Category: Movies
-

Guardian Angel
Guardian Angel (2024) နတ်သမီး ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒေဗန်းဆိုတဲ့အရာရှိတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစ- ရွာလေးတစ်ရွာမှာ မောင်နှမနှစ်ယောက်ဟာ လမ်းလျှောက်ရင်း အဒေါ့်အိမ်ဆီသို့ လှမ်းလာခဲ့ကြပါတယ်။ အမေဆုံးပါးပြီးကတည်းက အဒေါ်တို့အိမ်မှာတောက်တိုမယ်ရလုပ်ရင်း နေလာခဲ့ကြရတာပါ။ အဖေကလည်း စွန့်ပစ်သွားခဲ့ပြီး သူတို့မှာအားကိုးစရာဆိုလို့ဒီအဒေါ်တစ်ယောက်ကလွဲ ဘယ်သူမှရှိမနေခဲ့ပါဘူး။ ဒီလိုနဲ့မောင်နှမနှစ်ယောက် အိမ်ကိုကူလုပ်လိုက်ကျောင်းရောတက်လိုက်နဲ့ အရွယ်ရောက်ပြီး အစ်မဖြစ်ပြီး အိမ်ထောင်ကျသွားခဲ့ပါတယ်။ မောင်ဖြစ်သူကတော့ရွာမှာကျန်ခဲ့ပြီး တစ်ရက်မှာ အစ်မဖြစ်သူဆီကို အလည်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ယောက်ဖကသူ့ကိုမကြိုဆိုခဲ့တဲ့အပြင် လူပိုတစ်ယောက်လိုပါ ဆက်ဆံ အစ်မဖြစ်သူကိုလည်း ရိုင်းစိုင်းစွာဆက်ဆံပြောဆိုနေခဲ့တာကိုမြင်ခဲ့ရတာပါ။ ဘေးပတ်ဝန်းကျင်ကပါဝင်ပြောရတဲ့အထိဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ရဲ့ရွာက ပြဿနာတွေဖြေရှင်းဖို့ ဒေဗန်းဆိုတဲ့ အရာရှိတစ်ယောက်ကရောက်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ ဒီဗန်ရဲ့ ရဲသက်တမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်တွေကို ဒရာမဆန်ဆန်ရိုက်ပြထားတာပဲဖြစ်ပါတယ်။
-

The Girlfriend
The Girlfriend (2025) “ရည်းစား” အိန္ဒိယရုပ်ရှင်လောကရဲ့ တောင်ပိုင်းရော မြောက်ပိုင်းရောကိုပါ လွှမ်းမိုးထားတဲ့ မင်းသမီးချော ရက်ရှ်မီးကားနဲ့ တေလေဂူးမင်းသား ဒီခ်ရှစ်ရှက်တီတို့ရဲ့ ရုံတင်ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ အနုပညာနဲ့သိပ္ပံကို ရောပြီးသင်ပေးတဲ့ ကောလိပ်တစ်ခုမှာ ဗစ်ခရမ်နဲ့ ဘူးမာတို့ဟာ မေဂျာမတူတဲ့ကျောင်းသားကျောင်းသူတွေဖြစ်ပါတယ်။ ဗစ်ခရမ်က ကွန်ပြူတာသိပ္ပံကဖြစ်ပြီး ဘူးမာက အင်္ဂလိပ်စာမေဂျာကပေါ့။ သူတို့နှစ်ယောက်ဟာ ကိစ္စတစ်ခုကြောင့် ရင်းနှီးခဲ့ပြီး ဇာတ်လမ်းလေးတွေဖြစ်လာပေမယ့် ဗစ်ခရမ့်ကိုတစ်ဖက်သက်ကြိုက်နေတဲ့ ကျောင်းရဲ့နာမည်ကြီးခပ်ဟော့ဟော့ကောင်မလေးရှိနေတဲ့အခါမှာတော့။ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာ၊ လွမ်းစရာအတွေ့အကြုံတွေနဲ့ မရိုးနိုင်တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ခံစားကြရမှာပါ…။
-

Kisko Tha Pata
Kisko Tha Pata (2024) “ချစ် ချစ် ချစ်” ဒီတစ်ခါမှာတော့ ဘောလိဝုဒ် ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ရှရေယာက ပျော်ပျော်နေတတ်တဲ့ ဆော့ဝဲလ်အင်ဂျင်နီယာ မိန်းကလေးဖြစ်ပြီး မိဘပေးစားမယ့်လူကို တောက်လျှောက်ငြင်းနေခဲ့တာပါ။ သူ့စိတ်ကူးထဲက ပြစ်ချက်မရှိတဲ့ အကောင်းဆုံးယောကျ်ားကိုပဲ မျှော်လင့်စောင့်စားရင်း အလျှော့မပေးတတ်တဲ့ ဒေါက်တာလေးနဲ့ချစ်ကြိုက်သွားပါတော့တယ်။ အရာအားလုံး အဆင်ပြေခါနီးမှာမှ နောက်လူတစ်ယောက် ဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ပရိတ်သတ်တို့ပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး။
-

Take Me to Hell
Take Me to Hell (2025) ဟော်ရာတွေမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Rizal Mantovani ရဲ့ လက်ရာသစ်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လီနာဟာကျောင်းတက်နေတဲ့ သူ့အစ်ကိုနဲ့အတူနေဖို့ ဘော်ဒါဆောင်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။ အဆောင်နေခက စျေးသက်သာလှပြီး အဆောင်ပိုင်ရှင်မိသားစုကလည်း သူတို့အပေါ်သားသမီးအရင်းနဲ့မခြား ဂရုစိုက်တဲ့အတွက်ပျော်ရွှင်နေတဲ့ လီနာဟာ ရောက်ရောက်ချင်းညမှာပဲ ထူးခြားနေတဲ့အခြေအနေတွေကို သတိထားမိခဲ့ပါတယ်။ သူတို့နဲ့အတူ တစ်ရက်တည်းရောက်လာတဲ့ ဘော်ဘီဆိုတဲ့ ကျောင်းသားလေးတစ်ယောက်က ငှက်ပျောခင်းထဲမှာ သရဲတွေရှိတယ်ဆိုပြီး အဆောင်ကနေပြောင်းပြေးတဲ့အချိန်မှာတော့ အဆောင်တစ်ခုလုံးမှာ ခြောက်ခြားစရာကိစ္စတွေဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။
-

My Secret Santa
My Secret Santa (2025) ဒီရုပ်ရှင်ကတော့ Netflix ကနေ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ထွက်ရှိထားတဲ့ Christmas Romantic Comedy (ခရစ္စမတ် အချစ်ဟာသ) ဇာတ်ကားလေး ဖြစ်ပါတယ်။ နာမည်ကြီး “Virgin River” မင်းသမီး Alexandra Breckenridge နဲ့ “New Amsterdam” မင်းသား Ryan Eggold တို့ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တေလာ (Taylor) လို့ခေါ်တဲ့ Single Mom (မိခင်တစ်ကိုယ်တော်) တစ်ယောက်အကြောင်းက စပါတယ်။ တေလာဟာ အလုပ်ပြုတ်သွားတဲ့အချိန်မှာပဲ၊ သူ့ရဲ့ ဆယ်ကျော်သက်သမီးလေးက ဈေးကြီးတဲ့ နှင်းလျှောစီး သင်တန်းကျောင်း (Snowboarding Camp) တစ်ခုကို တက်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။…