Tag: News

  • အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

    အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

    မြ၀တီမြို့သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ချီတက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။

    “ ဇန်နဝါရီ ၁၂ ရက်နေ့လောက်က အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို ဝင်တိုက်ပြီး သိမ်းဆည်း ရရှိခဲ့တာပါ။ သေဆုံးထိခိုက်မှုကတော့ အတိအကျ မသိရသေးပါဘူး။ တိုက်ပွဲက နေ့တိုင်းထိတွေ့မှုရှိ ပါတယ်၊ လေကြောင်းအသုံးပြုတာတွေလည်း ရှိပါတယ်။” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်း များဖြစ်သော ကျားသစ်နက်စစ်ကြောင်း ၊ Cobra စစ်ကြောင်း ၊ Venom စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ အနေနဲ့ စစ်ဆင်ရေးတွေ မရပ်မနားဘဲ နေ့စဉ်မပျက် စစ်ကောင်စီကို တိုက်ခိုက်နေပါ တယ်၊ ဒီလိုတိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီလည်း အင်အားယိုင်နဲ့လာပြီဖြစ်လို့ ပြည်သူ တွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

    ဓာတ်ပုံ – အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ကိုသိမ်းပိုက်ရာက သိမ်းဆည်းရရှိသော လက်နက် ၊ ခဲယမ်းများ။

  • ဆင်လူးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်

    ဆင်လူးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာရှိ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၁၅ ရက်မှာ PDF ပူးပေါင်းတပ်တွေက ဒရုန်းစစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့ Young Force UG ထံမှ သိရပါတယ်။

    ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဆင်လူးကျေးရွာရှိ အကြမ်းစစ်ကောင်စီတပ်နဲ့အပေါင်းပါ ပျူစောထီး တွေကို ဒရုန်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကင်းတာဝန်ကျတဲ့ အကြမ်းဖက်တစ်ယောက်သေဆုံးပြီး ပျူစောထီးအများအပြား ထိခိုက်ခဲ့တယ်လို့ Young Force UG ကပြောပါတယ်။

    “လူနာများကို လူနာတင် ယာဥ် သုံးစီးဖြင့် စလင်း ကံပြား မှ လာရောက်သယ်ဆောင်ခဲ့” လို့ Young Force UG ကပြောပါတယ်။

    ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ပေါက်ပကဖ ၊ မင်းဘူးခရိုင်အမှတ်-၄တပ်ရင်း၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ ၊ Young Force (PKU) / Earthquake Defence Force (PKU) / Joker (ပျောက်ကြားတပ်ဖွဲ မြိုင်) / စေတုတ္တရာ ပ.အ.ဖ အဖွဲ တိုကပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

  • ပူတာအိုဒေသကို မကြာမီတိုက်ပွဲဆင်နွှဲမည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေး

    ပူတာအိုဒေသကို မကြာမီတိုက်ပွဲဆင်နွှဲမည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် အသိပေး

    ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ဇန်နဝါရီ ၁၆ ရက်ညပိုင်းတွင် အသိပေးသည်။

    ခေါင်လန်ဖူးဒေသနှင့် ပူတာအိုဒေသများ၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်အာဏာရှင်အုပ်စုနှင့် အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ ဝါဒဖြန့်နေသည့် အခြေအနေ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရ စစ်သည်များအား စွန့်ပစ်ထားခဲ့မှု အခြေအနေအား အသိပေးထားပြီး ပူတာအိုဒေသတိုက်ပွဲ ဆက်လက်ဆင်နွှဲရမည်ဟု ဆိုသည်။

    “မကြာတော့မည့် အချိန်တွင် မိမိတို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ပူတာအိုဒေသကို မလွှဲသာ မရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါသည်”ဟု KPF က ရေးသားဖော်ပြခဲ့သည်။

    ထို့ပြင် ဌာနေပြည်သူ့စစ် အချင်းချင်း စွန့်ပစ်ထားခဲ့သည့် တပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းအား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်းလည်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့သည်။

    ၂၀၂၄ နှစ်ကုန်ပိုင်းက လန်ဆယ်ဒေသအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် ပြည်သူ့စစ်များ လမ်းတွင်မိုင်းထိပြီး ထိခိုက်သူ ၂ဦးအား စွန့်ပစ်ထားခဲ့သည့်အခြေအနေကို ပြည်သူ့စစ်တစ်ဦးက ရှာဖွေပေးရန် အကြောင်းကြားလာ၍ KPF ရဲဘော်များက သွားရောက်ရှာဖွေပြီး ဇန်နဝါရီ ၁၆ရက်တွင် သင်္ဂြိုလ်ပေးခဲ့သည်ဟု ဆိုသည်။

    ပြည်သူ့စစ်က ၎င်းတို့အချင်းချင်း ထောင်ထားသည့် မိုင်းနင်းမိပြီး ၂ဦး ဒဏ်ရာရခဲ့ရာ ဒဏ်ရာရ ပြည်သူ့စစ်ကို ကယ်ဆယ်မပေးဘဲ ချန်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူတို့က လန်ဆယ်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းလိုက်တာ။ တော်လှန်ရေးတပ်ဖွဲ့တွေလိုက်လာတယ်ဆိုပြီးမှသူတို့က ဗုံးထောင်လိုက်တာ။ သူတို့ ထောင်လိုက်တဲ့ ဗုံးနဲ့ သူတို့ထိပြီးမှ လမ်းမှာ ၂ယောက်ထိတယ်။တစ်ယောက်က မထိဘူးပေါ့ သူတို့ သုံးယောက်၊ မိုင်းထိတဲ့ နှစ်ယောက်ကို ဒီအတိုင်းပဲ တောမှာ ပစ်ထားတာ။ တစ်ယောက်က ဒီလိုပဲ တောမှာထွက်ပြေးသွားတာ။ အဲဒီလိုမျိုးဖြစ်စဉ်ပေါ့”ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    KPF၏ ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ချက်တွင် တောတွင်း၌ ပျက်ဆီးနေပြီဖြစ်သော ရုပ် အလောင်းအချို့ကို မြေမြှုပ်သင်္ဂြိုလ်ပေးရန် KPF ရဲဘော်များက မြေကျင်းတူးနေသည်ကို တွေ့ရသည်။

    KPFနှင့် ပူးပေါင်းတပ်များသည် လန်ဆယ်ဒေသတိုက်ပွဲတွင် ပြည်သူ့စစ်များကို အရှင်ဖမ်းဆီးရရှိခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း KPFက ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

    ထို့ပြင် KPF ထံ အလင်းဝင်ပြီး ပြည်သူလူထုနှင့် အတူပူးပေါင်းလာသည့် ပြည်သူ့စစ်အရာရှိကလည်း လက်ရှိ တိုက်ပွဲများသည် လူမျိုးရေး၊ နယ်မြေစိုးမိုးရေး တိုက်ပွဲများ မဟုတ်ဘဲ ပြည်သူလူထုကို ဖိနှိပ်နေသည့် စစ်အာဏာရှင်များအောက်မှ လွတ်မြောက်နိုင်ရေး တိုက်ပွဲဖြစ်၍ ပြည်သူ့စစ်များအနေဖြင့် တော်လှန်ပြည်သူများဘက် ပူးပေါင်းရန် တိုက်တွန်းထားသည်။

    (သေဆုံးခဲ့သည့် ပြည်သူ့စစ်ရုပ်အလောင်းအား မြေမြှုပ်သင်္ဂြိုလ်ပေးရန် KPF ရဲဘော်များလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ – KPF)

  • အဘ ကျွန်တော်တို့ ကျောချ-မ်းနေပြီ တစ်လုံးလောက်တော့ ကြဲ-ပေးပါ

    ပဒါ-န်း တ-ပ်နယ်ကို ရောက်လာတဲ့ ရတတမခ ၉၉ ရဲ့ တ-ပ်မမှူး အသစ်ကတော့ ကာန-ယ်တ-င်မော-င်ကျော် (D-S-A ၄၂ ) ဖြစ်ပါတယ်။ ယခင် မိုး-မြ-င့်ထွ-န်းတော့ ဘာဖြစ်လဲ မသိသေးပါဘူး။ဒါပေမယ့် အခုကျ ညွှ-န်မှူးဟော-င်းတွေတောင် ထွ-က်ခွ-င့် မပြု-ဘဲ အရ-န် အ-င်-အားမှာ ပို့-ထားပြီး ဇေယျကျော်ထင်တွေ ဘာတွေ ပေးထားတာကို တွေ့ရပါတယ်။ထွ-က်ခွ-င့်ပေး လိုက်ရင် ကျစ်ကျီး ကန်း(စ-စ်-စ-ည်း-က-မ်း) နဲ့ ဆွဲ-လို့ မရတော့ဘူးလေ။အဲလို. .. အဲလို …..

    မစခ ၉၀၅ ထဲရောက်နေတဲ့ အာ-လူးတစ်ချို့ ကပစ ၁၄ ဘက်ကို ရွှေ့-နေပါတယ်။ယမန်နေ့က ရောက်နေတဲ့ထဲက ထု-တ်-နှု-တ်-ပြီး စ-စ်ယာဉ်တ-န်း ၁၃ စီး နေ ရာရွှေ့-ထားပါတယ်။

    ပ-န်းတော-င်း တ-ပ်နယ်ထဲမှာ ပွဲအပျ-က်ဆုံးက ကပစ ၆ (ညောင်ခြေထောက်)ပဲ ဖြစ်ပါတယ်။ထု-တ်လု-ပ်ရေး ရ-ပ်တ-န့်သလောက်နီးပါး ဖြစ်သွားပါပြီ။အရာ- ရှိတွေဖြစ်တဲ့ အလု-ပ်ရုံး၊စိ-တ်မှူး ၊အလုပ်ရုံ-စု-မှူး အ စရှိတဲ့ ထိုင်စရာ ရုံးခန်းမရှိတဲ့ အရာ-ရှိတွေ အားလုံး အပါအ၀င် အာလူး ၁၅၀ ထပ်ပြီး ထွ-က်ရပါတယ်။ အနီးအနားလောက်တော့ မလုပ်နဲ့။ခြင်းကျားတောင်းလေးထမ်းပြီး လွှ-တ်ပေးလိုက်ရင် လှပြီ မကွေး ကံပြားနားက တကစ စက်ရုံကို နံပါတ်ဘယ် လောက်လဲလို့ မေးကြသူများ ရှိပါတယ်။က-က်-ပ -တိ-န် တစ်ယောက်သာ ဦးစီးနေတဲ့ တကစ မကွေး လို့ အလွယ်ခေါ်ကြပါတယ်။ဖွဲ့-စည်းပုံအရ ကတော့ တကစ ၃ လ-က်-အော-က်-ခံ ဖြစ်ပါတယ်။

    လက်ရှိ ပြည် ဆင်တဲ ပန်းတောင်း စ-စ်မျက်နှာရဲ့ ခံ- စ–စ်မှူးက ‌ခေ-တ္တ-ဒေ-သ-ကွ-ပ်-ကဲရေး-မှူး လုပ်နေသူကတော့ ကာန-ယ်၀-င်းထွ-ဋ် (ယခင် တပခ တို-င်း -စ-စ်-ဦး-စီး-ချု-ပ်)ပဲ ဖြစ်ပါတယ်။နကတ (နို-င်ငံတော်ကာ-ကွ-ယ်-ရေးတက္ကသိုလ်) သွားတက်နေတဲ့ ဒကစမှူး စိုး-ဦးဟ-န်ကတော့ သ-င်-တ-န်းမပြီးဆုံးပါစေနဲ့လို့ ဆုတောင်းနေမယ်ဆိုတာ ယုံကြ-ည်နေပါတယ်။နှစ်ယောက်စလုံးက တေဇ (အလုပ်သင်) ကျောင်းဆင်း တွေဆိုတော့ ကပစ က အင်ဂျင်နီယာ အရာရှိတွေ နာ -ဖို့သာ ပြင်ပေတော့။တောင်ပြာတန်းနဲ့ ခြင်းကျားတောင်း ဇာတ်ညွှန်းရေးကို ရေးမှာ စိတ်ချ

    ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ရခို-င်ရိုးအစပ် တော-င်ပုံကြီး တို-က်ပွဲမှာ လေ-သူ-ရဲတွေ မြေပဲအကြည့်မှားပြီး ကြဲ -ချလိုက်တာ မတ်စိ ၃၀ ဖြစ်သွားတယ်။အဲဒါကြောင့် တိ-တ်တိ-တ်လေး မြေ-မြှုပ်ကြတာကိုး။ပြည်မြို့နယ်ထဲကိုတော့ အာလူးတွေ ရသလောက် ဖြ-ည့်တ-င်းနေဆဲဖြစ်ပါတယ်။အရှေ့ဘက်ခြမ်းမှာလည်း ရ-တ-က် -မအေး ဖြစ်နေဆဲပါ။ဝေါ-မြို့နယ် လက်ပန်လှ ရွာထဲမှာ စကစ နဲ့ ပျူသူ့စ-စ် တစ်ဖွဲ့ ရောက်လာသလို ၈၁ မမ အ-မြော-က်တစ်လ-က် ပါ နေရာချထားပါတယ်။

    အော-က်ကွေ့ကြီးရွာ ဘောလုံးကွင်းမှာ လည်း ၁၂၀ မမ အ-မြော-က်-စ-ခန်းတစ်ခု နေရာယူထားပါတယ်။စ-က်စုရွာထဲကိုလည်း အာလူး ၆၀ ခန့် အခြေပြုထားပါတယ်။အဲဒီအဖွဲ့တွေက ဒုံဇရစ် ထင်းကုန်းကနေ အရို-င်းကွင်း လယ်တဲစုတွေကို ဖြ-တ်လာတာ ဖြစ်ပါလိမ့်မယ်။ပြီးခဲ့တဲ့ရက် ဒိုက်ဦးမှာ အ-ဓ-မ္မ-လူသစ်စု အု-ပ်ကြီးနဲ့ ပျူ-တွေကို တို-က်-ခို-က်-ခံရမှုအပြီး တ-ပ်ဖြ-န့်လာခြင်း ဖြစ်ပါတယ်။

    နမခ ဂွ-င်ထဲမှာ တမူးမြို့သိ-မ်းမယ် ဆိုတဲ့သတင်းသဲ့-သဲ့လေး ထွ-က်လာနေဆဲမှာပဲ ဖုန်းလိုင်းတွေ စ တင်ဖြ-တ်တော-က်ပါတယ်။အော်ပရေတာ တစ်ချို့မှာတော့ SMS အပြ-န်အလှ-န် ပို့လို့ရနေပါသေးတယ်။ စကစ လ-က်-လွှ-တ်ထားရတာကြာပြီ ဖြစ်တဲ့ ခမ်းပတ်မြို့ကိုတော့ လေ-ကြော-င်းကနေ တို-က်- ခို-က်-လို-က်ပြန်ပြီ ဖြစ်ပါတယ်။ကာ-ကွ-ယ် -ရေး ၀-န်-ဂျီး ခရီးစဉ်အပြီးမှာ ဖြစ်တယ်ဆိုတော့ …..

    “အဘ ကျွန်တော်တို့ ကျောချ-မ်းနေပြီ တစ်လုံးလောက်တော့ ကြဲ-ပေးပါ”

    ဆိုပြီး ဝိုင်းသ-တ-င်းပို့ကြတယ်ထင်ပါ့။ဒါပေမယ့် မုံရွာ အလုံသား တို-င်းမှူးက တော့ Stable ပဲ။သူက လား-ရှိုး အတွေ့အကြုံ ကောင်းတွေ ရှိထားတော့ ဒီလောက်နဲ့ Heat မတက်သေးဘူး။သူ့ ရဲ့ အောက်ခံခုံ (ဇနီး) နဲ့ပဲ ပေးလွှ-တ်ထားသေးတယ်။မကြာခင် မင်းစံရပ်ကွက်ထဲမှာ နတ်ကန္နားပွဲ အကြီးအကျ-ယ် လုပ်ပါလိမ့်မယ်။

