Category: Movies
-
Daemon Mind
Daemon Mind (2024) ဆာရာလို့အမည်ရတဲ့ အာရုံကြောဆိုင်ရာသိပ္ပံသုတေသနပညာရှင်တစ်ယောက်ဟာ ဆုံးပါးသွားတဲ့ သူ့အစ်ကိုရဲ့ သုတေသနအလုပ်ကို ဆက်ပြီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ အစ်ကိုနဲ့ အရမ်းနီးစပ်ခဲ့လို့ အစ်ကို့ကိုရည်စူးပြီး ကောင်းရာကောင်းကျိုးလုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း တစ်ချိန်တည်းမှာ ဆာရာဟာ တစ်ချိန်ကစိတ်ဒဏ်ရာရှိထားဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာရှိနေတဲ့သူတစ်ယောက်က လူတွေရဲ့ အာရုံကြောကုထုံးသစ် သုတေသနသစ်တစ်ခုကိုလုပ်ဖို့ဖြစ်လာတဲ့အခါ ကောင်းဆိုးဒွန်နှစ်ခုတွဲနေနိုင်တာမျိုးကတော့ ထည့်တွေ့စရာအချက်တစ်ခုဖြစ်ပါတယ်။ တစ်နေ့ စမ်းသပ်မှုတစ်ခုလုပ်နေတဲ့အချိန်မှာ ဆာရာဟာ သူ့ရဲ့မသိစိတ်ကို နှိုးဆွမိသွားပြီး စိတ်ကစဉ့်ကလျားရောဂါတွေမှာဖြစ်လေ့ဖြစ်ထရှိသလိုမျိုး သူ့ရဲ့ မသိစိတ်က သီးခြားအသိစိတ်တစ်ခုအနေနဲ့ ဆာရာ့ဦးနှောက် ဒါမှမဟုတ် အသိစိတ်ထဲမှာ နေရာယူလာခဲ့ပါတယ်။ အဲဒီ မသိစိတ်ဟာ သူ့ရဲ့ နေ့တတူဝလုပ်ငန်းစဉ်တွေကို လမ်းပြ အကြံပေးလေ့ရှိပါတယ်။ တချို့အချိန်တွေမှာတော့ မှန်တဲ့လမ်းကိုဦးတည်နေပေမယ့် တချို့အကြံပေးချက်တွေကလည်း မနောအားဖြင့် အစွန်းရောက်တယ်လို့ဆိုနိုင်လောက်တဲ့အထိကို ဖြစ်လာလေ့ရှိပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူဟာ မတော်တဆကြောင့်မဟုတ်ဘဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကို သိသွားတဲ့ ဆာရာဟာ…
-

Broken Bird
Broken Bird (2024) ဆီဘယ်က တကိုယ်ရည်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လူသေအလောင်းတွေကိုသန့်ရှင်းရေးလုပ်ပြင်ဆင်တဲ့လုပ်ငန်းတွေမှာအလုပ်လုပ်လေ့ရှိပါတယ်။ မိဘဆွေမျိုးသားချင်းမရှိ၊ အပေါင်းအသင်းလည်းမရှိတဲ့အတွက် အားလပ်ချိန်တွေကျရင် ကဖေးဆိုင်တစ်ခုရဲ့ကဗျာရွတ်အစီအစဉ်မှာပါဝင်လေ့ရှိပြီးစိတ်ဖြေရာကိုရှာဖွေလေ့ရှိပါတယ်။ တစ်ချို့အချိန်တွေမှာငယ်ဘ၀ရဲ့အိမ်မက်ဆိုးတွေက သူ့ကိုခြောက်လှန့်နေဆဲဖြစ်ပြီး ဒါကြောင့်ပဲ သူဟာ ပတ်ဝန်းကျင်နဲ့ တစ်စတစ်စပိုမိုဝေးကွာလာခဲ့ပါတယ်။ အမ်မာကတော့ ရဲအရာရှိတစ်ဦးဖြစ်ပြီး လတ်တလောမှာ သူ့သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ရော ပြိုကွဲသွားတဲ့အိမ်ထောင်ရေးအတွက်ပါ စိတ်ဓာတ်တွေယိမ်းယိုင်ပြိုလဲနေပြီး အရက်နဲ့ဒဏ်ရာတွေကိုကုစားနေရသူတစ်ယောက်ပါပဲ။ ဒီလိုစိတ်ဒဏ်ရာကိုယ်စီနဲ့မိန်းမနှစ်ယောက်၊ တစ်ယောက်တစ်မျိုးစီ ထင်ရာစိုင်းကြရင်းနဲ့သူတို့လျှောက်နေတဲ့လမ်းတွေတစ်နေရာမှာတွေ့ဆုံကြဖို့ ဖြစ်လာပါတော့တယ်။ Broken Bird ဟာ လူတွေရဲ့ပူဆွေးသောက၊ စိတ်ဒဏ်ရာ၊အထီးကျန်မှုအစရှိတာတွေကနေဖြစ်ပေါ်လာနိုင်တဲ့ ယိုယွင်းမှု၊ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုတွေကို နက်နက်နဲနဲချဉ်းကပ်ပြထားတဲ့ psychological horror ဇာတ်ကားကောင်းတစ်ကားပါပဲ။
-

