Category: Movies

  • Raising the Bar: The Alma Richards Story

    Raising the Bar: The Alma Richards Story

    Raising the Bar: The Alma Richards Story (2025) ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ဘဝမှာ အောင်မြင်မှုရဖို့ ကျရှုံးမှုတွေနဲ့အစပြုရပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်ဖြစ် သူငယ်ချင်းမိတ်ဆွေတွေကြောင့်ဖြစ်ဖြစ် ကျရှုံးမှုတွေကနေ ပြန်ထနိုင်တဲ့သူရှိသလိုတစ်ချို့ကလည်း လဲတဲ့နေရာမှာပဲပြန်မထနိုင်တဲ့သူတွေလည်းရှိပါတယ်။ ယူတာပြည်နယ် ပယ်ရိုဝန်မြို့မှာ အယ်လ်မာရစ်ချက်စ်ဆိုတဲ့ကောင်လေးဟာ လူကောင်ကြီးသလောက် ဉာဏ်ထိုင်းတယ်လို့ယူဆပြီး မြို့ခံကျောင်းက ဆရာမကအယ်လ်မာကိုအမြဲနှိမ်လေ့ရှိပါတယ်။ ကျောင်းကိုစိတ်ပျက်သွားတဲ့ အယ်လ်မာဟာ ဆက်မတက်တော့ပဲ မျိုးရိုးစဉ်ဆက် လုပ်ကိုင်တဲ့ စိုက်ပျိုးမွေးမြူရေးကိုပဲ လုပ်ဖို့တွေးထားတယ်။ ဒီလိုနဲ့တစ်နှစ်အကြာမှာတော့ တည်ခိုးခန်းတစ်ခုမှာမမျှော်လင့်ဘဲ ပရော်ဖက်ဆာတစ်ယောက်စကားတစ်ခွန်းကြောင့် ကျောင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒေသခံကျောင်းမှာမဟုတ်ပဲ အခြားမြို့က မူဒေါ့ခ်အကယ်ဒမီကိုသွားတက်မယ့်သူ့ကို မိဘတွေက စိတ်မချဘူးဖြစ်နေတယ်။ ဒါပေမယ့် ကျောင်းပြန်တက်မယ်ဆိုတဲ့စိတ်ပြန်ဖြစ်လာတာကိုပင် မိဘတွေကဝမ်းသာပြီး ကျောင်းတက်ဖို့ခွင့်ပြုလိုက်ပါတယ်။ အခြားမြို့ရောက်တော့ အယ်လ်မာတစ်ယောက်အဆင်ပြေပျော်ရွှင်နေပြီး အယ်လ်မာရဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် အားကစားနည်းပြကသဘောကျသွားတယ်။ လယ်တောမှာကြီးပြင်းလာတဲ့ သူ့အတွက်တော့ ကျောင်းအားကစားတွေကသိပ်အခက်မရှိပေမယ့် အဆင့်ဆင့်တိုးတက်လာ ပြိုင်ပွဲတွေမှာတော့ထင်သလောက်မလွယ်ခဲ့ပါဘူး။ ဒီလိုနဲ့…

  • Bozzo in the woods

    Bozzo in the woods

    Bozzo in the Woods (2025) ထိတ်လန့်သည်းဖို Horror နဲ့ Comedy ဟာသ တွဲဖက်ကြည့်ချင်တဲ့သူတွေအတွက် ရွေးချယ်လို့ ရမယ့် ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါသလို မထော်မနန်းတွေကို မှင်သေသေနဲ့ သရုပ်ဆောင်နိုင်ကြတဲ့ သရုပ်ဆောင်တွေကြောင့်လည်း ခွီမိမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘိုဇိုလို့ အမည်ရတဲ့ လူရွှင်တော် လူပြက်ကောင် ဝိဉာဉ်မိစ္ဆာဟာ တောထဲမှာ သောင်းကျန်းနေပြီး တောစခန်းအလည်ထွက်လာသူ မှန်သမျှကို ရက်ရက်စက်စက် သတ် သူ့ဝိဉာဉ် အာဟာရ ဖြည့်တင်းနေပါတယ်။ တစ်ဖက်ကလည်း သူသတ်ပြီးတဲ့ သားကောင်တွေကို ဇွန်ဘီလိုမျိုး အသွင်ပြောင်းပြီး ကျန်သူတွေကို တိုက်ခိုက်ဝါးမြိုခိုင်းပါသေးတယ်။ သူ့ကို နှိမ်နင်းပြီးတော့ မိစ္ဆာလက်ထဲက ‘လာဇရက်ကျမ်း’ကို ယူဖို့အတွက် စစ်တပ်ကနေ ထိပ်တန်းလျှို့ဝှက်မစ်ရှင်အနေနဲ့ တောထဲကို…

  • Vizontele

    Vizontele

    Vizontele (2001) ဒီကားလေးကတော့ တူရကီ ဟာသကားလေးပါ။ ဇာတ်လမ်းကိုတော့ တူရကီနိုင်ငံရဲ့ ခေါင်ဖျားတဲ့ အရပ်က မြို့တစ်မြို့မှာ တည်ထားပါတယ်။ သတင်းစာ တွေတောင် နှစ်ရက်လောက် နောက်ကျပြီးမှ ရောက်တဲ့ ဒီမြို့လေးကို တစ်ရက်မှာတော့ အစိုးရကနေ တီဗီတစ်လုံး ချပေးခဲ့ပါတယ်။ ဒါပေမယ့် တီဗီကို လာပေးတဲ့ မြို့သားအဖွဲ့ဟာ သူတို့မြို့မှာ မနေချင်တာကြောင့် တီဗီတပ်ဆင်ပုံပဲပြောပြပြီး ထားခဲ့လိုက်ပါတယ်။ ဒီအခါမှာတော့ မြို့တော်ဝန်ဟာ တီဗီကို တပ်ဖို့အတွက် အကုန်လုံးက အရူးလို့သတ်မှတ်ထားတဲ့ ရေဒီယိုပြင်ဆရာ အာမင်ဆီရောက်သွားပါတော့တယ်။ ဒါနဲ့ပဲ သူတို့တတွေ တီဗီမှာ ပုံထွက်ဖို့အရေး ကြိုးစားရင်း တလွဲတွေဖြစ်ကြပုံကို ဟာသဆန်ဆန် မြင်သွားကြရမှာပါ။

  • Girl Upstairs

    Girl Upstairs

    Girl Upstairs (2024) ဇာတ်လမ်းအကြောင်းအရာကတော့အောင်မြင်ကျော်ကြားတဲ့ပန်းချီဆရာမတစ်ယောက်က စိတ်ဒဏ်ရာတွေကြောင့်လူကြားသူကြားထဲမသွားရဲ ၊ အပြင်မထွက်ရဲတဲ့ရောဂါ(‌agoraphobia) ကိုခံစားနေရပါတယ်။ တစ်နေ့ သူ့ဆီ ပန်းချီပစ္စည်းတွေရောက်လာပါတယ်။ အဲ့တာနဲ့ သူကပုံတစ်ပုံဆွဲလိုက်ရာကနေ အဲ့ပုံထဲကလူဟာ အသက်ဝင်လာပါတော့တယ်။ တစ်ယောက်ထဲ နေထိုင်လာရာကနေအဖော်ရလာတော့ အစပိုင်းမှာတော့ သူက ကျေနပ်ခဲ့တာပေါ့။ နောက်ပိုင်းမှာဘယ်လိုတွေဆက်ဖြစ်မလဲ? သူက ဘာလို့အပြင်မထွက်ရတာလဲဆိုတာကို Mystery ဆန်ဆန်ကြည့်ရှုရမှာပါ။

  • Mauler

    Mauler

    Mauler (2025) စတိဗ်၊ မစ်ရှယ်၊ ဂျန်၊ ဂျေဒါနဲ့ အဒမ်တို့ လူငယ်သူငယ်ချင်းတစ်သိုက်ဟာ အမှောင်ဝက်ဘ်ဆိုက်ကနေ ဆုကြေးငွေချထားလို့ဆိုပြီး အိမ်တစ်လုံးမှာ သရဲဖမ်းတဲ့ပုံစံမျိုး တစ်ညနေပြီး သက်သေပြဖို့ဖြစ်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီအိမ်ရဲ့ ရာဇဝင်ကို သူတို့မသိကြသေးတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ကလေး မိသားစုဟာ ရက်ရက်စက်စက်အသ-တ်ဖြတ်ခံရပြီး မိသားစုတစ်ခုလုံးနီးပါး အမြစ်ပြတ်သွားကာ ကလေးမိသားစုက ခင်ပွန်းရဲ့အမေဖြစ်သူ ဘွားတော်ကြီးတစ်ယောက်ပဲကျန်နေခဲ့တာပါ။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဘွားတော်ကြီးကပါဆုံးသွားပြီး စည်းစိမ်တွေလည်းအများကြီးကျန် ဆုကြေးလည်းထုတ်ခံထားရတဲ့ ကလေးအိမ်တော်ကြီးကို စတိဗ်တို့ သူငယ်ချင်း တစ်သိုက်ဟာ သိုက်တူးဖို့ဖြစ်လာပါတယ်။ အစပိုင်းမှာတော့ ကလေးအိမ်တော်မှာ အဘွာဖြစ်သူဆုံးပြီးတဲ့နေ့မှာပဲ ဘယ်သူမှမရှိတဲ့အတွက် ရဲတွေက ချိတ်မပိတ်ခင် ပစ္စည်းသွားနှိုက်ဖို့သာဖြစ်ခဲ့ပေမယ့်လည်း အဖြစ်ဆိုးကြီးရဲ့နောက်ကွယ်မှာရှိနေသေးတဲ့ လျှို့ဝှက်ချက်နဲ့ ဒေသခံဒဏ္ဍာရီတစ်ခုဖြစ်တဲ့ လက်မရွံ့ဖြစ်သူကြီးကပါ ကလေးအိမ်တော်နဲ့ ဆက်စပ်မှုရှိနေတာကို အချိန်လွန်မှသိလိုက်ရတဲ့ စတိဗ်တို့ သူငယ်ချင်းတစ်သိုက်ဟာ အကုသိုလ်ရဲ့…