    ဘန့်ဘွေး Asia World ဂိတ်ကနေ တော-င်းခ-မ်းကို အ-တွဲ-လို-က် ဒုံးတွေ နဲ့ ပြ-န်လည် ပ-စ်-ခ-တ်မှုတွေ ပြုလု-ပ်လာပြန်ပါတယ်။ဘန့်ဘွေး-ဗျူ-ဟာမှူး- တ-င်း နေပါတယ်။သူ့ ရဲ့ ဂွင်ကို တ-ပ်န-ယ်-မှူး သိသွားပြီး ခွဲတ-မ်းပေးနေရလို့ ။အာ့ကြောင့် ပချံ မယူဘူးဆိုပြီး လုပ်နေလို့ ကြိမ်ဂနိုင်အုပ်စု ကြံခု-တ်တောင်သူတွေ အခ-က်တွေ့ နေရပါတယ်။ဘာမှ စိတ်မပူနဲ့။လူဂျီးဆိုတာ ရှ-က်တော့ မူတတ်တယ်လေ။

    မိုးကော-င်းဘက်မှာလည်း အကြီးသံ တစ်ချက် စ ထွ-က်လာပြီ။ဘယ်ဘက်ကလဲ မသိရပေမယ့် တစ်ခု ခုတော့ တစ်ခုခုဘဲ။မိုးညှင်း ထန်းတပင်ရွာကို ၁၉ ရက်နေ့အပြီး ရှော-င်ခို-င်းထားတယ်လို့လည်း သိရပါတယ် ။

    စိုက်တွေကို ကိုချေတို့ ပြော-င်း-ပူ စပြီး လေ့–ကျ-င့် နေပါတယ်။အကောင်ကြီး တစ်ပွေတော့ ခဏ ဓာတ် ပုံမှတ်တမ်း လာရို-က်တယ်လို့ ယူဆရပါတယ်။N-a-v-y ဒု-ချု-ပ်က လာတာဖြစ်ပါလိမ့်မယ်။ဘာမှမ-ပူနဲ့ ဆိုပြီးတော့လေ ။ရေတ-ပ်ဆိုတော့ တစ်ခု သ-တိရသွားတယ်။ကျွန်တော်တို့ စာပေးစာယူ ဆိုတဲ့ အဝေးသင်နဲ့ စာမေးပွဲ ဖြေကြရတုန်းကပေါ့ဗျာ။ အဲဒီမှာ တ-ပ်ထဲကဘဲ ဘီအီးတ-ပ်ကလို့ ထင်တယ်။အဲ့မှာ အဲ့ဘဲက ငစားဗျ။စာ-ခိုးချတာ ဒီအတိုင်း မ-ခိုးဘူး ။သူ့ရဲ့ စိ-စ-စ်ရေးက-ဒ်ကို စားပွဲပေါ်တင်ထားတာ။သူ စ-စ်သားပေါ့လေ။တရား၀င် ခိုးခွင့် ရှိသပေါ့။အခန်းစောင့်တဲ့ ဆရာမက ပညာတတ်လေဗျာ။တစ်ခန်းလုံးကြားအောင် လေသံနိမ့်နိမ့် ချိုချိုလေး နဲ့

    ” သားရေ သားက ရေ-တ-ပ်ကလားဟင်”

    ဟိုဘဲကလည်း

    “မဟုတ်ဘူး ဆရာမ ကြ-ည်း-တ-ပ်ကပါ”

    ” မသိပါဘူး သားရယ် သားက အကူးမြ-န်နေလို့ပါ ”

    စာဖြေခန်း တစ်ခန်းလုံး ဝါးကနဲ ရယ်ကြပါရောလား ။အဲဒီခေတ်ကလည်း စာပေးစာယူ ကျောင်းသားအ ချင်းချင်းတောင်မှ အပွင့်ကြီး ပုခုံးပေါ်တင် ယူနီ ဖော-င်းကြီး ၀တ်ပြီး သီးသန့် တစ်ယောက်တည်း ဖြေ တာပါဆို။(တေ-ဇ အလုပ်သ-င်ကျောင်းဆ-င်းတွေက ဘွဲ့ရချင်ရင် စာပေးစာယူ ဆက်တက်ရတာ ဖြစ်ပါတယ် )