Bitter Souls
Bitter Souls (2025) မကြာသေးခင်ကမှ ထွက်ထားတဲ့ ပေါ့ပေါ့ပါးပါး Horror ကားလေးတစ်ကားဖြစ်ပါတယ်။ အဓိကမင်းသမီး Avaryana Rose ကတော့ Kendall Kane အဖြစ်သရုပ်ဆောင်ထားပြီးတော့ Tristan Green ကတော့Bobby Montrose အဖြစ်၊ Michael McKeever ကတော့ ချစ်သူကောင်လေး Lucien Deveux အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Black magic ရဲ့လှည့်စားမှုတွေအကြောင်းကို Halloween vibe နဲ့ရိုက်ထားတဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်ကားလေးတစ်ကားပါ။
-

Sacred Heart Special Forces Saint Force
ကမ္ဘာမြေကိုကာကွယ်မဲ့ ပါဝါရိမ်းဂျား ပန်းရောင်လေး ဘယ်လိုတွေ ကျဆုံးသွားမလဲဆိုတာကတော့….
-

L: Lipad
L Lipad (2025) ခေတ်မီတိုးတက်လာတာနဲ့အမျှ sex ပိုင်းမှာလည်း ပိုမိုပွင့်လင်းလာခဲ့ရင်းကနေ ထူးခြားဆန်းပြားတဲ့ sexual feeling တွေ ၊ လူတွေရဲ့နားလည်ရခက်တဲ့ လိင်ပိုင်းဆိုင်ရာရမ္မက်တွေကို mystery ဆန်ဆန်နဲ့ ရိုက်ကူးပြသထားပါတယ်။ လာလာဆိုတဲ့ ကောင်မလေးတစ်ယောက် ပူအိုက်နေတဲ့ဖိလစ်ပိုင်ရာသီဥတုအလယ်မှာ အနွေးထည်ကြီးဝတ် တက္ကစီကိုလည်း ခြေဦးတည့်ရာလျှောက်မောင်းခိုင်းရာကနေ စထားပါတယ်။ တက္ကစီသမားလည်း ကြောင်နေခဲ့ပေမဲ့ လာလာက လန့်စ်ဆိုတဲ့ သူ့ရဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်အကြောင်း ပြောပြလာပါတော့တယ်။ လန့်စ်က လာလာ သူများနဲ့လိင်ဆက်ဆံတာမျိုးကို သဘောကျတဲ့သူဖြစ်ပြီး လာလာကလည်း လန့်စ်နဲ့မပြတ်နိုင်လို လန့်စ်စိတ်တိုင်းကျ ဖြည့်ဆည်းပေးခဲ့တဲ့သူပါ နောက်ပိုင်းတော့ လာလာလည်း သည်းမခံနိုင်တော့ဘဲ လန့်စ်နဲ့စကားများပြီး ကွဲသွားတဲ့ပုံပါပဲ အသည်းကွဲကွဲနဲ့ တက္ကစီပတ်စီးရင်းကနေ လာလာတစ်ယောက်နဲ့ ထူးခြားဆန်းကြယ်လှတဲ့ဘဝနောက်ကြောင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ…