမလေးကို အသည်းခိုက်သွားရာကနေ မင်းနဲ့မှချစ်တတ်ပြီပေါ့ဆိုပြီး ရိုမယ်တစ်ယောက်တည်း အသိတရားတွေဝင် အရင်ကမှားခဲ့တာတွေနဲ့ အဆက်ဖြတ်လို့လုပ်ရင်းကနေ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဘယ်လိုဒုက္ခတွေကြုံတွေ့သွားရမလဲဆိုတာကို ၁၈ ယောက်စုပြီး ခံစားကြည့်ရှုလိုက်ပါဦးခင်ဗျာ…
-

Tron Ares
Tron : Ares (2025) ရုံတင်ကား Tron Ares ကတော့ အကြည်ထွက်ရှိလာပါပြီ။ အရင် Tron Legacy ရဲ့အဆက်လိုပြောလိုရပြီး အရင် Cast တွေတော့မပါတော့ဘဲ Jared Leto က Main Actor အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဖလင်းခေတ် Tron Legacy မှာတုန်းကတော့ ဖလင်းဟာ ဒစ်ဂျစ်တယ်နယ်ပယ် Grid ဆိုတဲ့နေရာဆီ ဝင်ရောက်နိုင်ခဲ့ပေမဲ့ သူ့ကမ္ဘာကို Grid နယ်မြေက အရာတွေကိုမယူလာနိုင်ခဲ့ပါဘူး။ ဒီ Ares မှာတော့ ဖလင်းရဲ့ကုမ္ပဏီမှာ ဆက်ခံသူအသစ် စီအီးအိုညီအစ်မအသစ်ရှိနေပြီဖြစ်ပြီး သူတိုရဲ့ပြိုင်ဘက်ကုမ္ပဏီဒီလင်ဂျာတိုနဲ့ နည်းပညာပြိုင်ဆိုင်မှုဟာ ပြင်းထန်လာပါတယ်။ ဒီကုမ္ပဏီနှစ်ခုဟာ Grid ထဲကအရာတွေကိုခေါ်ဆောင်နိုင်တဲ့ နည်းပညာကို ရရှိခဲ့ပေမဲ့ ပြဿနာကတော့ လူ့ကမ္ဘာမှာ တည်ငြိမ်အောင်မထားနိုင်တာပါ အလွန်ဆုံး ၂၉ မိနစ်နေရင်…
-

Left-Handed Girl
Left-Handed Girl (2025) ဘဝရဲ့လှိုင်းကြိမ်းတွေကြားမှာ အလူးအလဲခံစားရင် ဘဝကိုကျော်ဖြတ်နေတဲ့ Single Momနဲ့ သမီးလေးနှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Ratingတော်တော်ကောင်းတဲ့ ထိုင်ဝမ်ဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှုဖန်းဟာ သမီးလေးနှစ်ယောက်နဲ့အတူ နယ်မှာနှစ်တော်တော်ကြာနေခဲ့ပြီးမှ ထိုင်ပေမြို့မှာ ပြန်အခြေချဖို့ဆုံးဖြတ်လိုက်ပါတယ်။ စည်ကားတဲ့ညစျေးတစ်ခုမှာ ဆိုင်ဖွင့်ရင်း မိသားစုစားဝတ်နေရေးအဆင်ပြေနိုင်ဖို့ ကြိုးစားနေပါတယ်။ အရွယ်(၃)မျိုးဖြစ်တဲ့ သူတို့တွေဟာ ပတ်ဝန်းကျင်သစ်မှာ ကိုယ်စီအသားကျအောင်နေဖို့ကြိုးစားရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလိုက်သင့်နေနိုင်အောင် ကြိုးစားနေကြပါတယ်။ အယူသည်းတဲ့အဖိုးဖြစ်သူရဲ့အပြောကြောင့် ဘယ်သန်လေးဖြစ်တဲ့ အငယ်ဆုံးသမီးလေးရီကျင့်ကို သူ့ရဲ့နတ်ဆိုးဘယ်ဘက်လက်ကို ဘယ်တော့မှမသုံးဖို့တားမြစ်ခံရလိုက်တဲ့အချိန်မှာ မျိုးဆက်သုံးဆက်တိုင်အောင် ဖုံးကွယ်ထားတဲ့မိသားစုလျှို့ဝှက်ချက်တွေဟာ တစ်ဖြည်းဖြည်းပေါ်လာပါတော့တယ်။
-