    ယမန်နေ့က ပြောခဲ့တဲ့ D Day က ဒေသအလိုက် Hot နေတာပဲဖြစ်ပါတယ်။”မိုးညှင်းဆို ၁၈ ရက်နေ့” “အင်းတော်ကြီးဆို ဖေဖော်ဝါရီ”တဲ့။ဒီတစ်ခါ ကိုယ်တွေဘက်က မပြောရတော့ဘူး။သူ့ဟာနဲ့သူ ဖြစ်နေကြတာ

    ဇင် ယော်

    ၂၀၂၅ ဇန် ၁၇ ၀၈၄၀

  • ရန်ကုန်တွင် YBS ကားပေါ် လူငယ်အချို့ကို ဖမ်းဆီး ပေါ်တာဆွဲ

    ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲ မောင်းနှင်နေတဲ့ YBS 27 ပေါ်မှာ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်လောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးသွားတယ်လို့ Rangoon Scout Network RSN က ပြောပါတယ်။

    YBS 27 ဟာ တာမွေဘက်ကနေ သင်္ဃန်းကျွန်းဘက်ကို မောင်းနှင်လာတာဖြစ်ပြီး ကျိုက္ကဆံဘုရားမှတ်တိုင်အရောက်မှာ အိမ်စီးကားတစီးက YBS ရှေ့ ပိတ်ရပ်ခဲ့ပါတယ်။

    RSN အဖွဲ့ သတင်းပြန်ကြားပေးသူတယောက်က “လူငယ် ၃ ဦးမှာ တဦးက အပေါ်အောက် အမည်းရောင် ဝတ်ထားပါတယ်။ ထပ်သိရတာက ကောင်လေး ၃ ယောက်စီးတဲ့ ကားပေါ်မှာ အရပ်ဝတ် ခပ်ဝဝ တဦးပါတယ်။ ကျိုက္ကဆံမှတ်တိုင်မှာ ၁ ဦး ထပ်တက်လာတယ်။ ဘုရားနဲ့ မှတ်တိုင်ကြားမှာ အဲဒီနှစ်ယောက်က ကောင်လေးတွေကို ဝင်ဖမ်းတာ” လို့ ပြောပါတယ်။

    အဆိုပါ အိမ်စီးကားပေါ်ကနေ YBS ကားပေါ်ပါ လူငယ် အမျိုးသား ၂ ယောက်ကို ဆွဲချရိုက်နှက်တဲ့အပြင် နောက်ထပ် လူငယ်တယောက်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

    မြို့ခံတယောက်က “ကားပေါ်မှာ ဒီလိုမျိုး ဖမ်းတာက အခုမှ ကြားဖူးတာ။ အဲ့နားက လူတော့မပြတ်ဘူး။ ညနေပိုင်းဆို လူစည်တယ်။ တခြားနေရာတွေမှာ ပေါ်တာဆွဲတာတော့ ကြားပါတယ်။ လူငယ်တွေကို မှာချင်တာက မလိုအပ်ဘဲ မထွက်ဖို့နဲ့ သွားမယ့်နေရာတွေကို အိမ်က တဦးဦးကို ပြောပြထားခဲ့ဖို့ပါ” လို့ ဆိုပါတယ်။

    ကားပေါ်မှာ လူငယ်တွေ ဖမ်းဆီးခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ YBS 27 ကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

    RSN အဖွဲ့ရဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၁၄ ရက်အထိ ကင်းထောက်မှတ်တမ်းအရ ရန်ကုန်မှာ စစ်မှုထမ်းအတွက် လိုက်လံဖမ်းခံရသူတွေ၊ လမ်းပေါ် ပေါ်တာဆွဲခံရသူတွေနဲ့ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်တချို့ အပါအဝင် စုစုပေါင်း ဖမ်းဆီးခံထားရသူ ၁၉၀ ကျော်ရှိပြီလို့ သိရပါတယ်။