Tag: News

  • တောင်ခမ်းကိုစစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၆၀ ခန့်သေဆုံး

    တောင်ခမ်းကိုစစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၆၀ ခန့်သေဆုံး

    တောင်ခမ်းကိုစစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၆၀ ခန့်သေဆုံး

    ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်သို့ လာရောက် စစ်ကူပေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးသွားကြောင်း သိရသည်။

    တောင်ခမ်း အမြောက်တပ် အမတ ၃၄၉ ဘက်သို့ တော်လှန်ရေးတပ်ဖွဲ့များ မကပ်ရောက်နိုင်စေရေးအတွက် ကျောက်ဂူဘက်မှ ကာပစ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှ ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

    “ပို့လိုက်တဲ့ စစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခံရတာ ၆၀ လောက်သေတယ်။ တိုက်ပွဲက ရှမ်းတောင် ဘက်ပါ ရောက်လာတဲ့ အနေအထားဖြစ်နေတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

    တော်လှန်ရေးတပ်ဖွဲ့များသည် တောင်ခမ်းရှိ အမြောက်တပ် အမတ ၃၄၉ နှင့် အင်တောကာကင်းများကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ တိုက်ပွဲ စတင်ပြင်းထန်သည့် ဇန်နဝါရီ ၉ ရက်မှ စ၍ ယနေ့ နံနက်ပိုင်းထိ လေကြောင်းပစ်ကူပေးနေကြောင်း သိရ သည်။

    စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသည့် စစ်အရာရှိများကို ခုတင် ၇၀၀ ဆံ့ အောင်ပန်းဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း သိရသည်။

    ထို့အပြင် ရပ်စောက်ဘက်မှတက်လာသည့် စစ်ကောင်စီနှင့် PNA တပ်ဖွဲ့များကို TNLA ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုများလည်းရှိကြောင်း သိရသည်။

    တောင်ခမ်းရှိ အမြောက်တပ်များကို ဝင်ရောက်တိုက် ခိုက်သည့် ထိုးစစ်ကို TNLA ဘက်က လအတန်ကြာ ရပ်ဆိုင်းထားပြီး ခုဇန်နဝါရီလတွင် ထိုးစစ်ပြန်လည်စတင်လာခြင်းဖြစ်သည်။

    ပုံစာ – စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် အမြောက်တပ်မှ လက်နက်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည့် TNLA တပ်ဖွဲ့(ပုံဟောင်း)

  • AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်

    AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်

    ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံနိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ခံစစ်ပူးပေါင်းပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

    ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင် ရုံးအခြေစိုက်ကာ စစ်ကောင်စီ၏ အကူအညီများဖြင့် ဒေသခံများကို ခေါ်ယူပြီး စစ်သင်တန်းပေးနေကြောင်း မြို့ခံသတင်းရင်းမြစ်အချို့က ပြောသည်။

    ALP သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြံအရံများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းကို ဒီဇင်ဘာလ တတိယအပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြို့ခံသတင်းရင်းက ပြောသည်။

    “ALP ရဲ့ အခြေခံစစ်ပညာသင်တန်းကို မင်းဂံက ဒေါ်စောမြရာဇာလင်းရဲ့ နေအိမ်ခြံဝန်းနဲ့ စက်ရုံစုရပ်ကွက်မှာရှိတဲ့ ဌာနချုပ်ရုံးခြံဝန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်းဂံက သင်တန်းမှာ မင်းဂံရပ်ကွက်က ခေါ်ထားတဲ့ ဒေသခံ အမျိုးသား၊ အမျိုးသမီးတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ၄၀ လောက်ရှိပါမယ်။ စက်ရုံစုဘက်မှာတော့ ၅၀ လောက်ရှိမယ်လို့ ပြောတယ်။ အခုလည်း ထပ်ပြီး လူစုနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီကလည်း ကျေကျေနပ်နပ်ကို ခွင့်ပြုထားတာပါ” ဟု ပြောသည်။

    ALP ၏ အခြေခံစစ်ပညာသင်တန်း၌ သင်တန်းဆရာများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိအချို့ ပါဝင်ကြောင်းနှင့် လက်နက်အချို့ကိုလည်း စစ်ကောင်စီဘက်က ထောက်ပံ့ပေးထားကြောင်း သတင်းရင်းမြစ်က အခိုင်အမာ ပြောဆိုကြသည်။

    အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၄ ခုကို အပြီးအပိုင်သိမ်းပိုက်ထားကာ မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိတော့သည်။

    တစ်ဆက်တည်းမှာလည်း ယင်းသုံးမြို့ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်မည့် အလားအလာဖြင့် စစ်ဆိုင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်တွေမြို့အဝင်ရှိ ကျောက်တန်းစစ်ရေးဂိတ်အနီးနှင့် ကုလားတန်မြစ်ဝရှိ စစ်ကောင်စီ နေဗီများကို အာရက္ခတပ်တော် AA က လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့သည်။

