Tag: News

  • စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည်

    မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည်

    မြို့များနှင့်တိုင်းစစ်ဌာနချုပ်များ လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင် ယခုဒီဇင်ဘာလအတွင်း ပွဲများနှင့် အခမ်းအနား ၅ ခုထက်မနည်းကို ဆက်တိုက် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ၇၇ နှစ်မြောက် ရေတပ် နှစ်ပတ်လည်ပွဲ တက်ရောက်မည်ဖြစ်ပြီး ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။

    ထို့ပြင် အခမ်းအနားကျင်းပမည့် နံနက်ပိုင်း သန်လျင်ရေတပ် ဆိပ်ကမ်း၌ တပ်တော်ဝင် အခမ်းအနားလည်း ကျင်းပမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်တော်ဝင်ပွဲကို တက်ရောက်မည်ဖြစ်ကာ နံနက်ပိုင်း အခမ်းအနားကို ရေတပ်သင်တန်းကျောင်း သန်လျင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ ညနေပိုင်း အခမ်းအနား ဆက်လက် ကျင်းပရန် မင်းအောင်လှိုင်က သန်လျင် ဆိပ်ကမ်းမှ သင်္ဘောဖြင့် ညနေ ၅ နာရီခန့်တွင် ဗိုလ်တစ်ထောင် သံလျက်စွန်းဆိပ်ကမ်း ဧရာဝတီဌာနချုပ်ကို ကူးလာ၍ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ပြင်ဆင်ထားသော အရောင်းဆိုင်ခန်းတွေကို လှည့်လည်ကြည့်ရှုပြီး အခမ်းအနားမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

    “၂၀၂၃ ခုနှစ်က ရှော့တိုက်ဒုံးကြောက်လို့ သံလျင်မှာ အကျဉ်းချုံး လုပ်ခဲ့တဲ့ ရေတပ်နှစ်ပါတ်လည်ပွဲကို ဒီနှစ် ဒီဇင်ဘာ ၂၄ရက်နေ့မှာ ပြန်လုပ်မယ်သိရတယ်။ အခု ဗိုလ်တစ်ထောင် သန်လျက်စွန်းက ဧရာဝတီဌာနချုပ် (ဧရခ)ဘောလုံးကွင်းမှာ ဈေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့ပြင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ်တွင် ယခု ဒီဇင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်သူနာပြုတက္ကသိုလ် ကျောင်း ဆင်းပွဲနှင့် မှော်ဘီ အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲများကိုလည်း မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ် DSTA ကျောင်းဆင်းပွဲသို့လည်း မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မင်းအောင်လှိုင် လာရောက်ရန် ရှိနေကြောင်း သိရှိရသည်။

    လက်ရှိ စစ်ရေးအခြေအနေမှာ မင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ရတော့မည်ဖြစ်ပြီး မောင်တောမြို့နယ်တစ်ခုလုံးကိုလည်း လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်ကို KIA က တိုက်ခိုက်သိမ်းပိုက်နေပြီး ချင်းပြည်နယ်တွင်လည်း စစ်တပ်စခန်းများကို ဆက်တိုက် လက်လွှတ်နေရကြောင်း၊ ယင်းသို့သော စစ်ရှုံးနေသည့် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပွဲတက်မပြတ်ဘဲ စစ်ရှုံးနေမှုများကို လျစ်လျူရှု နေကြောင်း တပ်အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုကြသည်။

  • စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ  အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော

    စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော

    စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော

    မြန်မာအကြမ်းဖက်စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ဦး ယခုနှစ် ၁၁ လအတွင်း အလင်းဝင်လာကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

    NUG ၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၄/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သွေးထွက်သံယိုမှုနည်းနိုင်သမျှနည်းနည်းဖြင့် တော်လှန်ရေးအောင်မြင် နိုင်ရေး ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ကော်မတီက အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် လမ်းခွဲပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံကူညီပေးလျက်ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်ခိုလှုံဝင်လာသော ခြေလျင်တပ်သား ၃၀၂ ဦး ၊ ရေတပ်သား ၁၁ ဦး၊ လေတပ်သား ၁၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ဦး၊ အကျဉ်းဦးစီးဝန်ထမ်း ၅ ဦး စုစုပေါင်း (၄၇၅) ဦးရှိခဲ့ကြောင်း၊ ရာထူးအားဖြင့် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်မှ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ကြောင်း၊ အဆိုပါ ၄၇၅ ဦးတွင် ၁၉၁ ဦးမှာ လက်နက်နှင့်အတူ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် ၁၁ လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူများတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသော တပ်သားသစ် စုစုပေါင်း ၃၃ ဦးပါဝင်ကြောင်း၊ ၃ နှစ်ကျော်ကာလအတွင်း စစ်သား ၃,၇၀၀ ဦးကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ဦးကျော် စုစုပေါင်း ၁၅,၀၀၀ ဦးခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးပေး လျက်ရှိကြောင်း သိရှိရသည်။

    ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီဖြင့် ချိတ်ဆက်လာခြင်းမရှိဘဲ နည်းလမ်း ပေါင်းစုံဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် လမ်းခွဲခဲ့ကြသူများ၊ တနည်းနည်းဖြင့် တပ်တွင်းအာဏာဖီဆန်မှု ပြုလုပ်နေကြသူများ၊ တပ်အတွင်းမှ တော်လှန်ရေးကို တနည်းတဖုံဖြင့် ကူညီပံ့ပိုးပေးနေကြသူများလည်းရှိကြောင်း ဦးနေဘုန်းလတ်၏ အဆိုအရ သိရှိရသည်။