Tag: News

  • တီးတိန်မြို့သိမ်းတိုက်ပွဲကို PDF Tedim နှင့် မဟာမိတ်တပ်များ ပူးပေါင်းဖော်ဆောင်မည်

    တီးတိန်မြို့သိမ်းတိုက်ပွဲကို PDF Tedim နှင့် မဟာမိတ်တပ်များ ပူးပေါင်းဖော်ဆောင်မည်

    တီးတိန်မြို့သိမ်းတိုက်ပွဲကို PDF Tedim နှင့် မဟာမိတ်တပ်များ ပူးပေါင်းဖော်ဆောင်မည်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များ လာရောက်ပူးပေါင်းရေးဖိတ်ခေါ်

    တီးတိန်မြို့ကို လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်မည်ဟု PDF Zoland က ထုတ်ပြန်

    တီးတိန်မြို့သိမ်းတိုက်ပွဲကို PDA-Tedim က မဟာမိတ်တပ်များနှင့်အတူ ဖော်ဆောင်မည်ဖြစ်ပြီး မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းရေး အကူအညီ တောင်းဆိုကြောင်း တီးတိန်မြို့နယ် ကောင်စီက ကြေညာချက်ထုတ် ပြန်သည်။

    ထို့ပြင် တီးတိန်မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ကန့် ကွက်ခွင့်မရှိသလို ကိုယ့်မြို့ကိုယ်သိမ်းမည်ဖြစ်၍ အမှန်တကယ် အကြမ်းဖက်စစ်ကောင်စီ တပ်သား များ ချေမှုန်းကင်းစင်စေလိုသော အဖွဲ့အစည်းမျ လာရောက်ပူးပေါင်းရန် တောင်းဆိုကြောင်း ထုတ်ပြန်စာတွင် ပါရှိရသည်။

    ချင်းပြည်တောင်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ များက အပြီးတိုင်သိမ်းယူနိုင်ခဲ့ပြီးဖြစ်ပြီး ချင်းပြည်မြောက်ပိုင်းတွင်လည်း တွန်းဇံမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ပြီးဖြစ်ကာ မဟာမိတ်တပ်များက ကာကွယ်ရေးကဏ္ဍ၌ တာဝန်ယူပေး၍ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးနှင့်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးတို့တွင် နယ်မြေခံ အဖွဲ့အစည်းများ၌ အပြည့်အဝအပ်နှံထားသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် လက်ရှိတွင် ဇိုမီး(ချင်း)များ၏ အခြေပြုနေထိုင်ရာ တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့တွင်း၌သာ အကြမ်းဖက် စစ်ကောင်စီ၏ တပ်သားများ တပ်ချနေထိုင်လျက်ရှိသေးသဖြင့် အလျင်အမြန် တိုက်ခိုက် သိမ်းယူရေး အတွက် PDA-Tedim သည် စစ်ရေးမဟာမိတ်များနှင့်အတူ အကြမ်းဖက်စစ်တပ်ကို အမှန်တကယ်တော်လှန်တိုက်ခိုက်နေသည့် မည်သည့် တော်လှန်ရေးတပ်ဖွဲ့မဆို တိုက်ပွဲဝင်ရန်အတွက် ဖိတ်ခေါ်အကူအညီတောင်းခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

    ထို့ပြင် ZFU/PDF Zoland တပ်ကလည်း ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC)၏ ကာကွယ်ရေးတပ်ဖြစ်သည့် ချင်းညီနောင် (CB) နှင့် ပူးပေါင်းပြီး ဇိုမီးလူမျိုးများ၏ မြို့တော်ဖြစ်သည့် တီးတိန်မြို့မှ စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ လွတ်မြောက်နယ်မြေအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

    သို့သော် National Front/CNA သည် People Defense Army (PDA) ကို လက်ကိုင်တုတ်အဖြစ် အသုံးချကာ တီးတိန်မြို့ကို စွက်ဖက်သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိကြောင်း PDF Zoland က ဆိုသည်။

    CNF/CNA နှင့် အပေါင်းအပါများ၏ ဆောင်ရွက်ချက်များသည် ပြည်သူလူထု၏ အကျိုးကိုရှေးရှုခြင်းတစ်စုံတစ်ရာ မပါရှိဘဲ မိမိတို့မြေပေါ်မှ အမြတ်ထုတ်လိုမှုနှင့် နိုင်ငံရေးလက်ဦးမှု ရယူလိုမှုသာဖြစ်ကြောင်း အထင်အရှားဖြစ်ကြောင်း ဇိုမီးတပ်က ပြောသည်။

    ၂၀၂၄ ခုနှစ် မေလတွင် တီးတိန်၌ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးသည်လည်း ၎င်းတို့၏ ကြားဝင်နှောင့်ယှက်မှုကြောင့်ဖြစ်သည်ဟု ZFU/PDF Zoland တပ်က ပြောသည်။

    “တီးတိန်မြေအား စစ်ကောင်စီ၊ CNF အပါအဝင် အပေါင်းအပါဖြစ်သည့် PDA စသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ ပေးအပ်မည်မဟုတ်ဘဲ တားမြစ်ထားသည့်ကြားမှ ကျူးကျော် ဝင်ရောက်လာပါက ICNCC/CB နှင့်လက်တွဲကာ ပြတ်ပြတ်သားသား တိုက်ထုတ်သွားမည်” ဟု ZFU/PDF Zoland ထုတ်ပြန်ထားသည်။

    ယခု ထုတ်ပြန်အသိပေးချက်များသည် စစ်ကောင်စီ၊ PDA ၊ CNF နှင့် အပေါင်းအပါများ၏ ထိပါးဆောင်ရွက် ချက်များကို ထုတ်ဖော် ပြောကြားရန်ဖြစ်ပြီး စစ်ရေးနှင့်ပတ်သက်၍ ပြည်သူများအား ထပ်မံအသိပေးမည်ဟု ZFU/PDF Zoland ကဆိုသည်။

    “ဤအဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်နေသူများ အနေဖြင့် အချိန်မီပြင်ဆင်မှုမရှိဘဲ တနေ့တွင် ပြည်သူလူထု၏ တရားစီရင်မှုကို ကြုံတွေ့ခံစားရမည်ဆိုပါက မိမိတို့အတွက် များစွာ ထိခိုက်နစ်နာရမည် ဖြစ်ကြောင်းကို လည်း သတိပေးလိုက်သည်” ဟု ထုတ်ပြန်သည်။

    ဇိုမီးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကြိုးပမ်းမှုကို ထိပါးနှောင့်ယှက်ရန် အာဏာရှင်ဆန်ဆန် ကြိုးပမ်းလာသည့် မည်သည့်အဖွဲ့အစည်းကိုမဆို လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်းလည်း ZFU/PDF Zoland က ပြတ်ပြတ်သားသား ထုတ်ပြန်ထားသည်။

    ZFU/PDF Zoland ၏ သတိပေးစာနှင့်ပတ်သက်ပြီး National Front/CNA နှင့် People Defense Army (PDA) တို့မှာ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာခြင်းမရှိကြသေးပေ။

  • ရခိုင်တိုက်ပွဲတွင်  သေဆုံးသော ဒုရဲမှူး ဝင်းဌေး ကျဆုံးမှု ၉ လအကြာမှ မိသားစုကို စစ်တပ်က အသိပေးအကြောင်းကြား

    ရခိုင်တိုက်ပွဲတွင် သေဆုံးသော ဒုရဲမှူး ဝင်းဌေး ကျဆုံးမှု ၉ လအကြာမှ မိသားစုကို စစ်တပ်က အသိပေးအကြောင်းကြား

