Tag: Movies

  • Usiru

    Usiru

    Usiru(2025)”အတုံ့အလှည့်” ကန်နာဒါစကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာပါနမ်ပရာဘာကာက ရိုက်ကူးထားတာဖြစ်ပြီး ဆက်စပ်နေတဲ့ဇာတ်လမ်းသွားနှစ်ခုကို တလှည့်စီပုံဖော်တင်ဆက်ထားတာပါ။ ပထမဇာတ်လမ်းသွားမှာတော့ ဇနီးဖြစ်သူကို ပစ်မှတ်ထားခံနေရတဲ့ ရဲအရာရှိတစ်ဦး စခန်းသစ်တစ်ခုမှာတာဝန်ကျရင်း ရတက်ပွေရပုံတွေကိုပြထားပြီး ဒုတိယဇာတ်လမ်းသွားမှာတော့ ထောင်ကျနေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် မိဘဖြစ်သူတွေအတွက် လက်စားချေဖို့ကြိုးစားပုံကို တွေ့ကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသွားနှစ်ခု ဘယ်လိုဆက်စပ်သွားမလဲ ဘယ်သူကဘာတွေလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ…။

  • Altered

    Altered

    Altered (2025) ဒီဇာတ်ကားလေးကတော့ ဟယ်ရီပေါ်တာပရိသတ်တွေရဲ့ အချစ်တော် Draco Malfoy မင်းသား Tom Felton ရဲ့ အသစ်ထွက်ရှိထားတဲ့ Sci-fi Action အမျိုးအစား ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ Tom Felton နဲ့ Elizaveta Bugulova တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ Timo Vuorensola ရိုက်ကူးထားပါတယ်။IMDb rating အနေနဲ့လည်း 6.1 လောက်ထိရရှိထားပါတယ်။ ကမ္ဘာကြီးဟာ နျူစစ်ပွဲကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လူသားတွေအနေနဲ့ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ထိုလူသားတွေပြန်လည်တည်ဆောက်ထားတဲ့ကမ္ဘာကြီးမှာတော့ မျိုးရိုးဗီဇဆိုင်ရာ မွမ်းမံမှုတွေပြုလုပ်လို့ရတဲ့ အဆင့်အတန်းမြင့် မျိုးရိုးဗီဇမြင့်(Genetics) တွေနဲ့ မပြုလုပ်နိုင်တဲ့ အပယ်ခံ ထူးခြားသူ(Specials) တွေဆိုပြီး ခွဲခြားထားပါတယ်။ လီယွန်နဲ့ ကလိုဝီတို့ကတော့ ထို ထူးခြားသူတွေထဲကဖြစ်ပြီးတော့ ထူးခြားသူတွေရဲ့ နယ်မြေမှာ နေထိုင်ပြီး စက်ပစ္စည်းများပြုပြင်ရင်း…

  • Bison Kaalamaadan

    Bison Kaalamaadan

    Bison: Kaalamaadan (2025) “နွားရိုင်း” နွားရိုင်းလို ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော် ကဘာဒီကစားသမားကြီး မာနာသီဂနေ့ဆန်ရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားပြီး Box office ရူပီးသန်းခြောက်ရာကျော် ပြန်ရခဲ့တဲ့ တမီလ်အားကစား အက်ရှင်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ကလေးဘ၀ကတည်းက ကဘာဒီကစားနည်းကို စွဲစွဲလန်းလန်းနှစ်ခြိုက်ခဲ့ရတဲ့ ကီတန်။ ရွာအသင်းကနေ ဝင်ကစားဖိုအတွက် အိပ်မက်တွေရှိပေမဲ့ ရွာအသင်းရဲ့ခေါင်းဆောင်နဲ့က မိသားစုရန်ငြိုးတွေရှိတာမို ကစားကွင်းထဲကိုတောင် ခြေချခွင့်မရှိတဲ့ ကီတန်။ ဒါပေမဲ့ ကီတန်ရဲ့ ကဘာဒီအားကစားအပေါ် အစွမ်းအစနဲ့ ရူးသွပ်မှုကိုမြင်သွားတဲ့ ဆရာကြောင့် ကျောင်းအသင်းမှာ ဝင်ကစားခွင့်ရတဲ့အခါ…။ ဇာတ်အနိမ့်အမြင့်တွေနဲ့ အုပ်စုကွဲပြီး သွေးချောင်းစီးတိုက်ပွဲတွေဖြစ်နေတဲ့ဒေသက ကီတန်တစ်ယောက် အိန္ဒိယအသင်းရဲ့ လက်ရွေးစင်ကဘာဒီအားကစားသမားတစ်ယောက် ဖြစ်လာခဲ့ချိန်မှာတော့…။