Barnyard
Barnyard (2006) ဒီဇာတ်ကားလေးက ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ animationဇာတ်ကားလေးဖြစ်ပြီး DVD ခေတ်တုန်းက လေးကားတွဲ၊ ရှစ်ကားတွဲ အခွေတွေမှာ အမြဲတမ်းလိုလိုပါခဲ့တာကြောင့် မကြည့်ဖူးရင်တောင် လူတိုင်းသိနေမယ့် ကာတွန်းကားပဲဖြစ်ပါတယ်။ IMDb ကလည်း 5.6 ရထားတာပါ။ အညွန်းကတော့ Banyardလို့ ခေါ်တဲ့ မွေးမြူရေးခြံကြီးမှာ နေတဲ့ အိုတစ်ဆိုတဲ့ နွားလေးတစ်ကာင်က ခြံထဲနေရတဲ့ဘဝကိုငြီးငွေ့နေပြီး အမြဲလိုလို စွန့်စားခန်းနဲ့ ပျော်စရာတွေ ရှာဖို့ကြိုးစားနေတတ်သူပါ။ သူ့ရဲ့အဲဒီလိုနေထိုင်ပုံကို အားမရဖြစ်နေသူက သူ့အဖေဖြစ်တဲ့ ခြံရဲ့တိရစ္ဆာန်ခေါင်းဆောင် ဘန်ပဲ ဖြစ်ပါတယ်။ ဘန်က အိုတစ်ကို သူ့လိုဦးဆောင်နိုင်သူတစ်ယောက် ဖြစ်လာစေချင်နေတာပါ။ ဒီလိုနဲ့ တစ်နေ့ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တစ်ခုကြောင့် ဘန်ကအသက်ဆုံးရှုံးသွားတဲ့အခါ ခြံကြီးထဲက တိရစ္ဆာန်တွေကိုဦးဆောင်ပြီး အဲဒီဘေးအန္တရာယ်ကို ကာကွယ်ဖို့တာဝန်က အိုတစ်ဆီကို ရောက်လာခဲ့ပါတယ်။ အဲဒီလိုတာဝန်တွေကိုအိုတစ်တစ်ယောက် လက်ခံပြီး သူ့အဖေဖြစ်စေချင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်…
-
Jingle Bell Heist
Jingle Bell Heist (2025) ခရစ်စမတ်အရသာအပြည့်ရမယ့် ဟာသအက်ရှင်စုံထောက် Netlflix ကားလေး ထွက်လာပါတယ်။ မင်းသားကလည်း Sex Education ထဲက Connor Swindells ပါ။ ခရစ်စမတ်ပစ္စည်းတွေရောင်းပြီး သန်းကြွယ်သူဌေးဖြစ်နေတဲ့ မက်စ်ဝဲစတာလင်ဆိုတဲ့ သူဌေးကြီးရဲ့ မီးခံသေတ္တာအခန်းကို သူ့လုံခြုံရေး ဝန်ထမ်းနဲ့ အရောင်းစာရေးမလေး နစ်ခ်နဲ့ ဆိုဖီယာတို့ပေါင်းပြီး ရတနာတွေခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ စတာလင်ဆိုတာ အများထင်သလို မြို့မျက်နှာဖုံးသူဌေးကြီးမဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းမှုလျှို့ဝှက်ချက်တွေရှိနေတဲ့ အရေခြုံတစ်ယောက်ဖြစ်ကြောင်းကို နစ်ခ်နဲ့ ဆိုဖီယာတို့သိရှိသွားတဲ့အချိန်မှာတော့ စတာလင်ရဲ့ ရတနာတွေကိုခိုးယူပြီး သူ့အကြောင်းကိုပါ ဖော်ထုတ်ဖို့ ကြိုးစားကြပါတော့တယ်။