    လက်ရှိ ရခိုင်ပြည်၏ စစ်ရေးအခြေအနေနှင့် နယ်မြေသိမ်းပိုက်ရရှိယူမှုမှာ AA လက်ထဲတွင်ရှိနေသည့်အတွက် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ကို ရပ်တန့်ကာ AA နှင့်ပူးပေါင်း၍ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက သုံးသပ်သည်။

    “ALP ဟာ ဒီအချိန်မှာ အထူးသဖြင့် ရခိုင်ပြည်သူတွေအတွက် မှန်ကန်တဲ့ လမ်းကို ရွေးသင့်နေပြီ။ AA က ကျန်မြို့တွေကို သိမ်းမှာပဲ။ အဲအချိန်မှာ ALP က စစ်ကောင်စီနဲ့အတူ ပြန်ခုခံမှာလား။ ဒါဆိုရင်တော့ ရခိုင်ပြည်သူတွေက လက်ခံကြမှာ မဟုတ်ဘူး။ AA နဲ့ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်တာက လူထုချစ်ခင်မှုကိုလည်း ရမယ်။ တော်လှန်ရေးလည်း မြန်မြန်ဆန်ဆန် ပြီးစီးသွားပါမယ်။ မဟုတ်ဘူးဆိုရင်တော့ အချင်းချင်း သွေးချောင်းစီးကြတော့မယ်” ဟု ပြောသည်။

    စစ်တွေမြို့ခံသတင်းရင်းမြစ်၏ ပြောဆိုချက်အရ စစ်တွေမြို့ရှိ ALP မှာ တပ်အင်အား ၅၀၀ ထက်မနည်းရှိကြောင်းနှင့် စစ်ကောင်စီကလည်း မွတ်ဆလင်များကို ငွေကြေး/စားနပ်ရိက္ခာများဖြင့် စည်းရုံးကာ လူပေါင်း ထောင်ချီ စုစည်းထားကြောင်း သိရသည်။

    အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်နှင့် နီးစပ်သူအချို့ထံမှ Western News သတင်းတစ်ခုလက်ခံရရှိထားသည်မှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို လက်နက်ချအညံ့ခံရန် သို့မဟုတ် ပူးပေါင်းရန် ကြိုတင်အသိပေးမည်ဖြစ်ကြောင်းနှင့် အကယ်၍ လက်ခံမှုမရှိပါက AA သည် ALP ကို အပြတ်ရှင်းလင်းမည်ဟု သတင်းရရှိထားသည်။

    အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့ မကျဆုံးစေရေး အာရက္ခတပ်တော် AA ၏ ထိုးစစ်အန္တရာယ်ကနေ ကာကွယ်နိုင်ရန် မြို့အဝင်တံတား မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးထားသလို ကမ်းနားလမ်း၊ ရှုခင်းသာလမ်းတစ်လျှောက် သံဆူးကြိုးများဖြင့် ကာရံထားကြောင်း သိရသည်။

    ပုံစာ- ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ ဓါတ်ပုံ- ALP

  • ကျိုက်မရောမြို့နယ်က အကြမ်းဖက် ကျေးရွာ ရဲစခန်း ၂ ခုကို မွန်ပြည်သစ်က ဒရုန်းနဲ့ဗုံးကြဲ၊ ရန်သူတပ်သား ၆ ဦးသေ

    ကျိုက်မရောမြို့နယ်က အကြမ်းဖက် ကျေးရွာ ရဲစခန်း ၂ ခုကို မွန်ပြည်သစ်က ဒရုန်းနဲ့ဗုံးကြဲ၊ ရန်သူတပ်သား ၆ ဦးသေ

    ကျိုက်မရောမြို့နယ်က အကြမ်းဖက် ကျေးရွာ ရဲစခန်း ၂ ခုကို မွန်ပြည်သစ်က ဒရုန်းနဲ့ဗုံးကြဲ၊ ရန်သူတပ်သား ၆ ဦးသေ

    မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာက ရန်သူရဲစခန်း နဲ့ တောင်ကလေးကျေးရွာ အကြမ်းဖက် ရဲစခန်းတို့ကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး ဒရုန်းတပ်ဖွဲ့က ဒရုန်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၆ ဦးသေပြီး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ New Mon State Party-AD ကဒီနေ့မှာထုတ်ပြန်ပါတယ်။

    တောင်ကလေးကျေးရွာ အကြမ်းဖက်ရဲစခန်းကို ဇန်နဝါရီ ၁၂ ရက် က ဒရုန်းသုံးပြီး၊ဗုံးကြဲတိုက်ခိုက်ရာ ရန်သူတပ်သား တစ်ဦး သေပြီး၊ တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

    ကဒါကျေးရွာ ရန်သူရဲစခန်းကို ဇန်နဝါရီ ၁၀ ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၅ ဦးသေကာ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ (ခွဲထွက်) စစ်အာဏာရှင် တိုက်ဖျက်ရေး တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့တာလို့ သိရှိရပါတယ်။

  • မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်

    မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်

    မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မြင်းခြံ- တောင်သာ-မန္တလေးသွားကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