    ပျောက်ဆုံးနေသည်ဟုဆိုကာ ကျန်ရစ်သူ မိသားစုကို လစာနှင့်ခံစားခွင့်များ ထုတ်ယူခွင့်မပေးခဲ့

    ရခိုင်တွင် ပျောက်ဆုံးနေသော ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာရှိပြီး ကျန်ရစ်သူမိသားစုများကို စစ်ကောင်စီက လျစ်လျူရှုထား

    ရခိုင်တိုက်ပွဲများတွင် သေဆုံးခဲ့သော ဒုရဲမှူး ဝင်းဌေး ကျဆုံးမှုကို စစ်တပ်က ၉ လကျော်အကြာမှ ကျန်ရစ်သူမိသားစုကို စစ် တပ်က အသိပေး အကြောင်းကြားကြောင်း ကျန်ရစ်သူ မိသားစုနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်မြို့၊ ယခင် ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲစုမှူး ဖြစ်သူ ဒုရဲမှူး ဝင်းဌေးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ခံရပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း အတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးမှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ တွင်မှ မိသားစုထံသို့ အသိပေး အကြောင်းကြားလာကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နာရေး သက်ပျောက်ဆွမ်းကပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    “ဒုရဲမှူး ၀င်း​ဌေး အရင်က ယာဥ်ထိန်း​ကျောက်တံထားစုမှူးပါ။ မနှစ် ဧပြီလ ၁၂ ရက်နေ့မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း မှာကျတာကို ဒီနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာမှ ကျန်ရစ်သူ မိသားစုကို အသိပေးအကြောင်းကြားပါတယ်။ ဇန်နဝါရီလ ၁၅ ရက်​နေ့မှာ မာန်​အောင် ရဲရိပ်သာမှာ သက်​​ပျောက်ဆွမ်းကပ်မှာဖြစ်ပါတယ်။ သေပြီး ၉လကြာမှာအသိပေးတာပါ” ဟု ကျန်ရစ်သူ မိသားစုနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒုရဲမှူး ဝင်းဌေးသည် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည့်ကာလအတွင်းတွင်လည်း စစ်ကောင်စီက ပျောက်ဆုံးနေသည်ဟုဆိုကာ လစာနှင့်ခံစားခွင့်များ ထုတ်ယူခွင့်မပြုခဲ့ကြောင်း သိရှိရသည်။

    ရခိုင်တိုက်ပွဲများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ရာပေါင်းများစွာ သေဆုံးမှုများ၊ ပျောက်ဆုံးမှုများရှိနေပြီး စစ်ကောင်စီက ကျန်ရစ်သူမိသားစုဝင်များကို လစာထုတ်မပေးခြင်း၊ လိုင်းခန်းအိမ်နေရာများမှ ပြောင်းရွှေ့ခိုင်းခြင်းများစွာ လုပ်ဆောင်နေကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း ၇ မှ ဒုရဲမှူး ကျော်ဇင်နိုင်သည် ၂၀၂၄ ခုနှစ် ဧပြီလကတည်းက ပျောက်ဆုံးခဲ့သော်လည်း လက်ရှိအချိန်အထိ သေဆုံး(သို့မဟုတ်) အဖမ်းခံရသည်ကို မသိရှိရသေးကြောင်း နယ်ခြားစောင့်ရဲတပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

    “ကိုယ့်ခင်ပွန်းပျောက်နေတာ ၇ လရှိသွားပါပြီ။ သေတာလား ပျောက်နေတာလား အဖမ်းခံရတာလားမသိဘူး။ သူပျောက်သွားကတည်းက လစာထုတ်လို့မရတော့ဘူး။ ခံစားခွင့်လည်း ဘာမှ မရပါဘူး” ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူက ပြောဆိုသည်။

  • တိုင်းရင်းသားအဖွဲ့အစည်းများ အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသော အတွေးအခေါ်အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိသည့်အပြင် သစ္စာဖောက်ဖျက်နေဟု မင်းအောင်လှိုင်ပြော