  • Scared Shitless

    Scared Shitless

    Scared Shitless (2024) ဆန်နီက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေကိုကြောက်ရွံ့တတ်တဲ့ phoebia တစ်မျိုးရှိပြီး၊ အားနေလက်ဆေးရင်းနဲ့အချိန်ကုန်တတ်ပါတယ်။ အဲ့ဒီလိုအနေအထားနဲ့သူ့ကိုမှ ပိုက်ပြင်သမားဖြစ်သူ အဖေက သူ့လုပ်ငန်းခွင်ထဲအတင်းအကျပ်ခေါ်ဆောင်သွားချိန်မှာ ပြဿနာစပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ငန်းခွင်ဝင်ရမယ့် အဆောက်အဦကြီးရဲ့မိလ္လာပိုက်တွေထဲမှာ မအောင်မြင်တဲ့ သိပ္ပံပရောဂျက်တစ်ခုကနေ လွတ်မြောက်လာပြီး သွေးဆာနေတဲ့ ကြောက်စရာအထူးအဆန်းသတ္တဝါတစ်ကောင်လျှောက်သွားပြီး လူတွေကိုတိုက်ခိုက်နေလို့ပါပဲ။ ပိုးမွှားတွေကိုကြောက်ရွံ့တဲ့အတွက် ဘာကိုမှမထိရဲမကိုင်ရဲတဲ့ ဆန်နီတစ်ယောက်၊ ဒီလိုကောင်မျိုးတွေ အများဆုံးကျက်စားရာဖြစ်တဲ့မိလ္လာပိုက်ထဲက သတ္တဝါဆိုးကို ဖခင်ဖြစ်သူနဲ့အတူ ဘယ်လိုရင်ဆိုင်အနိုင်ယူရမလဲဆိုတာကိုဟာသနှောပြီး တင်ဆက်ထားတဲ့ Dark Comedy/Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Protein

    Protein

    Protein (2025) ဒီကားက Crime Horror အမျိုးအစားဖြစ်ပြီး Gym ကို စွဲလမ်းတဲ့ Serial Killer တစ်ယောက်အကြောင်းပါ။ Sion (Craig Russell) ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ဟာ PTSD ရောဂါဝေဒနာနဲ့အတူ မြို့ငယ်လေးတစ်မြို့ကို ရောက်လာပါတယ်။ သူဟာ အားကစားရုံ (Gym) မှာ အလုပ်လုပ်ရင်း Katrina (Kezia Burrows) ဆိုတဲ့ Gym မန်နေဂျာအမျိုးသမီးနဲ့ ရင်းနှီးသွားပါတယ်။ Sion ဟာ တစ်ဖက်မှာတော့ Protein ရဖို့အတွက် စိတ်စွဲလမ်းနေပြီး လူသတ်မှုတွေကို ကျူးလွန်နေတဲ့ Serial Killer တစ်ယောက်ပါ။ သူ့ရဲ့ပစ်မှတ်က ဒေသတွင်းက Drug Dealer တွေဖြစ်ပါတယ်။ တစ်နေ့မှာ Sion ဟာ Katrina ကို ရန်ပြုတဲ့…