    “ကျနော်တို့သိထားရတာက မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းပါတဲ့အဖွဲ့တွေက မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မာဒိုအဖွဲ့ 2ICကိုဗညားနဲ့ မြင်းခြံခရိုင်တပ်ရင်း ၁ ကိုတီးတို့က ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်တပ်ရင်း ၃ နဲ့ မြင်းခြံခရိုင်ရပ်ကျေး ပကဖ ကိုစွန်ရဲအဖွဲ့ တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်တဲ့နေရာမှာ ၅၀ကျော် သေဆုံးပြီး မြင်းခြံ ဆေးရုံမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ခွေး ၄ ကောင်ထပ်သေးဆုံးတယ်ဆိုတာမျက်မြင်တွေ့ထားရတယ်” ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များတွင် မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နှင့်အဖွဲ့ ပစ်ခတ် တိုက်ခိုက်ခံရသဖြင့် ထွက်ပြေးခဲ့ရပြီး ၁၂ ဦးသေဆုံးကြောင်း၊ ၄ ဦး၏ အလောင်းများကို ကားဖြင့် ပြန်လည် သယ်လာနိုင်ပြီး သေနတ် ၁၂ လက် ဆုံးရှုံးခဲ့ရကြောင်း၊ Jammer စက်လည်း ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

    မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့ မှ ကိုဗညားကတော့ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့မှု မှန်ကန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ပြောဆိုသည်။

    “ကျနော်တို့ မြင်းခြံ တောင်ဘက် ၊ နန်းမြင့်တောင်ကြားမှာ တိုက်ပွဲဖြစ်တာ။ အဲဒီလမ်းက မြင်းခြံနဲ့ တောင်သာကို သွားတဲ့ လမ်း မပေါ် မှာ အခုတိုက်ပွဲ ဖြစ်တာလို့လည်း ပြောလို့ရတယ်။ စစ်ကြောင်းက တနေ့က မြင်းခြံမြို့အတွင်းကနေ ဖောကား ၁ စီး၊ ခွေးဘီးလူး ၁ စီး စုစုပေါင်း ကား ၂ စီးနဲ့ တောင်သာလမ်းအတိုင်း ထွက်လာတာကို ကျနော်တို့ဘက်က ပိတ်ဆို့ ပြီး မနေ့ မနက်ခင်းတိုက်ခိုက်ခဲ့တာ။ စစ်တပ်က စစ်သား၅၀ကျော် နေရာတင် သေဆုံးပြီး သူတို့မြင်းခြံမြို့ဆေးရုံရောက်မှ စစ်သား၅ ဦးထပ်ဆုံးတယ်။ ကျနော်တို့ ဘက်မှာ တော်လှန်ရေး ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်” ဟု မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့ မှ ကိုဗညားက ပြောဆိုသည်။

    အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်တွင်မူ ဇန်နဝါရီလ ၁၂ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံနှင့် တောင်သာသို့သွားသည့်လမ်းတွင် ခမရ-၁၅၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ကို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းမှာ နန်းမြင့်ရွာနှင့် တောင်ရှေ့ရွာသို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကြောင်းဖြစ်ပြီး ၎င်းစစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၁၊ ၂၊ ၇ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးခဲ့ပြီး MA-1 ၁ လက်၊ MA-3 ၆ လက်၊ G-3 ၃ လက်၊ MA ကျည် ၅၁ တောင့်၊ G-3 ကျည် ၁၅၉ တောင့်၊ 9Volt ကျည် ၈ တောင့်၊ ကျည်အိမ် ၂၄ ခု၊ Jammer အကြီး ၁ လုံး၊ ကျောပိုး Jammer ၁ လုံး သိမ်းဆည်းရမိကြောင်း သိရှိရသည်။

  • လှဂွန်းပျို စစ်ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စကစ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ

    လှဂွန်းပျို စစ်ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စကစ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ

    ဖာပွန်-ဘီးလင်း ကားလမ်းမ အနီးရှိ လှဂွန်းပျို စစ်ခွေးစခန်းမှ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ၂၀၂၅ ဇန်နဝါရီလ ၇ ရက်က လက်နက်ချ အလင်းဝင်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ သတင်းထုတ်ပြန်သည်။

    စစ်ခွေးတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က စစ်ခွေးတပ်စခန်းများသို့ ထောက်ပို့ပေးနေတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့စစ်ခွေးစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

    လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့ မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲထံမှ သိရသည်။

    လှဂွန်းပျိုစစ်ခွေးစခန်းကို ၂၀၂၅ ဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ခြင်းဖြစ်ကြောင်း တပ်မဟာ (၅)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုမှ ပြောကြားခဲ့သည်။

    စခန်းသိမ်းတိုက်ပွဲ၌ ဗိုလ်မှုးအဆင့်အပါအဝင် ၁၆ ဦး လက်နက်ချခဲ့သလို လက်နက်မချဘဲ ထွက်ပြေးသွားသူ စစ်ခွေး ၆ကောင် ရှိကြောင်းလည်းသိရသည်။