    တိုင်းရင်းသားအဖွဲ့အစည်းများ အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသော အတွေးအခေါ်အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိသည့်အပြင် သစ္စာဖောက်ဖျက်နေဟု မင်းအောင်လှိုင်ပြော

    မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသော အတွေးအခေါ် အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှု မရှိသည့်အပြင် သစ္စစာဖောက်ဖျက်နေကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

    ယနေ့ ကျရောက်သည့် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    ကယားပြည်နယ်တွင် KNDF နှင့် PDF များ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်များက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းသည် အမျိုးသားရေး စိတ်ဓာတ် ကင်းမဲ့ပြီး လွဲမှားသည့် အတွေးအခေါ် အယူအဆများဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်သားကို သစ္စာဖောက်ဖျက်ခြင်းပင်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

    လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့်ဆူပူ အကြမ်းဖက်မှုများမှာ ဒီမိုကရေစီအရေးကို ဆောင်ရွက်နေသည်ဟုဆိုသူများက မဲမသမာမှုများဖြင့် နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူရန် ဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဒီမိုကရေစီ နည်းလမ်းကျ ဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်း ဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသောကြောင့်သာဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါသည်ဟုဆိုသော ပြည်ပနိုင်ငံတချို့ကလည်း ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ အားပေးအားမြှောက်ပြုလုပ်နေကြောင်း၊ ပြည်ပနိုင်ငံများက ၎င်းတို့အလိုကျ ခြယ်လှယ်ချုပ်ကိုင်နိုင်ရန်နှင့် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေသည့်အပြင် ဒီမိုကရေစီ အမည့်ခံ အာဏာရှင်စနစ်ကို အားပေးနေခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    ယနေ့ ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့တွင် စစ်ကောင်စီက ကျင်းပနေပြီး ယမန်နေ့ ညပိုင်း စစ်တပ်က တစ်ညလုံး လက်နက်ကြီးများဖြင့် ကရင်နီပြည်တစ်ဝန်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ UG ရဲဘော်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက် ပျက်စီးမှု အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြို့ပြ UG ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ရဲခွေး ၂ ကောင် ထိခိုက်မှု ရှိတယ်လို့ သိရပေမယ့် မြေပြင် အတည်ပြု စုံစမ်းနေဆဲပါပဲ” ဟု Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

    Operation Flame အဖွဲ့အနေဖြင့် ဆက်လက်ပြီး ရန်ကုန် တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင် ပြန်ကြားရေး တာဝန်ခံက ဆက်လက်ပြောဆိုသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူ စစ်ဆေးမှုများလုပ်နေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ပူးပေါင်း၍ ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရောက်ရှိပြီး ညစာစားပွဲကျင်းပနေသည့် ကယားပြည်နယ် ခန်းမအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး ၅ လုံးကိုလည်းကောင်း၊ တပြိင်နက်တည်းတွင် ကရင်နီပြည်အတွင်းစစ်ရှုံးကောင်စီ၏ တပ်ဖွဲ့ဝင်များ ခြေကုပ်တပ်စွဲထားသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ (လွိုင်ကော်)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးကိုလည်းကောင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

    တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံး ၇ လုံးတွင် ၆ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး မစ်ရှင်ကိုခက်ခဲစွာဖော်ဆောင်ခဲ့ရသော ရဲဘော်များအားလုံးလည်း အချိန်ယူ၍ခက်ခဲစွာပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယခုအခါ ဘေး ကင်းလုံခြုံရာနေရာအသီးသီးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

    “ပြည်သူ့အပေါ်ယုတ်မာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စိုးဝင်းလိုခေါင်းဆောင်မျိုးတောင် အမြဲမလုံခြုံတော့ဘူးဆိုတာ အသိပေးလိုပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

    ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် စစ်တပ်၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု အခြေ အနေ မသိရှိရသေးပေ။